Posts

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄) "နင်တို့ ဝယ်မယ်ဆိုရင် ငါ့ရွာမှာ လာဝယ်ရမယ်နော ဒီရွာ (ကျောက်ဆုံ) ကို လာမရောင်းဘူး" "ခင်ဗျားရွာက ဘယ်ရွာလဲ" "******* ရွာလေ " " ဟာ ဆိုင်ကယ်တောင် စီးမရတဲ့ရွာလေ ဘယ်သူဌေးက လာမလဲဗျ ကားလမ်းပေါက်ရင်တောင် မနည်းခေါ်ရမှာ" "မသိဘူး ငါလည်း ငွေအများကြီးနဲ့ သူများမယုံဘူး" ( ကျောက်ဆုံသားတွေကပဲ လုယူမလိုလို ဗျ ပြောပေါက်က) " ဒါဆိုလည်း ရပ်စောက်ကို လိုက်ရောင်း တခါတည်း ဘဏ်စာရင်းဖွင့်ပြီး ပေးလိုက်မယ် ခင်ဗျား ဘဏ်စာအုပ်ပဲ ယူသွားပေါ့ "

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃) " ဒီအတိုင်းတော့ အစမ်းမခံနိုင်ဘူး ဝယ်မဲ့ငွေ ပြမှ အစမ်းခံမယ်" " ကျုပ်က ဝယ်လည်း မဝယ်ဘူး စိတ်လည်း မဝင်စားဘူး ပြန်တော့ဗျာ" "ဒီလိုတော့ မလုပ်ပါနဲ့ အရောင်းအဝယ်ဖြစ်အောင် လုပ်ပေးပါ " "ခင်ဗျားတို့ ပစ္စည်း ကြည့်ပြီး စမ်းပြီးမှ ရမှာပေါ့ စျေးထဲက ကြက်သွန် ငရုတ်တောင်မှ ကြည့်ပြီးမှ ဝယ်တာလေ " "ဟုတ်ပါတယ် ဆရာ ကဲ ကဲ ပြလိုက်ကွာ ပစ္စည်း "

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂) ၄၅. မိနစ်လောက်ထိ ပြန်မလာတော့ ပွဲစားတွေ လိုက်ရှာကြပါတယ် ။ နောက်ဆုံး ဘယ်လိုမှ ရှာမရတော့ အားလုံးတိုင်ပင်ပြီး သေတ္တာကို ရိုက်ဖွင့်ပါတယ် ။ တမိုက်လောက်ရှိတဲ့ ထိုင်ကိုယ်တော် မဲမဲလေးတွေ့ရပါတယ်။ ရုံထားတဲ့ သဃန်းက ပြောင်းပြန်ရုံထားတာပါ ( ဒါကြောင့် ဘုရားမဟုတ် ညာတင်ကုတ်လို့ ဆိုထားတာပါ) လှုပ်ကြည့်တော့ အတွင်းက ဂလောက် ဂလောက်ဆိုတဲ့ အသံကြားရပါတယ် ။

စစ်မှန်သည့် ဆရာကောင်းတစ်ယောက် ဖြစ်လာရန်

Image
ဆရာတစ်ယောက် အနေနှင့် အသိပညာဗဟုသုတကို မြှင့်တင်ရန်၊ စစ်မှန်သည့် ဆရာကောင်းတစ်ယောက် ဖြစ်လာရန် ဘယ်လိုကြိုးစားရသလဲ           ယျေဘူယျအားဖြင့် ဆရာတို့သည် တူညီသည့်အတန်းတွင် တူညီသည့် ဘာသာရပ်ကို သင်ရိုးအတိုင်း သင်နေသည့်တိုင် တစ်ဦးနှင့်တစ်ဦး သင်ကြားသည့်ပုံစံ၊ သင်ကြားနည်းကတော့ မတူနိုင်ချေ။ ထို့ကြောင့် ရလဒ်လည်း တူညီနိုင်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဆရာတစ်ဦး၏ ဝါသနာ၊ ဗီဇနှင့် ပတ်ဝန်းကျင် မတူညီ သောကြောင့် ဖြစ်သည်။ ဆရာတစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်ဟန် (Own teaching style) နှင့် ပါရမီဗီဇ (Talent) ရှိနေကြပါသည်။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ(၁)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ(၁) ကျနော်နဲ့ သစ်လောက အကြောင်း ရေးပြီးတော့ ဒီအကြောင်းတွေကို ဆက်ရေးဖို့ အကြိမ်ကြိမ် စဉ်းစားရပါတယ် ။ ဘာလို့လဲဆိုတော့ အဖြစ်မှန်တွေဆိုတော့ ဒီအကြောင်းရေးရတာ အန္တရာယ်များလို့ပါပဲ။ နောက်တချက်က ကာယကံရှင်တွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း စဉ်းစားရပါတယ် ။ လူသိများတဲ့ သူဌေးတွေ | အနုပညာရှင်တွေ | လက်ရှိလက်နက်ကိုင်အဖွဲ့တွေ | ယခင်ခေတ်ထောက်လှမ်းရေးအရာရှိကြီးတွေ | မြန်မာပြည်တလွှားက ဂမ္ဘီရ သမား လူလိမ်တွေအကြောင်း လိမ်ပုံ လိမ်နည်း ပေါင်းစုံ ဂွင်ဆင်ပုံ ဒါတွေကို ရေးရမှာ ဖြစ်ပါတယ် ။

ဆရာတစ်ယောက် အနေနှင့်

Image
ဆရာတစ်ယောက် အနေနှင့် ကျောင်း၏ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပုံ           ကျွန်တော်သည် Grade (7)နှင့် Grade (9)ကို အင်္ဂလိပ်စာနှင့် အင်္ဂလိပ်သဒ္ဒါ သင်ကြားပေးနေသည့် Freelance ဆရာတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် စာသင်နှစ်ပြီးသွားသည့်အခါ ကျောင်းသား၊ ကျောင်းသူတို့ နားလည်တတ်မြောက် သွားစေမည့်၊ ရရှိသွားမည့်အကျိုးကျေးဇူးတို့ကို ဆရာတစ်ယောက်အနေနှင့် ရည်မှန်းချက်ပန်းတိုင်ချကာ အားစိုက်သင်ကြားပေးခဲ့ပါသည်။

I’m going to teach …

Image
I’m going to teach … (ကျွန်တော် သင်ပေးတော့မယ်)           အသုံးအများဆုံး Verb Phrase တစ်ခု ဖြစ်သည်။ be going to ၏ နောက်တွင် လိုက်ရသည့် Verb သည် (V-infinitive) သာလျှင် ဖြစ်ရပါမည်။ Present Continuous Tense ကို အနာဂတ်ကာလ အစီအစဉ်အတွက်လည်း သုံးပါသည်။