Posts

Showing posts from 2022

Five short conversations

Five short conversations (1) I can’t breath. (နေရခက်လိုက်တာ။) (2) Do what you want. (မင်း လုပ်ချင်တာကိုသာ လုပ်ပါ။) (3) No pain no gain. (အနာခံမှ အသာစံ။) (4) Take care of yourself. (ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။) (5) I’m so over you. (နင့်အတွက် ခံစားချက်ကို မရှိတော့တာ။) ပြီးခဲ့သည့်အပိုင်းကို ဆက်ဖတ်ရန်

(8) Interjection (အာမေဋိတ်)

Image
(8) Interjection (အာမေဋိတ်)             နှုတ်ဆက်သည့်အခါ၊ ဝမ်းနည်းသည့်အခါ၊ ဝမ်းသာသည့်အခါ၊ ထိတ်လန့်သည့်အခါ၊ အံ့ဩသည့်အခါ နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော စကားလုံးကို ခေါ်ခြင်းဖြစ်သည်။

(7) Conjunction (သမ္ဗန္ဓ)

Image
(7) Conjunction (သမ္ဗန္ဓ)                          စကားလုံး၊ စကားစုနှင့် ဝါကျများကို ဆက်စပ်ပေးသည့် အလုပ်ကိုလုပ်သော စကားလုံးဖြစ်သည်။

(6) Preposition (ဝိဘတ်)

Image
(6) Preposition (ဝိဘတ်)             Preposition သည် နေရာ၏ရှေ့တွင်ရှိသော စကားလုံး၊ နေရာပြပုဒ် ဖြစ်သည်။ Pre နှင့် Position ကို‌ ပေါင်းထားခြင်းဖြစ်သည်။

(5) Adverb (ကြိယာဝိသေသန) (၂)

Image
(5) Adverb (ကြိယာဝိသေသန) (၂) (1)Adverb of Time (အချိန်ပြ ကြိယာဝိသေသန) E.g. yet, yesterday, today, tonight, tomorrow, then, last year, now, soon, early, later, already, etc. They haven’t arrived home yet. She went to City Mark yesterday. He saw an author today. U Chit Swe will play piano tonight. I’ve got to get this essay finished by tomorrow. (2) Adverb of Frequency (အကြိမ်ပြ ကြိယာဝိသေသန) E.g. always, often, sometimes, normally, usually, occasionally, seldom, rarely, ever, never, twice, etc. He always leaves the lights on. I often see him in the market. Sometimes you think you can’t really trust anybody. She doesn’t normally arrive until nine o’clock. He usually gets home at about six o’clock. (3) Adverb of Place (နေရာပြ ကြိယာဝိသေသန) Eg: here, there, indoors, outdoors, upstairs, above, abroad, far, on, back, behind, below, down, etc. Mandalay is only 84 miles from here. Put the chair there. The rain kept me indoors all weekend. If the weather’

နေ့စဉ်ပျော်ရွှင်စွာ ရှင်သန်လိုသူတို့အတွက်လက်ဆောင်

Image
နေ့စဉ်ပျော်ရွှင်စွာ ရှင်သန်လိုသူတို့အတွက်လက်ဆောင် (၁) တစ်နေ့တာမှာ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်တွေကို ထည့်ဆွဲထားပါ။             ပျော်ရွှင်ခြင်းကိုရှာလျှင် ပျော်ရွှင်ခြင်းသည် ပျောက်ကွယ်နေဦးမှာပင် ဖြစ်သည်။ ပျော်ရွှင်စရာကို ရှာရင်တွေ့နိုင်သော်လည်း ပျော်ရွှင်ခြင်းကို ရှာလျှင် မတွေ့နိုင်သည့်အပြင် စိတ်ညစ်စရာတွေပါ ကြုံလာရနိုင်ပါ သည်။ စစ်မှန်သည့် ပျော်ရွှင်ခြင်းဆိုသည်က လုပ်နေတုန်းမှာလည်း ပျော်သည်၊ လုပ်ပြီးသွားသည့်အခါမှာလည်း ပြန်စဉ်းစားမိတိုင်း ကျေနပ်ပျော်ရွှင်နေမှသာ ပျော်ရွှင်ခြင်း အစစ်အမှန်ဖြစ်သည်။ ပျော်ရွှင်ခြင်း အစစ်အမှန်ရဖို့ ပျော်စရာအစစ်အမှန်လေးတွေနှင့် ဖန်တီးတတ်ဖို့တော့ လိုပါသည်။ ပျော်စရာဆိုသည်က တကယ်တမ်းတွင် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နှင့်သာ ဆိုင်ပါသည်။

ခင်ဗျားက (F&B Department) မှာဆိုရင်

Image
ခင်ဗျားက (F&B Department) မှာဆိုရင် (F&B) ဝန်ထမ်းများသည် တကိုယ်ရေသန့်ရှင်းမှု ရှိရမည်။ ခန်းမအတွင်းတွင် ဧည့်သည်အတွက် ဝန်ဆောင်မှုပေးနိုင်ရန် မတ်တပ်ရပ်နေသည့် အနေအထားနှင့် ဧည့်သည်(Menu) ကြည့်နေစဉ် ဝန်ဆောင်မှုပေးရန် မတ်တပ်ရပ်နေသည့် အနေအထား မတူသည်ကို သတိပြုသင့်သည်။

Security Report

Image
Security Report Security Report သည်လည်း ဟိုတယ်အတွက်အရေးကြီးပါသည်။ တချို့ဟိုတယ်များတွင် (Finger Print) ထားပေးသဖြင့် ဝန်ထမ်းဂျူတီဝင်ချိန် ထွက်ချိန်ကို အတိအကျ သိနိုင်သည်။ (Security Report နှင့် Finger Print ကို တိုက်စစ်ကြည့်လျှင် လုံခြုံရေးဝန်ထမ်း တာဝန်ကျေ၊ မကျေကိုလည်း သိနိုင်သည်။) Security Report ကိုကြည့်၍ ဂျူတီဝင်နောက်ကျသူများ၊ ဂျူတီနောက်ကျပြီးမှ ထွက်ရသူများကို သိနိုင်သည်။ တာဝန်ချိန် မလေးစားသူများကို ခေါ်ယူသတိပေးခြင်း၊ ဒဏ်ပေးခြင်း၊ အလုပ်မှ ရပ်နားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဟိုတယ်ပိုင်ပစ္စည်းများ ဝန်ထမ်းလက်ဝယ် ထားရှိမှု၊ မသမာမှုတို့ကိုလည်း ထိုက်သင့်သလို အရေးယူအပြစ်ပေးနိုင်သည်။ ထူးအောင်ဝင့် (၂၄.၈.၂၀၂၂)

အကောင်းမြင်ဖို့ဆိုရင်

Image
အကောင်းမြင်ဖို့ဆိုရင် တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး အပြစ်တင်ဖို့ကြိုးစားနေတဲ့ ကမ္ဘာကြီးမှာ အကောင်းမြင်တတ်ဖို့အတွက် ပထမအဆင့်ကို ခင်ဗျား ကျော်ဖြတ်နိုင်မှ ဖြစ်မယ်။ အဲဒါက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင်၊ အကောင်းမမြင်တတ်ရင် လောကကြီးကို အကောင်းမြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထူးအောင်ဝင့် (၂၃.၈.၂၀၂၂)

အောင်မြင်မှုကို အရယူချင်ရင်

Image
အောင်မြင်မှုကို အရယူချင်ရင် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်သူတွေကပဲ အောင်မြင်မှုကို အရယူနိုင်ကြတာ။ ထူးအောင်ဝင့် (၁၂.၆.၂၀၂၂)

ရည်မှန်းချက်ကြီးကြီးထားပါ

Image
ရည်မှန်းချက်ကြီးကြီးထားပါ မအောင်မြင်ခြင်းသည် အပြစ်တင်စရာမဟုတ်၊ ရည်မှန်းချက်နိမ့်ကျခြင်းသည်သာလျှင် တကယ့်ပြစ်မှု ဖြစ်သည် ဟူသော စာသားကို ဖတ်ခဲ့ဖူးပါသည်။ အိပ်မက်ကြီးကြီး မက်ပါ။ အိပ်မက်ကြီးကြီးမက်ခြင်းသည် အိပ်မက်သေးသေးမက်ခြင်းနှင့် အားထုတ်ရမှု အတူတူပင် ဖြစ်သည်။ ထို့နောက် အိပ်မက်ကို အကောင်အထည်ဖော်ပါ။ စိတ်ကူးယဉ် အိပ်မက်သမားနှင့် လက်တွေ့သမားသည် အကောင်အထည်ဖော်သည့်နေရာတွင် ကွာခြားသွားသည်။ အိပ်မက်ကို အကောင်အထည်ဖော်ရာတွင် ဖြစ်နိုင်သည့်နေရာတွင် ဖြစ်နိုင်သည့် ပုံစံနှင့် စ-လိုက်ပါဟု အကြံပေးရင်း ... ။ ထူးအောင်ဝင့် (၁၃.၆.၂၀၂၂)

Five short conversations

  Five short conversations (1) I don’t want to lose you. (ကိုယ် မင်းကို အဆုံးရှုံး မခံနိုင်ဘူး။) (2) You’re one in a million. (မင်းက တစ်သန်းမှာ တစ်ယောက်ပါ/ မတစ်ထောင် တစ်ကောင်ဘွားပါ။) (3) That’s life. (ဒါ ဘဝပဲလေ။) (4) Keep it low-key. (လုပ်တော့ လုပ်ပေါ့၊ မသိသာစေနဲ့။) (5) I’m waiting for you. (ကိုယ်မင်းကို စောင့်နေတာ။) ပြီးခဲ့သည့်အပိုင်းကို ဆက်ဖတ်ရန် https://www.facebook.com/authorhtooaungwint/posts/5480198232030699

ဂရုစိုက်ပါ

Image
ဂရုစိုက်ပါ " လုပ်ငန်းကြီးလုပ်မယ့်သူက အသေးအမွှားကို လစ်လျူရှုလိုက်ပါ " ဆိုပြီး ပြောတတ်ကြတယ်။ အရိုးစူးလို့ ဒုက္ခရောက်ပြီဆိုရင် အရိုးသေးသေးမွှားမွှားလေးတွေပဲ ဖြစ်နေတာကို ခင်ဗျား သတိထားမိရဲ့လား။ လုပ်ငန်းရှင် လုပ်တော့မယ်ဆိုရင် မြှောက်ထိုးပင့်ကော် စကားတွေကိုလည်း ဂရုစိုက်ပါ။ ထူးအောင်ဝင့် (၁၄.၆.၂၀၂၂)

Five short conversations

Five short conversations (1) Don’t get me wrong. (ငါ့ကို အထင်မလွဲပါနဲ့။) (2) Good Night. (ကောင်းသောညပါ။) (3) Put up or shut up. (လုပ်ရင် လုပ်၊ မလုပ်ရင် ပါးစပ်ပိတ်ထား။) (4) Proud of you. (မင်းအတွက် ဂုဏ်ယူတယ်ကွာ။) (5) You can count on me. (မင်း ငါ့ကို အားကိုးလို့ရပါတယ်။) ပြီးခဲ့သည့်အပိုင်းကို ဆက်ဖတ်ရန် https://www.facebook.com/authorhtooaungwint/photos/a.3941632399220631/5005256212858239

ပိုက်ဆံမကုန်အောင်သုံးနည်း

Image
ပိုက်ဆံမကုန်အောင်သုံးနည်း ပိုက်ဆံမကုန်အောင်သုံးချင်တယ်ဆိုရင် ဥပဒေသလေး တစ်ခုကိုပဲ လိုက်နာဖို့လိုတယ်။ ဒီဥပဒေသလေးကို ကျွန်တော်ကိုယ်တိုင် တီထွင်ထားတာ​ဖြစ်ပြီး... "ကြက်ကရတဲ့ အကျိုးအမြတ်ကိုမယူနဲ့ ကြက်ဥကရတဲ့ အကျိုးအမြတ်ကိုယူ" ဆိုပြီး နာမည်ပေးထားတယ်။

သင်ဘယ်လောက် ပြင်ဆင်ထားသလဲ

Image
သင်ဘယ်လောက် ပြင်ဆင်ထားသလဲ အခွင့်အလမ်းနှင့် ကြိုတင်ပြင်ဆင်ထားခြင်းတို့ တိုက်ဆိုင်သွားသည့်အခါတွင် " ကံကောင်းတယ် " ဆိုသော စကားသံကို ကြားရတတ်သည်။ သင်ဘယ်လောက်ကံကောင်းသလဲ ဆိုသည်မှာ သင်ဘယ်လောက် ပြင်ဆင်ထားသလဲဆိုသော အခြေအနေပေါ်တွင် ရာခိုင်နှုန်းအတော်များများ မူတည်လေသည်။ ထူးအောင်ဝင့်

ဗီဇနှင့် ပတ်ဝန်းကျင်(၂)

Image
ဗီဇနှင့် ပတ်ဝန်းကျင်(၂)      အမေဒေါ်မြသီက ဆေးလိပ်သောက်တတ်သည်။ သို့သော် သူ့ဆေးလိပ်ပြာကို ဘေးသို့ မကျစေရ၊ ပန်းကန်ပြားတစ်ခုထဲတွင် ပြာကို အသေအချာ ခြွေချသည်။ ညဝတ်အင်္ကျီကို နှစ်ရက်ပဲဝတ်သည်။ နှစ်ရက်ဝတ်ပြီးလျှင် နေ့လယ်နေ့ခင်လျှော်ပြီး ညကျတော့ ထိုအင်္ကျီကိုပင် ပြန်ဝတ်သည်။ ပစ္စည်းတွေကို နေရာတကျထားပြီး သုံးချင် ယူသုံး၊ ပြီးလျှင် ထားနေကျနေရာ ပြန်ထားမှ သဘောကျသည်။ အမေဒေါ်မြသီက စည်းကမ်းကြီးတာတင် မဟုတ်၊ အကွက်ပါ စေ့သည်။ အရာရာတိုင်းတွင် စေ့စပ်သေချာသည်။ ခြံထဲ သစ်ရွက်တွေ ကြွေကျ၍ တံမြက်စည်းလှည်းတာတောင်မှ သစ်ရွက်အမှိုက်တွေကို သည်အတိုင်း လွှင့်မပစ်တတ်။ မြေကြီးမှာ ကျင်းကလေးတူးပြီးတော့ မြှုပ်သည်။ သစ်ရွက်မြေဆွေးရအောင် လုပ်သည်။ ကျွန်တော့်အကျင့် တော်တော်များများသည် အမေဒေါ်မြသီထံမှ လာသည်ဟု ပြောလို့ရသည်။ အမေဒေါ်မြသီက စေ့စပ်သည်၊ တိကျသည်၊ စည်းကမ်းကြီးသည်သာမက ကြိုတင်ပြင်ဆင်မှု အားကောင်းသည်။ ဘယ်လောက်ကြိုတင်ပြင်ဆင်မှု ကောင်းသလဲဆိုလျှင် မလေးပင် အောချရသည်။

လုပ်ငန်းရှင်တစ်ယောက် သို့မဟုတ် လုပ်ငန်းရှင်လောင်းတစ်ယောက်တွင် ရှိထားရမည့် ဂုဏ်အရည်အချင်းများ

Image
လုပ်ငန်းရှင်တစ်ယောက် သို့မဟုတ် လုပ်ငန်းရှင်လောင်းတစ်ယောက်တွင် ရှိထားရမည့် ဂုဏ်အရည်အချင်းများ (၁) ရိုးသားရမည်။ (၂) ကြိုးစားရမည်။ (၃) ဆန်းသစ်တီထွင်နိုင်ရမည်။

ဟိုတယ်ဝန်ထမ်းတိုင်း နန်းဆန်တယ်ဆိုတာ သင်သိပြီးပြီလား

Image
ဟိုတယ်ဝန်ထမ်းတိုင်း နန်းဆန်တယ်ဆိုတာ သင်သိပြီးပြီလား ဝန်ထမ်းလုပ်ရတာ ကိုယ့်ကိုကိုယ် တရုတ်ပြည်နန်းတွင်း (ဒါမှမဟုတ်) ကိုရီးယားနန်းတွင်း (ဒါမှမဟုတ်) ပုဂံနန်းတွင်းထဲရောက်နေရသလိုပါပဲ။ ဘုရင်ကြီးအခြေအနေကြည့်လိုက်ရ၊ မိဖုရားခေါင်ကြီး စိတ်ကျရာ အလိုလိုက်ရ၊ အိမ်ရှေ့စံ ဘယ်သူဖြစ်မလဲဆိုတာ လေ့လာရ၊ ဘုရင့်ပညာရှင်ကရော ဘယ်လိုလဲဆိုတာ မေးလိုက်ရနဲ့ ။

Stop and Start

Image
Stop and Start Stop! I can't do it. Start! I can do it. Today is better than yesterday! Htoo Aung Wint

တရားဆိုတာ ကျင့်သုံးဖို့

Image
တရားဆိုတာ ကျင့်သုံးဖို့ အိုမင်းမစွမ်းချိန်၊ စိတ်နွမ်းကိုယ်နွမ်း ရှိချိန်တွင် တစ်ခုတည်းသော အားကိုးရာမှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် တရားတော်များအတိုင်း လိုက်နာကျင့်သုံးခြင်းပင် ဖြစ်လေသည်။ ထူးအောင်ဝင့်  

ကျန်းမာပျော်ရွှင်ပါစေ

Image
ကျန်းမာပျော်ရွှင်ပါစေ   ကျွန်တော် အောင်မြင်ပျော်ရွှင်ချင်တယ်။ ဘဝမှာ လုပ်ကို လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်။ လုပ်သင့်တာတွေလည်း ရှိတယ်။ နောက်ပြီး လုပ်ချင်တဲ့ အရာတွေလည်း စိတ်ပျော်ကိုယ်ပျော် လုပ်နိုင်ဖို့ လိုသေးတယ်။ အဲဒီအတွက် အရေးကြီးဆုံးဆိုပေမယ့် အရေးမကြီးဘူးထင်ပြီး လစ်လျူရှုမိတဲ့ အရာတစ်ခုရှိတယ်။ အဲဒါ ကျန်းမာရေးပဲ။ ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေလည်း ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။ ဒီနေ့ကစပြီး ကျန်းမာရေးကောင်းစေမယ့် အပြုအမူတွေကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလို သဘောထားပြီး နည်းနည်းချင်း လုပ်သွားစေချင်ပါတယ်။ ဥပမာ - ဆေးလိပ်သောက်တတ်ရင် မဖြတ်နိုင်တောင် တစ်လိပ်လောက် လျှော့သောက်တာမျိုးပေါ့။ (အရက်သောက်တတ်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ သုံးလလောက် မသောက်ဘဲ အဓိဌာန်ထားတာ ဟိုတစ်နေ့က အောင်မြင်သွားပါတယ်။ အခု ဆက်လုပ်နေပါတယ်။) အောင်မြင်ပျော်ရွှင်နေတဲ့ မိတ်ဆွေတွေ၊ အောင်မြင်ချမ်းသာလာမယ့် သူငယ်ချင်းတွေကို ကျန်းမာရွှင်လန်းစွာ ရှိနေတာကို မြင်ချင်ကြားချင်ပါတယ်။ ကျွန်တော်လည်း ကျန်းမာရေးကို ဂရုစိုက်ပါမယ်။ သူငယ်ချင်း မိတ်ဆွေတို့လည်း ကျန်းမာရေးကို ဂရုစိုက်ပါ။ ကမ္ဘာကြီးပေါ်မှာ ကောင်းမြတ်တာတွေကို လက်ကမ်းမျ

ဗီဇနှင့် ပတ်ဝန်းကျင်(၁)

Image
ဗီဇနှင့် ပတ်ဝန်းကျင်(၁)             ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးနှင့် ပတ်သက်ပြီး အမေနှင့် မလေးတို့ မကြာခဏဆိုသလို စကားနိုင်လုလေ့ ရှိကြသည်။ လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့က ဗီဇကောင်းဖို့လိုသည်၊ မျိုးစေ့မှန်မှ အပင်သန်မည်၊ မျိုးစေ့မမှန်လျှင် ပင်မသန်ဟု မလေးက ခံယူသည်။ အမေကတော့ ထိုသို့မဟုတ်။ ပတ်ဝန်းကျင် သို့မဟုတ် ထိန်းကျောင်းအုပ်ချုပ်သူကောင်းလျှင် အပင်သန်ပြီး လူတစ်လုံး သူတစ်လုံးဖြစ်မည်ဟု ခံယူသည်။ နှစ်ယောက်စလုံး ဘယ်တော့မှ မပြီးနိုင်သော အဖြေပုစ္ဆာတစ်ခုကို အဖြေထုတ်နေကြခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင်လည်း သည်အတိုင်းပင် အငြင်းအခုန်တွေ ယခင်ကလည်း ရှိနေခဲ့ပြီး ယခုထိလည်း ငြင်းခုန်နေကြဆဲဖြစ်သည်။ ကျွန်တော်ရော ကိုတင်ထွန်းပါ အဖေရော အမေပါ ပညာတတ်မိသားစုတွေက ပေါက်ဖွားလာသူတွေ ဖြစ်သော်လည်း အခြေအနေအရပ်ရပ်အရ မိဘအရင်းနှင့် မနေရဘဲ မွေးစားမိဘများနှင့် နေထိုင်ခဲ့ကြရသည်။ မွေးစားမိဘတွေကိုယ်နှိုက်ကလည်း သားအရင်းတွေလို တုန်နေအောင် ချစ်ခဲ့ကြသည်။ သို့သော် ကြီးပြင်းလာရပုံချင်းကတော့ မတူပါပေ။ ပြီးတော့ ကြီးပြင်းလာခဲ့ရသည့် ပတ်ဝန်းကျင်ချင်းကလည်း မတူပါချေ။ ထို့ပြင် ကြီးပြင်းပုံ ကြီးပြင်းခြင်းကလည်း ကွာခြားနေပြန်သည်

ဆက်ဆံရေးပြေပြစ်ပါစေ

Image
ဆက်ဆံရေးပြေပြစ်ပါစေ   ခင်ဗျားဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေး အဆင်ပြေရဲ့လား။ ဘဝဆိုတာ အချိန်ပြည့် နာကျင်နေဖို့ မလိုသလို အမြဲတမ်းစိတ်တိုဒေါသထွက်နေရရင်လည်း နေပျော်တဲ့ဘဝ မဟုတ်တာတော့ သေချာပါတယ်။ အနည်းဆုံးတော့ မိဘဆွေမျိုးတွေနဲ့ အဆင်ပြေနေစေချင်ပါတယ်။ အားလုံးနဲ့ အဆင်ပြေနေတယ်ဆိုရင်တော့ ခင်ဗျားဟာ အောင်မြင်နေသူ တစ်ယောက်ဆိုတာ သတိပြုမိပါစေ။ အားလုံးနဲ့ အဆင်ပြေအောင် နေနေရတယ်ဆိုရင်လည်း ခင်ဗျားရဲ့ လက်ရှိအခြေအနေကို နားလည်နိုင်ပါစေ။ ပျော်ရွှင်ခြင်းဟာ ခင်ဗျားကိုပဲ ဗဟိုပြုတယ်ဆိုပေမယ့် ဆက်ဆံရေးကောင်းတဲ့သူတွေမှာ ပျော်ရွှင်ခြင်းဟာ ကြာကြာနေလေ့ ရှိပါတယ်။   ထူးအောင်ဝင့် (၁၇.၅.၂၀၂၂)

ဘဝတန်ဖိုး

Image
ဘဝတန်ဖိုး                လောကကြီးထဲ ရှင်သန်တဲ့အခါ ကိုယ်က သူ့ကို ရွေးချယ်တာ မဟုတ်ဘဲ ကိုယ့်ကို သူက ရွေးချယ်သွားတဲ့ အခါတွေလည်း ရှိတယ်။ ရယ်စရာလည်း ကြုံရသလို ငိုစရာလည်း ကြုံရနိုင်တာပဲ။ ရယ်စရာရှိရင် ရယ်လိုက်၊ ငိုစရာရှိရင် ငိုလိုက်။ ပြီးရင်တော့ နေ့သစ်တွေမှာ မင်းအတွက်ပဲဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် ဆက်ရှင်သန်ပါ။ အဲဒါ ဘဝပါပဲ။ အဆုံးသတ်မှာ မီးခိုးတွေ၊ ပြာတွေ၊ ဖုန်မှုန့်တွေ၊ မြေစာတွေ ဆိုပေမယ့် တန်ဖိုးကတော့ ရှင်သန်တုန်းမှာ တခြားသူအတွက် မင်းဘာတွေ လုပ်ပေးခဲ့သလဲ။ အဲဒါ ဘဝတန်ဖိုးပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ ဘဝလေးတွေကို တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းကြရအောင်လား။   ထူးအောင်ဝင့် (၁၈.၅.၂၀၂၂)

ဝန်ထမ်းသတ်တာ (Comfort Zone)

Image
  ဝန်ထမ်းသတ်တာ (Comfort Zone)   ဝန်ထမ်းအများစုဟာ (Comfort Zone) ကို သိပ်နှစ်သက်တာ ပြဿနာ တစ်ခုပါ။ ဟိုးတုန်းက ဝန်ထမ်းကောင်းဆိုရင်၊ လူဟောင်းဆိုရင် အလုပ်ရှင်တွေက ဆွဲထားတယ်။ ဒီနေ့ခေတ်မှာတော့ အလုပ်ရှင်တချို့က ဝန်ထမ်းခသက်သာတဲ့ ဝန်ထမ်းသစ်တွေကို စိတ်ဝင်စားလာတယ်။ သူတို့ကို ကျွမ်းကျင်ဝန်ထမ်းက လက်တွဲခေါ်ခိုင်းရင်း အသုံးပြုလာကြတယ်။ လူဟောင်းတော်တော်များများ လုပ်ငန်းကျွမ်းကျင်ပေမယ့် အဲဒီအလုပ်မှာ နေရာမရတော့ဘူး၊ မပျော်ရွှင်တော့ဘူး။ တချို့လုပ်ငန်းတူ တခြားအလုပ်ကို ပြောင်းသွားတယ်။ တချို့ အခြေအနေအရ ပေလုပ်နေရတယ်။ ဒါဟာ (Comfort Zone) မှာ အနေကြာသွားတဲ့ ဝန်ထမ်းတွေရဲ့ ဒုက္ခပါ။ တကယ်တော့ ဝန်ထမ်းလုပ်ကတည်းက အချိန်ကာလတစ်ခု သတ်မှတ်ပြီး ကိုယ်သွားမယ့် လမ်းကြောင်း၊ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းတစ်ခုကို ဦးတည်ချက်(ပန်းတိုင်) ချထားသင့်ပါတယ်။ အသက်ကြီးတဲ့အထိ ဟိုကိုင်းဒီကိုင်း ကူးနေကြရတဲ့ မျောက်လွှဲကျော်ဘဝကို မနှစ်သက်ချင်ကြပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ခင်ဗျားနဲ့ ကျွန်တော်တို့က “ ဒီမှာလာပြီး မန်နေဂျာလုပ်ပါ၊ ဟိုကုမ္ပဏီအတွက် အကြံပေးလုပ်ပါ ” ဆိုတဲ့ ဖိတ်ကြားခံ လူတန်းစားထဲမှာ မပါဘူးလေ။   ထူးအောင်ဝင့် (၂၂.၅.၂၀၂၂)

အပေါင်းအသင်း ဝင်ဆံ့ပါစေ

Image
အပေါင်းအသင်း ဝင်ဆံ့ပါစေ   အပေါင်းအသင်းများများ ပေါင်းတာ ကောင်းပါတယ်။ အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းမနေဖို့ပဲ လိုတာပါ။ တချို့က အပေါင်းအသင်းနည်းတယ်။ ငယ်တုန်းမှာ ပြဿနာ မဟုတ်ပေမယ့် ကြီးတဲ့အခါ အပေါင်းအသင်း မဝင်ဆံ့ဘူး ဖြစ်လာတယ်။ ကလေးဘဝကနေ လူရွယ်ဘဝရောက်တဲ့အခါ ထိုက်သင့်တဲ့အပေါင်းအသင်း ရှိသင့်ပြီ။ မိဘကလည်း ကိုယ့်သားသမီးရဲ့ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး လမ်းညွှန်ပေးသင့်တယ်။ အရွယ်ရောက်လာတဲ့အခါ မိဘတွေနဲ့ နေတဲ့အချိန် နည်းပေမယ့် ကျောင်းမှာ၊ သင်တန်းမှာ  သူငယ်ချင်းတွေနဲ့ ရှိနေရတဲ့အချိန်က များလာတယ်။ အပေါင်းအသင်းနည်းတဲ့ ကလေးက သူငယ်ချင်းတွေနဲ့ ဆက်ဆံရတဲ့အခါ အဆင်မပြေဘူး၊ မဝင်ဆံ့ဘူး ဖြစ်လာတယ်။ သူက ဒီအရွယ်မှာတင် ရပ်တန့်သွားမှာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်ဝင်တဲ့အခါ၊ မိသားစုကို ဦးဆောင်ပြီး စီးပွားရှာရတဲ့အခါ အပေါင်းအသင်း မဝင်ဆံ့မှုက အတားအဆီးကြီး တစ်ခု ဖြစ်လာပါပြီ။ စီးပွားရေးတိုးတက်ဖို့၊ ဘဝမှာ အောင်မြင်ဖို့ဆိုရင် မိတ်ဆွေကောင်း များများရှိဖို့လိုပါတယ်။ မိတ်ဆွေကောင်း ရဖို့ဆိုရင် သင်ကိုယ်တိုင်က ကောင်းဖို့လိုသလို မိတ်ဆွေသူငယ်ချင်းကို များများ ပေါင်းဖို့လည်း လိုပါတယ်။ ကိုယ်တိုင်က သူ့အကျိုးစီးပွား မဆော

ကျွန်တော်တို့လင်မယားနှင့် အမေသုံးယောက်

Image
ကျွန်တော်တို့လင်မယားနှင့် အမေသုံးယောက်             ကျွန်တော့်အသက် ၁၈ နှစ်အထိ အမေ၊ အဖေသည် တစ်စုံတွဲတည်း ရှိခဲ့သည်။ သို့သော် ကံကြမ္မာ အလှည့်အပြောင်းက ကျွန်တော့်ကို နောက်ထပ် အဖေ၊ အမေနှစ်စုံကို ထပ်ပြီးရစေသည်။ စစ်ကျောင်းဆင်းအပြီး မလေးနှင့် လက်ထပ်ခဲ့သဖြင့် မလေးကလည်း သူ့မိဘများအပြင် အဖေ၊ အမေ နောက်ထပ် သုံးစုံ အလိုအလျောက် ရလိုက်သည်။ ကျွန်တော်တို့ မိသားစုသည် အမေရင်း၊ အဖေရင်းကိုလည်း မိဘအဖြစ် အသိအမှတ်ပြုရသည်။ မွေးစား အဖေ၊ အမေကိုလည်း အမေအရင်း၊ အဖေအရင်းအဖြစ် ရှေ့တန်းတင်ရသည်။ ကိုတင်ထွန်း၏ မိဘများကိုလည်း ကျွန်တော်တို့၏ မိဘများအဖြစ်ပါ သဘောထားလိုက်သည်။ ထိုအခါ ကျွန်တော်တို့၏ မိသားစု လေးစုစလုံး ပေါင်းစည်းမိသွားသည်။

အမေနှစ်ယောက် တွေ့ဆုံခြင်း(၂)

Image
အမေနှစ်ယောက် တွေ့ဆုံခြင်း(၂)           အခြေအနေတစ်ခုက ဆက်တိုက်ဆိုသလို ထပ်ပြီးဖြစ်လာသည်။ အမေအရင်း ဒေါ်မြသီက အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဝင်၊ ကေဒါ တစ်ယောက်။ မင်္ဂလာဒုံရှိ ဗဟိုနိုင်ငံရေးတက္ကသိုလ်သို့ သင်တန်းလာတက်ရသည်။ အမေဒေါ်မြသီး သင်တန်းလာတက်မှန်း အမေသိသွားသည်။ ဘယ်ကဘယ်ပုံ သိသွားသည်ကတော့ ကျွန်တော်မသိ။ အမေကတော့ အမေဒေါ်မြသီရှိရာ မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်သို့ အကြောက်အလန့်မရှိ သွားပြီးရန်တွေ့သေးသည်။ သူသွားရာကို မလေးကပင် လိုက်ပို့ပေးရသည်။

ပညာဖြစ်ပါစေ

Image
ပညာဖြစ်ပါစေ   စာအုပ်တွေ ဖတ်ပြီး လေ့လာတာ ကောင်းတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်တာ ပိုကောင်းတယ်။ တတ်သိနားလည်တဲ့ပုဂ္ဂိုလ်တွေဆီက မေးမြန်းသင်ယူတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် မပြည့်စုံသေးပါဘူး။ ခင်ဗျား လေ့လာမှတ်သား ထားသမျှတွေဟာ သညာတွေပါ။ အဲဒီ သညာတွေကို လက်တွေ့ဘဝ လုပ်ငန်းခွင်မှာ ဆက်စပ်ပါ၊ ထည့်သွင်းအသုံးချပါ။ (မလိုတာတွေကို ဖယ်ပစ်နိုင်ရင် စာအုပ်ကြီးသမား အဖြစ်က ရှောင်လွှဲနိုင်ပါလိမ့်မယ်)။ ပညာဖြစ်လာပါလိမ့်မယ်။ လုပ်ငန်းတိုးတက် အောင်မြင် လာပါလိမ့်မယ်။ ထူးအောင်ဝင့် (၃.၅.၂၀၂၂)

သက်သေပြဖို့ မကြိုးစားနဲ့

Image
သက်သေပြဖို့ မကြိုးစားနဲ့           ကျွန်တော်တို့က ကိုယ်ဘယ်လောက်တော်တယ်၊ တတ်တယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားနေမိကြတယ်။ တကယ်တော့ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး(အစွမ်းဆုံး) လုပ်လိုက်ပါ။ လက်ခုပ်သံတွေက ခင်ဗျားသွားမယ့် လမ်းတစ်လျှောက် ရှိနေပြီးသား။ ခင်ဗျားတို့၊ ကျွန်တော်တို့က နားစွင့်နေမိလို့ လက်ခုပ်သံတွေ တိုးသွား၊ ဆိတ်သွားတာပါ။ ထူးအောင်ဝင့် (၂၅.၄.၂၀၂၂)

အမေနှစ်ယောက် တွေ့ဆုံခြင်း(၁)

Image
အမေနှစ်ယောက် တွေ့ဆုံခြင်း(၁)             ကျွန်တော် ကျောင်းသို့ပြန်ရောက်ပြီး သူငယ်ချင်းများနှင့်လည်း တိုင်ပင်၊ ကိုယ့်ဘာသာလည်း ကိုယ်စဉ်းစားရသည်။ မလေးနှင့် ကျွန်တော် လက်မထပ်မီအတွင်း အမေ့ကို အသိပေးရန်လိုသည်။ ထိုအတောအတွင်း အမေကလည်း ဘာသဘောနှင့်မသိ၊ ကျွန်တော့်ဓာတ်ပုံကို နှစ်ကိုယ်ခွဲကာ အိမ်မှာချိတ်ထားသည်။ “ စိုးဝင်း၊ နင်လုပ်နေတာ ငါသိပါတယ် ” ဟု ပြောနေသည့်အလား ခံစားရသည်။ ကျောင်းဆင်းပြီး တာဝန်ကျရာမသွားခင် အိမ်ပြန်တော့ ကျောင်းတွင်လေးနှစ်လောက် ရှိနေစဉ်အတွင်း မလေးနှင့် အပြန်အလှန်ရေးခဲ့သော စာများအပါအဝင် စာများအားလုံးကို အိတ်ကြီးတစ်အိတ်နှင့်ထည့်၍ ရန်ကုန်အိမ်သို့ပြန်သယ်လာခဲ့ပြီး အပြန်ကျတော့ ထားခဲ့သည်။ ထိုအိတ်ထဲတွင် ကျွန်တော့်ထံ မလေးရေးသောစာများအပြင် ကိုတင်ထွန်းထံမှ စာများ၊ အမေဒေါ်မြသီထံမှ စာများလည်း ပါသည်။ ကျွန်တော် တမင်ထားခဲ့တာလည်း ပါပါသည်။ အမေက ကျွန်တော်နှင့်ပတ်သက်ပြီး စိုးရိမ်စိတ်ရှိတတ်သောကြောင့် သူ့ဘာသာသူ စာတွေယူဖတ်ချင်လည်း ဖတ်ပါစေ။ စာဖတ်ရင်းနဲ့ပဲ   ကျွန်တော်တို့အကြောင်းတွေ သိသွားပါစေဆိုပြီး တမင်ထားခဲ့ခြင်း ဖြစ်သည်။

Five short conversations

Five short conversations (1) I failed. (ငါ ရှုံးသွားပြီ/ ငါ ရှုံးခဲ့တယ်။) (2) Don’t blame yourself. (မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့။) (3) See you tomorrow. (မနက်ဖြန် တွေ့မယ်လေ။) (4) I crush on you. (ကိုယ်တော့ မင်းကို ကြွေနေပြီ။) (5) Are you out of your mind. (မင်း စိတ်မှန်သေးရဲ့လား။)

အမေအရင်းနှင့် တစ်ခဏ

Image
အမေအရင်းနှင့် တစ်ခဏ             ကိုတင်ထွန်း ပြန်သွားပြီးနောက် အမေအရင်း ဒေါ်မြသီက ကျွန်တော့်ကို ဆက်သွယ်လာသည်။ “ ကျွန်တော်ကသာ ခွင့်ပြုလျှင် လာတွေ့ချင်ပါသည် ” တဲ့။ ကိုယ့်ကို မွေးထုတ်ပေးလိုက်သော အမေက တွေ့ချင်သည်ဆိုသောအခါ ကျွန်တော့်အနေဖြင့် စဉ်းစားရကျပ်လာသည်။ ဝမ်းလည်း ဝမ်းနည်းမိသည်။ အမေက ထိုသို့ခွင့်တောင်းခြင်းမှာ ကိုတင်ထွန်းနှင့်တွေ့စဉ်က ကျွန်တော်ပြောလိုက်သော ကျွန်တော့်သဘောထားတချို့ကြောင့် ဖြစ်မည်ထင်သည်။ အမှန်အတိုင်းပြောလျှင် အမေက ကျွန်တော်တို့ကို စွန့်ပစ်ခဲ့သည်ဟုပဲ စွဲနေသေးသည်။ အကြောင်းရင်းမှန် သိခဲ့သော်လည်း ရင်ထဲတွင် စွဲသွားသည့် ခြစ်ရာကလေးကို မဖျောက်နိုင်သေးသဖြင့် ခံစားချက်ကို ကိုတင်ထွန်းအား ပြောပြဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူ့ကို တွေ့ရန်မှာလည်း တထင့်ထင့် ဖြစ်ရသည်။

ညီအစ်ကိုနှစ်ယောက် တွေ့ကြခြင်း

Image
ညီအစ်ကိုနှစ်ယောက် တွေ့ကြခြင်း             ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အသက် ၂၀ ရောက်မှာ ပြန်လည်တွေ့ကြသည့်နေ့က ပြင်ဦးလွင် စစ်တက္ကသိုလ်ဝင်းအတွင်းရှိ ဗိုလ်လောင်းကုန်းဆင်းမှာ ဖြစ်သည်။ ကိုတင်ထွန်းက ပြင်ဦးလွင်ကို ဆာဗေးလာဆင်းသည့်အချိန် ဒီဇင်ဘာလဖြစ်သည်။ ဗိုလ်လောင်းကုန်းက ဆင်းသောလမ်းတစ်လျှောက် ချယ်ရီပင်တွေက လှိုင်လှိုင်ပွင့်နေသည်။ ကျွန်တော်က ဗိုလ်လောင်းကုန်းပေါ်မှ အဆင်း၊ ကိုတင်ထွန်းက အတက်၊ လမ်းလယ်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် တွေ့ခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် တွေ့ချိန်တွင် နှစ်ယောက်စလုံး ရင်ခုန်နေကြသည်ဟုပဲ မှတ်မိသည်။ ထိုစဉ်က ခံစားမှုကို အခုလို နှစ်ပေါင်းများစွာ ကြာသည့်အချိန်တွင် ဖြစ်စဉ်အသေးစိတ်ကိုမူ သတိမရတော့။ မှတ်မိတာ နှစ်ခုတော့ရှိသည်။ သူက ကျွန်တော့်ကို သေသေချာချာကြည့်သလို ကျွန်တော်ကလည်း သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ပြီးတော့မှ နှစ်ယောက်သား အသံတစ်ပြိုင်တည်း ထွက်သွားခဲ့သည်။

ညီအစ်ကို တွေ့ဆုံရေး(၂)

Image
  ညီအစ်ကို တွေ့ဆုံရေး(၂) “ ဟာ ကိုစိုးဝင်း၊ ဘယ်လိုလုပ်ပြီး ဆေးရုံရောက်နေတာလဲ ”             ကိုတင်ထွန်းကို ကျွန်တော်နှင့် လူမှားပြီး နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ စစ်တက္ကသိုလ်တွင် နေ့ရောညပါ အတူနေကြရသည့် သူတို့က ကျွန်တော်ဟုထင်ကာ အမှတ်တမဲ့ မှားနှုတ်ဆက်လိုက်သည်ဟု ထင်သည်။ ထိုအချက်သည် ကျွန်တော်နှင့် ကုတင်ထွန်းတို့ ပြန်ဆုံစေရန် အဓိကကျသော အကြောင်းဖြစ်လာသည်။ ထိုအချိန်တွင် ကိုတင်ထွန်းက သူ့တွင် အစ်ကိုတစ်ယောက် ရှိနေမှန်း သိထားပြီးဖြစ်သည်။

ညီအစ်ကို တွေ့ဆုံရေး(၁)

Image
ညီအစ်ကို တွေ့ဆုံရေး(၁)             ကျွန်တော် စစ်တက္ကသိုလ်ရောက်တော့ အောင်ဆန်းတပ်ခွဲ တပ်စု (၁၀)မှာ နေရာရသည်။ တပ်စု (၁၀)သည် အနော်ရထာတပ်ခွဲ အဆောင်များနှင့် နီးသဖြင့် အနော်ရထာတပ်ခွဲတွင် ရှိသော ကိုတင်အောင်မြင့်ဦး (ယခု ဒုတိယ သမ္မတ(ငြိမ်း)) နှင့် တွေ့ရသည်။ တောင်ကြီးသား။ လူပုံက ခပ်ချောချောနှင့်။ သူက တောင်ကြီး အထက (၁)ကနေ ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ်ရောက်လာသူ ဖြစ်သည်။ ကိုတင်ထွန်းနှင့် သူက တစ်ကျောင်းတည်းသား ဖြစ်သည်။             ကျွန်တော်နှင့် ခင်မင်သွားသောအခါ

အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၂)

Image
အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၂) “ဟေ့ကောင် စိုးဝင်း၊ ဟိုမှာ မင်းအမေလိုက်လာတယ် ” ဟု ပြောတော့ လှမ်းကြည့်လိုက်သည်။ သင်္ဘောဆိပ်နှင့် အိမ်အကြား သဲသောင်ပြင်နေပူကျဲကျဲထဲမှာ ဖုန်တထောင်းထောင်းနဲ့ ထဘီစွန်တောင်ဆွဲလို့ အော်ပြီးပြေးလာသည့် အမေ့ကို တွေ့လိုက်ရသည်။ ကျွန်တော်လည်း အိမ်ပေါ်က ပြေးဆင်းကာ အမေ့ထံ “ အမေ ” ဟု အော်ပြီးပြေးသည်။ သည်ကနေ့ခေတ် ရုပ်ရှင်များလို အနှေးပြကွက်ဖြင့်ပြလျှင် အတော်လေး ရင်နင့်စရာကောင်းနေပါလိမ့်မည်။ အမေနှင့် ကျွန်တော်တို့နှစ်ယောက်သား နေပူကျဲကျဲ ဖုန်တလုံးလုံးနှင့် ပြေးကြပြီး

အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၁)

Image
အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၁)             အမေဒေါ်သိန်းကြည်က ကျွန်တော့်ကို တော်တော်လေးချစ်သည်ဆိုသည်မှာ ပြောစရာပင်မလိုဟု ထင်ပါသည်။ မိုင်းသူဌေးကတော်ဘဝက သွားလေရာ ရာတန်အထပ်လိုက်၊ အုပ်လိုက်သုံးစွဲနိုင်ခဲ့သော အမေဒေါ်သိန်းကြည်မှာ ကျွန်တော့်ကိုမွေးစားပြီးမှ ဘဝကို တော်တော်လေးချို့ချို့ငဲ့ငဲ့ ရုန်းကန်ခဲ့ရသည်။ ထိုမျှလောက် ကျွန်တော့်အပေါ် အချစ်ကြီးသည်။ ကျွန်တော့်ကို ဆုံးမရာတွင် အကျိုးသင့် အကြောင်းသင့် ပြောပြပြီး ဆုံးမတတ်သလို တစ်ခါတစ်ရံကျတော့လည်း တော်တော်လေးပြင်းထန်သည်။ များသောအားဖြင့် အမေ၏ဆုံးမမှုမှာ နည်းနည်းလေးတော့ကြမ်းသည်။ ထိုသို့ပြင်းပြင်းထန်ထန် ဆုံးမခံလိုက်ရတိုင်း မကြာခဏဆိုသလို “ ငါ့အမေအရင်းမှ ဟုတ်ရဲ့လား ”ဟု တွေးမိသည်အထိ ဖြစ်ခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ တစ်ခါတလေ အမေ့ကိုပြောဖြစ်သည်။

နောင်တမရအောင်နေ

Image
နောင်တမရအောင်နေ              သူငယ်ချင်းတချို့နဲ့ လမ်းကွဲသွားတာ၊ လမ်းခွဲသွားတာမျိုးကို အားလုံးကြုံဖူးကြမှာပါ။ စိတ်မကောင်း မဖြစ်ပါနဲ့။ ထွက်သွားသူကို ဆွဲထားရတာ ပိုပင်ပန်းပါတယ်။ ပိုနာကျင်ရပါတယ်။ ဒါက ကိုယ့်ဘက်က ခံစားချက်ပါ။ သူ့ဘက်က စဉ်းစားကြည့်တဲ့အခါ အယူအဆမတူတဲ့သူ၊ ဘက်မတူတဲ့သူနဲ့ ဆက်လက်ခင်မင်ရတာ၊ ပတ်သက်ရတာ စိတ်ညစ်စရာပါ။ (ကိုယ်ဟာ သူ့အတွက် အမြင်ကတ်စရာ၊ အနှောက်အယှက်ဖြစ်စရာကြီး ဖြစ်နေပြီလေ။) သူ့ဘက်ကိုဖြည့်တွေးပြီး လွတ်လပ်စွာထွက်သွားတာကို ကျေနပ်လိုက်ပါ။ ကျွန်တော့်ရဲ့ ခံယူချက်ကို မျှဝေလိုပါတယ်။ နှစ်သက်လျှင် ယူသုံးပါ၊ မနှစ်သက်လျှင်တော့ မေ့ပစ်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

Image
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ ကိုယ့်ဘဝရဲ့ လက်ရှိအခြေအနေကို သုံးသပ်ကြည့်လိုက်တော့ ကျွန်တော်တို့က တခြားသူကို ကိုယ့်ကိုယ်ကိုယ်ထက် ယုံကြည်အားကိုးနေတာပဲဆိုတာ တွေ့လိုက်ရတယ်။ မှန်လား၊ မှားလား ဆိုပြီး မမေးပါနဲ့။ လက်ရှိအခြေအနေကို ကျေနပ်လား၊ မကျေနပ်ဘူးလားဆိုတာ ကိုယ့်ဘာသာ ရိုးရိုးသားသား ဖြေကြည့်ပေါ့။ ရောက်သင့်တဲ့အဆင့်၊ ရသင့်တဲ့အခြေအနေထက် နိမ့်နေတယ်ဆိုရင်တော့ ပထမဆုံး တခြားသူကို ယုံသလို ကိုယ့်ကိုယ်ကိုယ် ယုံပါလို့ အကြံပြုချင်ပါတယ်။ အဲဒီနောက်တော့ တခြားသူထက် ကိုယ့်စွမ်းအားကို ပိုအသုံးပြုကြည့်ပါ။ အခြေအနေတွေ တိုးတက်လာတာ မတွေ့ရသေးခင်မှာတောင် ခင်ဗျားရဲ့ အရည်အသွေးတွေ တိုးတက်လာတာ ကိုယ်တိုင် သိလာပါလိမ့်မယ်။ ထူးအောင်ဝင့် (၂၁.၃.၂၀၂၂)