2.Wh-type questions (၁၅)

How much ဖြင့် မေးခွန်းလုပ်နည်း

*** How much နှင့် How many သည် အရေအတွက်ကို မေးခြင်း ဖြစ်သည်။

*** How much ကို Uncountable Noun မေးရာတွင် သုံးသည်။

*** How much ကို Verb to be နှင့် တွဲမေးလျှင် အများအားဖြင့် ဈေးမေးသည့်နေရာတွင် သုံးသည်။

*** How much နောက်တွင် Money ရှိသော်လည်း ဈေးမေးမှန်းသိသဖြင့် ထည့်မပြောတော့ပါ။

*** ဈေးမေးခြင်း မဟုတ်လျှင် How much နောက်တွင် မေးလိုသည့် နာမ် (Uncountable Noun) ကပ်လိုက်ရသည်။

*** (I, We, You, They) နှင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ထက်ပိုသည့် Subject တွေဆိုလျှင် (do) သုံးရမည်။

*** (He, She, It) နှင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက် Subject တွေဆိုလျှင် (does) သုံးရမည်။

  How much + Verb to be + Noun ? ဘယ်လောက်လဲ။

 

Eg: (1) This book is 6000 kyats. (ဒီစာအုပ်က ၆၀၀၀ ကျပ်ပါ။)

How much is this book? (ဒီစာအုပ်က ဘယ်လောက်လဲ။)

(2) The dress on display in the window is 50000 kyats.

(on display = ပြထားသော)

(in the window = မှန်ခန်းထဲမှာ)

How much is the dress on display in the window? (မှန်ခန်းထဲမှာ ပြထားတဲ့ အင်္ကျီက ဘယ်လောက်လဲ။)

(3) The shoes are 20000 kyats. (ရှူးဖိနပ်က နှစ်ဖက်မို့ shoes မှာ s ထည့်၊ Verb အများ။)

How much are the shoes? (အဲဒီ ရှူးဖိနပ်တွေက ဘယ်လောက်လဲ။)

(4) How much are those flowers? (အဲဒီပန်းတွေက ဘယ်လောက်လဲ။)

(5) How much is it? (အဲဒါ ဘယ်လောက်လဲ။) *** ကိုယ်ဝယ်ချင်တာ အတိအကျသိနေတဲ့အခါသုံး

(6) How much is this? *** ကိုယ်ဝယ်ချင်တာ အနီးအနားမှာ ရှိနေတဲ့အခါသုံး

(7) How much is that? *** ကိုယ်ဝယ်ချင်တာ အနီးအနားမှာ ရှိနေတဲ့အခါသုံး

(8) How much are these? (ဒီဟာတွေက ဘယ်လောက်လဲ။)

(9) How much are those? (အဲဒါ‌တွေက ဘယ်လောက်လဲ။)

ထူးအောင်ဝင့်

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ