အမြုတေ အင်္ဂလိပ် အီဒီယံများ (Essential English Idioms)
အမြုတေ အင်္ဂလိပ် အီဒီယံများ (Essential English Idioms) ဤစာအုပ်သည် သမားရိုးကျ အင်္ဂလိပ်အီဒီယံစာအုပ်များမှ လမ်းခွဲ၍ အသွင်သစ်ဖြင့် ပထမဆုံး ထွက်ပေါ်လာသော အကြီးမား အပြည့်စုံ ခေတ်အမီဆုံး အင်္ဂလိပ်အီဒီယံကျမ်းကြီး ဟုဆိုထားပြီး တစ်သက်တာ ကိုးကားနိုင်ရန် အင်္ဂလိပ်+မြန်မာ နှစ်ဘာသာဖြင့် ဂဃနဏ၊ တိတိကျကျ၊ နက်နက်နဲနဲ၊ ထဲထဲဝင်ဝင်၊ စုံစုံလင်လင်၊ လိုအင်ပေါက်ကျ မရှိရအောင် အခိုင်လုံဆုံးတင်ပြထားသည့် ဆရာစိုးမြိုင် ဘာသာပြန်ထားသော အမြုတေအင်္ဂလိပ်အီဒီယံများ(အေမှ ဇက်အထိ)၊ (Essential English Idioms A to Z) စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်က စာအုပ်ကိုင်ဖတ်ရသည်ကို သဘောကျနှစ်သက် ပါသည်။ သို့သော် စာအုပ်ကို လူအများက နေရာတိုင်းတွင် သယ်မသွားနိုင်ပါ။ ဖုန်းကိုမူ အပြင်သွားတိုင်း ယူသွားတတ်သူချည်းဖြစ်သဖြင့် လိုအပ်ချိန်တွင် ကြည့်ရှုနိုင်ရန်အတွက် (Album)လေး ပြုလုပ်လိုက်ခြင်း ဖြစ်ပါသည်။ (A) မှ (Z) အထိ (Album) (၂၆) ခု ရှိမည် ဖြစ်သည်။ ဤစာအုပ်တွင် (A) နှင့် စသည့် (Idiom) (၅၆)လုံး ရှိပါသည်။ စကားလုံးတစ်လုံးလျှင် ပို့စ်တစ်ခုအဖြစ်သာ တင်ပါမည်။ တချို့စကားလုံးများအတွက် ဥပမာ စာကြောင်းများဖြင့် ဖွင့်ဆိုရှင်းပြရာတွင် သံုးမ်...