Posts

Showing posts from 2016

Hospitality Industry or Sympathy Industry

Image
Hospitality Industry or Sympathy Industry            လွယ်​ကူသည်​ သက်​သာသည်​ အကျင့်​ပျက်​သည်​ ဆိုသည်အများတကာ​ပြော တံ​တွေးကွက်​​တော မှာ   ​မျော​နေသည့်​ဧည့်​ဝတ်​ပြုလုပ်​ငန်းဆိုသည်​ကို ကျွန်​​တော့ဘာ​ကြောင့်​များ​ရွေးချယ်​မိပါလိမ့်​။ လွယ်​ကူရဲ့လား ဟိုတယ်​ဧည့်​ကြိုခန်းမတံခါးဝမှာ အလုပ်​ရှိရှိမရှိရှိ အလုပ်​ချိန်​(၈း၀၀) နာရီလုံးလုံး မတ်​တက်​ရပ်​လိုက်​ လမ်း​လျှောက်​လိုက်​ ကူညီ​ဖေးမလိုက်​နဲ့။ သက်​သာရဲ့လား။

Capsule Hotel

Image
Capsule Hotel                 အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံမှ အစပြု ပြီး ပေါ်ထွက်လာခဲ့တဲ့ Capsule Hotels တွေအကြောင်း ပြောပြပါမယ်။ Capsule hotel အမျိုးအစားကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ၁၉၇၉ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးတွေမှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ Capsule Hotelဟာ budget ဟိုတယ် အမျိုးအစား ဖြစ်ပြီး တည်းခိုမယ့် ဧည့်သည်အတွက် အခြေခံလိုအပ်ချက်အားလုံကို အလျား ၆ပေ၇လက်မ၊ အနံ ၃ပေ၃လက်မ၊ အမြင့် ၄ပေ၁လက်မ သာကျယ်သော အလွန်သေးငယ်တဲ့ အခန်းထဲမှာ ထည့်သွင်းပေထားတာ ဖြစ်ပါတယ်။

ကိုယ် မကျော်ကြားချင်ဘူး

                              ကိုယ် မကျော်ကြားချင်ဘူး           ကျော်ကြားတယ်ဆိုတာ ထင်ပေါ်သူတွေမှ ဖြစ်တာ မဟုတ်လား။ ထင်ပေါ်သူ မဟုတ်ဘဲ ကျော်ကြား နေပြီဆိုရင်တော့ တစ်ခုခုလွဲနေပြီ။ ဆယ်လီဘေးမှာ ဓာတ်ပုံတွဲရိုက်တိုင်း ဆယ်လီဖြစ်သွားတာမှ မဟုတ်တာ။           လူဆိုတာ ကိုယ့်ဝါသနာနဲ့ကိုယ်ပဲလေ။ တချို့တွေက စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာအရေး၊ ညာအရေး စသဖြင့် ကိုယ်သန်ရာ သန်ရာ စိတ်ဝင်စားတတ်တာ သဘာဝပဲ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာ ပြဿနာမဟုတ်ပေမယ့် ကိုယ်နဲ့လိုင်းမတူဘဲ ဇွတ်ဆွဲနေတာက တော့ ပြဿနာပါ။

ဒီလိုလူတွေ အလုပ်ထုတ်ခံရမယ်

Image
ဒီ​လို​လူ​တွေ ​အ​လုပ်​ထုတ်​ခံ​ရ​မယ် ​               ထိုက်​တန်​မှု။ ​လူ​တိုင်း​လူ​တိုင်း ​ကိုယ် ​ရောက်​နေ​တဲ့​နေ​ရာ​နဲ့ ​ထိုက်​တန်​မှု​ရှိ​ပါ​ရဲ့ ​လား။ ​ကိုယ်​ယူ​ထား​တဲ့​တာ​ဝန်၊ ​ကိုယ်​ယူ ​ထား​တဲ့​ရာ​ထူး​နဲ့​မ​ထိုက်​တန်​တဲ့​သူ​တ​ချို့ ​လုပ်​ငန်း​ခွင်​တွေ​မှာ​ရှိ​ပါ​လိမ့်​မယ်။ ​အဲ​ဒီ​အ​ခါ ​အဲ​ဒီ​လို​မ​ထိုက်​တန်​တဲ့​သူ​တွေ​ကို ​လုပ်​ငန်း ​ခွင်​ထဲ​မှာ ​ဆက်​ထား​မ​လား၊ ​အ​လုပ်​က ​ထုတ်​ပစ်​လိုက်​မ​လား​ဆို​တာ ​အ​လုပ်​ရှင် ​တွေ​ဘက်​က ​စဉ်း​စား​ရ​မယ့်​အ​ချက်​တစ်​ခု ​ပါ။ ​လူ​တွေ​ရဲ့​အ​မူ​အ​ကျ​င့်​ဆို​တာ​ကူး​စက် ​တတ်​ပါ​တယ်။ ​ကောင်း​တာ​တစ်​ခု​ကို ​အ​တု ​ယူ​ဖို့​အ​ချိန်​ကြာ​ပေ​မဲ့ ​မ​ကောင်း​တာ​တစ်​ခု ​ကို​အ​တု​ယူ​ဖို့​တော့ ​အ​ချိန်​ကြာ​ကြာ​မ​သုံး ​လိုက်​ရ​ပါ​ဘူး။ ​ကူး​စက်​လွယ်​ပါ​တယ်။

ကိုယ်တိုင်းစမ်းစစ်ပါ

Image
ကိုယ်တိုင်စမ်းစစ်ပါ                  ဆယ်ကျော်သက်အရွယ် ကောင်လေး တစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင် ရဲ့ ငွေရှင်းကောင်တာနားက တယ်လီဖုန်းရုံကိုသွားပြီး ဖုန်းဆက်ဖို့ ဖုန်းနံပါတ်နှိပ်လိုက်တယ် ...။ စတိုးဆိုင်ပိုင်ရှင်က သတိထားမိပြီး ဘာပြောသလဲဆိုတာ နားထောင်နေသတဲ့ ...

'6As' in Tourism Supply

Image
'6As' in Tourism Supply                       အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၊ မြို့တစ်မြို့ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဟာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ထိုကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျတဲ့ အချက်(၆)ချက် ရှိပါတယ်။ '6As' လို့လဲ လူသိများပါတယ်။ အဲ့တာတွေကတော့..

Jewellery & Ornaments

Image
Jewellery & Ornaments ကျောက်မျက်ရတနာနှင့် အဆင်တန်ဆာများ Diamond= စိန် Ruby= ပတ္တမြား Platinum= ပလက်တီနမ် Gold= ရွှေ

ဘဝတန်ဖိုး ( The value of life )

Image
ဘဝတန်ဖိုး ( The value of life )             တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး...  "ဘ၀တန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်... ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... "ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...

ဘုရားသခင်ပေးတဲ့မြေ

Image
ဘုရားသခင်ပေးတဲ့မြေ စာရေးသူ=သရ၀ဏ်(ပြည်)              တိုးရစ်တယောက်ကကျွန်တော့်ကိုပုံပြင်တပုဒ်ပြောဖူးသည် ။ ထိုပုံပြင်လေးမှာ ဤသို့ ဖြစ်သည်။ ကမ္ဘာကြီးကိုစတင်ဖန်ဆင်းပြီးနောက်အချိန်ကာလတခုသို့ ရောက်သောအခါတွင် ဘုရားသခင်ထံသို့  ကမ္ဘာ့နိုင်ငံအသီးသီးမှလူများရောက်လာကာ သက်ဆိုင်ရာလူမျိုးအလိုက် နိုင်ငံထူထောင်ရန်မြေနေရာ များ တောင်းခံခဲ့ကြသည်ဟုဆို၏ ။ ထို့ ကြောင့်ဘုရားသခင်သည် အင်္ဂလိပ်များကို ယခုအင်္ဂလန်ကျွန်းနေရာ ၊ အမေရိကန်များကိုအမေရိကန်ပြည်ထောင်စုနေရာ ၊ ရုရှားများကိုရုရှားနိုင်ငံနယ်နိမိတ် ၊တရုတ်များအား တရုတ်ပြည်၊ ဂျပန်တို့ အားဂျပန်ကျွန်း ၊ အာဖရိကန်များအား အာဖရိကတိုင်းပြည်များစသည်ဖြင့် အရင်လာသူအရင်ယူစနစ်ဖြင့် ကမ္ဘာပေါ်ရှိမြေနေရာများကိုဝေခြမ်းပေးခဲ့သည်ဟုဆို၏ ။

ကျွန်တော်နှင့် ဟိုတယ်(၅)

 ကျွန်တော်နှင့် ဟိုတယ်(၅) ကျွန်တော် အလုပ်စဝင်သည်မှာ (Housekeeping) ဌာနတွင်ဖြစ်သည်။ အလုပ်ဝင်လာကြောင်း သတင်းပို့လိုက်သည့်အခါ (Linen) က စီနီယာတစ်ယောက်နှင့် တွဲပေးသည်။ ထိုစီနီယာ၏ အမည်မှာ မဝင်းစန္ဒာဌေး ဖြစ်သည်။ နောင်တွင် ဆရာမအလုပ်ရသွားသဖြင့် အလုပ်နားသွားသူ ဖြစ်သည်။

ကျွန်တော်နှင့်ဟိုတယ်(၄)

 ကျွန်တော်နှင့်ဟိုတယ်(၄) ကျွန်တော်ကို လုံခြုံရေးခေါင်းဆောင် ကိုကိုဇော်မှ အင်တာဗျူးဖြေရမည့် ရုံးခန်းသို့ ပို့ပေးသည်။ ထိုရုံးခန်းသည် (Reception Counter) ၏ ဘေးရှိ (GM) ၏ ရုံးခန်းဖြစ်သည်။ ယနေ့ အလုပ်နည်းနည်းရှုပ်နေ၍ အနည်းငယ်နောက်ကျသွားကြောင်း (GM) မှ ပြောရင်း မိတ်ဆက်သည်။ ထို့နောက်မှာတော့ ဟိုတယ်နှင့် ဆက်စပ်သည့် မေးခွန်းများကို မေးသည်။ မေးခွန်းအားလုံးကို စိတ်အားတက်ကြွစွာ ဖြေသည်။ ရိုးသားစွာ ဖြေသည်။ " Honest is the best Policy"

ဆာမူရိုင်းတို့ ဓားသွေးချိန်

Image
ဆာမူရိုင်းတို့ ဓါးသွေးချိန် ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ..? ကျွန်တော်တို့လူငယ်တွေ ဂျပန်တွေဆီက ဘာတွေအတုယူပြီး ပြန်ကြမလဲ...? ကျွန်တော် ကျောင်းသားဘဝတုန်းက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ မီးဖိုချောင်(kitchen)ထဲမှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။

ကျွန်တော်နှင့် ဟိုတယ်(၃)

 ကျွန်တော်နှင့် ဟိုတယ်(၃) ကျွန်တော် (Staff Canteen) တွင် ရပ်၍ ဟိုတယ်စည်းမျဉ်းစည်းကမ်းများကို ဖတ်နေရသည်မှာ (၂)နာရီခွဲကျော်ကျော် ကြာမည်ထင်ပါသည်။ ထို့နောက်မှာတော့ လုံခြုံရေးတစ်ယောက်က အင်တာဗျူးဖြေရန်အတွက် လာခေါ်သည်။ သူက လမ်းမှာပင် ကျွန်တော့်အား အင်တာဗျူးမည့် (GM) ၏ အမည်ကို ပြောပြပါသည်။ ထိုအခါတွင်မှ ဟိုတယ်ကို အုပ်ချုပ်နေသူ၏ အမည်ကို သိခဲ့ရခြင်းဖြစ်သည်။

ကျွန်တော်နှင့် ဟိုတယ်(၂)

 ကျွန်တော်နှင့် ဟိုတယ်(၂) ကျွန်တော် အလုပ်လျှောက်ရန် စိတ်ကူးထားသည့် ဌာနမှာ ငွေစာရင်းဌာန ဖြစ်သည်။ မနက်သွား၊ ညနေပြန်မို့ လူအများနှင့် စကားများများပြောရန်မလိုဟု ထင်မိသော ဌာနလည်း ဖြစ်သည်။ သို့သော် လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်း (CV Form) တွင် မည်သည့် ဌာန ဦးစားပေးလျှောက် လျှင် ကောင်းမည် နည်း။ မည်သည့်ဌာနက အမြင့်ဆုံးနည်း စသည်ဖြင့် ကိုဒေါ(ဒေါမနစ်)ကို မေးကြည့်ပါသည်။ သူက ကျွန်တော့် မိတ်ဆွေကိုတော့ (FO) ကို လျှောက်စေချင်တယ်ဟု ပြောသည်နှင့် လျှောက်ထားလိုသည့် ဌာနတွင် (Front Office) ဖြစ်သွားသည်။ 

ကျွန်တော်နှင့် ဟိုတယ်(၁)

 ကျွန်တော်နှင့် ဟိုတယ်(၁)           ကျွန်တော်နှင့် ဟိုတယ်ဟူ၍ ခေါင်းစဉ်တပ်လိုက်သည်နှင့် ဟိုတယ်နှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာလေးများအကြောင်းရေးတော့မည်ကို မိတ်ဆွေတို့သိပြီး ဖြစ်နေလိမ့်မည်။ ကျွန်တော် ကြုံတွေ့ ခဲ့ရသည့်၊ သိမြင်လေ့လာဖူးသည့် သင်ခန်းစာများကို ပြန်လည်ဝေမျှ လိုခြင်းသာ ဖြစ် သည်။

"Yah! Yah! Yah!"

Image
"Yah! Yah! Yah!" by Jack London               He was a whiskey-guzzling Scotchman, and he downed his whiskey neat, beginning with his first tot punctually at six in the morning, and thereafter repeating it at regular intervals throughout the day till bedtime, which was usually midnight. He slept but five hours out of the twenty-four, and for the remaining nineteen hours he was quietly and decently drunk.

ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာဝေါဟာရများ(၂)

Image
Vocabulary Skills : ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများ (၂) Posted by Arakan Indobhasa on September 12, 2015 at 19:58   ဗုဒ္ဓဘာကိုလေ့လာချင်သူများအတွက် မသိမဖြစ်အရေးကြီးသော ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများကို ဘာသာရေးဆိုင်ရာစာအုပ်များမှ ထုတ်နှုတ်၍ လက်လှမ်းမှီသလောက် စုစည်းတင်ပြလိုက်ပါတယ်။

လမ်းညွှန်ကို လမ်းညွှန်ခြင်း

လမ်းညွှန်ကို လမ်းညွှန်ခြင်း ကျွန်တော် ရယ်ချင်မိတဲ့ အကြောင်းအရာလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်က ဌာနစိတ်တစ်ခုရဲ့ (Department Head) ပါ။ မနေ့ကကျွန်တော် (Round Check) လုပ်နေတုန်း ကောင်တာထိုင်နေတဲ့ ညီမငယ်က (Inter-call) ခေါ်တာနဲ့ အောက်ထပ်ဆင်းလာတော့ လမ်းညွှန်တစ်ခုရဲ့ ညီမငယ်လေးနှစ်ယောက် ရောက်နေတာကိုတွေ့တယ်။ စားပွဲပေါ်မှာတင်ထားတဲ့ စာအုပ်ကြီးမြင်တာနဲ့ ကျွန်တော်သိလိုက်ပြီ။

ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာဝေါဟာရများ(၁)

Image
 ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများ (၁) Posted by Arakan Indobhasa on September 3, 2015 at 17:57   ဗုဒ္ဓဘာကိုလေ့လာချင်သူများအတွက် မသိမဖြစ်အရေးကြီးသော ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများကို ဘာသာရေးဆိုင်ရာစာအုပ်များမှ ထုတ်နှုတ်၍ လက်လှမ်းမှီသလောက် အပိုင်း (၁)အနေနှင့် စုစည်းတင်ပြလိုက်ပါတယ်။

ကော်ဖီနှင့် ဆက်စပ်နေသော ဝေါဟာရ အခေါ်အဝေါ်များ

Image
ကော်ဖီနှင့် ဆက်စပ်နေသော ဝေါဟာရ အခေါ်အဝေါ်များ Posted by Soe Soe Win on September 7, 2015 at 17:54   ကော်ဖီသည် ကမ္ဘာပေါ်ရှိ လူကြိုက်အများဆုံးသော သောက်ဖွယ်ရာအရည်တစ်မျိုးဖြစ်ပါသည်။ ဤ vocabulary သင်ခန်းစာတွင် ကော်ဖီနှင့် ဆက်စပ်နေသော ဝေါဟာရများကို ဖော်ပြသွားမှာဖြစ်ပါသည်။

စားသောက်ဆိုင်နှင့် ပတ်သက်သည့် အသုံးအနှုန်းများ(၂)

Image
စားသောက်ဆိုင်နှင့် ပါတ်သက်သည့် အသုံးအနှုံးများ - အပိုင်း (၂) Posted by Language Republic on October 15, 2015 at 11:29   Kid’s meal - ကလေးများအတွက် ရည်ရွယ်ပြီး ဖြန့်ဖြူးသည့် အမြန်စား အစားအသောက်။ Kid’s meal အတော်များများသည် အရောင်အသွေးစုံသည့် အိတ်များ (သို့) ကတ်ထူပုံးများနှင့်အတူ အိတ်နှင့် ကတ်ထူပုံးများပေါ်တွင် လေ့ကျင့်ခန်းများနှင့် အတွင်းတွင် အရုပ် တစ်ခု ပါလေ့ရှိသည်။ ပုံမှန် kid’s meal တစ်ခုတွင် ဘာဂါ၊ အာလူးချောင်းကြော် (သို့) ပန်းသီးစိတ်များ အစရှိသော အရံ (side) တစ်မျိုးမျိုးနှင့် အအေးတစ်မျိုးမျိုး ပါဝင်လေ့ရှိသည်။

စားသောက်ဆိုင်နှင့် ပတ်သက်သည့် အသုံးအနှုန်းများ(၁)

Image
စားသောက်ဆိုင်နှင့် ပါတ်သက်သည့် အသုံးအနှုံးများ - အပိုင်း (၁) Posted by Language Republic on October 14, 2015 at 11:09 À la carte - "according to the menu" အစားအသောက်စာရင်းတွင် ပါရှိသည့်အတိုင်း ဟု အဓိပ္ပါယ်ရသည့် ပြင်သစ်ဘာသာမှ မွေးစားထားသောစကား (ဟင်းပွဲတစ်ခုချင်းစီအလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး တကွဲစီမှာယူရသော menu ကို ရည်ညွှန်းရာ၌လည်းကောင်း (၎င်းသည် စားသောက်ဆိုင်များလုပ်ရိုးလုပ်စဉ်ဖြစ်ပါသည် ၊ menu မှနေ၍ အစားအစာတစ်ခုကို ၎င်းချည်းသက်သက် မှာယူရာ၌လည်းကောင်း အသုံးပြုပါသည်။)

လောကကို ပြောင်းလဲစေသည့် နီတိများ(၈)

             လောကကို ပြောင်းလဲစေသည့် နီတိများ(၈) နှုတ်မှုပညာကို ဖြစ်စေ၊ လက်မှုပညာကို ဖြစ်စေ သေးငယ်၏ဟု မထင်မှတ်ရာ။ ကုန်စင်အောင်တတ်မြောက်ခဲ့သော် မိမိတတ်မြောက်ထားသော အတတ်ပညာတစ်မျိုးမျိုးက အသက်မွေး ဝမ်းကျောင်းအတွက် အထောက်အပံ့ဖြစ်နိုင်၏။           ။           ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည်။ ပညာတတ်သူတို့ နေရယူတွင်ကျယ်နေသော ခေတ်ဖြစ် သည်။ ပညာကို အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုလျှင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို ဝေဖန်ချင့်ချိန်နိုင် သည့်အရာ ဖြစ်သည်။ ပညာကိုထပ်၍ ပိုင်းခြားရမည်ဆိုလျှင် အသိပညာနှင့် အတတ်ပညာဟူ၍ (၂)မျိုး ခွဲခြားနိုင်သည်။

ထမင်းစားခန်းနှင့် သက်ဆိုင်သော အင်္ဂလိပ်စာ ဝေါဟာရများ

Image
ထမင်းစားခန်းနှင့်သက်ဆိုင်သော အင်္ဂလိပ်စာဝေါဟာရများ Posted by Soe Soe Win on September 15, 2015 at 10:40   ဒီနေ့ ဝေါဟာရသင်ခန်းစာတွင် ထမင်းစားခန်းနှင့် ပတ်သက်သော အင်္ဂလိပ်စာဝေါဟာရများကို လေ့လာရမှာဖြစ်ပါတယ်။ ထမင်းစားခန်းဆိုတဲ့အတွက် မဖြစ်မနေရှိနေမှာကတော့ dinner table (ထမင်းစား စားပွဲ) လို့ခေါ်တဲ့ မိသားစုတွေ စုဝေးစားသောက်ရာနေရာပါပဲ။ ညစာအတွက် soup (စွတ်ပြုတ်ရည်) ရှိနေမယ်၊ မနက်စာအတွက် cereal ရှိနေမယ်ဆိုရင် bowl (ပန်းကန်လုံး) ထဲမှာ

Tasty! (အရသာရှိလိုက်တာ) (ဝေါဟာရ သင်ခန်းစာ)

Image
Tasty! (အရသာရှိလိုက်တာ!) (ဝေါဟာရသင်ခန်းစာ) Posted by Soe Soe Win on October 16, 2015 at 11:00   ဒီဆောင်းပါးမှာ ကျွန်ုပ်တို့စားတဲ့ အစားအစာတွေအကြောင်းပြောရာတွင် အသုံးပြုသော နာမ၀ိသေသနများစွာကို လေ့လာသွားမှာ ဖြစ်ပါသည်။ တချို့စကားလုံးများသည် ကောင်းသော သဘောကို ဆောင်ပြီး အချို့ကတော့ အပျက် သဘော ကို ဆောင်ကာ တချို့ကတော့ ကြားနေသဘောကို ဆောင်ကြပါသည်။

ပျားကလေးပဲ ဖြစ်ချင်တယ်

ပျားကလေးပဲ ဖြစ်ချင်တယ် "ရခဲမှ ရတနာ သိဖို့ခဲယဉ်းတာ သိရမှပညာ"။ ထိုစကားစုလေးသည် လွန်စွာရိုးရှင်းပါသည်။ ရိုးရှင်းသလောက် အဓိပ္ပါယ်ပြည့်လွန်းသော စာစုလေးလည်းဖြစ်သည်။ လူတို့သည် လွယ်လွယ်ရသည့် အရာကို တန်ဖိုးထားဖို့ ခဲယဉ်းသည်။ ရှားပါးသည့်အရာကိုသာ အလေးထားသည်။ အလွယ်တကူ သိလိုက်ရသည့်အရာကို ပညာဟု မသတ်မှတ်ကြ။ ထို့ကြောင့်ပင် ဂါထာပေး တေးဖြစ် ဆိုသော စကားတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယဉ်ကျေးညင်သာ အင်္ဂလိပ်စာ (၂)

Image
ယဉ်ကျေးညင်သာအင်္ဂလိပ်စာ - အပိုင်း (၂) Posted by Soe Soe Win on December 1, 2015 at 10:50 Negative Question Forms Negative question form ဆိုတာကတော့ “ဒီလိုလေးလုပ်လိုက်ရင် မကောင်းဘူးလား" စတဲ့ negative ပုံစံလေးမျိုးနဲ့ မေးရင်း အကြံပြုစကား ပြောပုံကို ဆိုလိုတာပါ။ ဥပမာ - We should redesign the company logo! (ကုမ္ပဏီလိုဂိုကို ပြန်ပြင်ဆွဲသင့်တယ်)

ယဉ်ကျေးညင်သာ အင်္ဂလိပ်စာ (၁)

Image
ယဉ်ကျေးညင်သာအင်္ဂလိပ်စာ - အပိုင်း (၁) Posted by Soe Soe Win on November 25, 2015 at 14:20   စားသုံးသူတွေ ပြည့်ကျပ်နေပြီး ရောင်းအားကောင်းတဲ့ စားသောက်ဆိုင်တစ်ဆို်င်မှာ သင်က စားသောက်စရာတစ်ချို့ မှာလိုက်တယ်။ တော်တော်လေး ကြာတဲ့အထိ သင်မှာထားတာတွေက သင့်ဝိုင်းကို ရောက်မလာသေးဘူး။ ဘေးက ဝိုင်းတွေလည်း သင့်လိုဘဲ သူတို့မှာထားတာတွေ မရောက်သေးလို့ တမျှော်မျှော်ဖြစ်နေတယ်။ ကိုယ့်အရင် ရောက်နေသူတွေတောင် မရသေးတာ ကိုယ့်အလှည့်ကတော့ တော်တော်လိုသေးမှန်း သိပေမဲ့လည်း အနားက ဖြတ်သွားတဲ့ စားပွဲထိုးတစ်ဦးကို သင်က စိတ်မရှည်စွာဘဲ သင့်အော်ဒါတွေ ဘယ်တော့ ရမလဲလို့ မေးလိုက်တယ်။

ဂန္ဓီကြိးရဲ့ ဖိနပ်တစ်ရံ

Image
ဂန္ဓီကြီးရဲ့ ဖိနပ်တစ်ရံ  တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန်ရထားပေါ်အတက်မှာ သူ၏ဖိနပ်တစ်ဖက်ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူပြန်ကောက်ရန်မဖြစ်နိုင်တော့။

ဒေါ်လာ(၂၀)

Image
ဒေါ်လာ(၂၀)                   ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး ပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ”

ခဲတံနဲ့ လူ့ဘဝ

Image
ခဲတံနဲ့ လူဘ၀                 (၁)လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့ တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။                                 (၂)ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကိုသင်ထုတ်ပြနိုင်မှာ ဖြစ် တယ်။

ပြတင်းပေါက်

Image
ပြတင်းပေါက် တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာကျွန်တော်နှင့်နောက်ထပ်လူနာ တစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါခံစားနေရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာရှိလေသည် ။

နည်းလမ်း

Image
နည်းလမ်း                       အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်းနေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အားမရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။

ကြိုးစားကြည့်ရအောင်

Image
ကြိုးစားကြည့်ရအောင်                                               တစ်ခါတုန်းကအိမ်တစ်အိမ်မှာကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ငါးပေပတ်လည်။အမြင့်ကတော့ နှစ်လက်မ၊သုံးလက်မပေါ့။ ခြံကိုလာတဲ့သူအားလုံးကျောက်တုံးကြီးကို ခလုတ်တိုက်ကြတယ်။

ကျေးဇူးတင်ကြောင်း ဘယ်လိုပြောမလဲ

Image
ကျေးဇူးတင်ကြောင်းဘယ်လိုပြောမလဲ Posted by Soe Soe Win   “ကျေးဇူးတင်ပါတယ်” “ကျေးဇူးပြုပြီးတော့”ဆိုတဲ့ စကားတွေက ဘာသာစကားတိုင်းမှာ ရှိပါတယ်။ ယဉ်ကျေး သိမ်မွေ့မှုကို စကားအရာမှာလည်းဖေါ်ပြကြတာ ဖြစ်တဲ့အတွက် နေ့စဉ်သုံး ပြောစကားတွေမှာ မပါ မပြီးသလောက်ပါဘဲ။ အင်္ဂလိပ်မှာလည်းဘဲ “Please” နှင့် “Thank you” တို့ဟာ မပါရင် မပြီးတဲ့ အရေးကြီးစကား ၂ ခွန်း ဖြစ်ပါတယ်။ တစ်ကယ်တော့ အင်္ဂလိပ်စကားပြောရင် ဒီနှစ်ခွန်းက တစ်နေရာရာမှာ အမြဲပါတာပါဘဲ။ Thanks တို့ Thank you တို့ ကတော့ တစ်စုံတစ်ယောက်က ကိုယ့်အပေါ် ပြုမူ၊ လုပ်ကိုင်၊ ပြောဆိုတာကို ကျေးဇူးတင်ကြောင်းပြောချင်ရင် သုံးတဲ့ common အဖြစ်ဆုံး နှစ်ခွန်းပါဘဲ။ Thank you ကိုတော့ ပိုပြီးယဉ်ကျေးတဲ့

Business Presentation များတွင် အသုံးတည့်မည့် အသုံးအနှုန်း(၂၅)ခု

Image
Business Presentation များတွင် အသုံးတည့်မည့် အသုံးအနှုန်း ၂၅ ခု Posted by Betty အင်္ဂလိပ်လို Presentation လုပ်တာက လွယ်ကူတဲ့ အလုပ်တစ်ခုမဟုတ်ပါဘူး။ Presantation တစ်ခု ကြာမြင့်ချိန် အတွင်းမှာ ကိုယ်ပြောမယ့် အကြောင်းအရာတွေ အပေါ် ပရိသတ်က မငြီးငွေ့ရအောင် ဆွဲဆောင်မှုရှိဖို့ လိုသလို ကိုယ်သုံးမယ့် စကားတွေကလည်း ချောမွေ့ရမယ့် အပြင် ဘယ်အချိန်၊ ဘယ်နေရာမှာ ရပ်၊ ဆက်သွား၊ နောက်ကြောင်းပြန်၊ စတဲ့ အင်္ဂါရပ်တွေပါ ထည့်သွင်းမှသာ အောင်မြင်တဲ့ presentation တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း presentation တွေမှာ “to move on” တို့ “to recap” တို့ “to summarise” တို့ “to turn to” တို့

Presentation အမှားတွေက ရုန်းထွက်နည်း(၈)မျိုး

Image
Presentation အမှားတွေက ရုန်းထွက်နည်း ၈ မျိုး Posted by Betty   ပြောင်းလဲလာတဲ့ အခုခေတ်ကြီးမှာ မည်သူမဆို စီးပွားရေး လူမှုရေး ပညာရေး ကဏ္ဍအားလုံးမှာ ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်များ၊ ကျွမ်းကျင်သူများ နှင့် ထိတွေ့ ဆက်ဆံမှုတွေ ပိုလုပ်လာရပါပြီ။ ဒီတော့ အရင်တုန်းက ကိုယ်နဲ့ မဆိုင်သလိုရှိတဲ့ ကဏ္ဍတွေမှာ အခုဆိုရင် ကိုယ် ကိုယ်တိုင်က ပါဝင် လုပ်ရတာတွေ ရှိလာပါပြီ။ ဒီအထဲက တစ်ခုကတော့ presentation ပြုလုပ်ရခြင်းလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ Presentation ဆိုကတည်းက ကိုယ်က ပရိသတ်ရှေ့ထွက်ပြီး ရှင်းလင်းတင်ပြရတာ ဖြစ်တော့

ထင်မြင်ချက်ပေးနည်း(၁၄)မျိုး

Image
ထင်မြင်ချက်ပေးနည်း ၁၄ မျိုး Posted by Soe Soe Win သူငယ်ချင်းဖြစ်သူက သူ့ရဲ့အင်္ကျီအသစ်ကလေးနဲ့ ရှိုးထုတ်လာတယ်။ အင်္ကျီအရောင်ရောပုံစံပါ လုံးဝအောက်နေတယ်။ သူက အင်္ကျီအသစ်လေးလှရဲ့လားလို့ ကိုယ့်ကိုမေးလာတယ်။ ကိုယ့်စိတ်ထဲက အရှိအရှိအတိုင်း ပြောလိုက်မလား။ မယုတ်မလွန်လေးဘဲ မဆိုးပါဘူးလို့ ပြောမလား။ ဒါမှမဟုတ် အရမ်းမိုက်တယ်ကွာလို့ သူစိတ်ချမ်းသာအောင် လိမ်ပြောလိုက်မလား။

အသန်မာဆုံး အတောင်ပံတွေရဖို့

Image
အသန်မာဆုံး အတောင်ပံတွေရဖို့             တစ်ခါက လူတစ်ယောက်ဟာ လိပ်ပြာဖြစ်လာမယ့်ပိုးအိမ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ တစ်နေ့တော့ ပိုးအိမ်လေးမှာ အပေါက်သေးသေးလေးတစ်ခုပေါ်လာပါတယ်။ ပိုးအိမ်လေးကိုယူလာတဲ့ သူကလည်း အဲဒီအပေါက်လေးကနေ လိပ်ပြာလေး တိုးထွက်နေတာကို စိတ်ဝင်တစားနဲ့ နာရီပေါင်းများစွာ ထိုင်ကြည့်နေမိပါတယ်။

Email အရေးအသားကောင်းဖို့ အကြံပေးချက်(၇)ချက်

Image
Email အရေးအသားကောင်းဖို့ အကြံပေးချက် ( ၇) ချက် Posted by Soe Soe Win ယနေ့ခေတ်မှာ ဆက်သွယ်ရေးကဏ္ဍတွေက တိုးတက်လာပြီဆိုတော့ ဆက်သွယ်ရေးမီဒီယံလို့ခေါ်တဲ့ ကြားခံဆက်သွယ်ရေး လမ်းကြောင်းတွေကလည်း အမြောက်အများပါဘဲ။ မိုဘိုင်းဖုန်းကနေ text တွေ voice mail တွေ ပို့တာမျိုး၊ Viber လိုမျိုး application တွေသုံးပြီး message တွေ video file တွေ ပို့တာမျိုး၊ Facebook နဲ့ ဆက်သွယ်ကြတာမျိုးတွေ အထိ ဆက်သွယ်ရေးလမ်းကြောင်းတွေ တစ်ပုံတစ်ပင် ရှိတယ်။

အင်္ဂလိပ်လို ချီးမွမ်းရအောင်

Image
အင်္ဂလိပ်လို ချီးမွမ်းရအောင် Posted by Betty on February 27, 2015 at 10:50   သူငယ်ချင်းတစ်ယောက်က သူကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ရွှေတောင်ခေါက်ဆွဲဖိတ်ကျွေးတယ်။ စားကြည့်တော့ အရမ်းကောင်းလွန်းလို့ လျှာလည်သွားတယ်။ သူ့လက်ရာကို မချီးမွမ်းဘဲမနေနိုင်ဘူး။ တစ်လောက ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ ၃ နှစ်အရွယ်ကလေးငယ်လေးတစ်ဦးက Jason Mraz ရဲ့သီချင်းတစ်ပုဒ်ကို ဂစ်တာသေးသေးလေးနဲ့ဟန်ကျပန်ကျ တီးပြီးအသံနေ အသံထားမှန်မှန်နဲ့ ဆိုသွားတာကို ကြည့်လိုက်ရတယ်။ တစ်ကယ့် အဆိုတော် တစ်ယောက်အတိုင်း ဆိုသွားတာ

မင်္ဂလာပါ

မင်္ဂလာပါ           ကျွန်တော်တို့လူမျိုးသည် နှုတ်ခွန်းဆက်ခြင်းကို တကူးတက သင်နေရသည့် လူမျိုး မဟုတ်ပေ။ ဘယ်လဲ၊ ဒီနား၊ စားပြီးပြီလား၊ မတွေ့တာကြာပြီ စသဖြင့် နှုတ်ဆက်စကားမှန်း မသိမီကပင် ရင်းနှီး ကျွမ်းဝင်စွာ သုံးနှုန်းလာသည့် အရိုးခံစကားလုံးများရှိကြသည်။

ဝဋ်ကြွေးမကင်းသူများ

ဝဋ်ကြွေးမကင်းသူများ           ကျွန်တော်တို့အားလုံး ဝဋ်ကြွေးမကင်းကြသူများ ဖြစ်သည်။ ဝဋ်မှာအမြဲ ငရဲမှအပ ဆိုသည့်အတိုင်း ကျွန်တော်တို့၏ ဘုရားရှင်ကိုယ်တော်တိုင် ဝဋ်ကြွေးတော် ဆယ့်နှစ်ပါးကို ပေးဆပ်ခဲ့ရကြောင်း ဘာသာရေး စာအုပ်များတွင် ဖတ်မှတ်ခဲ့ရဖူးသည်။           သေချာစဉ်းစားကြည့်မည်ဆိုပါလျှင် ဘုရားငါးဆူပွင့်မည့် ဤကမ္ဘာတွင် ပွင့်ခဲ့ပြီးသည့် ဘုရားလေးဆူ ချွတ်၍ မကျွတ်နိုင်သူများ ကျန်နေရစ်ခြင်းဖြစ်သည်။

မသိရင်မေး

Image
မသိရင်မေး Posted by Betty on February 11, 2015 at 11:04   လူသား အချင်းချင်း ဆက်သွယ်တဲ့အခါ နှုတ်နဲ့ သို့မဟုတ် အရေးအသားနဲ့ ဆက်သွယ်ကြပါတယ်။ စာရွက်ပေါ် ရေးသား ဆက်သွယ်တဲ့အခါ နားမလည်ရင် အပြန်ပြန် အလှန်လှန် ပြန်ဖတ်ကြည့်လို့ ရပေမဲ့ စကားနဲ့ ပြောဆိုတဲ့အခါမှာတော့ နားမလည်ရင်၊ မကြားလိုက်ရင် ပြောသူက  ပြန်ပြော “repeat”  လုပ် ရပါတယ်။

အင်္ဂလိပ်ဘာသာဖြင့် သတိပေးနည်း(၁၀)မျိုး

Image
အင်္ဂလိပ်ဘာသာဖြင့် သတိပေးနည်း ၁၀ မျိုး Posted by Betty on February 6, 2015 at 17:33   ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ warning ခေါ် သတိပေးချက်တွေ နေရာအနှံ့ ရှိပါတယ်။ “သတိ၊ ခွေးကိုက်တတ်သည်။” “ကွမ်းတံတွေးမထွေးရ။” “ချော်လဲတတ်သည်။” စသည်ဖြင့် သတိပေး ဆိုင်းဘုတ်တွေလိုမျိုး အပြင် သတင်းစာတွေထဲမှာ ဥပဒေအကြောင်းရ သတိပေး စာရှည်လိုမျိုးတွေ လည်းရှိတတ်ပါသည်။ ယုတ်စွအဆုံး ကားဟွန်းတီးတာ၊ စက်ဘီး ဘဲလ်တီးတာတွေတောင် အသံနဲ့ warning ပေးတာတွေ မဟုတ်ပါလားခင်ဗျား။ ဆိုလိုတာကတော့ လူတွေဟာ နေ့စဉ်တစ်ခုခုကြောင့်

အင်္ဂလိပ်လို ဧည့်ခံရအောင်

Image
 အင်္ဂလိပ်လိုဧည့်ခံရအောင် Posted by Language Republic on February 24, 2015 at 10:25   ကျွန်တော်တို့ ယဉ်ကျေးမှုမှာ အိမ်ကို ဧည့်သည်လာလည်တဲ့အခါ ဧည့်ဝတ်ကျေဖို့အတွက် ကျွန်တော်တို့ လုပ်လေ့ရှိတာ တစ်ခုကတော့ စားစရာ၊ သောက်စရာ တစ်ခုခုနဲ့ ဧည့်ခံလေ့ရှိတာပါ။ ဘာမှ ကျွေးစရာမရှိရင်တောင် ရေတစ်ခွက်တော့ တိုက်ကြပါတယ်။ အဲ့ဒါ ကျွန်တော်တို့ရဲ့ ချစ်စရာဓလေ့ တစ်ခု ဖြစ်ပါတယ်။ အခု ဒီဓလေ့က အိမ်လာတဲ့ ဧည့်သည်အတွက်တင် မဟုတ်တော့ပါဘူး။ အရောင်းဆိုင်တွေ၊ ရုံးတွေ၊ ဆားဗစ်စင်တာတွေမှာလည်း customer ခေါ် အားပေးသူ ဧည့်သည်တွေကို ဧည့်ခံတဲ့ အလေ့အထတွေလည်း တွေ့နေရပါပြီ။ နောက်ပြီး စီးပွားရေးလုပ်ငန်းဆိုတော့ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့

ပညာနဲ့ သညာ

ပညာနဲ့ သညာ        အဆိုးအကောင်း အကျိုးအကြောင်းကို ဝေဖန်ချင့်ချိန်နိုင်သည့်အရာကို ပညာဟု ခေါ်သည်။ သညာဆိုသည်က ဆရာသင်ကြားပြသပေးသည့် သင်ခန်းစာများ၊ လေ့လာဖတ်ရှုမှတ်သားမိသည့် ဗဟုသုတများကို ခေါ်ဆိုခြင်းဖြစ်သည်။           ပညာဆိုသည်က ရော့အင့်ဆိုကာ ပေး၍၊ ယူ၍ရသောအရာ မဟုတ်ချေ။ ပေး၍၊ ယူ၍ရသော ပညာဆိုလျှင်လည်း ပညာမဟုတ်သည့် တစ်စုံတစ်ရာသာ ဖြစ်လိမ့်မည်။ ပညာသည် မိမိ၏ ကိုယ်တွင်း နှလုံးသားတစ်နေရာမှာ ခိုအောင်းနေသော အရာဖြစ်သည်။ ထိုအရာလေး နိုးထလာစေရေးအတွက် အသိ ပညာ၊ ဗဟုသုတရစေသည့် စာအုပ်၊ စာပေများကို လေ့လာဖတ်ရှုခြင်း၊ ဆရာသင်ကြားလေ့ကျင့်ပေးသည့် သင်ခန်းစာများကို ကြေညက်စေခြင်း စသောနည်းများနှင့် နှိုးဆွရသည်။ ပညာဓိကဘုရားဖြစ်သည့် ကျွန်တော်တို့၏ ဂေါတမဘုရားရှင်သည် သဗ္ဗေညုတ ရွှေဥာဏ်တော်ပညာ နိုးထလာစေရန်အတွက် လေးအသင်္ချေနှင့်

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

Image
အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ မြန်မာနာမည်မှာ မျိုးရိုးနာမည်၊ မိဘနာမည် စသည်ဖြင့် အချို့နာမည်များမှာ ထည့်လေ့ရှိသော်လည်းဘဲ First name တို့Last name တို့စသည့် သဘောမျိုးတော့ မှည့်လေ့ မရှိကြပါဘူး။ များသောအားဖြင့် နာမည်တစ်လုံးသာ ဖြစ်ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ form တွေဖြည့်တဲ့အခါ First name၊ Last name တွေနေရာမှာ ဖြည့်စွက်ရတဲ့အခါ ဘယ်လိုဖြည့်ရမယ်ဆိုတာ ဇဝေဇဝါ ဖြစ်တတ်ပါတယ်။

ကိုယ့်အကြောင်းကို ကိုယ်ဘယ်လိုပြောမလဲ

Image
ကိုယ့်အကြောင်းကို ကိုယ်ဘယ်လိုပြောမလဲ Posted by Soe Soe Win on March 16, 2015 at 13:55   အလုပ်ခွင်မှာ၊ ကျောင်းမှာ၊ ဈေးထဲမှာ၊ ပါတီမှာ၊ ဟိုမှာဒီမှာစတဲ့ လူမှု အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ သင်ဟာ တစ်ခါတစ်လေဘဲ ဖြစ်စေ၊ မကြာခဏဘဲဖြစ်စေ ကိုယ့်ကိုယ်ကို မိတ်ဆက်ရင်း ကိုယ့်အကြောင်းကို ပြောရတာမျိုး ကြုံဖူးမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတွေ ဖြစ်တဲ့အလျောက် အလုပ်သဘောဖြစ်စေ၊ ခရီးသွားဟန်လွဲဖြစ်စေ အခြားသူတွေနဲ့ မိတ်ဖွဲ့ပြီးကိုယ့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းကို ကျယ်ပြန့်အောင် လုပ်ကြရပါတယ်။

ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက်           ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်တွေကို မကြာခဏ ချဖြစ်တတ်ကြသည်။ သို့သော် ကျွန်တော် တို့၏ ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည် ဖော်နိုင်ပါရဲ့လား။ ရာနှုန်းပြည့် အကောင်အထည် မဖော်နိုင်ကြသူတွေ များမည်ထင်ပါသည်။ ဆုံးဖြတ်ချက်တိကျခိုင်မာပြတ်သားသူများသည်ပင် ရာနှုန်းပြည့် နီးပါးသာ အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် ဟူသော ဆုံးမစကားတို့ ပေါ်ထွက်လာခြင်းဖြစ်သည်။           ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်ရန်အတွက် မိမိဘာလိုချင်သည်၊ ဘာလိုအပ်သည်ကို အတိအကျ သိဖို့လိုသည်။ သို့မဟုတ်ပါက အကောင်အထည်မဖော်နိုင်သည့်၊ မအောင်မြင်သော ဆုံးဖြတ်ချက်များစွာကို ချမှတ်နေမိဦးမည် ဖြစ်သည်။ တချို့တွေက လိုချင်တာနှင့် လိုအပ်ချက်ကို ကွဲကွဲပြားပြား မသိကြ။ တချို့တွေကတော့ ဝါသနာနှင့် အားကျခြင်းကို မခွဲခြားနိုင်ဖြစ်ကြသည်။ အသစ်အသစ်သော နည်းပညာများ ပေါက်ကွဲနေသည့်ခေတ်တွင် ကျွန်တော်တို့လိုအပ်နေသည်မှာ ဆက်သွယ်ရလွယ်ကူစေသည့် ဖုန်းတစ်လုံး လား၊ နောက်ဆုံးပေါ် (Tablet) တစ်လုံးလား သိစေချင်ပါသည်။

ဘဝကို အကောင်းဆုံး ထုဆစ်မယ်ဆိုရင်

ဘဝကို အကောင်းဆုံးထုဆစ်မယ်ဆိုရင် တချို့တွေက ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းကြသည်။ တချို့တွေကတော့ ပျော်ချင်ယောင်ဆောင် ရင်း ဖြတ်သန်းကြသည်။ တချို့တချို့တွေက ငြိုငြင်မှုအပြည့်နှင့် ဖြတ်သန်းနေကြရသူများ ဖြစ်သည်။ မည်သူ့တွင်မျှ ဘဝအပို ပါမလာခဲ့ကြချေ။ လုပ်ငန်းအမျိုးမျိုး၊ အသိုင်းအဝိုင်းအမျိုးမျိုးနှင့် ပတ်သက် ဆောင်ရွက်နေကြရသည်ပင် ဘဝအမျိုးမျိုးပိုင်သည်ဟု ထင်နေကြသူတွေ များသည်။ တကယ်တော့ ကိုယ့်ရဲ့ပြုမူ ဆောင်ရွက်မှုအားလုံးသည် ကိုယ့်ဘဝပဲဖြစ်သည်။ ကျွန်တော် ဆိုချင်သည်က လူတစ်ယောက် ဘုရားသွား ဘုရားရှိခိုးသည်။ အပြန်တွင် ဖိနပ်ခိုးပြီးပြန်လာသည်။ တချို့က ဒါကို သူတော်ကောင်းဘဝ၊ သူခိုးဘဝ စသဖြင့် မှတ်ယူတတ်ကြသည်။ တကယ်တော့ လူတစ်ယောက်ထဲက လုပ်နေတာဖြစ်သည်။ ဘုရားရှိခိုးပြီး ဖိနပ်ခိုးတာ သူ့ဘဝပဲဖြစ်သည်။ သူတော်ကောင်းလည်း မဟုတ်သလို၊ သူခိုးလည်း မဟုတ် ချေ။ လူတွေက တံဆိပ်အမျိုးမျိုး ကပ်နေခြင်းသာဖြစ်သည်။ ချဉ်သည့်အပိုင်းရှိမည်၊ ချိုသည့်အပိုင်းရှိမည်။ နောက်ဆုံး ခါးသည့်အပိုင်းလည်း ရှိနေနိုင်သည် မဟုတ်လား။ သလဲသီးထဲတွင် အကန့်အမျိုးမျိုး ရှိနေသော်လည်း ခေါ်သည့်အချိန်တွင်တော့ သလဲသီးဟု ခေါ်မှ မှန်မည်ဖြစ်သည်။

ဘက်လိုက်ခြင်း အနုပညာ

ဘက်လိုက်ခြင်း အနုပညာ           ဘက်လိုက်ခြင်းနှင့် ပတ်သက်လျှင် ကျွန်တော်တို့အားလုံး သိမြင်ထားကြသည်က မကောင်းဘူး ဆိုသော အသိဖြစ်သည်။ ဘက်လိုက်ခြင်းသည် ရှက်ဖွယ်ကောင်းသော အပြုအမူ၊ မကောင်းမှုဟု ယူဆထားကြသူများ ဖြစ်သည်။           ဘောလုံးပွဲတစ်ပွဲတွင် သည်ဒိုင်တော့ ပင်းနေပြီ၊ ဘက်လိုက်နေပြီဟု ဆိုလိုက်သည်နှင့် တပြိုင်နက် နားလည်လိုက်ကြသည်မှာ ဒိုင်ညစ်နေပြီ၊ ဒိုင်မကောင်းတော့ဘူးဟူ၍ ဖြစ်သည်။ မနှစ်မြို့သည့် ခံစားချက်က နှလုံးအိမ်ထက်မှာ သီးပွင့်သည်။ ကိုယ်အားပေးသည့်အသင်းဘက်ကို ဘက်လိုက်ပေးနေသည် ဆိုစေကာမူ ထိုဒိုင်အပေါ်တွင် လေးစားမှုတို့ မဖြစ်ထွန်းနိုင်တော့သည်မှာ သေချာသည်။

တယ်လီဖုန်း အင်္ဂလိပ်စာ

Image
 တယ်လီဖုန်း အင်္ဂလိပ်စာ Posted by Language Republic on March 12, 2015 at 11:49   နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတဲ့ ကုမ္ပဏီ၊ ရုံးဌာန၊ အရောင်းဆိုင်မှာ အလုပ်လုပ်သောကြောင့်ဖြစ်စေ၊ ကိုယ်တိုင်က နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေသူ ဖြစ်သောကြောင့်ဖြစ်စေ၊ ဘယ်အကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံခြားသားတစ်ယောက်ကို ဖုန်းနဲ့ ဆက်သွယ်ဖို့ လိုအပ်တဲ့အခါ ဖုန်းပေါ်မှာ အင်္ဂလိပ်လိုပြောရမှာ တွန့်ဆုတ်ဖူးပါသလား။

အချိန်နဲ့ဆိုင်တဲ့ အသုံးတွေ မှန်ကန်ကြဖို့

Image
အချိန်နဲ့ ဆိုင်တဲ့ အသုံးတွေ မှန်ကန်ကြဖို့ Posted by Soe Soe Win on January 7, 2015 at 11:34  အင်္ဂလိပ်စာကို ရေးသား ပြောဆိုတဲ့အခါ အချိန်အခါတွေ၊ နေရာတွေ စသည်တို့ကို မကြာခဏ ညွှန်ပြ ပြောဆိုရေးသား ကြရပါတယ်။ သာမန်အားဖြင့် ပြောရတာလွယ်ကူတယ် ထင်ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အချို့သော အသုံးတွေက ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ် ဆိုတာ ဆုံးဖြတ်ရ ခက်တတ်ပါတယ်။ အချိန်နဲ့ဆိုင်တဲ့ အသုံးတွေထဲက နံနက်ပိုင်း (morning) နဲ့ ဆိုင်တဲ့ အသုံးတစ်ချို့ကို တင်ပြလိုက်ပါတယ်။

ခရီးသွားခြင်း

Image
ခရီးသွားခြင်း ကျွန်တော်တို့ အားလုံး ထာဝရ ခရီးသွားများဖြစ်ကြသည်။ သို့သော် ထိုခရီးသည် ကျွန်တော်တို့ သွားသည် ဖြစ်စေ၊ မသွားသည်ဖြစ်စေ တစ်ချိန်တွင် အမှန်ရောက်မည့် ခရီးဖြစ်သည်။ ကျွန်တော်ပြောလို သည်က သွားမှ ရောက်မည့် ခရီးများအကြောင်းဖြစ်သည်။ ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ကမ္ဘာကြီးသည် ရွာကြီးဖြစ်သွားပြီဆိုသော စကားသံ တို့ ကျယ်လောင်လာခဲ့ပြီ ဖြစ်သည်။ အတိတ်ကာလက လချီ၊ နှစ်ချီကြာအောင် သွားခဲ့ရသော ခရီးတို့သည် ယခုအခါတွင် နာရီပိုင်းအတွင်း ရောက်နိုင်သည့် ခရီးအဖြစ်ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ဆက်သွယ် သွားလာရ ပိုမိုချောမွေ့လာသည် နှင့်အမျှ ကမ္ဘာအဝှမ်းခရီးသွားလာသူတို့ ပို၍များပြားလာခဲ့ကြသည်။ တချို့က ပြည်တွင်းခရီးသွားများဖြစ်သည်။ တချို့တွေကတော့ ပြည်တွင်းသာမက ပြည်ပသို့ပါ ခြေဆန့်ကြ သူများဖြစ်သည်။

Complain ဖြေရှင်းနည်း

Image
Complain ဖြေရှင်းနည်း Posted by Htoo Aung Wint   Complain ဖြေရှင်းဖို့ရန်အတွက် အဆင့်(၆)ဆင့်ကို ဖြတ်သန်းရပါတယ်။ အဲဒါတွေကတော့ ၁။ Listen (နားထောင်ပါ) ၂။ Repeat (ပြန်မေးပါ/ အတည်ပြုပါ) ၃။ Thank (ကျေးဇူးတင်ကြောင်းပြောပါ) ၄။ Apologize (တောင်းပန်ပါ) ၅။ Action/Explain (ရှင်းပြပါ) ၆။ Follow-Up (ဆောင်ရွက်ပေးပါ)

အကောင်းဆုံးတောင်းပန်နည်း(၅)မျိုး

Image
အကောင်းဆုံး တောင်းပန်နည်း (၅) မျိုး Posted by Soe Soe Win on December 15, 2015 at 10:18   သင် ဘယ်နေရာမှာပဲ အလုပ်လုပ်ပါစေ။ ဘာကိုပဲလုပ်ပါစေ တစ်စုံတစ်ယောက်သောသူကို တစ်စုံတစ်ခုအတွက်နဲ့ တောင်းပန်ရမှာ ကတော့ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဒါကတော့ လောကဓမ္မတာပဲဖြစ်ပါတယ်။ လူသားတွေနဲ့ ပြည့်နှက်နေတဲ့ အလုပ်ဌာနမှာ စိတ်ထိခိုက်စေမဲ့ အခြေအနေအမျိုးစုံနှင့် အမြဲတမ်းပဲ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ရုံးမှာ အခြေအနေတွေက တင်းမာလာ တဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် ပုန်းခိုစရာရှာတာကတော့ တကယ်တော့ မဖြစ်သင့်သလို ရင့်ကျက်ရာလည်း မရောက်ပါ။ ၄င်းအစား စိတ်မသက်မသာဖြစ်ရတဲ့ အခြေအနေမျိုးမှာ လိမ္မာပါးနပ်စွာနဲ့ ရင်ဆိုင်ပြောဆိုနိုင် ရန် သင့်တော်သော စကားလုံး အသုံးအနှုန်းများကို အသင့်ဆောင်ထားရပါမယ်။

အခွင့်အရေးယူတတ်ပါစေ

အခွင့်အရေးယူတတ်ပါစေ           အခွင့်အရေးဆိုသည်က နေရာတိုင်းမှာ ရှိသည်။ သို့သော် သူသည် စီးမျောနေသော သဘောရှိလေ သည်။ သင်မဆယ်ယူမိသည်နှင့် ၎င်းကဆက်လက်စီးမျောသွားပေလိမ့်မည်။ အခွင့်အရေးဟု မမြင်တတ်သူများ၊ အခွင့်အရေးဟု မြင်သော်လည်း ဖမ်းယူအသုံးမချနိုင်သူများကို ကျော်လွန်ကာ အသုံးချနိုင်သူများလက်ဝယ် ရောက်သည်အထိ စီးမျောသွားမည်ဖြစ်သည်။           လူအများစုကတော့ မျောပါသွားသည့် အခွင့်အရေးကိုငေးကာ နောင်တဆိုသောအရာကို ပွေ့ဖက် တတ်ကြသည်။ လူတော်များကမူ လက်လွတ်သွားသည့် အခွင့်အရေးကို ငေးမျှော်မနေတော့ဘဲ နောက်ထပ် ဖမ်းဆုပ်နိုင်မည့်အခွင့်အရေးကို ရှာဖွေတတ်ကြသည်။ သာမန်လူများနှင့် အောင်မြင်သူများကြားရှိ ကွာခြား ချက်မှာ ဤအချက်ပင်ဖြစ်သည်။

ရဲရဲပြောပါ မကြောက်ပါနဲ့

Image
ရဲရဲ ပြောပါ မကြောက်ပါနဲ့ Posted by Betty on December 17, 2014 at 13:22   အမေရိကားမှာ ပညာသွားသင်ခဲ့တဲ့ အသိဆေးကျောင်းသားတစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။ တစ်ခါတုန်းက သွားရင်း လာရင်း ဗိုက်ဆာလို့ နယူးယောက်မြို့ရဲ့ မက်ဒေါနယ် ဆိုင်တစ်ဆိုင်မှာ သူစားချင်တာကို ယုံကြည်မှုအပြည့်နဲ့ မှာလိုက်တယ်။ “Cheese burger two times, please.”

သင့်အင်္ဂလိပ်စာ ဘာ့ကြောင့် မတိုးတက်သေးတာလဲ

Image
သင့်Englishစာဘာလို့ မတိုးတက်သေးတာလဲ? Posted by Jay Kris on December 10, 2014 at 11:15  ကျွန်တော့်ကို လူငယ်အချို့ကမေးလေ့ရှိပါတယ်။ သူတို့ Englishစာဘာလို့ မတိုးတက်တာလဲတဲ့။ ဘယ်လိုလေ့လာမှ Englishစာကို ကောင်းကောင်းပြော တတ်မှာလဲတဲ့။ ကျွန်တော်ဒီဆောင်းပါးလေး ကနေပဲ အကြံပေးပါရစေ။ ကျွန်တော် အောက်မှာရေးပြထားတဲ့အချက်တွေထဲက သင်ဘယ်နှစ်ချက် လာက် ကျင့်သုံးနေပါလဲ? ဒီဆောင်းပါးလေးဖတ်ပြီးရင်တော့ သင့်အတွက်တစ်စုံတစ်ခု အကျိုးရှိမှာ သေချာပါတယ်။ ကျွန်တော် မိုးရှင်း (I.M.T) သည်လည်း ဆရာကြီးတစ်ယောက်မဟုတ် သေးပါ။ သိသမျှကိုဝေမျှလိုသော စေတနာဖြင့်ရေးသားပါသည်။