Capsule Hotel


Capsule Hotel

                အားလုံးပဲ မင်္ဂလာပါခင်ဗျ။
ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံမှ အစပြု ပြီး ပေါ်ထွက်လာခဲ့တဲ့ Capsule Hotels တွေအကြောင်း ပြောပြပါမယ်။
Capsule hotel အမျိုးအစားကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ၁၉၇၉ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးတွေမှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
Capsule Hotelဟာ budget ဟိုတယ် အမျိုးအစား ဖြစ်ပြီး တည်းခိုမယ့် ဧည့်သည်အတွက် အခြေခံလိုအပ်ချက်အားလုံကို အလျား ၆ပေ၇လက်မ၊ အနံ ၃ပေ၃လက်မ၊ အမြင့် ၄ပေ၁လက်မ သာကျယ်သော အလွန်သေးငယ်တဲ့ အခန်းထဲမှာ ထည့်သွင်းပေထားတာ ဖြစ်ပါတယ်။
Capsuleကိုတော့ ပုံမှာတွေ့ရတဲ့ အတိုင်း ဖန်၊ ဖိုင်ဘာ၊ ဘိလပ်မြေ စတာတွေနဲ့ သေသပ်စွာ တည်ဆောက်ထားပြီး တစ်ဖက်ခြမ်းမှာတော့ အဝင်တံခါးပေါက် ပါရှိပါတယ်။
အတွင်းပိုင်း အသုံးအဆောင်တွေကတော့ ဟိုတယ် တစ်ခုနဲ့တစ်ခု ကွဲပြားမှု ရှိပေမယ့် အိပ်ရာ၊ တီဗွီ၊ ပစ္စည်းသိမ်းရန် သေတ္တာ၊ အလင်းနှင့် လေအေးပေးစနစ် စတာအပြင် စာရေးရန် စားပွဲအသေးတစ်လုံး အဓိက ပါရှိပါတယ်။
အခန်းတွေဟာ ဘေးချင်းကပ်၊ နှစ်ထပ်ပုံစံ ပြုလုပ်ထားပေမယ့် အသံလုံစနစ် အသုံးပြုထားလို့ အေးချမ်းစွာ အိပ်စက်နားနေနိုင်မှာ ဖြစ်ပါတယ်။
သူတို့ရဲ့ အဓိက target market ကတော့ business man တွေနဲ့ backpacker တွေအတွက် ဖြစ်ပါတယ်။ businessသမားတွေ တစ်ချိန်လုံး အလုပ်ထဲမှာ ပင်ပန်းပြီး အားလပ်ချိန်မှာ ခဏတာ အနားယူလိုရင်ပဲ ဖြစ်ဖြစ်၊ ဝန်ဆောင်မှုတွေ မလိုအပ်ဘဲ ဈေးသက်သက်သာသာ အိပ်လို့ရမယ့် နေရာထိုင်ခင်းမျိုး အလိုရှိတဲ့ ခရီးသွားတွေ အတွက်ရော capsuleဟိုတယ်က ရွေးချယ်စရာ ဖြစ်မှာ သေချာပါပဲ။
ဈေးနှုန်းကိုတော့ အချိန်ပိုင်းခြားပေါ် မူတည်ပြီး ၁နာရီ၊ ၃နာရီ၊ ၆နာရီ နေ့ဝက်၊ တနေကုန် စသည်ဖြင့် မိမိရွေးချယ်မှုပေါ် မူတည်ပြီး ပေးချေရမှာ ဖြစ်ပါတယ်။
ရေချိုးခန်း၊ သန့်စင်ခန်းများကို အပြင်ဘက်မှာ သီးသန့် ထားရှိပေးထားပါတယ်။ အစားအသောက် ကိုယ်တိုင်ရယူနိုင်ရန် vending machineများလဲ ထားရှိပေထားပါတယ်။ အချင်းချင်း အစားစားရင်း communicate လုပ်နိုင်အောင်လည်း lobby ကဲ့သို့ နေရာလွတ်များ ထားရှိပါသေးတယ်။
ခုဆိုရင်တော့ Capsule Hotel တွေအကြောင်းကို အနည်းနဲ့ အများ ဗဟုသုတဖြစ်ဖွယ် သိရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဗဟုသုတ ဖြစ်ဖွယ်ရာများကို ဆက်လက်မျှဝေ သွားပါမယ်။

Credit: ဟိုတယ်နှင့် ခရီးသွားရပ်ဝန်း 
Photo:Trip Adviser မှ

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်