'6As' in Tourism Supply

'6As' in Tourism Supply

                      အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၊ မြို့တစ်မြို့ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဟာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ထိုကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျတဲ့ အချက်(၆)ချက် ရှိပါတယ်။ '6As' လို့လဲ လူသိများပါတယ်။ အဲ့တာတွေကတော့..
1. Accomodation
နေရာထိုင်ခင်းဟာ ခရီးသွားဒေသ အတွက် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
နေရာထိုင်ခင်းမှာတော့ hotel, resort, motel, guest house, home stay စတာတွေပါဝင်ပါတယ်။

2.Accessibility
Accessibility ဆိုတာ ခရီးသွားတစ်ယောက် လိုရာခရီးရောက်အောင် ကူညီပို့ဆောင်ပေးတဲ့ transportation အမျိုးအစား အားလုံးပါဝင်ပါတယ်။
eg. airport, airplane, bus terminal, bus

3.Attractions
ခရီးသွားတွေ ဒေသတစ်ခုကို လာရောက်လည်ပတ်တဲ့ အကြောင်းအရင်းက အဲ့ဒီဒေသမှာ သူတို့ကို ဆွဲဆောင်ထားနိုင်တဲ့ အကြောင်းအရင်း ရှိနေလို့ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ပုဂံဒေသဟာ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများ ယဉ်ကျေးမှု ဗိသုကာလက်ရာများဖြင့် ကမ္ဘာလှည့် ခရီးသွားတွေကို ဖမ်းစားထားပါတယ်။

4.Activities
ဥပမာအားဖြင့် ပုဂံကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ အနေနဲ့ မီးပုံးပျံ စီးခြင်း၊ စက်ဘီး၊ မြင်းလှည်း စီးခြင်း၊ နေဝင်ဆည်းဆာရဲ့ အလှကို ခံစားနိုင်ခြင်းအပြင် ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုများ ခံစားနိုင်ခြင်း စသည်တို့လဲ ပါဝင်ပါတယ်။

5.Amenities
ခရီးသွားများအတွက် အခြေခံကျတဲ့ လိုအပ်ချက်တွေဖြစ်ပါတယ်။ အများပြည်သူသုံး သန့်စင်ခန်းများ
လမ်းညွှန် ဆိုင်းဘုတ်များ၊ ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊Tourist information centerများ၊
အရေးပေါ် ဝန်ဆောင်မှုများ စတာတွေ ပါဝင်ပါတယ်။

6.Ancillary
Ancillaryဟာ ၎င်းခရီးသွား ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုပါတယ်။
ကားအငှား ဝန်ဆောင်မှုများ၊ နိုင်ငံခြားငွေလဲ ကောင်တာများ၊ အာမခံ ကုမ္ပဏီများ စတာတွေ ပါဝင်ပါတယ်။

ယခုဖော်ပြပါ အချက်(၆)ချက်ဖြင့် ပြည့်စုံမှသာလျှင် ဒေသတွင်း ခရီးသွားလာရေး ကျယ်ပြန့်လာပြီး၊ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။ အားလုံးပဲ သဘောပေါက် နားလည်ကြမယ် လို့ မျှော်လင့်ပါတယ်။
ဗဟုသုတ ဖြစ်ဖွယ်ရာများကို ဆက်လက်မျှဝေ ပေးသွားပါအုံးမယ်။
#HnTknowledge

(Credit: ဟိုတယ်နှင့် ခရီးသွားရပ်ဝန်းပေ့ခ်ျမှ ကူးယူဖော်ပြပါသည်။) 
ထူးအောင်ဝင့်

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်