Posts

Showing posts with the label လေးစားအားကျသူများ၏ အတ္ထုပ္ပတ္တိ

ဗီဇနှင့် ပတ်ဝန်းကျင်(၂)

Image
ဗီဇနှင့် ပတ်ဝန်းကျင်(၂)      အမေဒေါ်မြသီက ဆေးလိပ်သောက်တတ်သည်။ သို့သော် သူ့ဆေးလိပ်ပြာကို ဘေးသို့ မကျစေရ၊ ပန်းကန်ပြားတစ်ခုထဲတွင် ပြာကို အသေအချာ ခြွေချသည်။ ညဝတ်အင်္ကျီကို နှစ်ရက်ပဲဝတ်သည်။ နှစ်ရက်ဝတ်ပြီးလျှင် နေ့လယ်နေ့ခင်လျှော်ပြီး ညကျတော့ ထိုအင်္ကျီကိုပင် ပြန်ဝတ်သည်။ ပစ္စည်းတွေကို နေရာတကျထားပြီး သုံးချင် ယူသုံး၊ ပြီးလျှင် ထားနေကျနေရာ ပြန်ထားမှ သဘောကျသည်။ အမေဒေါ်မြသီက စည်းကမ်းကြီးတာတင် မဟုတ်၊ အကွက်ပါ စေ့သည်။ အရာရာတိုင်းတွင် စေ့စပ်သေချာသည်။ ခြံထဲ သစ်ရွက်တွေ ကြွေကျ၍ တံမြက်စည်းလှည်းတာတောင်မှ သစ်ရွက်အမှိုက်တွေကို သည်အတိုင်း လွှင့်မပစ်တတ်။ မြေကြီးမှာ ကျင်းကလေးတူးပြီးတော့ မြှုပ်သည်။ သစ်ရွက်မြေဆွေးရအောင် လုပ်သည်။ ကျွန်တော့်အကျင့် တော်တော်များများသည် အမေဒေါ်မြသီထံမှ လာသည်ဟု ပြောလို့ရသည်။ အမေဒေါ်မြသီက စေ့စပ်သည်၊ တိကျသည်၊ စည်းကမ်းကြီးသည်သာမက ကြိုတင်ပြင်ဆင်မှု အားကောင်းသည်။ ဘယ်လောက်ကြိုတင်ပြင်ဆင်မှု ကောင်းသလဲဆိုလျှင် မလေးပင် အောချရသည်။

ဗီဇနှင့် ပတ်ဝန်းကျင်(၁)

Image
ဗီဇနှင့် ပတ်ဝန်းကျင်(၁)             ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးနှင့် ပတ်သက်ပြီး အမေနှင့် မလေးတို့ မကြာခဏဆိုသလို စကားနိုင်လုလေ့ ရှိကြသည်။ လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့က ဗီဇကောင်းဖို့လိုသည်၊ မျိုးစေ့မှန်မှ အပင်သန်မည်၊ မျိုးစေ့မမှန်လျှင် ပင်မသန်ဟု မလေးက ခံယူသည်။ အမေကတော့ ထိုသို့မဟုတ်။ ပတ်ဝန်းကျင် သို့မဟုတ် ထိန်းကျောင်းအုပ်ချုပ်သူကောင်းလျှင် အပင်သန်ပြီး လူတစ်လုံး သူတစ်လုံးဖြစ်မည်ဟု ခံယူသည်။ နှစ်ယောက်စလုံး ဘယ်တော့မှ မပြီးနိုင်သော အဖြေပုစ္ဆာတစ်ခုကို အဖြေထုတ်နေကြခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင်လည်း သည်အတိုင်းပင် အငြင်းအခုန်တွေ ယခင်ကလည်း ရှိနေခဲ့ပြီး ယခုထိလည်း ငြင်းခုန်နေကြဆဲဖြစ်သည်။ ကျွန်တော်ရော ကိုတင်ထွန်းပါ အဖေရော အမေပါ ပညာတတ်မိသားစုတွေက ပေါက်ဖွားလာသူတွေ ဖြစ်သော်လည်း အခြေအနေအရပ်ရပ်အရ မိဘအရင်းနှင့် မနေရဘဲ မွေးစားမိဘများနှင့် နေထိုင်ခဲ့ကြရသည်။ မွေးစားမိဘတွေကိုယ်နှိုက်ကလည်း သားအရင်းတွေလို တုန်နေအောင် ချစ်ခဲ့ကြသည်။ သို့သော် ကြီးပြင်းလာရပုံချင်းကတော့ မတူပါပေ။ ပြီးတော့ ကြီးပြင်းလာခဲ့ရသည့် ပတ်ဝန်းကျင်ချင်းကလည်း မတူပါချေ။ ထို့...

ကျွန်တော်တို့လင်မယားနှင့် အမေသုံးယောက်

Image
ကျွန်တော်တို့လင်မယားနှင့် အမေသုံးယောက်             ကျွန်တော့်အသက် ၁၈ နှစ်အထိ အမေ၊ အဖေသည် တစ်စုံတွဲတည်း ရှိခဲ့သည်။ သို့သော် ကံကြမ္မာ အလှည့်အပြောင်းက ကျွန်တော့်ကို နောက်ထပ် အဖေ၊ အမေနှစ်စုံကို ထပ်ပြီးရစေသည်။ စစ်ကျောင်းဆင်းအပြီး မလေးနှင့် လက်ထပ်ခဲ့သဖြင့် မလေးကလည်း သူ့မိဘများအပြင် အဖေ၊ အမေ နောက်ထပ် သုံးစုံ အလိုအလျောက် ရလိုက်သည်။ ကျွန်တော်တို့ မိသားစုသည် အမေရင်း၊ အဖေရင်းကိုလည်း မိဘအဖြစ် အသိအမှတ်ပြုရသည်။ မွေးစား အဖေ၊ အမေကိုလည်း အမေအရင်း၊ အဖေအရင်းအဖြစ် ရှေ့တန်းတင်ရသည်။ ကိုတင်ထွန်း၏ မိဘများကိုလည်း ကျွန်တော်တို့၏ မိဘများအဖြစ်ပါ သဘောထားလိုက်သည်။ ထိုအခါ ကျွန်တော်တို့၏ မိသားစု လေးစုစလုံး ပေါင်းစည်းမိသွားသည်။

အမေနှစ်ယောက် တွေ့ဆုံခြင်း(၂)

Image
အမေနှစ်ယောက် တွေ့ဆုံခြင်း(၂)           အခြေအနေတစ်ခုက ဆက်တိုက်ဆိုသလို ထပ်ပြီးဖြစ်လာသည်။ အမေအရင်း ဒေါ်မြသီက အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဝင်၊ ကေဒါ တစ်ယောက်။ မင်္ဂလာဒုံရှိ ဗဟိုနိုင်ငံရေးတက္ကသိုလ်သို့ သင်တန်းလာတက်ရသည်။ အမေဒေါ်မြသီး သင်တန်းလာတက်မှန်း အမေသိသွားသည်။ ဘယ်ကဘယ်ပုံ သိသွားသည်ကတော့ ကျွန်တော်မသိ။ အမေကတော့ အမေဒေါ်မြသီရှိရာ မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်သို့ အကြောက်အလန့်မရှိ သွားပြီးရန်တွေ့သေးသည်။ သူသွားရာကို မလေးကပင် လိုက်ပို့ပေးရသည်။

အမေနှစ်ယောက် တွေ့ဆုံခြင်း(၁)

Image
အမေနှစ်ယောက် တွေ့ဆုံခြင်း(၁)             ကျွန်တော် ကျောင်းသို့ပြန်ရောက်ပြီး သူငယ်ချင်းများနှင့်လည်း တိုင်ပင်၊ ကိုယ့်ဘာသာလည်း ကိုယ်စဉ်းစားရသည်။ မလေးနှင့် ကျွန်တော် လက်မထပ်မီအတွင်း အမေ့ကို အသိပေးရန်လိုသည်။ ထိုအတောအတွင်း အမေကလည်း ဘာသဘောနှင့်မသိ၊ ကျွန်တော့်ဓာတ်ပုံကို နှစ်ကိုယ်ခွဲကာ အိမ်မှာချိတ်ထားသည်။ “ စိုးဝင်း၊ နင်လုပ်နေတာ ငါသိပါတယ် ” ဟု ပြောနေသည့်အလား ခံစားရသည်။ ကျောင်းဆင်းပြီး တာဝန်ကျရာမသွားခင် အိမ်ပြန်တော့ ကျောင်းတွင်လေးနှစ်လောက် ရှိနေစဉ်အတွင်း မလေးနှင့် အပြန်အလှန်ရေးခဲ့သော စာများအပါအဝင် စာများအားလုံးကို အိတ်ကြီးတစ်အိတ်နှင့်ထည့်၍ ရန်ကုန်အိမ်သို့ပြန်သယ်လာခဲ့ပြီး အပြန်ကျတော့ ထားခဲ့သည်။ ထိုအိတ်ထဲတွင် ကျွန်တော့်ထံ မလေးရေးသောစာများအပြင် ကိုတင်ထွန်းထံမှ စာများ၊ အမေဒေါ်မြသီထံမှ စာများလည်း ပါသည်။ ကျွန်တော် တမင်ထားခဲ့တာလည်း ပါပါသည်။ အမေက ကျွန်တော်နှင့်ပတ်သက်ပြီး စိုးရိမ်စိတ်ရှိတတ်သောကြောင့် သူ့ဘာသာသူ စာတွေယူဖတ်ချင်လည်း ဖတ်ပါစေ။ စာဖတ်ရင်းနဲ့ပဲ   ကျွန်တော်တို့အကြောင်းတွေ သိသွားပါစေဆိုပြီး တမင်ထားခဲ့ခြင်း ဖြစ်သည်။

အမေအရင်းနှင့် တစ်ခဏ

Image
အမေအရင်းနှင့် တစ်ခဏ             ကိုတင်ထွန်း ပြန်သွားပြီးနောက် အမေအရင်း ဒေါ်မြသီက ကျွန်တော့်ကို ဆက်သွယ်လာသည်။ “ ကျွန်တော်ကသာ ခွင့်ပြုလျှင် လာတွေ့ချင်ပါသည် ” တဲ့။ ကိုယ့်ကို မွေးထုတ်ပေးလိုက်သော အမေက တွေ့ချင်သည်ဆိုသောအခါ ကျွန်တော့်အနေဖြင့် စဉ်းစားရကျပ်လာသည်။ ဝမ်းလည်း ဝမ်းနည်းမိသည်။ အမေက ထိုသို့ခွင့်တောင်းခြင်းမှာ ကိုတင်ထွန်းနှင့်တွေ့စဉ်က ကျွန်တော်ပြောလိုက်သော ကျွန်တော့်သဘောထားတချို့ကြောင့် ဖြစ်မည်ထင်သည်။ အမှန်အတိုင်းပြောလျှင် အမေက ကျွန်တော်တို့ကို စွန့်ပစ်ခဲ့သည်ဟုပဲ စွဲနေသေးသည်။ အကြောင်းရင်းမှန် သိခဲ့သော်လည်း ရင်ထဲတွင် စွဲသွားသည့် ခြစ်ရာကလေးကို မဖျောက်နိုင်သေးသဖြင့် ခံစားချက်ကို ကိုတင်ထွန်းအား ပြောပြဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူ့ကို တွေ့ရန်မှာလည်း တထင့်ထင့် ဖြစ်ရသည်။

ညီအစ်ကိုနှစ်ယောက် တွေ့ကြခြင်း

Image
ညီအစ်ကိုနှစ်ယောက် တွေ့ကြခြင်း             ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အသက် ၂၀ ရောက်မှာ ပြန်လည်တွေ့ကြသည့်နေ့က ပြင်ဦးလွင် စစ်တက္ကသိုလ်ဝင်းအတွင်းရှိ ဗိုလ်လောင်းကုန်းဆင်းမှာ ဖြစ်သည်။ ကိုတင်ထွန်းက ပြင်ဦးလွင်ကို ဆာဗေးလာဆင်းသည့်အချိန် ဒီဇင်ဘာလဖြစ်သည်။ ဗိုလ်လောင်းကုန်းက ဆင်းသောလမ်းတစ်လျှောက် ချယ်ရီပင်တွေက လှိုင်လှိုင်ပွင့်နေသည်။ ကျွန်တော်က ဗိုလ်လောင်းကုန်းပေါ်မှ အဆင်း၊ ကိုတင်ထွန်းက အတက်၊ လမ်းလယ်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် တွေ့ခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် တွေ့ချိန်တွင် နှစ်ယောက်စလုံး ရင်ခုန်နေကြသည်ဟုပဲ မှတ်မိသည်။ ထိုစဉ်က ခံစားမှုကို အခုလို နှစ်ပေါင်းများစွာ ကြာသည့်အချိန်တွင် ဖြစ်စဉ်အသေးစိတ်ကိုမူ သတိမရတော့။ မှတ်မိတာ နှစ်ခုတော့ရှိသည်။ သူက ကျွန်တော့်ကို သေသေချာချာကြည့်သလို ကျွန်တော်ကလည်း သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ပြီးတော့မှ နှစ်ယောက်သား အသံတစ်ပြိုင်တည်း ထွက်သွားခဲ့သည်။

ညီအစ်ကို တွေ့ဆုံရေး(၂)

Image
  ညီအစ်ကို တွေ့ဆုံရေး(၂) “ ဟာ ကိုစိုးဝင်း၊ ဘယ်လိုလုပ်ပြီး ဆေးရုံရောက်နေတာလဲ ”             ကိုတင်ထွန်းကို ကျွန်တော်နှင့် လူမှားပြီး နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ စစ်တက္ကသိုလ်တွင် နေ့ရောညပါ အတူနေကြရသည့် သူတို့က ကျွန်တော်ဟုထင်ကာ အမှတ်တမဲ့ မှားနှုတ်ဆက်လိုက်သည်ဟု ထင်သည်။ ထိုအချက်သည် ကျွန်တော်နှင့် ကုတင်ထွန်းတို့ ပြန်ဆုံစေရန် အဓိကကျသော အကြောင်းဖြစ်လာသည်။ ထိုအချိန်တွင် ကိုတင်ထွန်းက သူ့တွင် အစ်ကိုတစ်ယောက် ရှိနေမှန်း သိထားပြီးဖြစ်သည်။

ညီအစ်ကို တွေ့ဆုံရေး(၁)

Image
ညီအစ်ကို တွေ့ဆုံရေး(၁)             ကျွန်တော် စစ်တက္ကသိုလ်ရောက်တော့ အောင်ဆန်းတပ်ခွဲ တပ်စု (၁၀)မှာ နေရာရသည်။ တပ်စု (၁၀)သည် အနော်ရထာတပ်ခွဲ အဆောင်များနှင့် နီးသဖြင့် အနော်ရထာတပ်ခွဲတွင် ရှိသော ကိုတင်အောင်မြင့်ဦး (ယခု ဒုတိယ သမ္မတ(ငြိမ်း)) နှင့် တွေ့ရသည်။ တောင်ကြီးသား။ လူပုံက ခပ်ချောချောနှင့်။ သူက တောင်ကြီး အထက (၁)ကနေ ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ်ရောက်လာသူ ဖြစ်သည်။ ကိုတင်ထွန်းနှင့် သူက တစ်ကျောင်းတည်းသား ဖြစ်သည်။             ကျွန်တော်နှင့် ခင်မင်သွားသောအခါ

အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၂)

Image
အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၂) “ဟေ့ကောင် စိုးဝင်း၊ ဟိုမှာ မင်းအမေလိုက်လာတယ် ” ဟု ပြောတော့ လှမ်းကြည့်လိုက်သည်။ သင်္ဘောဆိပ်နှင့် အိမ်အကြား သဲသောင်ပြင်နေပူကျဲကျဲထဲမှာ ဖုန်တထောင်းထောင်းနဲ့ ထဘီစွန်တောင်ဆွဲလို့ အော်ပြီးပြေးလာသည့် အမေ့ကို တွေ့လိုက်ရသည်။ ကျွန်တော်လည်း အိမ်ပေါ်က ပြေးဆင်းကာ အမေ့ထံ “ အမေ ” ဟု အော်ပြီးပြေးသည်။ သည်ကနေ့ခေတ် ရုပ်ရှင်များလို အနှေးပြကွက်ဖြင့်ပြလျှင် အတော်လေး ရင်နင့်စရာကောင်းနေပါလိမ့်မည်။ အမေနှင့် ကျွန်တော်တို့နှစ်ယောက်သား နေပူကျဲကျဲ ဖုန်တလုံးလုံးနှင့် ပြေးကြပြီး

အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၁)

Image
အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၁)             အမေဒေါ်သိန်းကြည်က ကျွန်တော့်ကို တော်တော်လေးချစ်သည်ဆိုသည်မှာ ပြောစရာပင်မလိုဟု ထင်ပါသည်။ မိုင်းသူဌေးကတော်ဘဝက သွားလေရာ ရာတန်အထပ်လိုက်၊ အုပ်လိုက်သုံးစွဲနိုင်ခဲ့သော အမေဒေါ်သိန်းကြည်မှာ ကျွန်တော့်ကိုမွေးစားပြီးမှ ဘဝကို တော်တော်လေးချို့ချို့ငဲ့ငဲ့ ရုန်းကန်ခဲ့ရသည်။ ထိုမျှလောက် ကျွန်တော့်အပေါ် အချစ်ကြီးသည်။ ကျွန်တော့်ကို ဆုံးမရာတွင် အကျိုးသင့် အကြောင်းသင့် ပြောပြပြီး ဆုံးမတတ်သလို တစ်ခါတစ်ရံကျတော့လည်း တော်တော်လေးပြင်းထန်သည်။ များသောအားဖြင့် အမေ၏ဆုံးမမှုမှာ နည်းနည်းလေးတော့ကြမ်းသည်။ ထိုသို့ပြင်းပြင်းထန်ထန် ဆုံးမခံလိုက်ရတိုင်း မကြာခဏဆိုသလို “ ငါ့အမေအရင်းမှ ဟုတ်ရဲ့လား ”ဟု တွေးမိသည်အထိ ဖြစ်ခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ တစ်ခါတလေ အမေ့ကိုပြောဖြစ်သည်။

အမေ ဒေါ်မြသီ(၂)

Image
အမေဒေါ်မြသီ (၂)             ဆေးရုံအုပ်ကြီးကလည်း တော်တော်လေး တိုက်တွန်းသည်။             “ ဒေါ်မြသီ၊ အားလုံးအတွက် အဆင်ပြေသွားမယ်၊ ခင်ဗျား အများကြီး စဉ်းစားမနေနဲ့တော့၊ မျိုးရိုးလည်း ပြတ်မှာ မပူရတော့ဘူး၊ လူကောင်း သူကောင်းတွေနဲ့ တွေ့တာပဲ ”             တကယ်တော့ ထိုအခြေအနေသည် အားလုံးအတွက် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သာ တိုက်ဆိုင်မှုမရှိခဲ့ပါက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်၏ ကံကြမ္မာ ဘယ်သို့ရှိမည်ကို ဘယ်သူမှ ပြောနိုင်မည်မထင်။ အမေဒေါ်မြသီက စိတ်ဓာတ်ခိုင်မာသည်၊ ပြီးတော့ အသည်းမာသည်၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ပေးရန် အတော်လေး စဉ်းစားသည်။ ကိုးရက်ခန့် အကြိမ်ကြိမ်စဉ်းစား ပြီးမှ နှုတ်ကတိဖြင့် မွေးစားခွင့်ပြုလိုက်သည်။

အမေ ဒေါ်မြသီ(၁)

Image
  အမေ ဒေါ်မြသီ(၁)           အမေဒေါ်မြသီကတော့ အမေဒေါ်သိန်းကြည်နှင့် မတူပါ။ အမေနှစ်ယောက်စလုံး ထက်သည်မှာ မှန်သော်လည်း အမေဒေါ်မြသီက ခေတ်ပညာတတ်သည်။ နိုင်ငံရေးအမြင်ရှိသည်။ နိုင်ငံရေးလည်းလုပ် သည်။ ကျွန်တော်တို့ကို မွေးစားရန်ပေးလိုက်ခြင်းကိုက နိုင်ငံရေးကြောင့်လည်း ပါသည်။ ကျွန်တော့်အဖေ နှင့် အမေအရင်းသည် နိုင်ငံရေးလုပ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက်လည်း ရှမ်းပြည်တောင်ပိုင်းမှ ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့သလို နိုင်ငံလွတ်လပ်ရေး ရပြီးသော အခါတွင်လည်း ရှမ်းပြည်နယ် ပဒေသရာဇ်စနစ် ချုပ်ငြိမ်းရေးတွင် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင်ခဲ့သူများဖြစ်သည်။

မွေးစားအမေ ဒေါ်သိန်းကြည်

Image
မွေးစားအမေ ဒေါ်သိန်းကြည်           ကျွန်တော်က မွေးစားအမေလို့သာ ပြောလိုက်ရ၊ ကင်ပွန်းတပ်လိုက်ရသည်။ တကယ်တော့ ကျွန်တော်အသက်(၂၀)ဝန်းကျင်အထိ ကျွန်တော်၏အမေအရင်းအဖြစ် သိထားရသူသာ ဖြစ်ပါသည်။ ထိုအချိန်ထိ အမေဒေါ်သိန်းကြည်သည် အမေအရင်းအဖြစ်ပင် ခံယူထားပါသည်။ ကျွန်တော်၏ မှတ်ပုံတင်၊ စစ်သားမှတ်တမ်း အားလုံးတွင် အဖေသည် ဦးစန်းမြင့်၊ အမေသည် ဒေါ်သိန်းကြည်ဟုပင် ပါရှိပါသည်။ တကယ်တော့ သူတို့သည် အဖေရင်း၊ အမေရင်း မဟုတ်ပါ။ မွေးစားအဖေနှင့် အမေသာ ဖြစ်ပါသည်။

ငယ်ငယ်တုန်းက ကြည့်မြင်တိုင်

Image
ငယ်ငယ်တုန်းက ကြည့်မြင်တိုင်           ကျွန်တော်ငယ်ငယ်တုန်းက ကြည့်မြင်တိုင် ပိတောက်လမ်းတွင် နေခဲ့သည်။ အဖေနှင့် အမေက အောက်ကြည့်မြင်တိုင် လမ်းမကြီးပေါ်ရှိ နယူးဘားမား ခဲစာလုံးစက် (ယခုကြာငါးခိုင် သင်္ကန်းတိုက်နေရာ) တွင် အလုပ်လုပ်ကြသဖြင့် နယူးဘားမား ခဲသူဌေးက ခဲစာလုံးစက်အပေါ်ထပ်တွင် နေခွင့်ပေးထားသည်။ ပိတောက်ပင်လမ်းထဲ ခဲစာလုံးစက်မှာ အရောင်းဆိုင်၏နောက် ကပ်လျက် နှစ်ထပ်သစ်သားအိမ်ကလေးတွင် ရှိသည်။ ပိတောက်ပင်လမ်းက ခပ်ကျဉ်းကျဉ်းလေးသာ ဖြစ်သည်။ ယခုခေတ်နှင့်ပြောရလျှင် ကားနှစ်စီး ရှောင်သာရုံကလေးပဲ လမ်းကကျယ်သည်။ နောင်တွင် ကျွန်တော်၏ ပါရမီဖြည့်ဘက် ဇနီးဖြစ်လာမည့် မလေးတို့အိမ်က လမ်းအလယ်လောက်တွင် ရှိသည်။ တစ်လမ်းလုံးမှာ ဓာတ်တိုင် လေးတိုင်သာရှိပြီး လျှပ်စစ်မီးလည်း မရှိကြ။ ညညဆိုလျှင် ငွေတတ်နိုင်၍ အစိုးရမီးသွယ်နိုင်သော အိမ်များမှလွဲ၍ အိမ်တိုင်း နီးပါး မှန်အိမ်ကလေးတွေ ထွန်းကြရသည်။

ရုပ်ရှင်ဆန်သော မိသားစုဘဝ

Image
ရုပ်ရှင်ဆန်သော မိသားစုဘဝ           လူ့ဘဝဆိုသည်မှာ တစ်ခါတစ်ရံ တော်တော်ကလေး ဆန်းကြယ်သည်။ မထင်မှတ်သော အလှည့် အပြောင်းလေးများကို ကံဇာတ်ဆရာက ဖန်တီးလိုက်သောအခါ တကယ့်ဘဝသည် ရုပ်ရှင်ဇာတ်ကားကဲ့သို့ စိတ်ဝင်စားဖွယ် ဖြစ်လာသည်။ ကျွန်တော့်ဘဝဇာတ်ကြောင်းသည် တော်တော်ကလေး အရွယ်ရောက်သည့် အခါတွင်မှ မိခင်ရင်း၊ ဖခင်ရင်းတွေရှိနေပြီး အခြားသောညီအစ်ကိုမောင်နှမများအပါအဝင် အမြွှာညီအစ်ကို တစ်ယောက်ပါ ရှိနေသေကြောင်း ရုပ်ရှင်ဇာတ်လမ်းပမာ စိတ်ဝင်စားဖွယ်ရာအတိနှင့် မယုံနိုင်စရာ ဘဝအခြေအနေများ တွေ့မြင်ဖြတ်သန်းလာခဲ့ရသည်။

နိဒါနျး(၃)

Image
နိဒါန်း(၃)           " တပ်မတော်သားဘဝ " အခန်းကို စစ်တက္ကသိုလ် စတက်သည်မှ တပ်မ(၆၆) တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ကရင်နယ်မြေ ထိထစခန်းတွင် အခြေချပြီး ရန်သူနှင့် သူတစ်လှည့် ကိုယ်တစ်လှည့် နပန်းလုံးနေရသည့် ကာလအထိ ဖော်ပြထားပါသည်။ ထိုကာလသည် တပ်မတော်တွင် တာဝန် ထမ်းဆောင်စဉ် အကြမ်းတမ်းဆုံး ကာလများထဲက တစ်ခုအပါအဝင်ဖြစ်သည်။           ဘဝဆိုသည်မှာ အလှည့်အပြောင်းများစွာရှိသည်။ တစ်ခါတစ်ရံ မထင်မှတ်သော အကြောင်းအရာ များသည် မထင်မှတ်သည့်ထောင့်မှ ပေါ်ထွက်လာပြီး ကောင်းကျိုးပေးသလို ဆိုးကျိုးကိုလည်း ပေးနိုင်သည်။ ကျွန်တော့်ဘဝတွင် မထင်မှတ်သော အကြောင်းအရာများ မကြာခဏ ကြုံတွေ့ခဲ့ရဖူးပါသည်။ သို့သော် အဆိုးကိုမျှော်လင့်ရင်း မထင်မှတ်သော အကောင်းဘက် ပြောင်းလဲမှုကိုတော့ တစ်ကြိမ် ကြီးကြီးကျယ်ကျယ် ကြုံတွေ့ရသည်။ ထိုတစ်ကြိမ်မှာ တပ်မမှူးဘဝမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝသို့ ပြောင်းလဲ တာဝန်ထမ်းဆောင်ရသည့်အချိန် ဖြစ်သည်။

နိဒါနျး(၂)

Image
  နိဒါန်း(၂)           မိသားစုနှင့် ပတ်သက်သော နောက်ထပ်အခန်းတစ်ခန်းမှာ ရိုးရှင်းသော မိသားစုဘဝ တည်ဆောက်ခြင်း အခန်းဖြစ်ပါသည်။ ညီအစ်ကို မောင်နှမ၊ မိသားစုဘဝဆိုသည်ရှိသလို ဇနီးမယား၊ သားသမီးဟူသော မိသားစုဘဝနှင့် ပတ်သက်၍ တင်ပြထားသောအခန်း ဖြစ်ပါသည်။ ကျွန်တော့်ကိုယ်ပိုင် မိသားစုဘဝလေးအကြောင်းကို အရိုးရှင်းဆုံးတင်ပြပေးထားသလို ကျွန်တော်တို့၏ မိသားစုဘဝကလည်း အရိုးရှင်းဆုံး ဖြစ်နေသည်ကို ဖတ်ရှုကြရလိမ့်မည်။           ကျွန်တော့်ဇနီးဖြစ်သူက တစ်ခါတစ်ရံ ရယ်ရွှန်းဖတ်ရွှန်းပြောတတ်သည့် စကားတစ်ခွန်းရှိပါသည်။           " ကိုစိုးဝင်းက တာဝန်ကျေပြီး ဝတ္တရားမကျေဘူး … "

နိဒါနျး(၁)

Image
နိဒါန်း(၁)           ကျွန်တော်၏ အတွေ့အကြုံကို အမှတ်တရအနေဖြင့် စာတစ်စောင်ပေတစ်ဖွဲ့အဖြစ် ရေးသား တင်ပြရန် မကြာခဏ စဉ်းစားမိပါသည်။ စစ်သားစာရေးဆရာများကို ရေးပါလားဗျဟု တိုက်တွန်းခဲ့ဖူး သော်လည်း ဘယ်သူမျှ မရေးဖြစ်ခဲ့ကြပါ။ အချိန်တွေသာကုန်ခဲ့ပြီး စာအဖြစ် မရောက်ခဲ့ပါ။ ယခုလို ကျွန်တော့်အနေဖြင့် နေ့ညမရွေး သံသရာခရီးရှည် တိုက်ပွဲကြီးချီတက်ရန် အနားယူနေရသောအခါတွင် ထိုစိတ်ကူးကို အကောင်အထည်ဖော်ရန် စဉ်းစားမိပါသည်။

မမျှော်လင့်သော ခရီးရှည် သို့မဟုတ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပ္ပတ္တိ

Image
မမျှော်လင့်သော ခရီးရှည် သို့မဟုတ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပ္ပတ္တိ             ခေတ်သစ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သမိုးတစ်ခု ရေးထိုးခဲ့ကြသူပေါင်း များစွာရှိပါသည်။ ဤစာအုပ်သည် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် (၂)နှစ်ကျော်ကာလ အပိုင်းအခြားကို တာဝန်ယူဆောင်ရွက်သွားခဲ့သော မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါသည်။