Posts

Showing posts with the label Golden Land

ပုဂံမြို့တော် (၂)

Image
        ပုဂံမြို့တော်(၂)       သက္ကရာဇ်(၂၆၆)ခုနှစ် သေလည်ကြောင်မင်း လက်ထက်တွင်ကား ယခုပုဂံမြို့၏ တောင်ဖက်ကျ သော လောကနန္ဒာဟုတွင်သည့် ကျော်ကစကား(ပုဂံ ၁၉ ရွာတွင် တစ်ရွာအပါအဝင် ဖြစ်သည်) ရွာအရပ်သို့ ပြောင်းရွှေ့ကာ သီရိပစ္စယာ အမည်ဖြင့် ဒုတိယအကြိမ် မြို့တော်သစ် တည်စိုက်ခဲ့ပြန်လေသည်။ ထိုမြို့တော်တွင် မင်း(၅)ပါးသည် (၁၇၂)နှစ်တိုင် အုပ်စိုးခဲ့ပြန်လေသည်။

ပုဂံမြို့တော် (၁)

Image
 ပုဂံမြို့တော်           ခြောက်ရာ့ခုနှစ်ဆယ်၊ နှစ်ခုဆွယ်က၊ တိုင်းကျယ်ချက်မြုပ်၊         စ၍လုပ်ဟု၊ ရုပ်တုလောင်းရန်၊ ဖန်ခဲ့ချန်မှ၊ ညွန့်သန်ခက်ဖြိုး၊         နှစ်ဆယ့်ကိုးတွင်၊ ဖြန့်မိုးစကြာ၊ ဆယ့်ကိုးရွာထက်၊ ပေါက္ကာရာမ၊         သမိုက်ချလျက်၊ ထောင်စမည်ခံ၊ ရွှင်မြူးစံသော်။       ။         (ပုလိပ်စား ဧချင်း)

မိတ္ထီလာကန် သမိုင်းအကျဉ်း နှင့် သမိုင်းဝင် သိမ်ကိုးသိမ်

Image
မိတ္ထီလာကန် သမိုင်းအကျဉ်း နှင့် သမိုင်းဝင် သိမ်ကိုးသိမ်                      ပြန်လည်မျှဝေခြင်းဖြစ်ပါသည် မဖက်အားလျှင် share ထားပါ အားမှဖက်ပါ မိတ္ထီလာကန်သည် မြန်မာပြည်တွင် အဓိကထင်ရှားသော ကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာကန်တော်ဘွဲ့ ကဗျာ၊ လင်္ကာ၊ မော်ကွန်းများကို ရှေးမြန်မာပညာရှိ စာဆိုများက ရေးစပ်သီကုံးခဲ့သည်မှာ အထင်အရှားရှိပါသည်။

ရှေးဟောင်းသမိုင်ဝင် ယဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်ထားသော ဖိုလ်ဝင်တောင်

Image
ရှေးဟောင်းသမိုင်ဝင် ယဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်ထားသော ဖိုလ်ဝင်တောင်                   အလောင်းတော်ကသဖခရီးမှ အပြန်လမ်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရှိသော ဖိုလ်ဝင်တောင်သို့ ဝင်ရောက်ဖြစ်သည်။ ရွှေလသာ ဝါဝါဝင်း ဖိုလ်ဝင်တောင် ဘုရားပေါင်း ဆိုသည့်အတိုင်း ရုပ်ပွားတော်နှင့် စေတီပေါင်း ၄၄၆,၄၄၄ဆူ ရှိသည်ဟု သိရှိရသည်။ ဖိုလ်ဝင်တောင်ရှိရုပ်ပွားတော်နှင့် စေတီ များမှာ အလွန်ရှေးကျလှပြီး ကျောက်ဂူ နံရံများရှိ ရှေး နံရံ ဆေးရေးပန်းချီများကို လေ့လာခွင့် ရခဲ့သည်။ မှတ်တမ်း ဓာတ်ပုံများ ရိုက်ယူခြင်း၊ ဖူးမျှော်ခြင်းတို့ ပြီးစီးသောအခါ စာဖတ်သူတို့ကို ပြန်လည် မျှဝေနိုင်ရန် အတွက် ဆောင်းတန်းတွင် ရောင်းချသည့် အရှင်သုမန ရေးသားသည့် ဖိုလ်ဝင်တောင် သမိုင်း စာအုပ်ကို ဝယ်ယူခဲ့သည်။

မုံရွာအကြောင်း

Image
မုံရွာအကြောင်း  ဘုရားလေးဆူ (၁) ဆုတောင်းပြည့်ဘုရား (၂) ရွှေစည်းခုံဘုရား (၃)ချမ်းသာကြီးဘုရား (၄) မဟာရံစီး ဘုရားလှဘုရားကို ခေါ်ကြ၏