Posts

Showing posts from September, 2016

လောကကို ပြောင်းလဲစေသည့် နီတိများ(၈)

             လောကကို ပြောင်းလဲစေသည့် နီတိများ(၈) နှုတ်မှုပညာကို ဖြစ်စေ၊ လက်မှုပညာကို ဖြစ်စေ သေးငယ်၏ဟု မထင်မှတ်ရာ။ ကုန်စင်အောင်တတ်မြောက်ခဲ့သော် မိမိတတ်မြောက်ထားသော အတတ်ပညာတစ်မျိုးမျိုးက အသက်မွေး ဝမ်းကျောင်းအတွက် အထောက်အပံ့ဖြစ်နိုင်၏။           ။           ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည်။ ပညာတတ်သူတို့ နေရယူတွင်ကျယ်နေသော ခေတ်ဖြစ် သည်။ ပညာကို အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုလျှင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို ဝေဖန်ချင့်ချိန်နိုင် သည့်အရာ ဖြစ်သည်။ ပညာကိုထပ်၍ ပိုင်းခြားရမည်ဆိုလျှင် အသိပညာနှင့် အတတ်ပညာဟူ၍ (၂)မျိုး ခွဲခြားနိုင်သည်။

ထမင်းစားခန်းနှင့် သက်ဆိုင်သော အင်္ဂလိပ်စာ ဝေါဟာရများ

Image
ထမင်းစားခန်းနှင့်သက်ဆိုင်သော အင်္ဂလိပ်စာဝေါဟာရများ Posted by Soe Soe Win on September 15, 2015 at 10:40   ဒီနေ့ ဝေါဟာရသင်ခန်းစာတွင် ထမင်းစားခန်းနှင့် ပတ်သက်သော အင်္ဂလိပ်စာဝေါဟာရများကို လေ့လာရမှာဖြစ်ပါတယ်။ ထမင်းစားခန်းဆိုတဲ့အတွက် မဖြစ်မနေရှိနေမှာကတော့ dinner table (ထမင်းစား စားပွဲ) လို့ခေါ်တဲ့ မိသားစုတွေ စုဝေးစားသောက်ရာနေရာပါပဲ။ ညစာအတွက် soup (စွတ်ပြုတ်ရည်) ရှိနေမယ်၊ မနက်စာအတွက် cereal ရှိနေမယ်ဆိုရင် bowl (ပန်းကန်လုံး) ထဲမှာ

Tasty! (အရသာရှိလိုက်တာ) (ဝေါဟာရ သင်ခန်းစာ)

Image
Tasty! (အရသာရှိလိုက်တာ!) (ဝေါဟာရသင်ခန်းစာ) Posted by Soe Soe Win on October 16, 2015 at 11:00   ဒီဆောင်းပါးမှာ ကျွန်ုပ်တို့စားတဲ့ အစားအစာတွေအကြောင်းပြောရာတွင် အသုံးပြုသော နာမ၀ိသေသနများစွာကို လေ့လာသွားမှာ ဖြစ်ပါသည်။ တချို့စကားလုံးများသည် ကောင်းသော သဘောကို ဆောင်ပြီး အချို့ကတော့ အပျက် သဘော ကို ဆောင်ကာ တချို့ကတော့ ကြားနေသဘောကို ဆောင်ကြပါသည်။

ပျားကလေးပဲ ဖြစ်ချင်တယ်

ပျားကလေးပဲ ဖြစ်ချင်တယ် "ရခဲမှ ရတနာ သိဖို့ခဲယဉ်းတာ သိရမှပညာ"။ ထိုစကားစုလေးသည် လွန်စွာရိုးရှင်းပါသည်။ ရိုးရှင်းသလောက် အဓိပ္ပါယ်ပြည့်လွန်းသော စာစုလေးလည်းဖြစ်သည်။ လူတို့သည် လွယ်လွယ်ရသည့် အရာကို တန်ဖိုးထားဖို့ ခဲယဉ်းသည်။ ရှားပါးသည့်အရာကိုသာ အလေးထားသည်။ အလွယ်တကူ သိလိုက်ရသည့်အရာကို ပညာဟု မသတ်မှတ်ကြ။ ထို့ကြောင့်ပင် ဂါထာပေး တေးဖြစ် ဆိုသော စကားတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယဉ်ကျေးညင်သာ အင်္ဂလိပ်စာ (၂)

Image
ယဉ်ကျေးညင်သာအင်္ဂလိပ်စာ - အပိုင်း (၂) Posted by Soe Soe Win on December 1, 2015 at 10:50 Negative Question Forms Negative question form ဆိုတာကတော့ “ဒီလိုလေးလုပ်လိုက်ရင် မကောင်းဘူးလား" စတဲ့ negative ပုံစံလေးမျိုးနဲ့ မေးရင်း အကြံပြုစကား ပြောပုံကို ဆိုလိုတာပါ။ ဥပမာ - We should redesign the company logo! (ကုမ္ပဏီလိုဂိုကို ပြန်ပြင်ဆွဲသင့်တယ်)

ယဉ်ကျေးညင်သာ အင်္ဂလိပ်စာ (၁)

Image
ယဉ်ကျေးညင်သာအင်္ဂလိပ်စာ - အပိုင်း (၁) Posted by Soe Soe Win on November 25, 2015 at 14:20   စားသုံးသူတွေ ပြည့်ကျပ်နေပြီး ရောင်းအားကောင်းတဲ့ စားသောက်ဆိုင်တစ်ဆို်င်မှာ သင်က စားသောက်စရာတစ်ချို့ မှာလိုက်တယ်။ တော်တော်လေး ကြာတဲ့အထိ သင်မှာထားတာတွေက သင့်ဝိုင်းကို ရောက်မလာသေးဘူး။ ဘေးက ဝိုင်းတွေလည်း သင့်လိုဘဲ သူတို့မှာထားတာတွေ မရောက်သေးလို့ တမျှော်မျှော်ဖြစ်နေတယ်။ ကိုယ့်အရင် ရောက်နေသူတွေတောင် မရသေးတာ ကိုယ့်အလှည့်ကတော့ တော်တော်လိုသေးမှန်း သိပေမဲ့လည်း အနားက ဖြတ်သွားတဲ့ စားပွဲထိုးတစ်ဦးကို သင်က စိတ်မရှည်စွာဘဲ သင့်အော်ဒါတွေ ဘယ်တော့ ရမလဲလို့ မေးလိုက်တယ်။

ဂန္ဓီကြိးရဲ့ ဖိနပ်တစ်ရံ

Image
ဂန္ဓီကြီးရဲ့ ဖိနပ်တစ်ရံ  တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန်ရထားပေါ်အတက်မှာ သူ၏ဖိနပ်တစ်ဖက်ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူပြန်ကောက်ရန်မဖြစ်နိုင်တော့။

ဒေါ်လာ(၂၀)

Image
ဒေါ်လာ(၂၀)                   ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး ပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ”

ခဲတံနဲ့ လူ့ဘဝ

Image
ခဲတံနဲ့ လူဘ၀                 (၁)လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့ တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။                                 (၂)ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကိုသင်ထုတ်ပြနိုင်မှာ ဖြစ် တယ်။

ပြတင်းပေါက်

Image
ပြတင်းပေါက် တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာကျွန်တော်နှင့်နောက်ထပ်လူနာ တစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါခံစားနေရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာရှိလေသည် ။

နည်းလမ်း

Image
နည်းလမ်း                       အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်းနေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အားမရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။