ယဉ်ကျေးညင်သာ အင်္ဂလိပ်စာ (၂)


ယဉ်ကျေးညင်သာအင်္ဂလိပ်စာ - အပိုင်း (၂)
  • Posted by Soe Soe Win on December 1, 2015 at 10:50

    Negative Question Forms

    Negative question form ဆိုတာကတော့ “ဒီလိုလေးလုပ်လိုက်ရင် မကောင်းဘူးလား" စတဲ့ negative ပုံစံလေးမျိုးနဲ့ မေးရင်း အကြံပြုစကား ပြောပုံကို ဆိုလိုတာပါ။ ဥပမာ -
  • We should redesign the company logo! (ကုမ္ပဏီလိုဂိုကို ပြန်ပြင်ဆွဲသင့်တယ်)
လို့ အကြံပေးတဲ့စကားကို ကြည့်ရင် သိပ်ပြီးတိုက်တွန်းတဲ့ လေသံ၊ တည့်တိုးကြီး ပြောတဲ့လေသံ ထွက်တာမို့ ကိုယ့်ရဲ့ အလုပ်ရှင်၊ အရာရှိ၊ ဖောက်သည်စတဲ့သူတွေကို ပြောဆိုတဲ့အခါ အဲ့ဒီ အပြောမျိုးကို ရှောင်ရပါမယ်။ ဒါကြောင့် သွယ်ဝိုက်တဲ့နည်းလည်းဖြစ် အကြံဥာဏ်လေးလည်း ပေးပြီးသားဖြစ်သွားအောင် Shouldn't we… ဆိုတဲ့ မေးခွန်းပုံစံလေးနဲ့ ပြောလိုက်ရင် ယဉ်ကျေးသွားတာပေါ့။ Should we နဲ့ ပြောရင်တောင် တွန်းအားပေးတဲ့ ပုံစံက ပါနေသေးမှာမို့ Shouldn't we ဆိုတဲ့ negative ပုံစံ (ဒီလိုလေးမကောင်းဘူးလား?) ထွက်အောင် negative question ပုံစံပြောင်းဖို့ လိုတာပါ။

ပုံမှန်အားဖြင့် shouldn't အပြင် wouldn't နဲ့ couldn't တို့ကို ဒီလိုမေးခွန်းပုံစံ အတွက်လည်းသုံးပါတယ်။
  • We must hire a new advertising agency. (ကြော်ငြာကုမ္ပဏီအသစ်တစ်ခုတော့ ရှာမှဖြစ်မယ်) လို့ပြောမဲ့အစား
  • Couldn’t we hire a new advertising agency? (ကြော်ငြာကုမ္ပဏီအသစ်တစ်ခုခု မရှာသင့်ဖူးလား။)
  • Wouldn’t it be better to hire a new advertising agency? (ကြော်ငြာကုမ္ပဏီအသစ်တစ်ခုကို အပ်လိုက်ရင် ပိုမကောင်းဖူးလား။)
Past Continuous Tense

သိပ်ပြီး ဒဲ့ဒိုးကြီးမဟုတ်ဘဲ သိမ်သိမ်မွေ့မွေ့နဲ့ diplomatic ဆန်ဆန် သုံးလို့ရတဲ့ နောက်အသုံးတစ်မျိုးကတော့ past continuous tense နဲ့သုံးတာဖြစ်ပါတယ်။ past continuous tense ကိုသုံးခြင်းဟာ '… လို့စိတ်ကူးထားတယ် ' ဆိုတဲ့ စိတ်ကူးကို(မချင့်မရဲ) ဖေါ်ပြသော လေသံကိုပျော့ပြောင်းစေတဲ့ အသုံးဖြစ်ပြီး less direct သွယ်ဝိုက်ပြီးပြောတဲ့ နည်းလမ်းကောင်းလဲတစ်ခု ဖြစ်ပါတယ်။ ဥပမာ -
  • I think we need to hire more employees. (ဝန်ထမ်းတွေပိုခန့်ရမယ်လို့ ကျွန်တော်ထင်တယ်။) လို့ပြောမဲ့အစား
    I was thinking we need to hire more employees. (ဝန်ထမ်းတွေပိုခန့်ရင် ကောင်းမလားလို့ စဉ်းစားနေမိတယ်။)
  • I aim to finish this project by the end of the month. (ဒီလကုန်လောက်မှာ ဒီစီမံကိန်းကို အပြီးဖြတ်ဖို့မှန်းထားတယ်။) လို့ပြောမဲ့အစား
    I was aiming to finish this project by the end of the month. (ဒီလကုန်လောက်မှာ ဒီစီမံကိန်းကို အပြီးဖြတ်ဖို့တော့ မှန်းထားမိပါတယ်။)
Rephrasing Negative Sentence

Negative sentence တွေကိုနည်းနည်းပိုပြီး positive ဆန်အောင် ဖြေလျှော့ပြီး rephrase လုပ်လို့ ရပါတယ်။ ကိစ္စတစ်ခုကို “မပြီးသေးဘူး” ဆိုတာထက် “ပြီးဖို့နည်းနည်းလေးလိုတော့တယ်” ဆိုရင် ကြားရတာ ပိုပြီးpositive ဖြစ်တယ်မဟုတ်လား။ ပိုပြီးတော့လည်း သံတမန် diplomatic ဆန်တယ်လေ။
ဥပမာ -
  • I'm afraid I haven’t finished the report. (စိတ်မကောင်းဘူးဗျာ။ အစီရင်ခံစာရေးတာ မပြီးသေးဘူး) လို့ပြောမဲ့အစား
    I'm afraid I haven’t been able to finish the report yet. (စိတ်မကောင်းပါဘူးဗျာ။ အစီရင်ခံစာကို အခုထိအချောမသတ်ခဲ့နိုင်ပါဘူး။)

“be able to” ဆိုတဲ့စကားက အစီရင်ခံစာကို ပြီးမြောက်အောင် “ကြိုးပမ်းအားထုတ်နေတယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ဖြစ်စေပြီး၊ ကိစ္စပြီးစီးအောင် “မဆောင်ရွက်နိုင်ဘူး” ဆိုတဲ့ အဓိပ္ပါယ်မျိုးကိုချေဖျက် လိုက်ပါတယ်။ မပြီးသေးပေမဲ့ ပြီးအောင် ကြိုးစားလျှက်ပါ။ ဆိုတဲ့ သဘောကို ဆောင်ပြီး အခြားသော မထင်မှတ်တဲ့ ကိစ္စအကြောင်းရင်းများကြောင့် ပြီးစီးဖို့ နှောင့်နှေးနေရခြင်းဖြစ်ကြောင်းကို ပေါ်လွင်စေပါတယ်။ ဥပမာ အခြား သောတာဝန်ဝတ္တရားများကြောင့် စသည်ဖြင့်ပေါ့။

စာကြောင်းရဲ့ အဆုံးသတ်မှာ “yet” ထည့်ပြောရတာကတော့ သင်က အစီရင်ခံစာကို ပြီးစီးအောင် ဆက်လုပ်နေတုန်းဖြစ်ပြီး အဆုံးသတ် “ပြီးလုပြီးခင်” ရှိနေပြီဆိုတဲ့အကြောင်း ပေါ်လွင်စေချင်လို့ပါ။ (ပြီးတော့မယ်၊ ရတော့မယ်၊ တစ်အောင့်လေးနေရင် စသည်ဖြင့်ပေါ့။) နောက်ပြီးအဲ့ဒီလို sentence ရဲ့ နောက်ဆုံးမှာ ထည့်ပြောခြင်းဖြင့် အရှေ့မှာ “မပြီးသေးဘူးဆိုတဲ့” negative impact သက်ရောက်မှုကိုလည်း လျှော့ချပြေပျောက်စေပါတယ်။

Can't တို့ won't တို့ စတာတွေပါတဲ့ negative sentence တွေဟာ ပြောသူရဲ့ လေသံကို negative tone (အဆိုးမြင်သံ) ထွက်စေတာမို့ အကြားရဆိုးပြီး အလုပ်မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ အဲ့ဒါတွေကို “be able to” ဒါမှမဟုတ် အလားတူ expression နဲ့ rephrase လုပ် ပြန်ဖြည်လိုက်ရင် အစဉ်ပြေနိုင်ပါတယ်။ 
  • I can’t give you a better deal than that. (ဒီထက်တော့ ပိုမလျှော့ပေးနိုင်ဘူးဗျ။) လို့ပြောမဲ့အစား
    I am not able to give you a better deal than that. (ဒီထက်ပိုပြီးဈေးလျှော့ပေးနိုင်တဲ့အနေအထား ကျွန်တော့်မှာမရှိလို့ပါ။)
  • I am unable to give you a better deal than that. (ဒီသဘောတူညီချက်ကို ဘဝင်မကျဘူး။) လို့ပြောမဲ့အစား
    I am not in a position to give you a better deal than that. (ဒီသဘောတူညီချက်ကို လုံးလုံးကြီးတော့ သဘောမတွေ့လှဘူး။)

အလားတူဘဲ affirmative sentence တွေမှာ ငြင်းဆန်တဲ့ ပြောင်းပြန် negative အဓိပ္ပါယ်ပါတဲ့ စကားလုံးတွေ ပါရင်လည်း အဲ့ဒီစာကြောင်းတွေကို rephrase လုပ်ပြီးပျော့ပြောင်းအောင် လုပ်လို့ရပါတယ်။
  • I am unhappy with this agreement. ပြောမဲ့အစား
    I am not entirely happy with this agreement.
    I am not totally happy with this agreement.

ဒီမှာတော့ negative စကားလုံး unhappy ကို happy ဆိုတဲ့ positive စကားလုံးနဲ့ လဲလှယ်လိုက်ပြီး modifier တွေဖြစ်တဲ့ entirely, totally, completely စတဲ့ adverb တွေနဲ့ ပေါင်းစပ်ကာ negative form ကိုပြောင်းပြီး မိမိပြောစကားကို သိပ်မပြင်းထန်အောင် လုပ်လိုက်တာပါဘဲ။

Passive Voice

စာကြောင်းတွေကို passive voice နဲ့ရေးသားပြောဆိုတာဟာလည်း ပြော့ပျောင်းပြီး diplomatic ဖြစ်စေပါတယ်။ ဥပမာ -
  • You have broken my computer!

ဒီစာကြောင်းက active voice နဲ့ဆိုတော့ တော်တော်ကြီးကို ပေါ်ပေါ်တင်တင် ပြောပုံထွက်တယ်။ “မင်းကြောင့် ငါ့စက်ပျက်ရပြီ။” ဆိုတဲ့ စွပ်စွဲပြီး စိတ်ဆိုးတဲ့ လေသံလည်းထွက်ပါတယ်။ ဒါကြောင့် ပြောဆိုသူရဲ့ ရည်ရွယ်ချက်က ထိပ်တိုက်ရင်ဆိုင်ပြောဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ‘နင်’ ‘ငါ’ ‘အသင်’ ‘ကျွန်ုပ်’ စတဲ့ နာမ်စားတွေကို passive voice ကိုသုံးပြီး ဖျောက်ပြောတဲ့အတွက် စိတ်ခံစားမှု emotional impact ကိုရှောင်ရှားပြီး ယဉ်ကျေးစေပါတယ်။
  • My computer has been broken!

ဒီမှာတော့ you ဆိုတဲ့ subject ကို ဖြုတ်ချလိုက်ပြီး object ဖြစ်တဲ့ computer နဲ့ action (ဖြစ်ပျက်ခြင်း) အပေါ်မှာသာ အာရုံစိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ပြုလုပ်သူရဲ့ responsibility ခေါ် တာဝန်ယူမှုအပိုင်းကို လျှော့ချပြောဆိုချင်လို့ ဖြစ်ပါတယ်။ “မင်းလုပ်လို့ ပျက်စီးသွားပြီ” ဆိုတာမျိုးမဖြစ်ချင်လို့ပေါ့။ Passive voice ကိုသုံးပြီး diplomatic ဆန်ဆန် ယဉ်ယဉ်ကျေးကျေးသုံးပုံ နောက်ထပ် ဥပမာလေးတွေကို ကြည့်လိုက်ရအောင်။
  • You said you were going to sign the deal today. (ခင်ဗျားဒီနေ့အရောင်းအဝယ်စာချုပ်ကို လက်မှတ်ထိုးမယ်လို့ပြောထားတယ်လေ။) လို့ပြောမဲ့အစား
    It was understood that you were going to sign the deal today. (ခင်ဗျားဒီနေ့အရောင်းအဝယ်စာချုပ်ကို လက်မှတ်ထိုးမယ်လို့ထင်နေတာ။)
  • You agreed to lower your fees. (ခင်ဗျားပဲဈေးလျှော့ပေးဖို့ သဘောတူထားတယ်လေ။) လို့ပြောမဲ့အစား
    It was agreed that you were going to lower your fees. (ခင်ဗျားကဈေးလျှော့ပေးမယ်လို့ သဘောတူညီချက်ယူထားပြီးသားပါ။)

ကဲ.. အခုဆိုရင် ယဉ်ကျေးအောင် ပြောဆိုသုံးနှုန်းရတဲ့ vocabulary၊ grammar နဲ့ structure ဆိုတော့ အင်္ဂလိပ်လို diplomatic ဆန်ဆန် ယဉ်ယဉ်ကျေးကျေးပြောဆိုလို့ ရပြီပေါ့နော်။ ဒါပေမဲ့ အကောင်းဆုံးကတော့ ဒီဟာတွေအားလုံးကို တစ်သီးတစ်ခြား သုံးရတာမျိုး မဟုတ်ဘဲ သူ့နေရာနဲ့သူ အလျဉ်းသင့်သလို ပေါင်းစပ်ပြောဆိုရတာမို့လို့ သေသေခြာခြာ လေ့ကျင့်ပြီးသုံးစွဲကြည့်လိုက်ကြပါစို့။
Myenglishteacher.eu မှ Polite expressions in English words and phrases and questions to be kind နှင့် Practical guide to using diplomatic English in a business environment ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးများကို အောက်ပါတွင် ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်