Tasty! (အရသာရှိလိုက်တာ) (ဝေါဟာရ သင်ခန်းစာ)


  • Posted by Soe Soe Win on October 16, 2015 at 11:00
  •  
  • ဒီဆောင်းပါးမှာ ကျွန်ုပ်တို့စားတဲ့ အစားအစာတွေအကြောင်းပြောရာတွင် အသုံးပြုသော နာမ၀ိသေသနများစွာကို လေ့လာသွားမှာ ဖြစ်ပါသည်။ တချို့စကားလုံးများသည် ကောင်းသော သဘောကို ဆောင်ပြီး အချို့ကတော့ အပျက် သဘော ကို ဆောင်ကာ တချို့ကတော့ ကြားနေသဘောကို ဆောင်ကြပါသည်။

Good (စား၍ ကောင်းသော) ဆိုတဲ့ နာမ၀ိသေသနကိုတော့ nice (ကောင်း) သော အစားအစာအတွက် အသုံးပြုပါသည်။
  • e.g. My soup was really good. (ကျွန်တော့်စွပ်ပြုတ်က တကယ်သောက်လို့ကောင်းတာပဲ)

အစားအစာက အလွန်စားကောင်းပါက ပို၍အားကောင်းသော နာမ၀ိသေသနဖြစ်သည့် delicious (အရသာရှိသော) ကို အသုံးပြုပါသည်။
  • e.g. The fish was absolutely delicious. (ငါးဟင်းက တကယ့်ကို အနံ့အရသာနဲ့ ပြည့်စုံတာပဲ)။

Yummy ကလည်း အရသာကောင်းသောဟု အဓိပ္ပာယ်ရသည့် အရပ်သုံးစကားဖြစ်ပါသည်။
  • e.g.Rebecca makes a really yummy chocolate cake. (ရီဘက်ကာက တကယ် အရသာရှိတဲ့ ချောကလက်ကိတ်မုန့်ကို ဖုတ်နိုင်တယ်။)

အစား အသောက်တစ်မျိုးမျိုးက နောက်ထပ်စားချင်လောက်အောင် အရသာရှိနေပါက ယူကေ အင်္ဂလိပ်စကားမှာ moreish (ထပ်စားလိုသော ဆန္ဒရှိစေသော)ကို အသုံးပြုပါသည်။
  • e.g. These peanuts are moreish, aren't they? (ဒီမြေပဲတွေက နောက်ထပ်စားချင်စရာကောင်းတယ် ဟုတ်တယ်မဟုတ်လား)။

စားချင်စိတ် ဖြစ်ပေါ်စေသော အစားအစာ (သို့) အနံ့အကြောင်းကို ပြောရရင်တော့ appetizing (စားချင်စဖွယ်ကောင်းသော)ဟူသော အသုံးအနှုန်းကို အသုံးပြုပါသည်။
  • e.g. There was an appetizing display of cakes in the window ။ Appetizing smells were coming from the kitchen. (ပြူတင်းပေါက်မှာ စကားချင်စရာကောင်းအောင် ကိတ်မုန့်တွေကို ပြထားတယ်။ မီးဖိုချောင်ထဲကနေ စားချင်စရာကောင်းတဲ့ အနံ့တွေထွက်လာတယ်။)

Tasty သည် အရသာကောင်းသောဟု အဓိပ္ပာယ်ရှိသည့် အပြုသဘောဆောင်သည့် နောက်ထပ် နာမ၀ိသေသန တစ်ခု ဖြစ်ပါသည်။ သို့သော် ၄င်းကို ပြင်းသောအရသာရှိသည့် အစားအသောက်အတွက်သာ သုံးလေ့ရှိပါသည်။
  • e.g. This makes a tasty sauce that's great with pasta. (ဒါကတော့ အီတလီခေါက်ဆွဲနဲ့ ကောင်းကောင်းလိုက်ဖက်မဲ့ဆော့ (sauce)ကို ဖြစ်စေပါတယ်။)

Tasty ရဲ့ ဆန့်ကျင် ဘက်စကားလုံးကတော့ bland (အရသာဖွယ်သော)ပဲဖြစ်ပါသည်။ Bland ဖြစ်သော အစားအစာကတော့ အရသာ မရှိ သလောက်ပါပဲ။ Bland အစား tasteless (အရသာမရှိသော)ဟူသော စကားလုံးကို သုံးနိုင်ပါသည်။
  • e.g. (I found the food rather bland. / The meat was dry and tasteless.) အစားအသောက်ရဲ့ အရသာက ဖွယ်ဖွယ်ကြီး / အသားက ခြောက်ပြီးအရသာမရှိဘူး။)

Light (အစာကြေလွယ်သော) ဖြစ်သောအစားအစာကတော့ နည်းပြီး အစာကြေလွယ်ပါသည်။
  • e.g. I usually have a light snack for lunch. (နေ့လယ်စာအဖြစ် အစာကြေလွယ်တဲ့ အစာနည်းနည်းပဲ စားလေ့ရှိပါတယ်။) သို့သော်လည်း မြန်မြန်ဗိုက်ပြည့်သော အစားအစာကိုတော့ filling ဗိုက်ပြည့်စေသော (သို့) heavy (ကြေခဲသော)အစာဟု ခေါ်ပါသည်။

Stodgy ၏ အဓိပ္ပာယ်ကလည်း heavy နှင့် အတူတူဖြစ်ပြီး အများအားဖြင့် ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ အကြောင်းပြောရာတွင် အသုံးပြုပါသည်။
  • e.g. I've been eating too many stodgy puddings. (ကျွန်တော် အစာကြေခဲတဲ့ ပူတင်း အတော်များများစားနေမိတယ်။)

Rich (အဆီအဆိမ့်များသော)ကိုတော့ ဆီ၊ ထောပတ်၊ ကြက်ဥ (သို့) မလိုင်အများကြီး ပါသောကြောင့် အနည်းငယ်သာ စားနိုင်သော အစားအစာအကြောင်းပြောရာတွင် အသုံးပြုပါသည်။
  • e.g. The dessert was a bit too rich for me.(အချိုပွဲက ကျွန်တော့်အတွက်တော့ နည်းနည်းလေး အီလွန်းတယ်။)

Tender (နူးသော)ဖြစ်သောအသားက လှီးရတာ၊ ၀ါးရတာလွယ်ကူပြီး ၄င်းနှင့် ဆန့်ကျင်သော လှီးရ၊ ၀ါးရခက်သော အသား ကိုတော့ tough (မာသော၊ မနူးနပ်သော) ဟု ခေါ်ပါသည်။

သကြားပါဝင်သော (သို့) သကြားကဲ့သို့ချိုသော အရသာရှိသော အစားအစာကိုတော့ sweet (ချိုသော)အစားအစာဟု ခေါ်ပါ သည်။
  • e.g a lovely sweet melon (အရသာရှိပြီးချိုသော ဖရီးသီး (သို့) သခွားမသီး)။

မချိုသော အစားအစာကိုတော့ savoury (လေးသော)သို့ (အမွှေးအကြိုင် အရသာပါသော) အစားအစာလို့ခေါ်ပါသည်။ ဆားအများကြီးပါသော အစားအစာအတွက် ကတော့ salty (ငန်သော) ဟူသော နာမ၀ိသေသနကို အသုံးပြုပါသည်။
  • e.g Salty snacks, such as crisps and peanuts (အာလူးကြော်နှင့် မြေပဲကဲ့သို့သော ငန်သော သရေစာ)။

Spicy ကျတော့ ဟင်းခတ်အမွှေး အကြိုင်များထည့်ထားသော အစား အစာဖြစ်ပါသည်။ (အမွှေးအကြိုင်ဆိုတာကတော့ အစားအစာကို အထူးအရသာ ရှိစေသော အပင်များမှ ရရှိသော အရာများ ဖြစ်ပါသည်။)
  • e.g. Fish in a spicy sauce (ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုလုပ်ထားသော ဆော့နှင့် ငါး)

ဟင်းခတ်အမွှေး အကြိုင် တွေများကြီးပါဝင်သောကြောင့် ပါးစပ်ကို ပူလောင်သလို ခံစားစေသော အစားအစာကိုတော့ hot (စပ်သော) အစား အစာဟု ခေါ်ပါသည်။
  • e.g. A word of warning that curry is hot (သတိ! ထိုဟင်းသည် စပ်ပါသည်။)

အစားအသောက်နှင့်သက်ဆိုင်သော ရှုပ်ထွေးသည့် နာမ၀ိသေန (၂) ခုကတော့ sour(ချဉ်သော)နှင့် bitter (ခါးသော)တို့ ပင်ဖြစ်ပါသည်။ Sour ကတော့ ရှောက်သီး (သို့) သံပရိုသီးတို့၏ စူးရှသော အချဉ်အရသာကို ဖော်ပြပါသည်။ ကော်ဖီ ပြင်းပြင်းနှင့် ချော့ကလက်အမည်းရောင်တို့၏ အရသာကိုတော့ bitter ဆိုတဲ့ စကားလုံးဖြင့် ဖော်ပြပါသည်။

ဒီနေ့ သင်ဘာပဲစားစား အမွှေးအကြိုင်ပဲပါပါ၊ ချိုပဲချိုချို၊ အစာကြေလွယ်သည်ဖြစ်စေ၊ အစာကြေခဲသည်ဖြစ်စေ အရသာရှိဖို့ ကျွန်ုပ်မျှော်လင့်ပါသည်။
Dicitonaryblog.cambridge.org မှ Kate Woodford ၏ Tasty! ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။


Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်