Posts

Showing posts with the label မင်းအတွက်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ?

Image
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ? ၁။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်သည့် စကားများကို ပြောပေးပါ။ ၂။ အကောင်းမြင်သည့် ရုပ်ပုံလွှာတွေကို မြင်ယောင်ကြည့်ပါ။ ၃။ အတိတ်က အောင်မြင်ခဲ့သည်များကို ပြန်ပုံဖော်ကြည့်ပါ။ ၄။ အဝတ်အစားကို သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်ပါ။ ၅။ ဝေဖန်ပြစ်တင်နေသူနှင့် ဝေးဝေးမှာနေပါ။ ထူးအောင်ဝင့် (၁၄.၅.၂၀၂၃)

စဉ်းစားပါ

Image
စဉ်းစားပါ တစ်နေ့တစ်နေ့ သင်ဘာတွေ ရလိုက်သလဲ။ တစ်နေ့တစ်နေ့ သင်ဘာတွေ လုပ်ပေးနိုင်ခဲ့သလဲ။ ထူးအောင်ဝင့် ၈.၆.၂၀၂၂

ဘဝဆိုတာတိုက်ပွဲ

Image
ဘဝဆိုတာတိုက်ပွဲ လောကဓံဆိုတာ မင်းဗုန်းဗုန်းလဲနေရင်တောင် ဆက်ထိုးနေတာမျိုးရယ် (အရှုံးမပေးဘူး ဆိုသရွေ့ပေါ့။) ထူးအောင်ဝင့် (၁၁.၆.၂၀၂၂)

လေမတိုက်ခင် ရွေ့ပါ

Image
လေမတိုက်ခင် ရွေ့ပါ ဝန်ထမ်းဆိုတာ ဇရပ်ပါပဲ။ ခရီးတစ်ထောက် နားတာမျိုးပဲ ဖြစ်ပါစေ။ (မင်းသိပ်တော်နေရင် သူဌေးကတော့ ဆွဲထားမှာပဲ။)ဇရပ်မှာ အချိန်မဖြုန်းပဲ အိမ်အရောက်ပြန်နိုင်ပါစေ သူငယ်ချင်း။ ထူးအောင်ဝင့် (၈.၅.၂၀၂၃)

ကြီးမြတ်တဲ့ လက်ဆောင်ပေးပါ

Image
ကြီးမြတ်တဲ့ လက်ဆောင်ပေးပါ “ မှားတတ်တာဟာ လူ့သဘာဝ ဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်ခြင်းကတော့ လက်ဆောင်မွန်တစ်ခုပေါ့” ဆိုတဲ့ အလက်ဇန္ဒားပုပ်ရဲ့ ဆိုရိုးစကားလေးကို ဖတ်ပြီးတော့ ကျွန်တော် စဉ်းစားမိတယ်။ 

အကောင်းမြင်ဖို့ဆိုရင်

Image
အကောင်းမြင်ဖို့ဆိုရင် တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး အပြစ်တင်ဖို့ကြိုးစားနေတဲ့ ကမ္ဘာကြီးမှာ အကောင်းမြင်တတ်ဖို့အတွက် ပထမအဆင့်ကို ခင်ဗျား ကျော်ဖြတ်နိုင်မှ ဖြစ်မယ်။ အဲဒါက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင်၊ အကောင်းမမြင်တတ်ရင် လောကကြီးကို အကောင်းမြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထူးအောင်ဝင့် (၂၃.၈.၂၀၂၂)

အောင်မြင်မှုကို အရယူချင်ရင်

Image
အောင်မြင်မှုကို အရယူချင်ရင် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်သူတွေကပဲ အောင်မြင်မှုကို အရယူနိုင်ကြတာ။ ထူးအောင်ဝင့် (၁၂.၆.၂၀၂၂)

ရည်မှန်းချက်ကြီးကြီးထားပါ

Image
ရည်မှန်းချက်ကြီးကြီးထားပါ မအောင်မြင်ခြင်းသည် အပြစ်တင်စရာမဟုတ်၊ ရည်မှန်းချက်နိမ့်ကျခြင်းသည်သာလျှင် တကယ့်ပြစ်မှု ဖြစ်သည် ဟူသော စာသားကို ဖတ်ခဲ့ဖူးပါသည်။ အိပ်မက်ကြီးကြီး မက်ပါ။ အိပ်မက်ကြီးကြီးမက်ခြင်းသည် အိပ်မက်သေးသေးမက်ခြင်းနှင့် အားထုတ်ရမှု အတူတူပင် ဖြစ်သည်။ ထို့နောက် အိပ်မက်ကို အကောင်အထည်ဖော်ပါ။ စိတ်ကူးယဉ် အိပ်မက်သမားနှင့် လက်တွေ့သမားသည် အကောင်အထည်ဖော်သည့်နေရာတွင် ကွာခြားသွားသည်။ အိပ်မက်ကို အကောင်အထည်ဖော်ရာတွင် ဖြစ်နိုင်သည့်နေရာတွင် ဖြစ်နိုင်သည့် ပုံစံနှင့် စ-လိုက်ပါဟု အကြံပေးရင်း ... ။ ထူးအောင်ဝင့် (၁၃.၆.၂၀၂၂)

ဂရုစိုက်ပါ

Image
ဂရုစိုက်ပါ " လုပ်ငန်းကြီးလုပ်မယ့်သူက အသေးအမွှားကို လစ်လျူရှုလိုက်ပါ " ဆိုပြီး ပြောတတ်ကြတယ်။ အရိုးစူးလို့ ဒုက္ခရောက်ပြီဆိုရင် အရိုးသေးသေးမွှားမွှားလေးတွေပဲ ဖြစ်နေတာကို ခင်ဗျား သတိထားမိရဲ့လား။ လုပ်ငန်းရှင် လုပ်တော့မယ်ဆိုရင် မြှောက်ထိုးပင့်ကော် စကားတွေကိုလည်း ဂရုစိုက်ပါ။ ထူးအောင်ဝင့် (၁၄.၆.၂၀၂၂)

သင်ဘယ်လောက် ပြင်ဆင်ထားသလဲ

Image
သင်ဘယ်လောက် ပြင်ဆင်ထားသလဲ အခွင့်အလမ်းနှင့် ကြိုတင်ပြင်ဆင်ထားခြင်းတို့ တိုက်ဆိုင်သွားသည့်အခါတွင် " ကံကောင်းတယ် " ဆိုသော စကားသံကို ကြားရတတ်သည်။ သင်ဘယ်လောက်ကံကောင်းသလဲ ဆိုသည်မှာ သင်ဘယ်လောက် ပြင်ဆင်ထားသလဲဆိုသော အခြေအနေပေါ်တွင် ရာခိုင်နှုန်းအတော်များများ မူတည်လေသည်။ ထူးအောင်ဝင့်

Stop and Start

Image
Stop and Start Stop! I can't do it. Start! I can do it. Today is better than yesterday! Htoo Aung Wint

တရားဆိုတာ ကျင့်သုံးဖို့

Image
တရားဆိုတာ ကျင့်သုံးဖို့ အိုမင်းမစွမ်းချိန်၊ စိတ်နွမ်းကိုယ်နွမ်း ရှိချိန်တွင် တစ်ခုတည်းသော အားကိုးရာမှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် တရားတော်များအတိုင်း လိုက်နာကျင့်သုံးခြင်းပင် ဖြစ်လေသည်။ ထူးအောင်ဝင့်  

ကျန်းမာပျော်ရွှင်ပါစေ

Image
ကျန်းမာပျော်ရွှင်ပါစေ   ကျွန်တော် အောင်မြင်ပျော်ရွှင်ချင်တယ်။ ဘဝမှာ လုပ်ကို လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်။ လုပ်သင့်တာတွေလည်း ရှိတယ်။ နောက်ပြီး လုပ်ချင်တဲ့ အရာတွေလည်း စိတ်ပျော်ကိုယ်ပျော် လုပ်နိုင်ဖို့ လိုသေးတယ်။ အဲဒီအတွက် အရေးကြီးဆုံးဆိုပေမယ့် အရေးမကြီးဘူးထင်ပြီး လစ်လျူရှုမိတဲ့ အရာတစ်ခုရှိတယ်။ အဲဒါ ကျန်းမာရေးပဲ။ ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေလည်း ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။ ဒီနေ့ကစပြီး ကျန်းမာရေးကောင်းစေမယ့် အပြုအမူတွေကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလို သဘောထားပြီး နည်းနည်းချင်း လုပ်သွားစေချင်ပါတယ်။ ဥပမာ - ဆေးလိပ်သောက်တတ်ရင် မဖြတ်နိုင်တောင် တစ်လိပ်လောက် လျှော့သောက်တာမျိုးပေါ့။ (အရက်သောက်တတ်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ သုံးလလောက် မသောက်ဘဲ အဓိဌာန်ထားတာ ဟိုတစ်နေ့က အောင်မြင်သွားပါတယ်။ အခု ဆက်လုပ်နေပါတယ်။) အောင်မြင်ပျော်ရွှင်နေတဲ့ မိတ်ဆွေတွေ၊ အောင်မြင်ချမ်းသာလာမယ့် သူငယ်ချင်းတွေကို ကျန်းမာရွှင်လန်းစွာ ရှိနေတာကို မြင်ချင်ကြားချင်ပါတယ်။ ကျွန်တော်လည်း ကျန်းမာရေးကို ဂရုစိုက်ပါမယ်။ သူငယ်ချင်း မိတ်ဆွေတို့လည်း ကျန်းမာရေးကို ဂရုစိုက်ပါ။ ကမ္ဘာကြီးပေါ်မှာ ကောင်းမြတ်တာတွေကို လက်ကမ...

ဆက်ဆံရေးပြေပြစ်ပါစေ

Image
ဆက်ဆံရေးပြေပြစ်ပါစေ   ခင်ဗျားဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေး အဆင်ပြေရဲ့လား။ ဘဝဆိုတာ အချိန်ပြည့် နာကျင်နေဖို့ မလိုသလို အမြဲတမ်းစိတ်တိုဒေါသထွက်နေရရင်လည်း နေပျော်တဲ့ဘဝ မဟုတ်တာတော့ သေချာပါတယ်။ အနည်းဆုံးတော့ မိဘဆွေမျိုးတွေနဲ့ အဆင်ပြေနေစေချင်ပါတယ်။ အားလုံးနဲ့ အဆင်ပြေနေတယ်ဆိုရင်တော့ ခင်ဗျားဟာ အောင်မြင်နေသူ တစ်ယောက်ဆိုတာ သတိပြုမိပါစေ။ အားလုံးနဲ့ အဆင်ပြေအောင် နေနေရတယ်ဆိုရင်လည်း ခင်ဗျားရဲ့ လက်ရှိအခြေအနေကို နားလည်နိုင်ပါစေ။ ပျော်ရွှင်ခြင်းဟာ ခင်ဗျားကိုပဲ ဗဟိုပြုတယ်ဆိုပေမယ့် ဆက်ဆံရေးကောင်းတဲ့သူတွေမှာ ပျော်ရွှင်ခြင်းဟာ ကြာကြာနေလေ့ ရှိပါတယ်။   ထူးအောင်ဝင့် (၁၇.၅.၂၀၂၂)

ဘဝတန်ဖိုး

Image
ဘဝတန်ဖိုး                လောကကြီးထဲ ရှင်သန်တဲ့အခါ ကိုယ်က သူ့ကို ရွေးချယ်တာ မဟုတ်ဘဲ ကိုယ့်ကို သူက ရွေးချယ်သွားတဲ့ အခါတွေလည်း ရှိတယ်။ ရယ်စရာလည်း ကြုံရသလို ငိုစရာလည်း ကြုံရနိုင်တာပဲ။ ရယ်စရာရှိရင် ရယ်လိုက်၊ ငိုစရာရှိရင် ငိုလိုက်။ ပြီးရင်တော့ နေ့သစ်တွေမှာ မင်းအတွက်ပဲဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် ဆက်ရှင်သန်ပါ။ အဲဒါ ဘဝပါပဲ။ အဆုံးသတ်မှာ မီးခိုးတွေ၊ ပြာတွေ၊ ဖုန်မှုန့်တွေ၊ မြေစာတွေ ဆိုပေမယ့် တန်ဖိုးကတော့ ရှင်သန်တုန်းမှာ တခြားသူအတွက် မင်းဘာတွေ လုပ်ပေးခဲ့သလဲ။ အဲဒါ ဘဝတန်ဖိုးပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ ဘဝလေးတွေကို တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းကြရအောင်လား။   ထူးအောင်ဝင့် (၁၈.၅.၂၀၂၂)

ဝန်ထမ်းသတ်တာ (Comfort Zone)

Image
  ဝန်ထမ်းသတ်တာ (Comfort Zone)   ဝန်ထမ်းအများစုဟာ (Comfort Zone) ကို သိပ်နှစ်သက်တာ ပြဿနာ တစ်ခုပါ။ ဟိုးတုန်းက ဝန်ထမ်းကောင်းဆိုရင်၊ လူဟောင်းဆိုရင် အလုပ်ရှင်တွေက ဆွဲထားတယ်။ ဒီနေ့ခေတ်မှာတော့ အလုပ်ရှင်တချို့က ဝန်ထမ်းခသက်သာတဲ့ ဝန်ထမ်းသစ်တွေကို စိတ်ဝင်စားလာတယ်။ သူတို့ကို ကျွမ်းကျင်ဝန်ထမ်းက လက်တွဲခေါ်ခိုင်းရင်း အသုံးပြုလာကြတယ်။ လူဟောင်းတော်တော်များများ လုပ်ငန်းကျွမ်းကျင်ပေမယ့် အဲဒီအလုပ်မှာ နေရာမရတော့ဘူး၊ မပျော်ရွှင်တော့ဘူး။ တချို့လုပ်ငန်းတူ တခြားအလုပ်ကို ပြောင်းသွားတယ်။ တချို့ အခြေအနေအရ ပေလုပ်နေရတယ်။ ဒါဟာ (Comfort Zone) မှာ အနေကြာသွားတဲ့ ဝန်ထမ်းတွေရဲ့ ဒုက္ခပါ။ တကယ်တော့ ဝန်ထမ်းလုပ်ကတည်းက အချိန်ကာလတစ်ခု သတ်မှတ်ပြီး ကိုယ်သွားမယ့် လမ်းကြောင်း၊ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းတစ်ခုကို ဦးတည်ချက်(ပန်းတိုင်) ချထားသင့်ပါတယ်။ အသက်ကြီးတဲ့အထိ ဟိုကိုင်းဒီကိုင်း ကူးနေကြရတဲ့ မျောက်လွှဲကျော်ဘဝကို မနှစ်သက်ချင်ကြပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ခင်ဗျားနဲ့ ကျွန်တော်တို့က “ ဒီမှာလာပြီး မန်နေဂျာလုပ်ပါ၊ ဟိုကုမ္ပဏီအတွက် အကြံပေးလုပ်ပါ ” ဆိုတဲ့ ဖိတ်ကြားခံ လူတန်းစားထဲမှာ မပါဘူးလေ။   ထူးအောင်ဝင့် (၂၂.၅.၂၀၂၂)

အပေါင်းအသင်း ဝင်ဆံ့ပါစေ

Image
အပေါင်းအသင်း ဝင်ဆံ့ပါစေ   အပေါင်းအသင်းများများ ပေါင်းတာ ကောင်းပါတယ်။ အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းမနေဖို့ပဲ လိုတာပါ။ တချို့က အပေါင်းအသင်းနည်းတယ်။ ငယ်တုန်းမှာ ပြဿနာ မဟုတ်ပေမယ့် ကြီးတဲ့အခါ အပေါင်းအသင်း မဝင်ဆံ့ဘူး ဖြစ်လာတယ်။ ကလေးဘဝကနေ လူရွယ်ဘဝရောက်တဲ့အခါ ထိုက်သင့်တဲ့အပေါင်းအသင်း ရှိသင့်ပြီ။ မိဘကလည်း ကိုယ့်သားသမီးရဲ့ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး လမ်းညွှန်ပေးသင့်တယ်။ အရွယ်ရောက်လာတဲ့အခါ မိဘတွေနဲ့ နေတဲ့အချိန် နည်းပေမယ့် ကျောင်းမှာ၊ သင်တန်းမှာ  သူငယ်ချင်းတွေနဲ့ ရှိနေရတဲ့အချိန်က များလာတယ်။ အပေါင်းအသင်းနည်းတဲ့ ကလေးက သူငယ်ချင်းတွေနဲ့ ဆက်ဆံရတဲ့အခါ အဆင်မပြေဘူး၊ မဝင်ဆံ့ဘူး ဖြစ်လာတယ်။ သူက ဒီအရွယ်မှာတင် ရပ်တန့်သွားမှာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်ဝင်တဲ့အခါ၊ မိသားစုကို ဦးဆောင်ပြီး စီးပွားရှာရတဲ့အခါ အပေါင်းအသင်း မဝင်ဆံ့မှုက အတားအဆီးကြီး တစ်ခု ဖြစ်လာပါပြီ။ စီးပွားရေးတိုးတက်ဖို့၊ ဘဝမှာ အောင်မြင်ဖို့ဆိုရင် မိတ်ဆွေကောင်း များများရှိဖို့လိုပါတယ်။ မိတ်ဆွေကောင်း ရဖို့ဆိုရင် သင်ကိုယ်တိုင်က ကောင်းဖို့လိုသလို မိတ်ဆွေသူငယ်ချင်းကို များများ ပေါင်းဖို့လည်း လိုပါတယ်။ ကိုယ်တိုင်က သူ့အကျိုးစီး...

ပညာဖြစ်ပါစေ

Image
ပညာဖြစ်ပါစေ   စာအုပ်တွေ ဖတ်ပြီး လေ့လာတာ ကောင်းတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်တာ ပိုကောင်းတယ်။ တတ်သိနားလည်တဲ့ပုဂ္ဂိုလ်တွေဆီက မေးမြန်းသင်ယူတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် မပြည့်စုံသေးပါဘူး။ ခင်ဗျား လေ့လာမှတ်သား ထားသမျှတွေဟာ သညာတွေပါ။ အဲဒီ သညာတွေကို လက်တွေ့ဘဝ လုပ်ငန်းခွင်မှာ ဆက်စပ်ပါ၊ ထည့်သွင်းအသုံးချပါ။ (မလိုတာတွေကို ဖယ်ပစ်နိုင်ရင် စာအုပ်ကြီးသမား အဖြစ်က ရှောင်လွှဲနိုင်ပါလိမ့်မယ်)။ ပညာဖြစ်လာပါလိမ့်မယ်။ လုပ်ငန်းတိုးတက် အောင်မြင် လာပါလိမ့်မယ်။ ထူးအောင်ဝင့် (၃.၅.၂၀၂၂)

သက်သေပြဖို့ မကြိုးစားနဲ့

Image
သက်သေပြဖို့ မကြိုးစားနဲ့           ကျွန်တော်တို့က ကိုယ်ဘယ်လောက်တော်တယ်၊ တတ်တယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားနေမိကြတယ်။ တကယ်တော့ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး(အစွမ်းဆုံး) လုပ်လိုက်ပါ။ လက်ခုပ်သံတွေက ခင်ဗျားသွားမယ့် လမ်းတစ်လျှောက် ရှိနေပြီးသား။ ခင်ဗျားတို့၊ ကျွန်တော်တို့က နားစွင့်နေမိလို့ လက်ခုပ်သံတွေ တိုးသွား၊ ဆိတ်သွားတာပါ။ ထူးအောင်ဝင့် (၂၅.၄.၂၀၂၂)

နောင်တမရအောင်နေ

Image
နောင်တမရအောင်နေ              သူငယ်ချင်းတချို့နဲ့ လမ်းကွဲသွားတာ၊ လမ်းခွဲသွားတာမျိုးကို အားလုံးကြုံဖူးကြမှာပါ။ စိတ်မကောင်း မဖြစ်ပါနဲ့။ ထွက်သွားသူကို ဆွဲထားရတာ ပိုပင်ပန်းပါတယ်။ ပိုနာကျင်ရပါတယ်။ ဒါက ကိုယ့်ဘက်က ခံစားချက်ပါ။ သူ့ဘက်က စဉ်းစားကြည့်တဲ့အခါ အယူအဆမတူတဲ့သူ၊ ဘက်မတူတဲ့သူနဲ့ ဆက်လက်ခင်မင်ရတာ၊ ပတ်သက်ရတာ စိတ်ညစ်စရာပါ။ (ကိုယ်ဟာ သူ့အတွက် အမြင်ကတ်စရာ၊ အနှောက်အယှက်ဖြစ်စရာကြီး ဖြစ်နေပြီလေ။) သူ့ဘက်ကိုဖြည့်တွေးပြီး လွတ်လပ်စွာထွက်သွားတာကို ကျေနပ်လိုက်ပါ။ ကျွန်တော့်ရဲ့ ခံယူချက်ကို မျှဝေလိုပါတယ်။ နှစ်သက်လျှင် ယူသုံးပါ၊ မနှစ်သက်လျှင်တော့ မေ့ပစ်လိုက်ပါ။