ဘဝတန်ဖိုး


ဘဝတန်ဖိုး

            လောကကြီးထဲ ရှင်သန်တဲ့အခါ ကိုယ်က သူ့ကို ရွေးချယ်တာ မဟုတ်ဘဲ ကိုယ့်ကို သူက ရွေးချယ်သွားတဲ့ အခါတွေလည်း ရှိတယ်။ ရယ်စရာလည်း ကြုံရသလို ငိုစရာလည်း ကြုံရနိုင်တာပဲ။ ရယ်စရာရှိရင် ရယ်လိုက်၊ ငိုစရာရှိရင် ငိုလိုက်။ ပြီးရင်တော့ နေ့သစ်တွေမှာ မင်းအတွက်ပဲဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် ဆက်ရှင်သန်ပါ။ အဲဒါ ဘဝပါပဲ။ အဆုံးသတ်မှာ မီးခိုးတွေ၊ ပြာတွေ၊ ဖုန်မှုန့်တွေ၊ မြေစာတွေ ဆိုပေမယ့် တန်ဖိုးကတော့ ရှင်သန်တုန်းမှာ တခြားသူအတွက် မင်းဘာတွေ လုပ်ပေးခဲ့သလဲ။ အဲဒါ ဘဝတန်ဖိုးပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ ဘဝလေးတွေကို တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းကြရအောင်လား။

 

ထူးအောင်ဝင့်

(၁၈.၅.၂၀၂၂)

Comments

Popular posts from this blog

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ