ဝန်ထမ်းသတ်တာ (Comfort Zone)


 
ဝန်ထမ်းသတ်တာ (Comfort Zone)

 

ဝန်ထမ်းအများစုဟာ (Comfort Zone) ကို သိပ်နှစ်သက်တာ ပြဿနာ တစ်ခုပါ။ ဟိုးတုန်းက ဝန်ထမ်းကောင်းဆိုရင်၊ လူဟောင်းဆိုရင် အလုပ်ရှင်တွေက ဆွဲထားတယ်။ ဒီနေ့ခေတ်မှာတော့ အလုပ်ရှင်တချို့က ဝန်ထမ်းခသက်သာတဲ့ ဝန်ထမ်းသစ်တွေကို စိတ်ဝင်စားလာတယ်။ သူတို့ကို ကျွမ်းကျင်ဝန်ထမ်းက လက်တွဲခေါ်ခိုင်းရင်း အသုံးပြုလာကြတယ်။ လူဟောင်းတော်တော်များများ လုပ်ငန်းကျွမ်းကျင်ပေမယ့် အဲဒီအလုပ်မှာ နေရာမရတော့ဘူး၊ မပျော်ရွှင်တော့ဘူး။ တချို့လုပ်ငန်းတူ တခြားအလုပ်ကို ပြောင်းသွားတယ်။ တချို့ အခြေအနေအရ ပေလုပ်နေရတယ်။ ဒါဟာ (Comfort Zone) မှာ အနေကြာသွားတဲ့ ဝန်ထမ်းတွေရဲ့ ဒုက္ခပါ။ တကယ်တော့ ဝန်ထမ်းလုပ်ကတည်းက အချိန်ကာလတစ်ခု သတ်မှတ်ပြီး ကိုယ်သွားမယ့် လမ်းကြောင်း၊ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းတစ်ခုကို ဦးတည်ချက်(ပန်းတိုင်) ချထားသင့်ပါတယ်။ အသက်ကြီးတဲ့အထိ ဟိုကိုင်းဒီကိုင်း ကူးနေကြရတဲ့ မျောက်လွှဲကျော်ဘဝကို မနှစ်သက်ချင်ကြပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ခင်ဗျားနဲ့ ကျွန်တော်တို့က “ ဒီမှာလာပြီး မန်နေဂျာလုပ်ပါ၊ ဟိုကုမ္ပဏီအတွက် အကြံပေးလုပ်ပါ ” ဆိုတဲ့ ဖိတ်ကြားခံ လူတန်းစားထဲမှာ မပါဘူးလေ။

 

ထူးအောင်ဝင့်

(၂၂.၅.၂၀၂၂)

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 3 - Taking Reservation)