Posts

Showing posts from April, 2026

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၆)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၆) "မနေ့ညက ရွာထဲမှာ တောက လာပြီး ပစ်သွားတယ် " "ဘာဖြစ်လို့လည်း ရဲစခန်းလည်း မရှိ စရဖ လည်း မရှိနဲ့" (ယခင် နှစ်က နွားမှောင်ခို ပြဿနာ နဲ့ ရဲစခန်းအား ပစခတ်တိုက်ခိုက်ခံရသဖြင့် ရဲစခန်းအား ပိတ်ခဲ့ရာ စရဖ လည်း မရှိတော့ပါ) "မဟုတ်ဘူး ဒီတခါလာတာ ရွာဥက္ကဌဆီလာတာ" "ဥက္ကဌက ဘာဖြစ်လို့လဲ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၅)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၅) နောက်ထပ်ထူးခြားချက်တခုက အဲဒီပြေးနေတဲ့ ဓါတ်လုံးလေးဟာ သူ့ရဲ့မူလထည့်ထားတဲ့ ရဟန္တာရုပ်လေးနဲ့ ထိလိုက်တာနဲ့ ချက်ခြင်း ငြိမ်သွားတာပါပဲ ။ အဲဒါကလည်း ဘာသတ္တုနဲ့ ထိုးထားသလဲ ဆိုတာ အဂ္ဂိရပ်ဆရာတွေ ကိုယ်တိုင် မသိကြပါဘူး ။ ဟုတ်ပြီ ဒါကို ရောင်းဖို့ စုံစမ်းပေးမယ် ဘယ်လို အကြောင်းပြန်ရမလဲဆိုတော့ ပင်ဖြစ်မှာပဲ ပြောထားပါတဲ့ ။ နောက်တခုလည်း ထပ်ကြည့်ပေးပါဆိုပြီး အရုပ်သေးသေးလေး တခု ထုတ်ပြပြန်ပါတယ် ။ မျောက်ရုပ်ကလေးပါ လက်သန်းအပေါ်ဆစ်ရဲ့ တခြမ်းစာလေးပါပဲ ။

The importance of humanism in Education

Image
To what extent do you agree with the importance of humanism in Education? How do you apply concepts of humanism in your teaching?

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၄)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၄) ကိုးသားကြီးက ကန့်ကွက်တာပါ ။ သံယောင်လိုက်တာ ကိုတိုး လှိုင်က်ာသား နှစ်ယောက်က ကန့်ကွက်တာပါ ။ သူတို့ကို ခေါ်လာခဲ့ရတာ ကုန်ကျစရိတ်အားလုံး ကျနော်တို့ တာဝန်ယူလာရတာပါ ။ ကျနော်မေးမိပါတယ် "ဒီလူကို ခေါ်တာ ဘာဖြစ်လို့ ခင်ဗျားတို့က ကန့်ကွက်တာတုန်း" "ပစ္စည်း အောင်မြင်ခါနီးမှ တွေ့တဲ့သူ ခေါ်တော့ ဝေစု နည်းသွားမှာပေါ့"