သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၄)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၄)

ကိုးသားကြီးက ကန့်ကွက်တာပါ ။ သံယောင်လိုက်တာ ကိုတိုး လှိုင်က်ာသား နှစ်ယောက်က ကန့်ကွက်တာပါ ။ သူတို့ကို ခေါ်လာခဲ့ရတာ ကုန်ကျစရိတ်အားလုံး ကျနော်တို့ တာဝန်ယူလာရတာပါ ။ ကျနော်မေးမိပါတယ်
"ဒီလူကို ခေါ်တာ ဘာဖြစ်လို့ ခင်ဗျားတို့က ကန့်ကွက်တာတုန်း"
"ပစ္စည်း အောင်မြင်ခါနီးမှ တွေ့တဲ့သူ ခေါ်တော့ ဝေစု နည်းသွားမှာပေါ့"
"ဒါဆိုရင် အခု သွားပြီဆိုတာနဲ့ ရန်ကုန်ဝယ်လိုက်ကို တင်ရမဲ့ ငွေရယ် ကားစရိတ် စားစရိတ် ရယ် အနည်းဆုံး ၁၂ သိန်း ကုန်မယ် ခင်ဗျားတို့ အကုန်ခံမလား"
"ဒီလိုတော့ မခံနိုင်ဘူး အားလုံးမျှခံပေးမယ်"
"ရပါတယ် ကျုပ်က ငွေမလိုပါဘူး မှားမှာ စိုးလို့ ဝင်ပြောတာပါ မလိုက်ပါဘူး" ( မိတ်ဆွေက ဝင်ပြောတာပါ)
"ကဲ ဒါဆို အခု ငါးယောက် အတူ သွားမယ် တယောက်ကို ၂၄၀၀၀၀ိ/ စီ ကျမယ် အခုထည့်ကြတော့"
"ဟာ အခု ဘယ်ပါမလဲ အဆင်ပြေရင် ဝေစုထဲက နုတ်ပေါ့"
"ဟုတ်တယ်ကိုမျိုး ခင်ဗျား နဲ့ ကိုရဲ တဝက်ဆီ စပ်ထည့်ထားပါ"
(ကိုစိုးက ပြောတာပါ သူလည်း ငွေမရှိဘူး လေ)
"လောဘကြီးနေကြရင် အဆင်မပြေဘူး တယောက်တိုးလာတဲ့ ဝေစုတောင် ဒီလောက်နှမျှောနေပြီး ဝေစုကျတော့ အကြွေးထည့်တဲ့သူတွေကို ဘယ်လို ယုံရမလဲ"
(ကျနော်က မကျေနပ်ရင် ကွယ်ရာမပြောဘူး ရှေ့တင် ဗြောင်ပြောတာ ဗျ အဲဒါအကျင့်ပဲ)
"ဟာ ဒီတော့ မဟုတ်ပါဘူး သူတို့ပြန်ပေးမှာပါ"
( ကိုရဲက ဝင်ပြောတာပါ)
"ဒါဆို မင်းစိုက်ထားလေး ခြေချော်လက်ချော်ဖြစ်ပြီး မဟုတ်ခဲ့ရင် မင်းပဲခံ "
"ရတယ်ဗျာ ကျနော် စိုက်မယ်"
(ဒီကောင်မွှန်နေပြီ ကျနော့်သဘောကတော့ မသွားချင်တော့ဘူး လောဘသိပ်ကြီးတဲ့သူတွေဆို မကြိုက်ဖူး)
"ကဲ ပါကွာ စလက်စနဲ့ သွားကြတာပေါ့ ရော့ကွာ ငါထည့်ရမယ့် ဝေစု ၂၄၀၀၀၀ိ/"
ညနေမှာ ပစ္စည်းရှင်တွေဖက်က ဖုန်းလာပါတယ် ။ ပစ္စည်း စစ်ပြီးရင် သိန်း ၃၀၀ ပေးရမယ်တဲ့ မစစ်ခင် အဲဒီ သိန်း ၃၀၀ ပြထားရမယ်တဲ့ ။ ဒါနဲ့ သွားမနေနဲ့ ဘယ်ဝယ်လက်မှ ငွေမပြဘူးဆိုတော့ ပြမယ့်သူဌေးရှိတယ်ဆိုပြီး တောင်ကြီးသွားရပြန်ပါတယ် ။
တောင်ကြီး ILBC ကျောင်းရှေ့က ဦးအောင်စိန် ဆိုတဲ့ အသက်ကြီးကြီး ဝဝ သူဌေးဆီရောက်တော့ video ပြပြီး အဖြစ်စုံပြော ပြတော့ သူလိုက်လာပါတယ် ။
နောက်တနေ့ ပရိုဘောက်လေးနဲ့ သွားကြပါတယ် ။ ကားဆရာကလည်း စျေးအကြီးဆုံးဆိုင်မှာ ရပ်တယ် ။ ငွေမထည့်တဲ့ သူတွေကလည်း စျေးအကြီးဆုံးတွေပဲ စားတယ် သောက်တယ် နောက်ဆုံးဆေးလိပ်ကအစ ငါးသုံးလုံး တဲ့ ။
အခွင့်အရေး လက်တဆုံးနှိုက်တဲ့နေရာမှာ လက်လန်ပါပဲ ။
ဖြူးကိုရောက်တော့ ပစ္စည်းရှင်တွေ လာပါတယ် ။စကားစမီပြောပြီး ကိုစိုးက တစ်သိန်းပေးလိုက်ပါတဲ့ ။ ကိုရဲက ပေးလိုက်ပါတယ် ။ နောက် ကိုစိုးနဲ့ ဦးအောင်စိန် က ၆ သိန်းယူသွားပြီး ရန်ကုန်သွားပါတယ် ။
သူတို့ နှစ်ယောက် ဝယ်လက်ကို ငါးသိန်းနဲ့ စာချုပ် ချုပ်ပြီး ခေါ်လာတာပါ ။ ပစ္စည်းရှင်တွေကတော့ မလာတော့ပါဘူး။ သူတို့လာနေတုန်း ရဲက စစ်နေလို့ ထွက်ပြေးနေသတဲ့ ( လိမ်ဆင်တွေပေါ့ )
ဒါနဲ့ ပြန်လာတော့ ဦးအောင်စိန်က ပြောပါတယ် ။ မင်းတို့မှာ အတုဝယ်တဲ့သူရှိရင် မန္တလေးမှာ အတုရှိတယ် အဝယ်ရှာကွာတဲ့ ။ ကျနော်က ပြန်ဖို့ ပြောပေမယ့် အားလုံးက သွားမယ်ပြောနေကြတော့ ကိုရဲကို ကျနော်ပြောပါတယ် ငွေမလောက်တော့ဖူးနော် ဆိုတော့ သူကြံမယ်တဲ့ ။ ငါထပ်မစိုက်တော့ဖူးနော် ဆိုတော့ ရပါတယ်တဲ့ ။ ဟိုသုံးယောက်ကတော့ မှတ်သာထား သူတို့ ပြန်ပေးမတဲ့ ။
မန္တလေးရောက်တော့ ဦးအောင်စိန်က ဟိုတယ်မှာ သွားတည်းပါတယ် ။ ကျနော်က ဘုန်ကြီးကျောင်းသွားဖို့ ပြောတော့ အံမယ် အောက်တယ်တဲ့ ငွေမပါတဲ့ သူတွေက ။ ဒါနဲ့ ၆၂ လမ်းက စျေးချိုတဲ့ တည်းခိုခန်းမှာ တည်းပါတယ် တယောက် ၄၀၀၀ိ/နှုံးနဲ့ ၆ ယောက်အတွက် ၂၄၀၀၀ိ/ ကုန်ပါတယ် ။
ပစ္စည်းရှင်က ဟိုရောက်နေလို့ ဒီရောက်နေလို့နဲ့ ၃ ရက်မြောက်မှာ ကျနော်က အားလုံးကို ပြောပါတယ် ။
"ကဲ ခင်ဗျားတို့ က အလိုက်လည်း မသိကြဘူး အခုဆို တည်းခိုစရိတ်ပဲ ၁ သိန်းနီးပါးကုန်ပြီ နောက်ပြီး စားသောက်နေတာလည်း စျေးကြီးတဲ့ဆိုင် စျေးမြင့်တဲ့ ထမင်းဟင်းတွေချည်း စားသောက်နေကြတယ် ကိုရဲဆီလည်း ငွေမရှိလောက်တော့ဖူး ပြန်ရအောင်"
"ဟာ ကုန်တာ မှတ်ထားလေ ပြန်ပေးမှာပေါ့"
"ပြန်ပေးတာကနောက်ထား အခု ပြန်ဖို့ နေဖို့တောင်မလွယ်ဖူး"
"ခင်ဗျား ထပ်စိုက်ပေါ့"
"တပြားမှ မစိုက်ဘူး ပြောပြီးသား"
"ကဲပါ ဒီ ညနေမလာရင် ပြန်ကြတာပေါ့"
(ငွေရှင် ကိုရဲက ပြောတာပါ)
ညနေ လာဖို့ သေချာတယ်ဆိုတော့ အဝယ်က ခရီးလွန်နေပြီတဲ့ ။ ဒါနဲ့ ရပ်စောက်မှာ ကျန်ခဲ့တဲ့ မိတ်ဆွေဆီကို ဖုန်းဆက်မေးတော့ သူချိတ်ပေးပါတယ် ။ မုံရွာက ကိုကျော်ရဲအောင်ဆိုတဲ့ သူ ရောက်လာပါတယ် ။ လူလိမ်တွေကို ပထမဆုံး တွေ့ဖူးရသလို သူတို့ အသုံးအနုံးတချို့ကိုလည်း ကြားဖူးခဲ့ပါတယ် ။
အတုလုပ်တဲ့ လူလိမ်တွေ နဲ့ တောင်ခြေ ခြင်္သေ့ နှကောင်ရဲ့အရှေ့ဖက်က ထနောင်းပင်တွေ နဲ့ အရိပ်ကောင်းလှတဲ့ ဆိုင်မှာ တွေ့ကြပါတယ် ။ ကိုကျော်ရဲအောင်နဲ့ သူတို့ ပြောနေကြတာပါ
"အေး ညီလေးတို့ ကိုယ်က မုံရွာ ကျော်ရဲအောင်ပါ"
"ဟုတ်ကဲ့ အကို ရန်နိုင်ဆိုတာ ကျနော်ပါ"
"အေးကွ ဒီကညီလေးတွေက ရပ်စောက်က လာကြတာ ဖြူးမှာ အလိမ်ခံရလို့ ဒီဖက်ထိကျွံလာတာ ညီလေးရေ"
"ဟာ ကိုသက်တို့ လား နန္ဒလား တယောက်ယောက်နဲ့ တွေ့တာပေါ့"
"အေး ဟုတ်မှာပါ အခု ညီလေး ပစ္စည်းက ခြေလွတ်လက်လွတ်လား" ( သံအစစ်ကို အရည်ပျော်လား မေးတာပါ)
"ဟုတ်တယ်အကို"
"တချက်ခုန်လား" ( ရန်နိုင် မဖြေသေးခင် ထပ်ပြောတယ်)
"ကဲ ညီလေး အကို ရှင်းရှင်းပြောမယ် မင်းပစ္စည်းက နှစ်ချက်ခုန်ဆိုရင် ငွေရပြီ တချက်ခုန်ဆိုရင် အားလုံး ဒုက္ခရောက်မယ် အကိုက အခုပွဲကို ကျားဖမ်းထားတာ ညီအဆင်မပြေရင် နောက်တပွဲ ဖားရှာပေးမယ် အခု ခွာလို့ ရသေးတယ်"
"ဖားပဲ ဆွဲပေးပါအကို "
"ok ကဲ ရပ်စောက်သားတွေ စရိတ်ကုန်မယ် လစ်တော့ နောက်မှ ဆက်သွယ်ပါ ရော့ ဖုန်းနံပါတ် ယူသွားပေတော့"
ကျနော်တို့လည်း ပြန်လာကြပါတယ် ။ ကိုရဲလည်း ၁၀ ကျော် ကုန်ခဲ့ရပါတယ် ။ ကိုတိုးတယောက်ကတော့ ငွေ ၁၅၀၀၀၀ိ/ ပေးပါတယ် ကျန်တာ သူမရတော့ပါဘူး ။ ဒီနည်းနဲ့ အလိမ်ခံရသူတွေ မနည်းလှပါဘူး ။
ရပ်စောက်ရောက်တော့ သူဌေးက လွှတ်လိုက်တဲ့ သူ့မိတ်ဆွေ ရောက်လာပါတယ် ။ သူတို့ သုံးယောက်ကို လူရုပ်တောင်ဆီ လိုက်ပို့ ပေးရပါတယ် ။ ကိုစိုးအတွက် ၁ သိန်း တောင်းပေးလိုက်ပါတယ် ။
အဲလိုနေတုန်း ပင်ဖြစ်က လာခေါ်ပါတယ် ထူးဆန်းတဲ့ ပစ္စည်း ရောက်နေလို့တဲ့ ။ ကျနော်လိုက်သွားတော့ တွေ့ရပါတယ် ရဟန္တာရုပ်တုလေးပါ ။ ဘာလဲဆိုတော့ ညာတင်ကုတ်လိုပဲ အောက်ခြေက စက်ဘီးဘောစေ့လောက် ဓါတ်လုံးလေး ထုတ်ပြပါတယ် ။
လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဓါတ်လုံးကို အုံး ငှက်ပျောပွဲ ထိုးတဲ့ ဇလုံကြီးထဲ ထည့်လိုက်ပါတယ် ။ အံ့သြစရာ ကောင်းတာက ဓါတ်လုံးလေးဟာ ဇလုံကြီး အတွင်းမှာ မရပ်မနား ပြေးနေပါတယ် ။ ဇလုံထဲမှာ လည်ပြီး ပြေးနေတဲ့ ဒီဓါတ်လုံးလေးဟာ ဘယ်က စွမ်းရည်နဲ့ ပြေးနေပါလိမ့်ဆိုတာ ယနေ့အထိ စဉ်းစားမရသေးပါဘူး ။
အရှိန်လည်း မြန်တယ်ဗျ လက်နဲ့ လိုက်ဖမ်းရင် မမိဖူး ပြေးလမ်းရှေ့ကနေ လက်နဲ့ တားထားပြီး ဖမ်းမှ ရပါတယ် ။ နောက် ထူးခြားချက်တခုက ..............!
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ