Posts

Showing posts with the label သုတစုံလင်

သတ္တုလောက နဲ့ သူရဲဖမ်းနေသူများ (၃၈)

Image
သတ္တုလောက နဲ့ သူရဲဖမ်းနေသူများ (၃၈) "ကိုမျိုးပြောတာ သူတို့ လိမ်နေတယ်လို့ မသင်္ကာဖြစ်နေတာလား" "တွေးကြည့်တာပေါ့ဗိုလ်မှူး ကြားဖူးတာတွေရှိနေလို့ပါ" "အင်း သူတို့ လုပ်ပြတာ ရှင်းရှင်းလေးပါ နောက်ပြီး ပစ္စည်းရှင်ဆိုတဲ့ လူတွေကလည်း အရမ်းရိုးပါတယ် လေသံနားထောင် သိတာပဲ ပစ္စည်းကလည်း အစစ်ပါပဲ သေချာပါတယ်"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၇)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၇) "ခင်ဗျားက ရွှေတကယ်ဖြစ်နေပြီလား" "သေချာပေါက် အာမခံတယ်" "ဒါဆို ဒီလိုလုပ်ဗျာ ခင်ဗျားရဲ့ အိမ်နဲ့ ဝိုင်းကို စာချုပ် ချုပ်ထားရအောင် အကယ်၍ မဖြစ်ခဲ့ရင် ခင်ဗျားအိမ်ဝိုင်း အဆုံးထားလိုက်" "ဟာ ဒါတော့ ဘယ်ဖြစ်မလဲ"

သတ္တုလော နဲ့ သရဲဖမ်းနေသူများ (၃၆)

Image
သတ္တုလော နဲ့ သရဲဖမ်းနေသူများ (၃၆) သူပြောသလိုပါပဲ နောက်တနေ့မှာ ကျောက်သမားတွေ လာပါပြီ ။ ကျောက်စိမ်းလို့ ထင်ရတဲ့ ငန်းဥသဏ္ဍန် စလင်းလိုလို ဘာလိုလို အတုံးကို ထုတ်ပြပါတယ် ။ ကျောက်သမားတွေက ဝါရင့်ပါတ်ကား ဆရာကြီး ဟုတ်ဟန်မတူပါဘူး ။ ဦးဇော်လင်းတို့လို အဆင့်ဆိုရင် သိနိုင်စရာ အကြောင်း ရှိမှာပါ ။ ဒီလူတွေက လုံးဝ မသိကြပါဘူး ။ "ဒါ ဘာလည်းဗျ ကျောက်စိမ်းလိုလို ဘာလိုလိုပါလား" "မသိဘူးဗျာ ချင်းတွေက ရောင်းပေးပါဆိုပြီး လာပို့ထားတာ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၅)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၅) ကြားပွဲစားနဲ့ အဝယ်ပညာရှင်တို့ ချိန်းထားတဲ့ ရောက်လာတော့ ပစ္စည်းထုတ်ပြပါတယ် ။ ပညာရှင်က တခါစမ်းလိုက်ပါတယ် ။ အောင်တယ်ခင်ဗျ ။ (အောင်မှာပေါ့ ညှိထားတာကိုး) နောက်တကြိမ်စမ်းမယ်လုပ်တော့ ( အဝယ်ထုံးစံ ၃ ကြိမ်စမ်းပါတယ်) ပစ္စည်းရှင်က ပြဿနာ ရှာပါပြီ ။ "နောင်ထပ်စမ်းမယ်ဆိုရင် ဝယ်မဲ့ ငွေ ပြပါ စမ်းပြီး ပြန်သွားတာ များလှပြီ ငွေပြမှ ထပ်စမ်းပါ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၄)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၄) "ဟေ့ တရုတ် ငါ့တူဘယ်မှာလဲကွ" "မင်းတူ ထွက်ပြေးတယ်လေ မင်းတို့ ပေးလိုက်တဲ့ မိုးကြိုးသွားက အတုကြီး မင်းတို့ လူလိမ်တွေ" "ဘာကွ မင်းဘာသာ စိတ်တိုင်းကျ စမ်းတယ် မင်းကြိုက်လို့ စရံငွေ မဖြစ်စလောက်ပေးပြီး ယူသွားတယ် ရန်ကုန်ရောက်တော့မှ ကျန်ငွေ ပေးပါမယ် ဆိုပြီး ငါ့တူကို ခေါ်သွားတယ် "

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၃)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၃) "ဒီအိမ်က လူတွေက ပစ္စည်း လိမ်ရောင်းလို့ပါ" "ဘာပစ္စည်းလဲ" "သံစားကျောက် အတုရောင်းလို့" "ဟာ ဒါတွေတော့ ကျုပ်နားမလည်ဘူး ဟေ့ ကိုရွှေသီး(အမည်လွဲ) လာပြီး ရှင်းအုံးလေ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၂)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၂) "ဆရာကြီးက အလုပ်သမားလားဗျ" "ဟင် ခင်ဗျားလည်း အတူတူပဲလား" "မဟုတ်ပါဘူး ဒါပေမယ့် ဖားတော့ မဟုတ်ဖူး ကျားအဆင့်" "ဟာ ကျားကျားခြင်း ကိုက်ရင် နှစ်ဖက်လုံး နာမယ်ဗျ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၁)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၁) ကိုမြင့်ရဲ့ကားနဲ့ ချိန်းထားတဲ့ မိတ္ထီလာကို လာခဲ့ကြပါတယ် ။ ဒါပေမယ့် သူတို့ ပွဲတပွဲ လုပ်နေလို့ အမြန်လမ်းက မိုင်တိုင် ၂၆၂ ကို လာခဲ့ဖို့ ချိန်းပါတယ် ။ ကျနော်တို့လည်း ချက်ခြင်း လိုက်သွားပါတယ် ။ မိုင်တိုင် ၂၆၂ ရဲ့ ကုက္ကိုယ်ပင်တွေ အောက်မှာတော့ ကား နှစ်စီး ရပ်ထားသလို ဆိုင်ကယ်တွေလည်း ရပ်ထားပါတယ် ။ လူလိမ် ကိုသက်ကိုလည်း တွေ့ရပါတယ် ။ ကိုသက်က နုတ်ဆက်ပြီး ကဲ ပစ္စည်းတခု စမ်းမလို့ ကြည့်သွားအုံး စကားတော့ ဝင်မပြော ပါနဲ့ တဲ့ ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၀)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၀) "ဘော့စ်ရေ အခြေအနေမကောင်းဘူး" "ဘာဖြစ်လို့လဲ" "နေရာကို ရှာမရခဲ့ဘူး သူတို့ပြောတာကတော့ တောမှောက်နေတယ်တဲ့" "တောထဲ နေတဲ့သူတွေက တောမှောက်ပါ့မလားဗျ" "ဟုတ်တယ် ဒီလူ လိမ်ပြောတာလား မသိဘူး" "သူက လိမ်ပြောရအောင် ငွေလည်း တောင်းတာ မဟုတ်ဖူးလေ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၉)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၉) ဆရာကြီးက ပြောပါတယ် ကားစီစဉ်ပေးနိုင်မလားတဲ့ ။ ကားက ယင်းမာပင်မှာထိပဲ ရမှာပါ ဟိုဖက် တောထဲ ကားလမ်းမရှိဘူးလေ ဆိုတော့ ဗိုလ်ကြီးက ပြောပါတယ် "ဒါဆိုရင် သွားပြီး အလကား မဖြစ်အောင် ပစ္စည်းမတွေ့ခဲ့ရင် ၅ သိန်း လျှော်ရမယ်" "အရောင်းအဝယ်လုပ်မယ်ဆိုရင် ဒီလို အလျှော်အစားက ရှိတတ်ပါတယ် ဒါပေမယ့် အခုဟာက အကျိုးတူ အားလုံး စုပေါင်း လုပ်ကြတာ မဟုတ်ဖူးလား ? ဆရာကြီးက ယူပေးပြီးရင် ခွဲတမ်း မယူတော့ ဘူးလား" "ဒီလိုလည်း မဟုတ်ဖူးလေ ကိုယ့်ဖက်က သေချာအောင် ပြောထားတာပါ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၈)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၈) ပုဆိုးတိုတိုဝတ်ပြီး သံထိုးဖို့ ဆင်းလိုက်ပါတယ် ။ တွင်းထဲလည်း ဒိုးပင် အမြစ်တွေရှိနေတော့ အနံ့ကတော့ ဒိုးပင်နံ့ပဲ ရတာပေါ့ ။ ဒါနဲ့ အိတ်ရဲ့ အပေါ်ပိုင်း အညှာ နားလေးကနေ သံကို သုံးပုံနှစ်ပုံ ထိုးသွင်းပြီး အပေါ်ပြန်တက်ခဲ့ပါတယ် ။ နာရီဝက် လောက်ရှိမှ ပြန် နုတ်ကြည့်မယ်ဆိုပြီး ဖုန်းပြောနေမိပါတယ် ။ အဲလိုနေတုန်း မိနစ် နှစ်ဆယ်လောက်ရောက်တော့ ပိုင်ရှင်ထဲက လူတယောက်က မပြောမဆို တွင်းထဲ ဆင်းသွားပြီး သံချောင်းကို နုတ်ယူလာပါတယ် ။ "ရပြီဗျ ဒီမှာကြည့်". ဆိုပြီး သူ့ရဲ့ လက်ညှိုးပေါ်မှာ သံတင်ပြီး လက်စွပ် ကွင်း လုပ်သလို ကွေးပြပါတယ် ။ နောက်တခါ သံမှိုဖက်ကို သံလိုက်နဲ့ ကပ်တယ် အပြင်ဖက် ကျန်နေတဲ့ သံက သံလိုက် လိုက်ပါတယ် ။ ကွေးနေတဲ့ အပိုင်းက သံမလိုက်တော့ပါဘူး ။ စမ်းပုံအရဆို အောင်နေပါပြီ ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၇)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၇) မီးက ၈" အနားအရောက်မှာ ပြန်ကျသွားပါတယ် ။ ထပ်စမ်းတယ် ၇" ပဲရတော့တယ် ။ ထပ်စမ်းတယ် ၆" ပဲရတော့တယ် ။ မထူးဘူးဆိုပြီး စပုတ်တံ ထိုးကြည့်တယ် ။ မပြတ်ပါဘူး အားလုံးလည်း မျက်နှာမကောင်းပါဘူး ။ ကျနော်ကြားဖူးတဲ့ တပွဲတိုးအောင်သိန်း ပစ္စည်းလား မသိဘူးပေါ့လေ တွေးမိတာပါ ။ ဦးသန်းဝင်းတို့လည်း အဲဒီရွာကို ပြန်သွားပါတယ် ။ ရွာကိုရောက်တော့ ရွာလူကြီးကအစ သူ့ရွာသားဖက်က ကာကွယ်ပြောဆိုပါတယ် ။ ပညာယူသင့်ပါတယ် ဘယ်လိုပြောလည်း ဆိုတော့ မျက်စိပိတ်ပြီး ရောင်းတာ မဟုတ်ဖူးတဲ့ ။ စိတ်တိုင်းကျစစ်ပြီးမှ ဝယ်သွားတာမို့ သူတို့ တာဝန်မဟုတ်ဘူးတဲ့ ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၆)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၆) ကိုကျော်သောင်း ယုယုယယ နဲ့ သံချောင်းလည်း ထိုးပြီးပြော သူ့ဖုန်းက ထမြည်ပါရော ။ သူ့ဘော့စ်က အခြေအနေ လှမ်းမေးတာ ။ အပြင်ဗန်း အခြေအနေကတော့ ပစ္စည်း အမှန် ဖြစ်ကြောင်း ယခု သံ နဲ့ စမ်းနေပြီ ဖြစ်လို့ ၁ နာရီလောက် စောင့်ပြီးမှ သိရမယ် ဖြစ်ကြောင်း ပြောပါတယ် ။ နာရီဝက်မှာ သံနုတ်ကြည့်ပါတယ် ။ သံက မီးဖုတ်ထားသလိုပူရုံပဲ ပူတယ်ဗျ ပျော့မနေသေးဘူး ။ ထပ်ပြီး ထားလိုက်ပါတယ် ။ နောက်နာရီဝက် ရှိတော့ စုစုပေါင်း တနာရီအကြာ ပြန်ထုတ်တယ် ။ မရပါဘူး ပူတာကတော့ လက်အိတ်နဲ့ ကိုင်ရင်ကို အတော်ပူပါတယ် ။ သံလိုက်လဲ နဲနဲ လိုက်နေပါသေးတယ် (သံဓါတ်ကို လုံးဝ ကုန်အောင် ဓါတ်မပြုနိုင်တဲ့ သဘောပါပဲ) ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၅)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၅) ပြဒါးငုပ်ကို စမ်းတော့ ပြဒါးထဲကို စွပ်ကနဲ ငုပ်တယ်ဗျ ။ နောက်မှ သံလိုက်နဲ့ ကပ်လိုက်တော့ ချပ်ကနဲ လာကပ်ပါတယ် ။ ပြဒါးငုပ်က သံမလိုက်ရ. | ပြဒါးမကပ်ရ. | ပြဒါးငုပ်ရမည် | မှတ်တင်မခံရ (ရွှေဖြစ်မှာစိုးလို့ စျေးက ရွှေထက် အဆ ၂၀ လေ) | ကြေးတမျိုးမျိုး ဖြစ်ရမယ် ( ဓါတ်သားရောင်မရပါဘူး. ကြေးနီ ကြေးဝါ ကြေးဖြူ ကြေးနက် ရပါတယ် ဓါတ်သားရောနေသော အဖြူ အစက်ပျောက်များ ပါ၍မရပါ ) ကဲ ဒီလူဟာ လူလိမ်ပါပဲ ။ ဆိုင်ကယ်တွေ လိမ်သွား ငွေတွေလိမ်သွားနဲ့ သတင်းတွေ ကြားရပါတယ် ။ မူလတုန်းကတော့ လူကောင်းပါတဲ့ နောက်တော့ ဒီပစ္စည်းတွေ နောက်ကို လိုက်ရင်း မွဲသွားတော့ ကြံရာမရ ဖြစ်ကာ လူလိမ်ဖြစ်သွားတာပါ ။ တွေ့နိးတွေ့နိုးပေါ့လေ ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၄)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၄) မျှော်နေသူတွေ ရောက်ပါပြီ ။ ပါလာတဲ့ နမူနာ အတိုင်းစမ်းပြပါတယ် ။ ငွေပြား ဝါသွားပါတယ် ။ တခြမ်းဖိထားပြီး တခြမ်းကို ပွတ်ပါတယ် ။ အရောင်အနည်းငည် ကွာသွားပါတယ် ။ နောက် အတွင်းပိုင်းကို ချိုးကြည့်တော့ မဝါလို့ဆိုပြီး မဝယ်ဘူး ပြောပါတယ် ။ အေးသာယာ အဖွဲ့နဲ့ ဝယ်လက်တို့ စကားများကြပါတယ် ။ အမှန်တကယ်ဝယ်လက် မဟုတ်ပါဘူး ။ တင်ကြေး လိမ်စားနေတဲ့ ဝယ်လက် ဖြစ်ပါတယ် ။ အေးသာယာအဖွဲ့က ကျနော်တို့ကို ခရီးစရိတ် ၂ သိန်း လျှော်ပေးပါတယ် ။ ( မကွေးက သယ်လာရတာကိုး )

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၃)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၃) ကျနော်တို့ အပြင်သွား လက်ဖက်ရည်သောက်နေတုန်း ပစ္စည်း ရောက်လာတော့ သူတို့ချည်း စမ်းသပ်ပါတယ်တဲ့ ။ နားမလည်ပဲ မီးသွေးမီးဖို ပေါ်ကို စတီးပုဂံထဲထည့်ပြီး တင်ပါသတဲ့ ။ ခဏနေတော့ ပြဒါးတွေ ယိုလာပါတယ် ။ အဲဒါကို အယိုမရပ်မချင်း မီးသွေးတွေ ထည့်ထိုးသတဲ့ ။ ကြာတော့ အရုပ်ရဲ့ အောက်ခံခုံ အရည်ပျော်မှ ရပ်ပစ်တယ်တဲ့ ။ အမှန်က အရုပ်ကို ဖယောင်းတိုင်မီးနဲ့ အပူပေးလည်း ရပါတယ် ။ ဒါမှမဟုတ် စတီးပုဂံထဲက အရုပ်အောက်ခြေမှာ မီးကျီးခဲ အနည်းငယ် ထားပေးလည်း ရပါတယ် ။ ပြဒါးကို ၁၀ သားအရုပ်ဆိုရင် ငါးမူး နဲ့ တကျပ်သားကြား ထုတ်ပါတယ် ။ ဒီလို ၅၀ သားအထက်ဆိုရင် လေး ငါး ကျပ်သားပဲ ထုတ်လို့ရပါတယ် ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၂)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၂) ကျနော်တို့လည်း ဓါတ်မီးကနေ အရောင်ပြန်တွေနဲ့ လက်နေတဲ့ အရာကို အနီးကပ် သွားကြည့်လိုက်ပါတယ် ။ သဘာဝအတိုင်း ဖြစ်နေတဲ့ ကျောက်ခက်ပန်းဆွဲလို အရာဟာ လူတွေထုဆစ်ထားတဲ့ ပန်းဆိုင်းတွေလို အလွန်လှပတဲ့ ပြဿဒ်သဖွယ် ဖြစ်နေတဲ့ အရာတခုကို တွေ့ရပါတယ် ။ အရွယ်အစားကတော့ သာမန်အိမ်တွေက ဘုရားစင်မှာ ရှိတတ်တဲ့ အမြင့် ၂' အလျှား ၃' အနံ ၂' လောက်ပဲ ရှိပါတယ် ။ ပုံသဏ္ဍန်က ကရဝိတ်ဟော်တယ် အပေါ်ပိုင်းနဲ့ နီးစပ်ပါတယ် ။ အောက်က ထုံးကျောက်နဲ့ တွဲနေပါတယ် ။ စလင်းလည်းမဟုတ်တဲ့ မြင်းစားကျောက်လို ပြောင်းလက်တောက်ပနေတဲ့ ကျောက်တွေ နဲ့ ဖြစ်တည်နေပါတယ် ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၁)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၁) အက်ဆစ်ရိုင်းနံ့တွေ မွှန်နေတဲ့ နေရာမှာ ခပ်မဲမဲ ကျောက်တန်းတခုကို တွေ့ရပါတယ် ။ ဒါနဲ့ လေတင်ဖက်ကို ရွှေ့ပြောင်းကြရပါတယ် ။ အန္တရာယ်များတယ်ဗျ ။ ဒါနဲ့ ဘေးနားက အစွန်းကို တူနဲ့ ရိုက်ချိုး ပါတယ် မရပါဘူး အတော်လေး မာပါတယ် ။ နောက်မှ တယောက် တလှည့် စို့နဲ့ ရိုက်လိုက် ပြန်ပြေးလာလိုက် လုပ်ရပါတယ် ။ အဲဒါ တနာရီခွဲလောက် မနေမနား ထုမှ ၃ ပိဿာလောက် အတုံးရပါတယ် ။ ကျနော်လည်း အဲဒီအတုံးကို ကျွတ်စထဲ ထည့်ပြီး လေလုံအောင် ထည့်ထားပါတယ် ။ နောက် ကျောက်တန်းကြီး ပေါ်မှာ လေးလက္မသံချောင်း သွားထားခဲ့ပါတယ် ။ အတော်ဝေးဝေးကနေ ကြည့်နေပါတယ် ။ တုတ်တုတ်မလှုပ်ပါဘူး ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၀)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၀) ပစ္စည်းတခုက ကျောက်တုံးလေးပါ ။ အဲဒီကျောက်တုံးလေးထဲနေ ဝါဂွမ်းလို အဖြူရောင်လေးတွေ ဆွဲနုတ်ယူလို့ ရနေပါတယ် ။ ထူးခြားတာက အဲဒီဝါဂွမ်းကို မီးရှို့ရင် မီးမလောင်တာပဲ ဖြစ်ပါတယ် ။ ကျနော်တို့ စာသင်ဖူးတဲ့ ကျောက်ဂွမ်း ဆိုတာများလား ( ကိုယ်တိုင်လည်း တိတိကျကျ မသိပါဘူး) သေချာတာက အဲဒီဂွမ်းစကို ချည်ငင်ပြီး အဝတ်အစား ချုပ်ထားရင် တော်ရုံမီး မလောင်နိုင်တာ သေချာပါတယ် ( မီပေါင် ဘယ်လောက်ထိ ခံနိုင်မလဲဆိုတာကိုတော့ စနစ်တကျ သုတေသန ပြုမှ သိနိုင်ပါမယ် ကျနော် စိတ်ကူးမိပါတယ် မိုက်ကာ(လချေး) ပြားကလည်း စက္ကူလောက်ပါးတာတောင် ဖယောင်းတိုင်မီးနဲ့ရှို့တာ မလောင်ဘူးဆိုတော့ ဒီကျောက်ဂွမ်းက မိုက်ကာ ပေါင်းပြီး အဆင့်မြင့် မီးသတ်ဝတ်စုံ ထုတ်လို့ ရလောက်တယ်ပေါ့ ။

သတ္တုလောကနဲ့ သရဲဖမ်းနေသူများ (၁၉)

Image
သတ္တုလောကနဲ့ သရဲဖမ်းနေသူများ (၁၉) တကယ်တော့ ဒီဓါတ်လုံးဟာ ဘာမှ မစွမ်းလှပါဘူးဗျာ ။ အဂ္ဂိရပ်လောကကို မူလတန်း အလယ်တန်း အထက်တန်း နဲ့ ဘွဲ့ရ ရယ် ပါရဂူရယ် ဆိုပြီး အဆင့်ခွဲထားလိုက် ။ အထက်တန်း အဆင့်ဆိုရင် လုပ်တတ်ကြပါတယ် ။ ဓါတ်လုံးကို လက်နဲ့ ပွတ်လိုက် ပြာလို လို အဖြူလေးတွေ အချိုမှုံ့ချောင်းလေးတွေလို ထွက်လာပါတယ် ။ တချို့လည်း ချွေးပြန်သလို ထွက်လာတတ်ပါတယ် ။ အဲဒီ ပြာအထွက်ရပ်စေချင်တယ်ဆိုရင် ဓါတ်လုံးကို မီးဖုတ်ပေးရပါတယ် ။