သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၇)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၇)
မီးက ၈" အနားအရောက်မှာ ပြန်ကျသွားပါတယ် ။ ထပ်စမ်းတယ် ၇" ပဲရတော့တယ် ။ ထပ်စမ်းတယ် ၆" ပဲရတော့တယ် ။ မထူးဘူးဆိုပြီး စပုတ်တံ ထိုးကြည့်တယ် ။ မပြတ်ပါဘူး အားလုံးလည်း မျက်နှာမကောင်းပါဘူး ။ ကျနော်ကြားဖူးတဲ့ တပွဲတိုးအောင်သိန်း ပစ္စည်းလား မသိဘူးပေါ့လေ တွေးမိတာပါ ။
ဂန္ဘီရပစ္စည်းဆိုတော့ သီလ မလုံရင်ပျက်သတဲ့ (အလိမ်လည်းခံရသေးတယ် သီလမရှိဘူးလို့လည်း အပြောခံရသေး ) ဒါနဲ့ မကျေနပ်လို့. အနီးနားက အမြန်လမ်း ရဲစခန်း သွားတိုင်တော့ ရှေးဟောင်း ပစ္စည်းတွေ ဖြစ်လို့ ဝယ်တဲ့သူ အရင်ဖမ်းမယ်ပြောလွှတ်လို့ မနည်းတောင်းပန်ပြီး ပြန်ခဲ့ရတယ်ဆိုပဲ ။
စစ်စစ်ပေါက် မေးပြီး သူတို့စမ်းတုန်းက စပုတ်တံ အသေအချာ ပြန်ကြည့်တော့ ဝက်အူရစ်နဲ့ ခေါင်းမပါဘူးဗျ။ ဦးသန်းဝင်းကို စုံထောက်စစ် စစ်ကြည့်ပါတယ်
"ဒီစပုတ်တံက ခေါင်းကရော နဂိုကတည်းက မပါတာလား"
"မဟုတ်ဖူး ပါတယ်ဗျ အသစ်ဝယ်သွားတာလေ"
"အခုဒီမှာ မတွေ့ဖူး ခင်ဗျားတို့ ဖြုတ်ထားတာလား"
"မဟုတ်ဖူးဗျ ညာတင်ကုတ်ပိုင်ရှင်က စပုတ်တံ စစ်အုံးမယ်ဆိုပြီး ယူကြည့်တုန်းက လှည့်ဖြုတ်နေတာ မှတ်မိတယ်"
"စပုတ်တံခြင်း လဲသလားလို့ "
"မလဲလောက်ပါဘူး သူတောင် စကားပြောရင်းနဲ့ ဖျာထဲ ထိုးမိလို့ ကျနော်ကိုယ်တိုင် ပြန်နုတ်လိုက်တာပါ "
"ဗျာ ဖျာအပေါက်ထဲ ထိုးမိလို့ ဟုတ်လား"
"ဟုတ်တယ် မျက်စေ့အောက်တင်ပဲ ထိုးနေတာ တွေ့ရတယ်လေ"
သေချာပါပြီ စပုတ်တံခြင်း လဲလိုက်တာပါ ။ ဖျာအပေါက်ထဲ စပုတ်တံ ခေါင်း မဝင်ပါဘူး ( ဒါကြောင့် ခေါင်းချွတ် လိုက်တာပါ ထိုးတာ မြင်ပေမယ့် ထိုးတုန်းက တပေါက် ပြန်ထုတ်တော့ ကပ်လျက် အပေါက်ထဲက ပြင်ထားတဲ့ စပုတ်တံ နဲ့ ချိန်းလိုက်တာပါ )
ရပ်စောက်သားတွေ ပညာရသွားပါတယ် ။ ဒီအချိန်မှာပဲ လွိုင်ကော်က ဖုန်းလာပါတယ် ။ ကလီနာ ကြည့်လို့ရပြီတဲ့ ။ ရန်ကုန်ကို အကြောင်းကြားတော့ သူတို့လည်း ချက်ခြင်း လာကြပါတယ် ။
ကလီနာ သွားကြည့်ပြီး ခနောက်စိမ်း တူးမယ် ဖြစ်သွားပါရော ။ ကိုလင်းက ကျနော့ကို ဗိုလ်ချစ်ဆီ ခေါ်သွားပါတယ် ။ ကယောနီ အတွင်းရေးမှူးပေါ့ ။ နောက်စကားတွေ ပြောကြရင်းနဲ့ စလင်း ရယ် လွိုင်ကော်မြရယ် အကြောင်း ရောက်သွားပါတယ် ။
ဗိုလ်ချစ်က စလင်းတွေ သူတို့ ဥက္ကဌအိမ်မှာ အများကြီး ယူလာပါသတဲ့ စိတ်ဝင်စားရင် သွားကြည့်ပါဆိုပြီး ဥက္ကဌဆီကို ကိုလင်းနဲ့ ကျနော် လာမယ့်အကြောင်း ဖုန်းဆက်ပေးပါတယ် ။
ကွက်သစ်ထဲက ဥက္ကဌအိမ်ဟာ အင်မတန်ကြီးမားတဲ့ တိုက်ကြီးပါပဲ ။ ဆင်ဝင်အောက်က ရွက်လှပင် စိုက်ထားတဲ့ အလျား ၁၅'. အနံ ၂' နဲ့ အမြင့် ၂' ရှိတဲ့ အုတ်ကန်အတွင်းမှာ ကြေနေတဲ့ စလင်းတွေ အပြည့်ပါပဲ ။ ဘက်ဖိုး နဲ့ ကုပ်ယူပြီး သယ်လာလို့ ကြေကုန်တာပါ ။ အကျိုးတူ လုပ်ပေးမယ်ဆို လာခဲ့ပါတဲ့ ။
စလင်းက နတ်သွေးတွေပါ ။ အဖျားတွေပဲ ကြည်တယ် အရည်အသွေး သိပ်ကောင်းပုံမရဘူး ( ရွေးယူနိုင်ရင်တော့ မသိပါဘူး) နောက်မှ လာခဲ့ပါမယ် ဆိုပြီး ပြန်လာပါတယ် ။
ကိုလင်းက လွိုင်ကော်မြ အကြောင်းပြောပါတယ် ။ သူတို့ တောထဲမှာနေတုန်းက လောက်စာလုံးလောက်တွေ တွေ့လို့ ယူထားပြီး မြှပ်ခဲ့ကြောင်း ။ မိုင်းတွေလည်း ထောင်ထားခဲ့ကြောင်း ပြောပါတယ် ။ သွားယူရအောင် ပြောတော့ မလုပ်နဲ့ ကိုယ့်မိုင်းတင်မဟုတ်ဘူး ဟိုလူထောင် ဒီလူထောင်နဲ့ မမှတ်မိတော့ဘူး သေလိမ့်မယ်တဲ့ ။
နောက်ကိုလင်းက လွိုင်ကော်က အိမ်တအိမ်ခေါ်သွားပါတယ် ။ အခန်းထဲမှာ ကယားကထွက်တဲ့ တွင်းထွက်တွေ အများကြီး တွေ့ရပါတယ် ။ တနေရာတည်းနဲ့ စုံနေအောင်တွေ့ရတာပါပဲ ။ တကယ်အလုပ် လုပ်ချင်သူ သူဌေးဆိုရင် ဆက်သွယ်ပေးနိုင်ပါတယ် ။
ကိုတိုးအိမ်ရောက်တော့ ဧည့်သည်တွေ တွေ့ရပါတယ် ။ စလင်းစိမ်း နဲ့ အခြားပစ္စည်းတွေ လာပြတာပါ ။ စလင်းစိမ်းက သေးသေးလေးတွေပါ ။ အမွှေးတိုင် ချောင်းလောက် သေးရှည်ရှည်လေးတွေပါ ။
နောက် အလွန်ဖျော့တဲ့ အစိမ်းရောင် ပလွမ် & ပထော့ တွေ ပြပါတယ် ။ တပိဿာလေးသောင်းတောင်းပါတယ် ။ နောက် စလင်း ပန်းစွဲ နဲ့ လွဲတတ်တဲ့ သူယောင် ကျောက်တွေ ပြပါတယ် ။ ဒါတွေဟာ ပန်းပုလိုင်းတွေ ကောင်းကောင်းဝင်ပါတယ် ။ စျေးကွက်ပျောက်နေပါလို့ ရောင်းမရပါဘူး ။
စလင်းစိမ်း နမူနာ ဝယ်ခဲ့ပါတယ် ။ ထူးထူးဆန်းဆန်း ကျောက်စိမ်းတွေ တွေ့ရပါတယ် ။ ဖားကန့်ကျောက်တွေလို့ ပြောပါတယ် ကြည့်ရသလောက်တော့ အတုတွေပါပဲ ။ ဘယ်ကရသလဲ ဆိုတော့ နွားမှောင်ခိုသမားတွေဆီက ရထားတာတဲ့ ။ ( လူလိမ်တွေ ပို့ထားတာလည်း ဖြစ်နိုင်ပါတယ် )
ခနောက်စိမ်းကိစ္စလုပ်နေတုန်း ကျနော်ပြန်ခဲ့ပါတယ် ။ ပြန်လာတာ အကိုက်ပါပဲ ရပ်စောက်မှာ ဂန္ဘီရ တပွဲတည်နေတာ တွေ့ရပါတယ် ။ ဘာလည်းဆိုတော့ လက်ပံခါးပါ ။ လက်ပံခါးက ကျောက်ဂူဖက်ထိ သွားစစ်ရပါတယ် ။
ဦးမိုးရဲ့ မိတ်ဆွေတွေ ၂ ကြိမ် စစ်ဆေးပြီး သေချာမှ ဝယ်လက်ကို ၁၅ သိန်းပေးပြီး ခေါ်လိုက်တာပါ ။ လက်ပံခါးပင်က ၃' ကျော်လောက်ရှိတဲ့ လုံးပတ်ဆိုတော့ သေးနေပါတယ် ။ ရေသန့်ဗူးကြီးဟာ ၃' မပြည့်ပါဘူး ရေသန့်ဗူးကြီး သာသာပဲ ရှိတာပါ ။
လက်ပံခါးပင်ရဲ့ အောက်ခြေမှာ ဘာပင်မှ မပေါက်ပါဘူး ။ ပြောင်းရှင်းနေပါတယ် ။ ဆူးက အပေါ်ကို ထောင်နေရပါတယ် ။ အပွင့်က အဖြူရောင်ပါ ။ ဒါက ပြင်ပ လက္ခဏာ့တာပါ ။ သံရိုက်ပြီး အပြင်က ကျန်နေတဲ့ သံချောင်းဖင်မှာ ရေသန့်ဗူးထဲ ရေအနည်းငယ်ထည့်ပြီး ချိတ်ထားပါတယ် (သံချောင်း်ကပြတ်ကျချိန် မြန်တာပေါ့) ၂၄. နာရီ မအိပ်ပဲ အလှည့်ကျစောင့်ကြည့်ပါတယ် ။ ယခင် ၂ ကြိမ်ပြတ်ပေမယ့် ယခု မပြတ်တော့ပါဘူး ။
မပြတ်ရတဲ့ အကြောင်းတွေလည်းရှိပါတယ်
၁ စမ်းသပ်အကြိမ်များသွားခြင်း
၂ မပင်အရွယ်အစား အကြီးအသေးကွာခြားခြင်း
( အပင်သေးလျှင် အားကုန်မြန်ပါတယ်)
၃ မိုးရာသီမှာ အားပျော့၍ မလုပ်သင့်ပါ
၄. တင်ကြေးစားသူ ဝယ်လက်အတုများဟာ သံမပြတ်အောင် ရိုက်တတ်ပါတယ် ( နွေ / ဆောင်း ရာသီဥတု နေသွားရာလမ်းကြောင်း များနဲ့ သံရိုက်တဲ့ အချိန်ကို ကြည့်ပြီး အပင်ရဲ့ အားအနည်းဆုံး နေရာအား ရွေးရိုက်ရပါတယ် )။
ကျနော်သိသလောက်လေးပါ ။ လူတွေဟာ မိမိ အလိမ်ခံရတာကိုလည်း ဆင်ခြေ ပေးလေ့ရှိတာ တွေ့ရပါတယ် ။ ဥပမာ ဦးသန်းဝင်းတို့ ညာတင်ကုတ် အလိမ်ခံရတာကို ဘာပြောသလဲဆိုရင် သူတို့စမ်းခဲ့ အမှန် နောက်မှ အရုပ်ခြင်း လဲပေးလိုက်တာတဲ့ ။
ဘာကြောင့် ဒီလို ဆင်ခြေပေးသလဲဆိုရင် မိမိတို့ စမ်းနည်းမသိ၍ မဟုတ် စမ်းသပ်စဉ် ပစ္စည်းအမှန်ဖြစ်လို့သာ အလိမ်ခံလိုက်ရတာပါလို့ အခြားသူတွေ မြင်စေချင်လို့ ( မိမိကို လူအလို့ အထင်သေးမှာ စိုးလို့ ဒီလို ပြောကြတာပါ)
ညာတင်ကုတ် အလိမ်ခံရသူတွေဆီက သတင်းရလာပါတယ် ။ ဒိုးဆီ အစစ် အပင်ကကို မဖြုတ်ရသေးဘူး လာကြည့်ပါ ရောင်းမယ်လို့ ခေါ်ပါသတဲ့ ။ ဒိုးဆီ အစစ်တွေ့ဖူးတဲ့ ကျနော့်ကို အဖေါ်ခေါ်ပါတယ် ။ အတူတူသွားမယ် စရိတ်အကုန်မခံဘူးဆိုတော့ လူပဲ အရေးကြီးတာ ကျန်တာ သူတို့တာဝန်တဲ့ ။
ဒါနဲ့ လိုက်သွားရပါတယ် ။ တိုတိုပြောရမယ်ဆို ဒိုးပင်ဆီကို ရောက်ပါပြီ ။ ချောင်းဘေးက ကမ်းပါးမှာ တွေ့ရတာပါ ။ ကျင်းကြီး တူးထားပါတယ် ။ ဒိုးပင် အမြစ်မှာ တပိုင်းတစပေါ်နေတဲ့ ဒိုးဆီအိတ်ကို မြင်နေရပါပြီ ။
"ကဲ ကိုမျိုး ပစ္စည်းကတော့ သေချာပြီ"
"နေအုံးဗျ ကျနော်တို့ စမ်းတဲ့ ဒိုးဆီလို သက်နုဖြစ်နေရင် အလကားဖြစ်မှာ စိုးရတယ် "
"ဘယ်လိုလုပ်ချင်တာလည်း"
"မဖြုတ်သေးပဲ ဒီအတိုင်းစမ်းကြည့်ရအောင် သေချာမှ ဖြုတ်တာပေါ့"
"ကောင်းတယ်ဗျာ"
ပစ္စည်းရှင်တွေကို ပြောပြတော့ သူတို့လည်း သဘောတူပါတယ် ။ ဒါနဲ့ စမ်းသပ်ဖို့ ကျင်းထဲ ဆင်းမယ် ဆိုပြီး ပုဆိုးကို တိုတိုပြင်ဝတ်ပြီး .............!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment