Posts

Showing posts with the label ပြောပြချင်တာလေးတွေ

စာသင်နှစ်ပြီးဆုံးသွားသည့်အခါ

Image
စာသင်နှစ်ပြီးဆုံးသွားသည့်အခါ ကျွန်ုပ်၏သင်ကြားခြင်းမှ ကျောင်းသား၊ ကျောင်းသူတို့ရနိုင်စေမည့် အကျိုးကျေးဇူးတို့ကို အာမခံကတိပေးခြင်း           ကျွန်တော်သည် 4 Skills သင်ကြားပေးနေသည့် Freelance ဆရာတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် စာသင်နှစ်ပြီးသွားသည့်အခါ ကျောင်းသား၊ ကျောင်းသူတို့ နားလည်တတ်မြောက် သွားစေမည့်၊ ရရှိသွားမည့်အကျိုးကျေးဇူးတို့ကို အောက်ပါအတိုင်း ကတိပြုပါသည်။

သရဝက် (ပြည်ပြေး) ဖတ်ဖို့

Image
သရဝက် (ပြည်ပြေး) ဖတ်ဖို့ ......စိန်မာတင်ကျွန်းကိုလွတ်လပ်ရေး မရမှီ အောင်ဆန်းအက်တလီ စာချုပ်စဥ်ကတည်းက ပါမလာပဲ ဆုံးရှုံးခဲ့ရတာကို မသိပဲ ဦးသိန်းစိန်လက်ထက်ကျမှ အမှုရှုံးလို့ ပေးလိုက်ရတယ် ဆိုပြီး သမိုင်းမသိပဲ တိုးရစ်ဂိုက် နဲ့ စာရေးဆရာ လုပ်စားနေတဲ့ သရဝက် (ပြည်ပြေး) ရဲ့ ဂျင်းပို့စ်ကို ကိုကြီးမျိုးက အပျင်းပြေ ဖြေရှင်းလိုက်ပါအုံးမယ် ။ ××××××××××××××××××××× "မင်းအောင်လှိုင်တစ်ယောက် အာဏာရူးတာနဲ့မြန်မာတစ်နိုင်ငံလုံးဒုက္ခရောက်ရတယ်ကွာ" "မင်းအောင်လှိုင်မရှိရင် တော်လှန်ရေးကအောင်မြင်ပြီ" "မင်းအောင်လှိုင်သေမှအေးမှာ" "အခြားစစ်ဗိုလ်ချုပ်တွေကပါချင်တာမဟုတ်ဘူး၊ နီးရာဓားကြောက်လို့ဝင်ပါနေရတာ" စသည်စသည်ဖြင့် ပြောနေသံတွေကိုကြားရပါသည် ။ ထိုအယူအဆသည် အပြည့်အဝမမှန်ပါ။ မင်းအောင်လှိုင်အာဏာရူးသည်မှာမှန်ပါသည်။ မင်းအောင်လှိုင်သမ္မတရူးရူးနေသည်မှာမှန်ပါသည်။ သို့သော် ဤအာဏသိမ်းမှုတွင်တပ်မတော်မှ အငြိမ်းစားနှင့်လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ သဘောတူညီချက်မပါပဲ မင်းအောင်လှိုင်တစ်ယောက်တည်း ထင်ရာစိုင်းခဲ့ခြင်းမဟုတ်ပါ။

ထူးအောင်ဝင့်၏ ပုံနှိပ်ပြီးစာစုစာရင်း

Image
ထူးအောင်ဝင့်၏ ပုံနှိပ်ပြီးစာစုစာရင်း ၁။ လောကကိုပြောင်းလဲစေသည့် နီတိများ(၁) (ချင်းတွင်းသတင်းဂျာနယ်၊ ဇွန်(၂ဝ၁၃)) (ဇူလိုင် ၂ဝ၁၄၊ Sky Net Guide၊ အတွဲ(၂)၊ အမှတ်(၁၂)၊ စာမျက်နှာ(၇၃)) ၂။ လောကကိုပြောင်းလဲစေသည့် နီတိများ(၂) (ချင်းတွင်းသတင်းဂျာနယ်၊ ဇူလိုင်(၂ဝ၁၃)၊ အတွဲ(၂)၊ အမှတ်(၁၇)၊ စာမျက်နှာ(၁ဝ) (Sky Net Guide၊ ) ၃။ လောကကိုပြောင်းလဲစေသည့် နီတိများ(၃) (ချင်းတွင်းသတင်းဂျာနယ်၊ စက်တင်ဘာ(၂ဝ၁၃)၊ အတွဲ(၂)၊ အမှတ်(၂၂)၊ စာမျက်နှာ(၇) ၄။လောကကိုပြောင်းလဲစေသည့် နီတိများ(၄) (Sky Net Guide) ၅။ လောကကိုပြောင်းလဲစေသည့် နီတိများ(၅) (Sky Net Guide) ၆။ ပညာနဲ့သညာ (အကြင်နာအားမာန် လူငယ်စာစဉ်၊ ဇူလိုင်(၂ဝ၁၄)၊ စာမျက်နှာ(၅၆)) ၇။ ဝဿန်ကြိုသူများ (ချင်းတွင်းသတင်းဂျာနယ်၊ ဇွန်(၂ဝ၁၅)၊ အတွဲ(၄)၊ အမှတ်(၂ဝ)၊ စာမျက်နှာ(၁၁)) ၈။ အောင်မြင်ခြင်း၏ လျှို့ဝှက်ချက် (ချင်းတွင်းသတင်းဂျာနယ်၊ အောက်တိုဘာ(၂ဝ၁၅)၊ အတွဲ(၄)၊ အမှတ်(၃၉)၊စာမျက်နှာ(၁ဝ)) ၉။ တာဝန်ယူစိတ် (ချင်းတွင်းသတင်းဂျာနယ်၊ ဇန်နဝါရီ(၂ဝ၁၆)၊ အတွဲ(၄)၊ အမှတ်(၅ဝ)၊ စာမျက်နှာ(၁ဝ)) ၁ဝ။ အခွင့်အရေးယူတတ်ပါစေ (ချင်းတွင်းသတင်းဂျာနယ်၊ ဇန်နဝါရီ(၂ဝ၁၆)၊ အတွဲ(၅)၊ အမှတ်(၂)၊ စာမျက်နှာ(၇)) ၁၁။ ခရီးသွားခြင်း (ခ...

ကလောင်အမည် ထူးအောင်ဝင့်

Image
ကလောင်အမည် ထူးအောင်ဝင့်      ကျွန်တော် စာ စရေးတော့ ကလောင်အမည်တစ်ခုကို ရွေးထားပြီးသွားပြီ။ အဲဒီအမည်က ရသစာပေနဲ့ ပတ်သက်တာအတွက် ရည်ရွယ်ထားတော့ သုတ၊ ဒါမှမဟုတ် စိတ်ခွန်အားပေးတဲ့ စာစု၊ ဆောင်းပါးအတွက် ကလောင်အမည်တစ်ခုကို ထပ်ပြီး ရွေးချယ်ဖြစ်ခဲ့တယ်။ အဲဒီ ကလောင်အမည်ကတော့ " ထူးအောင်ဝင့် " ဆိုတဲ့ ကလောင်ပဲဖြစ်ပါတယ်။ ဒီကလောင်က ပထမကလောင်ထက် နှစ်လသားလောက် ငယ်ပါတယ်။    အခုတော့ ဒီကလောင်အမည်ကို ကာရန်ကဗျာတွေ ရေးတဲ့အခါ သုံးပါတယ်။ ရဲစိတ်ရဲမာန်နဲ့ သတ္တိခွန်အားပေးတဲ့ကဗျာတွေ အပုဒ်(၁၀၀)လောက် ရေးမယိစတ်ကူးထားပါတယ်။ ဆရာနေမင်းသန်း ဦးစီးတဲ့ ကဗျာမဂ္ဂဇင်းရယ်၊ ငွေတာရီ မဂ္ဂဇင်းရယ် ပို့ထားပါတယ်။ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့ စနစ်တကျ လုပ်ရတဲ့ကိစ္စတွေမှာ " ထူးအောင်ဝင့် " အမည်ကိုသုံးပါမယ်။ အခုဆိုရင် ထူးအောင်ဝင့် ဆိုတဲ့ ပညာမျှဝေပေးနေတဲ့ ပခေ့်ျလေးမှာ ဖန်(၂၄၀၀၀) ကျော်သွားပါပြီ။ ဟိုတယ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အဓိက ပေးဝေဖြစ်ပါတယ်။ အင်္ဂလိပ်စာ၊ စကားနဲ့ ပတ်သက်ပြီးလည်း မျှဝေသွားပါဦးမယ်။ အားလုံးကို လေးစားစွာဖြင့် ထူးအောင်ဝင့် (၈.၂.၂၀၂၁ နေ့လည် ၁း၀၆ မိနစ်)

ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း

Image
 ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း      ကျွန်တော် (၂၀၀၈) မှာ ရှဥ့်ညိုလေး ကလောင်အမည်နဲ့ စာစရေးတယ်။ (၂၀၁၃ ဧပြီ) လထုတ် ရွှေအမြုတေ မဂ္ဂဇင်း ရွှေနှလုံးသားကဏ္ဍမှာပါတဲ့ ခုထိအောင်လည်း က ပထမဦးဆုံး ပုံနှိပ်ခံရတဲ့ စာမူပါ။ (၂၀၁၃ ဇွန်) လထုတ် ချင်းတွင်းဂျာနယ်မှာ ထူးအောင်ဝင့် ကလောင်အမည်နဲ့ ပထမဦးဆုံးသော   ဆောင်းပါးကို ပုံနှိပ်ဖော်ပြ ခံရပါတယ်။ ဆောင်းပါးအမည်က လောကကို ပြောင်းလည်းစေသည့် နီတိများ ဆိုတဲ့ ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။      ရွှေအမြုတေ မဂ္ဂဇင်း၊ ကလျာ မဂ္ဂဇင်း၊ မဟေသီ မဂ္ဂဇင်း၊ မုခ မဂ္ဂဇင်းနဲ့ မြို့နယ်မဂ္ဂဇင်းတချို့မှာ ဝတ္ထုတိုတွေနဲ့ ရသစာတမ်းတွေကို ရေးဖြစ်ပါတယ်။   ဆောင်းပါးကိုတော့ အတွေးအမြင် မဂ္ဂဇင်း၊ Sky Net Guide Book နဲ့ ချင်းတွင်းဂျာနယ်မှာ ရေးခဲ့ပါတယ်။      လက်ရှိမှာတော့ ရွှေအမြုတေ မဂ္ဂဇင်း၊ မြဝတီ မဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်း၊ အတွေးအမြင် မဂ္ဂဇင်း တို့မှာ ရေးသားနေဆဲဖြစ်ပါတယ်။ ချင်းတွင်းဂုဏ်ရည် မဂ္ဂဇင်းမှာ လက်ထောက်အယ်ဒီတာအဖြစ်လည်းကောင်း၊ ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်လျှက် ရှိပါတယ်။     မြိ...

လမ်းညွှန်ကို လမ်းညွှန်ခြင်း

လမ်းညွှန်ကို လမ်းညွှန်ခြင်း ကျွန်တော် ရယ်ချင်မိတဲ့ အကြောင်းအရာလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်က ဌာနစိတ်တစ်ခုရဲ့ (Department Head) ပါ။ မနေ့ကကျွန်တော် (Round Check) လုပ်နေတုန်း ကောင်တာထိုင်နေတဲ့ ညီမငယ်က (Inter-call) ခေါ်တာနဲ့ အောက်ထပ်ဆင်းလာတော့ လမ်းညွှန်တစ်ခုရဲ့ ညီမငယ်လေးနှစ်ယောက် ရောက်နေတာကိုတွေ့တယ်။ စားပွဲပေါ်မှာတင်ထားတဲ့ စာအုပ်ကြီးမြင်တာနဲ့ ကျွန်တော်သိလိုက်ပြီ။