ကလောင်အမည် ထူးအောင်ဝင့်

ကလောင်အမည် ထူးအောင်ဝင့်

    ကျွန်တော် စာ စရေးတော့ ကလောင်အမည်တစ်ခုကို ရွေးထားပြီးသွားပြီ။ အဲဒီအမည်က ရသစာပေနဲ့ ပတ်သက်တာအတွက် ရည်ရွယ်ထားတော့ သုတ၊ ဒါမှမဟုတ် စိတ်ခွန်အားပေးတဲ့ စာစု၊ ဆောင်းပါးအတွက် ကလောင်အမည်တစ်ခုကို ထပ်ပြီး ရွေးချယ်ဖြစ်ခဲ့တယ်။ အဲဒီ ကလောင်အမည်ကတော့ " ထူးအောင်ဝင့် " ဆိုတဲ့ ကလောင်ပဲဖြစ်ပါတယ်။ ဒီကလောင်က ပထမကလောင်ထက် နှစ်လသားလောက် ငယ်ပါတယ်။
   အခုတော့ ဒီကလောင်အမည်ကို ကာရန်ကဗျာတွေ ရေးတဲ့အခါ သုံးပါတယ်။ ရဲစိတ်ရဲမာန်နဲ့ သတ္တိခွန်အားပေးတဲ့ကဗျာတွေ အပုဒ်(၁၀၀)လောက် ရေးမယိစတ်ကူးထားပါတယ်။ ဆရာနေမင်းသန်း ဦးစီးတဲ့ ကဗျာမဂ္ဂဇင်းရယ်၊ ငွေတာရီ မဂ္ဂဇင်းရယ် ပို့ထားပါတယ်။ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့ စနစ်တကျ လုပ်ရတဲ့ကိစ္စတွေမှာ " ထူးအောင်ဝင့် " အမည်ကိုသုံးပါမယ်။ အခုဆိုရင် ထူးအောင်ဝင့် ဆိုတဲ့ ပညာမျှဝေပေးနေတဲ့ ပခေ့်ျလေးမှာ ဖန်(၂၄၀၀၀) ကျော်သွားပါပြီ။ ဟိုတယ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အဓိက ပေးဝေဖြစ်ပါတယ်။ အင်္ဂလိပ်စာ၊ စကားနဲ့ ပတ်သက်ပြီးလည်း မျှဝေသွားပါဦးမယ်။

အားလုံးကို လေးစားစွာဖြင့်
ထူးအောင်ဝင့်
(၈.၂.၂၀၂၁ နေ့လည် ၁း၀၆ မိနစ်)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်