ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း

 ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း

    ကျွန်တော် (၂၀၀၈) မှာ ရှဥ့်ညိုလေး ကလောင်အမည်နဲ့ စာစရေးတယ်။ (၂၀၁၃ ဧပြီ) လထုတ် ရွှေအမြုတေ မဂ္ဂဇင်း ရွှေနှလုံးသားကဏ္ဍမှာပါတဲ့ ခုထိအောင်လည်း က ပထမဦးဆုံး ပုံနှိပ်ခံရတဲ့ စာမူပါ။ (၂၀၁၃ ဇွန်) လထုတ် ချင်းတွင်းဂျာနယ်မှာ ထူးအောင်ဝင့် ကလောင်အမည်နဲ့ ပထမဦးဆုံးသော   ဆောင်းပါးကို ပုံနှိပ်ဖော်ပြ ခံရပါတယ်။ ဆောင်းပါးအမည်က လောကကို ပြောင်းလည်းစေသည့် နီတိများ ဆိုတဲ့ ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။ 

    ရွှေအမြုတေ မဂ္ဂဇင်း၊ ကလျာ မဂ္ဂဇင်း၊ မဟေသီ မဂ္ဂဇင်း၊ မုခ မဂ္ဂဇင်းနဲ့ မြို့နယ်မဂ္ဂဇင်းတချို့မှာ ဝတ္ထုတိုတွေနဲ့ ရသစာတမ်းတွေကို ရေးဖြစ်ပါတယ်။   ဆောင်းပါးကိုတော့ အတွေးအမြင် မဂ္ဂဇင်း၊ Sky Net Guide Book နဲ့ ချင်းတွင်းဂျာနယ်မှာ ရေးခဲ့ပါတယ်။ 

    လက်ရှိမှာတော့ ရွှေအမြုတေ မဂ္ဂဇင်း၊ မြဝတီ မဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်း၊ အတွေးအမြင် မဂ္ဂဇင်း တို့မှာ ရေးသားနေဆဲဖြစ်ပါတယ်။ ချင်းတွင်းဂုဏ်ရည် မဂ္ဂဇင်းမှာ လက်ထောက်အယ်ဒီတာအဖြစ်လည်းကောင်း၊ ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်လျှက် ရှိပါတယ်။

    မြို့နယ်စာရေးဆရာအသင်း(မုံရွာ)မှာ ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်း(မုံရွာ)မှာ ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်လျှက် ရှိပါတယ်။

    အက်ဆေးစုစည်းမှုအဖြစ် စာရေးသူများအဖွဲ့နှင့် (၂၀၁၇)အက်ဆေးကို (၂၀၁၇) အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပြီး ဝတ္ထုတိုစုစည်းမှုအဖြစ် မုံရွာစာရေးဆရာ(၆)ဦးနှင့် ဆဌဂံအိပ်မက်ကို ထုတ်ဝေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဝတ္ထုတိုနဲ့ ရသစာတမ်းများကို https://shintnyolay.blogspot.com နဲ့  https://web.facebook.com/autorshintnyolay  တွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ဆောင်းပါးလေးများကိုတော့ https://htooaungwintt.blogspot.comနဲ့ https://web.facebook.com/authorhtooaungwint တို့တွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

ထူးအောင်ဝင့်

(၁၀.၂.၂၀၂၁ ည ၁၁း၀၄ မိနစ်) 

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်