Posts

Showing posts from 2026

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၅)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၅) ပြဒါးငုပ်ကို စမ်းတော့ ပြဒါးထဲကို စွပ်ကနဲ ငုပ်တယ်ဗျ ။ နောက်မှ သံလိုက်နဲ့ ကပ်လိုက်တော့ ချပ်ကနဲ လာကပ်ပါတယ် ။ ပြဒါးငုပ်က သံမလိုက်ရ. | ပြဒါးမကပ်ရ. | ပြဒါးငုပ်ရမည် | မှတ်တင်မခံရ (ရွှေဖြစ်မှာစိုးလို့ စျေးက ရွှေထက် အဆ ၂၀ လေ) | ကြေးတမျိုးမျိုး ဖြစ်ရမယ် ( ဓါတ်သားရောင်မရပါဘူး. ကြေးနီ ကြေးဝါ ကြေးဖြူ ကြေးနက် ရပါတယ် ဓါတ်သားရောနေသော အဖြူ အစက်ပျောက်များ ပါ၍မရပါ ) ကဲ ဒီလူဟာ လူလိမ်ပါပဲ ။ ဆိုင်ကယ်တွေ လိမ်သွား ငွေတွေလိမ်သွားနဲ့ သတင်းတွေ ကြားရပါတယ် ။ မူလတုန်းကတော့ လူကောင်းပါတဲ့ နောက်တော့ ဒီပစ္စည်းတွေ နောက်ကို လိုက်ရင်း မွဲသွားတော့ ကြံရာမရ ဖြစ်ကာ လူလိမ်ဖြစ်သွားတာပါ ။ တွေ့နိးတွေ့နိုးပေါ့လေ ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၄)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၄) မျှော်နေသူတွေ ရောက်ပါပြီ ။ ပါလာတဲ့ နမူနာ အတိုင်းစမ်းပြပါတယ် ။ ငွေပြား ဝါသွားပါတယ် ။ တခြမ်းဖိထားပြီး တခြမ်းကို ပွတ်ပါတယ် ။ အရောင်အနည်းငည် ကွာသွားပါတယ် ။ နောက် အတွင်းပိုင်းကို ချိုးကြည့်တော့ မဝါလို့ဆိုပြီး မဝယ်ဘူး ပြောပါတယ် ။ အေးသာယာ အဖွဲ့နဲ့ ဝယ်လက်တို့ စကားများကြပါတယ် ။ အမှန်တကယ်ဝယ်လက် မဟုတ်ပါဘူး ။ တင်ကြေး လိမ်စားနေတဲ့ ဝယ်လက် ဖြစ်ပါတယ် ။ အေးသာယာအဖွဲ့က ကျနော်တို့ကို ခရီးစရိတ် ၂ သိန်း လျှော်ပေးပါတယ် ။ ( မကွေးက သယ်လာရတာကိုး )

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၃)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၃) ကျနော်တို့ အပြင်သွား လက်ဖက်ရည်သောက်နေတုန်း ပစ္စည်း ရောက်လာတော့ သူတို့ချည်း စမ်းသပ်ပါတယ်တဲ့ ။ နားမလည်ပဲ မီးသွေးမီးဖို ပေါ်ကို စတီးပုဂံထဲထည့်ပြီး တင်ပါသတဲ့ ။ ခဏနေတော့ ပြဒါးတွေ ယိုလာပါတယ် ။ အဲဒါကို အယိုမရပ်မချင်း မီးသွေးတွေ ထည့်ထိုးသတဲ့ ။ ကြာတော့ အရုပ်ရဲ့ အောက်ခံခုံ အရည်ပျော်မှ ရပ်ပစ်တယ်တဲ့ ။ အမှန်က အရုပ်ကို ဖယောင်းတိုင်မီးနဲ့ အပူပေးလည်း ရပါတယ် ။ ဒါမှမဟုတ် စတီးပုဂံထဲက အရုပ်အောက်ခြေမှာ မီးကျီးခဲ အနည်းငယ် ထားပေးလည်း ရပါတယ် ။ ပြဒါးကို ၁၀ သားအရုပ်ဆိုရင် ငါးမူး နဲ့ တကျပ်သားကြား ထုတ်ပါတယ် ။ ဒီလို ၅၀ သားအထက်ဆိုရင် လေး ငါး ကျပ်သားပဲ ထုတ်လို့ရပါတယ် ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၂)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၂) ကျနော်တို့လည်း ဓါတ်မီးကနေ အရောင်ပြန်တွေနဲ့ လက်နေတဲ့ အရာကို အနီးကပ် သွားကြည့်လိုက်ပါတယ် ။ သဘာဝအတိုင်း ဖြစ်နေတဲ့ ကျောက်ခက်ပန်းဆွဲလို အရာဟာ လူတွေထုဆစ်ထားတဲ့ ပန်းဆိုင်းတွေလို အလွန်လှပတဲ့ ပြဿဒ်သဖွယ် ဖြစ်နေတဲ့ အရာတခုကို တွေ့ရပါတယ် ။ အရွယ်အစားကတော့ သာမန်အိမ်တွေက ဘုရားစင်မှာ ရှိတတ်တဲ့ အမြင့် ၂' အလျှား ၃' အနံ ၂' လောက်ပဲ ရှိပါတယ် ။ ပုံသဏ္ဍန်က ကရဝိတ်ဟော်တယ် အပေါ်ပိုင်းနဲ့ နီးစပ်ပါတယ် ။ အောက်က ထုံးကျောက်နဲ့ တွဲနေပါတယ် ။ စလင်းလည်းမဟုတ်တဲ့ မြင်းစားကျောက်လို ပြောင်းလက်တောက်ပနေတဲ့ ကျောက်တွေ နဲ့ ဖြစ်တည်နေပါတယ် ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၁)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၁) အက်ဆစ်ရိုင်းနံ့တွေ မွှန်နေတဲ့ နေရာမှာ ခပ်မဲမဲ ကျောက်တန်းတခုကို တွေ့ရပါတယ် ။ ဒါနဲ့ လေတင်ဖက်ကို ရွှေ့ပြောင်းကြရပါတယ် ။ အန္တရာယ်များတယ်ဗျ ။ ဒါနဲ့ ဘေးနားက အစွန်းကို တူနဲ့ ရိုက်ချိုး ပါတယ် မရပါဘူး အတော်လေး မာပါတယ် ။ နောက်မှ တယောက် တလှည့် စို့နဲ့ ရိုက်လိုက် ပြန်ပြေးလာလိုက် လုပ်ရပါတယ် ။ အဲဒါ တနာရီခွဲလောက် မနေမနား ထုမှ ၃ ပိဿာလောက် အတုံးရပါတယ် ။ ကျနော်လည်း အဲဒီအတုံးကို ကျွတ်စထဲ ထည့်ပြီး လေလုံအောင် ထည့်ထားပါတယ် ။ နောက် ကျောက်တန်းကြီး ပေါ်မှာ လေးလက္မသံချောင်း သွားထားခဲ့ပါတယ် ။ အတော်ဝေးဝေးကနေ ကြည့်နေပါတယ် ။ တုတ်တုတ်မလှုပ်ပါဘူး ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၀)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၀) ပစ္စည်းတခုက ကျောက်တုံးလေးပါ ။ အဲဒီကျောက်တုံးလေးထဲနေ ဝါဂွမ်းလို အဖြူရောင်လေးတွေ ဆွဲနုတ်ယူလို့ ရနေပါတယ် ။ ထူးခြားတာက အဲဒီဝါဂွမ်းကို မီးရှို့ရင် မီးမလောင်တာပဲ ဖြစ်ပါတယ် ။ ကျနော်တို့ စာသင်ဖူးတဲ့ ကျောက်ဂွမ်း ဆိုတာများလား ( ကိုယ်တိုင်လည်း တိတိကျကျ မသိပါဘူး) သေချာတာက အဲဒီဂွမ်းစကို ချည်ငင်ပြီး အဝတ်အစား ချုပ်ထားရင် တော်ရုံမီး မလောင်နိုင်တာ သေချာပါတယ် ( မီပေါင် ဘယ်လောက်ထိ ခံနိုင်မလဲဆိုတာကိုတော့ စနစ်တကျ သုတေသန ပြုမှ သိနိုင်ပါမယ် ကျနော် စိတ်ကူးမိပါတယ် မိုက်ကာ(လချေး) ပြားကလည်း စက္ကူလောက်ပါးတာတောင် ဖယောင်းတိုင်မီးနဲ့ရှို့တာ မလောင်ဘူးဆိုတော့ ဒီကျောက်ဂွမ်းက မိုက်ကာ ပေါင်းပြီး အဆင့်မြင့် မီးသတ်ဝတ်စုံ ထုတ်လို့ ရလောက်တယ်ပေါ့ ။

သတ္တုလောကနဲ့ သရဲဖမ်းနေသူများ (၁၉)

Image
သတ္တုလောကနဲ့ သရဲဖမ်းနေသူများ (၁၉) တကယ်တော့ ဒီဓါတ်လုံးဟာ ဘာမှ မစွမ်းလှပါဘူးဗျာ ။ အဂ္ဂိရပ်လောကကို မူလတန်း အလယ်တန်း အထက်တန်း နဲ့ ဘွဲ့ရ ရယ် ပါရဂူရယ် ဆိုပြီး အဆင့်ခွဲထားလိုက် ။ အထက်တန်း အဆင့်ဆိုရင် လုပ်တတ်ကြပါတယ် ။ ဓါတ်လုံးကို လက်နဲ့ ပွတ်လိုက် ပြာလို လို အဖြူလေးတွေ အချိုမှုံ့ချောင်းလေးတွေလို ထွက်လာပါတယ် ။ တချို့လည်း ချွေးပြန်သလို ထွက်လာတတ်ပါတယ် ။ အဲဒီ ပြာအထွက်ရပ်စေချင်တယ်ဆိုရင် ဓါတ်လုံးကို မီးဖုတ်ပေးရပါတယ် ။

The importance of constructivism in Education

Image
To what extent do you agree with the importance of constructivism in Education? How do you apply concepts of constructivism in your teaching?

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၈)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၈) သူတို့ဦးလေး အခု ဆေးရုံပြချင်လို့ သူဌေးက တတ်နိုင်သလောက် ငွေကြိုပေးပါတဲ့ ။ (အတည်ပြု စစ်ဆေးဖို့ ပညာရှင် စောင့်နေဆဲပါ) ။ လူနာကြီးကလည်း မျက်စေ့အောက်မှာ ရောက်နေပြီ ပစ္စည်းကလည်း ဟိုတယ်ထဲမှာ သေတ္တာနဲ့ ထည့်သိမ်းထားပြီးပြီ ဆိုတော့ သူဌေးက သိန်း ၃၀ ပေးလိုက်ပါတယ် ။ ( ပစ္စည်းမှန်ပြီဆိုရင် သိန်းပေါင်း သောင်းချီ တန် တာကိုး ) ဒီလိုနဲ့ ပစ္စည်းရှင် ဆိုတဲ့သူတွေ ဟိုလိုလို ဒီလိုလိုနဲ့ တယောက်ပြီး တယောက် ပျောက် ပျောက်သွားပါတယ် ။ နောက် ပညာရှင်ဆိုတဲ့ လာလည်း လာရော တယောက်မှ မရှိတော့ဘူး ။ ကလောမြို့ထဲ လိုက်ရှာတယ် မတွေ့တော့ဘူး ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၇)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၇) ကိုမြင့်ဦးက ပြောပါတယ် ခဏလေး ငွေထုတ်နေလို့ပါတဲ့ ။ ခဏနေတော့ လမ်း ၃၀ သွားရမယ်ဆိုပြီး ပြောပါတယ် ။ ဆေးရုံကြီး ခေါင်းရင်းက လမ်းဒေါင့် ဆိုင်မှာ တွေ့ရပါတယ် ။ အတုလုပ်ထားတာပါတဲ့ ။ ငွေမတင်ပါဘူးတဲ့ ပြောပါတယ် ။ ကိုသက်တဲ့ လူက အရပ်အတော်မြင့်ပါတယ် ၅'၈" ရှိတဲ့ ကျနော် မော့ကြည့်ရပါတယ် ။ အနည်းဆုံး ၆'၃" လောက် ရှိပါမယ် ။ စကားပြောရင်းနဲ့ နောက်ဆုံး တင်ငွေ တာဝန်ယူပါတယ်ဆိုတဲ့ စစ်ကိုင်းက ကိုမြင့်ဦးကို ပြောရပါတယ် ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၆)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၆) "မနေ့ညက ရွာထဲမှာ တောက လာပြီး ပစ်သွားတယ် " "ဘာဖြစ်လို့လည်း ရဲစခန်းလည်း မရှိ စရဖ လည်း မရှိနဲ့" (ယခင် နှစ်က နွားမှောင်ခို ပြဿနာ နဲ့ ရဲစခန်းအား ပစခတ်တိုက်ခိုက်ခံရသဖြင့် ရဲစခန်းအား ပိတ်ခဲ့ရာ စရဖ လည်း မရှိတော့ပါ) "မဟုတ်ဘူး ဒီတခါလာတာ ရွာဥက္ကဌဆီလာတာ" "ဥက္ကဌက ဘာဖြစ်လို့လဲ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၅)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၅) နောက်ထပ်ထူးခြားချက်တခုက အဲဒီပြေးနေတဲ့ ဓါတ်လုံးလေးဟာ သူ့ရဲ့မူလထည့်ထားတဲ့ ရဟန္တာရုပ်လေးနဲ့ ထိလိုက်တာနဲ့ ချက်ခြင်း ငြိမ်သွားတာပါပဲ ။ အဲဒါကလည်း ဘာသတ္တုနဲ့ ထိုးထားသလဲ ဆိုတာ အဂ္ဂိရပ်ဆရာတွေ ကိုယ်တိုင် မသိကြပါဘူး ။ ဟုတ်ပြီ ဒါကို ရောင်းဖို့ စုံစမ်းပေးမယ် ဘယ်လို အကြောင်းပြန်ရမလဲဆိုတော့ ပင်ဖြစ်မှာပဲ ပြောထားပါတဲ့ ။ နောက်တခုလည်း ထပ်ကြည့်ပေးပါဆိုပြီး အရုပ်သေးသေးလေး တခု ထုတ်ပြပြန်ပါတယ် ။ မျောက်ရုပ်ကလေးပါ လက်သန်းအပေါ်ဆစ်ရဲ့ တခြမ်းစာလေးပါပဲ ။

The importance of humanism in Education

Image
To what extent do you agree with the importance of humanism in Education? How do you apply concepts of humanism in your teaching?

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၄)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၄) ကိုးသားကြီးက ကန့်ကွက်တာပါ ။ သံယောင်လိုက်တာ ကိုတိုး လှိုင်က်ာသား နှစ်ယောက်က ကန့်ကွက်တာပါ ။ သူတို့ကို ခေါ်လာခဲ့ရတာ ကုန်ကျစရိတ်အားလုံး ကျနော်တို့ တာဝန်ယူလာရတာပါ ။ ကျနော်မေးမိပါတယ် "ဒီလူကို ခေါ်တာ ဘာဖြစ်လို့ ခင်ဗျားတို့က ကန့်ကွက်တာတုန်း" "ပစ္စည်း အောင်မြင်ခါနီးမှ တွေ့တဲ့သူ ခေါ်တော့ ဝေစု နည်းသွားမှာပေါ့"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၃)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၃) ဒါးသွေးပြီး ပြန်ယူလာပါပြီ ။ ဒီဝယ်လက်က တနာရီ ကြာအောင် ထားမယ် ပြီးရင် တနာရီ နားမယ် ပြီးရင် နောက်တပင် နာရီဝက် ထားမယ် အောင်ရင် ဝယ်မယ်ပေါ့ ။ တပင်အောင်ရင် ခရီးစရိတ်ပေးစရာမလိုဘူး မအောင်ရင် ခရီးစရိတ် ၁ သိန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ပါ ။ ငှက်ပျောပင်ကို ခုတ်ပါတယ် အူထွက်လာလို့ နောက်တကြိမ် ထပ်တိပြီး တင်လိုက်ပါတယ် ။ မျက်နှပြင်က ငါးမိနစ်မှာ မဲစပြုလာပါတယ် ။ အားလုံးကတော့ ရေနွေးသောက်လိုက် ထကြည့်ပေါ့ ။ မိနစ် ၄၀ ကျော်လာတော့ ရင်ခုန်လာပါပြီ ။ နောက်ဆုံး ၄၅ မိနစ် ထကြည့်တဲ့ အထိ အဆင်ပြေ ပေမယ့် ၅၁ မိနစ်မှာ စတက်လာပါတယ် ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၂)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၂) ပဲဆီရောင် ဝင်းဝါနေတဲ့ ၇' ၈' လောက်ရှိတဲ့ အတုံးကြီးတွေပါပဲ ။ ကျနော် ကြည့်ခဲ့ရတဲ့ VCD ထဲက မြင်ကွင်းပါပဲ ။ သူတို့ ရိုက်ဖဲ့ပြီး ရှေ့ဆက်သွားပါတယ် ။ ကျနော်လည်း သူတို့နောက်ဆက်မလိုက်တော့ပဲ ဂူထဲကို လေ့လာမိပါတယ် ။ ကျောက်ခက်ပန်းဆွဲတွေလည်း အများကြီးပါပဲ ။ တနေရာမှာ ချောက်ကြီး ဖြစ်နေပါတယ် ။ ကျနော်လည်း ဓါတ်မီးထိုးကြည့်တော့ အောက်ထိ မမြင်ရပါဘူး ။ ဒါနဲ့ ဘေးနားက လက်တဆုပ်လောက်ရှိတဲ့ ကျောက်ခဲ ပစ်ချ ကြည့်ပါတယ် ။ ၇ စက္ကန့်မှာ ဘုတ်ဆိုတဲ့ လှိုင်သံ ကြားရပါတယ် ။ ( ရူပဗေဒအရ တွက်မလို့ပဲ ဒါပေမယ့် ဖေါ်မြူလာ မေ့သွားလို့ ချောက်ရဲ့ အနက်ကို မှန်းမရတော့ပါဘူး )

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၁)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၁) "အဲဒါ ရတနာတန်းဝင် ပစ္စည်းမဟုတ်ပါဘူး" "ဒါဆို ဘာလဲ ဘော့စ်" "garnet (ဂါးနက်) ဥဒေါင်ကျောက်ပေါ့ဗျာ အမာဆင့် ၅ ပဲရှိတယ်လေ" "ဘယ်နေရာမှာ သုံးလဲ ဘော့စ်"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၀)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၁၀) နောက်ဆုံးအကြိမ်ကိုလည်း အောင်မြင်စွာ စမ်းနိုင်ခဲ့ပါတယ် ။ သူဌေးကလည်း အလွန် သဘောကျသွားပါတယ် ။ ငွေကိုလည်း သူဖုန်းဆက်လိုက်တာနဲ့ ၃ မိနစ် မကြာဖူး လာပေးပါတယ် ( ခပ်လှမ်းလှမ်းမှာ အခြားကားတစီးနဲ့ အသင့် စောင့်နေတာပါ ငွေကလည်း နည်းတာကိုး) ကျနော်တို့ ပွဲခ ၂၀% အဖြစ် ၆၀ ရပါတယ် ။ ဝယ်လက်သူဌေးကို ခေါ်လာတဲ့သူရယ် ရပ်စောက်သူဌေးရယ် ကျနော်ရယ် ၂၀. စီရခဲ့ပါတယ် ။ အံ့သြစရာ အဂ္ဂိရပ် ပညာရှင်များ အကြောင်း ထပ်မံပြောပြ ပါအုံးမယ် ။ နောက်ထပ်ပညာရှင်တွေ အဆန်းတကျယ် မြန်မာ့ ဓါတ်ပြုနည်း ( ဓါတုဗေဒ ပညာ ရှင်) တွေအကြောင်းပေါ့ ။

How do you apply?

Image
To what extent do you agree with Behaviourism? How do you apply concepts of behaviourism in your teaching?

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၉)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၉) ပိုင်ရှင်က ကိုအေးဇော် တဲ့ ဗျ ။ အေးသာယာက ကျနော့် မိတ်တွေ ကိုအေးကျော်ရဲ့ ညီအရင်းပဲဗျ ။ ကိုအေးဇော် နဲ့လည်း ကျနော် ရင်းနှီးပါတယ် ။ အမှတ်တရ ဖြစ်စဉ်ပြန်ပြောပါရစေ ။ ကျနော့်မိတ်ဆွေ ကိုအေးကျော်နဲ့ ပါတ်သပ်ပြီး အခုပြောခဲ့ ကိုအေးဇော်ဆီ အင်ကြင်း သစ်တွေ ရောင်းပေးခဲ့ဖူးတယ် ။ ပင်လောင်းက အင်ကြင်းသစ် မထွက်ပါဘူး ။ အရေးတကြီး လိုနေလို့ပါ ဆိုတာနဲ့ ကျနော့်အသိဆီက အင်ကြင်းသစ် တွေ ယူပြီး သွားပို့တာပါ ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၈)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၈) "ကျွန်းနက် တစ်တန်ကို ၁၂ သိန်းပေးမယ်" "ဗျာ ဘယ် လောက် ?" "၁၂. သိန်း" "ကဲ အဘရေ ကျနော်ပြန်မယ်" " နေပါအုံး စျေးနည်းလို့လား" "နည်းဆို ကျွန်းစင်းဖိုးကို မရှိဘား" ( ကျွန်းက တွေ့တွေ့နေကျ အကွက်လို မဟုတ်ပဲ အကွက်နေရာမှာ မျည်းဖြောင့်လို အစင်းတွေပါနေတဲ့ ကျွန်း အဲဒီအချိန်က တစ်တန် ၁၈ သိန်း ရပါတယ်) "စျေးတိုးပေးလို့ မရဘူးလား လောပန်း"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၇)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၇) " ဟာ ဘယ်လို ဖြစ်တာလည်း" "ဘာဖြစ်လို့လည်း ကိုမျိုး " " ဒီမှာ ကြည့်လေ ခင်ဗျားတို့ဟာ နှစ်ခု ပူးနေတာပဲ" "အေးလေ အဲဒီလို ဖြစ်ရမှာဆို"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၆)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၆) "ဒီလိုကွ ရှားပါးပစ္စည်းဆိုတော့ အဆောင်အနေနဲ့ သိမ်းထားတော့မယ် မရောင်းတော့ဘူး" "တပည့်တော်ကို ပြောတော့ ရောင်းမလို့ ဝယ်လက်ရှာပါဆိုလို့ အခု ခေါ်လာတာ ဘုရား " "အေးကွ ငါလည်း ပြောပြီးမှ နှမျှောနေလို့" "ရပါတယ် ဘုရား မရောင်းချင်လည်း သိမ်းထားပါဘုရား တပည့်တော်တို့ကို ပြန်ခွင့်ပြုပါဘုရား"

‘Metaphysics’၊ ‘Epistemology’ နှင့် ‘Axiology’

Image
What do you understand by the terms Metaphysics, Epistemology, and Axiology how do you apply them in your teaching?

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၅)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၅) " ဘယ်လို လုပ်မလဲ ပြောကြည့်ပါ" "မူလ ပြောထားတဲ့ စျေး ၂၀၀ မယူနဲ့ဗျာ ကျနော်လည်း ဟိုဖက်ကို ပြန်ရောင်းရမှာ ဆိုတော့ သူတို့ကြိုက်မကြိုက် မှန်းမရသေးဘူး" "ဘယ်လောက်ပေးမလဲ " "၅၀ ထားဗျာ ကျနော် စွန့်ပြီး ဝယ်သွားမယ်" "ကဲ ပိုင်ရှင် နဲ့ ပြောပါဗျာ" " ဟ ဆရာတို့. နင်တို့က ပွဲခ ၄၀ ဆိုတော့ ငါ့အတွက် ၁၀ ပဲ ကျန်မှာ မကိုက်ဖူးလေ" " ဒီလို ဘယ်ဟုတ်မလဲ အဘရဲ့ ၂၀၀ ဆိုရင်သာ ၄၀ (၂၀%) ပေးရမှာလေ ၅၀ ဆိုရင် ပွဲခ ၁၀ သိန်းပေါ့ " "ကဲ ဗျာ ဒီလိုလုပ်လိုက် အဘ က သိန်း ၆၀. ပွဲခ ၂၀ စုစုပေါင်း ၈၀ ပေးလိုက်မယ် အဆင်ပြေမလား"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄) "နင်တို့ ဝယ်မယ်ဆိုရင် ငါ့ရွာမှာ လာဝယ်ရမယ်နော ဒီရွာ (ကျောက်ဆုံ) ကို လာမရောင်းဘူး" "ခင်ဗျားရွာက ဘယ်ရွာလဲ" "******* ရွာလေ " " ဟာ ဆိုင်ကယ်တောင် စီးမရတဲ့ရွာလေ ဘယ်သူဌေးက လာမလဲဗျ ကားလမ်းပေါက်ရင်တောင် မနည်းခေါ်ရမှာ" "မသိဘူး ငါလည်း ငွေအများကြီးနဲ့ သူများမယုံဘူး" ( ကျောက်ဆုံသားတွေကပဲ လုယူမလိုလို ဗျ ပြောပေါက်က) " ဒါဆိုလည်း ရပ်စောက်ကို လိုက်ရောင်း တခါတည်း ဘဏ်စာရင်းဖွင့်ပြီး ပေးလိုက်မယ် ခင်ဗျား ဘဏ်စာအုပ်ပဲ ယူသွားပေါ့ "

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃) " ဒီအတိုင်းတော့ အစမ်းမခံနိုင်ဘူး ဝယ်မဲ့ငွေ ပြမှ အစမ်းခံမယ်" " ကျုပ်က ဝယ်လည်း မဝယ်ဘူး စိတ်လည်း မဝင်စားဘူး ပြန်တော့ဗျာ" "ဒီလိုတော့ မလုပ်ပါနဲ့ အရောင်းအဝယ်ဖြစ်အောင် လုပ်ပေးပါ " "ခင်ဗျားတို့ ပစ္စည်း ကြည့်ပြီး စမ်းပြီးမှ ရမှာပေါ့ စျေးထဲက ကြက်သွန် ငရုတ်တောင်မှ ကြည့်ပြီးမှ ဝယ်တာလေ " "ဟုတ်ပါတယ် ဆရာ ကဲ ကဲ ပြလိုက်ကွာ ပစ္စည်း "

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂) ၄၅. မိနစ်လောက်ထိ ပြန်မလာတော့ ပွဲစားတွေ လိုက်ရှာကြပါတယ် ။ နောက်ဆုံး ဘယ်လိုမှ ရှာမရတော့ အားလုံးတိုင်ပင်ပြီး သေတ္တာကို ရိုက်ဖွင့်ပါတယ် ။ တမိုက်လောက်ရှိတဲ့ ထိုင်ကိုယ်တော် မဲမဲလေးတွေ့ရပါတယ်။ ရုံထားတဲ့ သဃန်းက ပြောင်းပြန်ရုံထားတာပါ ( ဒါကြောင့် ဘုရားမဟုတ် ညာတင်ကုတ်လို့ ဆိုထားတာပါ) လှုပ်ကြည့်တော့ အတွင်းက ဂလောက် ဂလောက်ဆိုတဲ့ အသံကြားရပါတယ် ။

စစ်မှန်သည့် ဆရာကောင်းတစ်ယောက် ဖြစ်လာရန်

Image
ဆရာတစ်ယောက် အနေနှင့် အသိပညာဗဟုသုတကို မြှင့်တင်ရန်၊ စစ်မှန်သည့် ဆရာကောင်းတစ်ယောက် ဖြစ်လာရန် ဘယ်လိုကြိုးစားရသလဲ           ယျေဘူယျအားဖြင့် ဆရာတို့သည် တူညီသည့်အတန်းတွင် တူညီသည့် ဘာသာရပ်ကို သင်ရိုးအတိုင်း သင်နေသည့်တိုင် တစ်ဦးနှင့်တစ်ဦး သင်ကြားသည့်ပုံစံ၊ သင်ကြားနည်းကတော့ မတူနိုင်ချေ။ ထို့ကြောင့် ရလဒ်လည်း တူညီနိုင်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဆရာတစ်ဦး၏ ဝါသနာ၊ ဗီဇနှင့် ပတ်ဝန်းကျင် မတူညီ သောကြောင့် ဖြစ်သည်။ ဆရာတစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်ဟန် (Own teaching style) နှင့် ပါရမီဗီဇ (Talent) ရှိနေကြပါသည်။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ(၁)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ(၁) ကျနော်နဲ့ သစ်လောက အကြောင်း ရေးပြီးတော့ ဒီအကြောင်းတွေကို ဆက်ရေးဖို့ အကြိမ်ကြိမ် စဉ်းစားရပါတယ် ။ ဘာလို့လဲဆိုတော့ အဖြစ်မှန်တွေဆိုတော့ ဒီအကြောင်းရေးရတာ အန္တရာယ်များလို့ပါပဲ။ နောက်တချက်က ကာယကံရှင်တွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း စဉ်းစားရပါတယ် ။ လူသိများတဲ့ သူဌေးတွေ | အနုပညာရှင်တွေ | လက်ရှိလက်နက်ကိုင်အဖွဲ့တွေ | ယခင်ခေတ်ထောက်လှမ်းရေးအရာရှိကြီးတွေ | မြန်မာပြည်တလွှားက ဂမ္ဘီရ သမား လူလိမ်တွေအကြောင်း လိမ်ပုံ လိမ်နည်း ပေါင်းစုံ ဂွင်ဆင်ပုံ ဒါတွေကို ရေးရမှာ ဖြစ်ပါတယ် ။