How do you apply?

To what extent do you agree with Behaviourism? How do you apply concepts of behaviourism in your teaching?

နိဒါန်း

          Behaviour ဆိုသည်မှာ အပြုအမူကို ပြောခြင်း ဖြစ်သည်။ ‘Education’ သည် လူအများ၏ အသိပညာ၊ အပြုအမူနှင့် လုပ်ဆောင်မှုပိုင်းတွင် ပို၍ကောင်းလာအောင် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ လူတစ်ယောက်၏ အပြုအမူသည် ပင်ကိုယ်နှင့် ဆိုင်သည်ဟု ယူဆလက်ခံထားလျှင် ‘Nature’ ကို လက်ခံထားသူဖြစ်သည်။ လူတစ်ယောက်၏ အပြုအမူနှင့် အကျင့်စရိုက်ကို မိဘ၊ ဆရာနှင့် ပတ်ဝန်းကျင်က ပြုပြင်ပြောင်းလဲနိုင်သည်ဟု ယူဆလက်ခံထားလျှင် ‘Nuture’ ကို လက်ခံထားသူ ဖြစ်သည်။

          Behaviourism

          ‘Behaviourism’ ကို လက်ခံသည့် ပညာရှင်များကမူ ကျန်းမာမည်၊ ဦးနှောက်ကောင်းမည်ဆိုလျှင် လိုချင်သည့်ပုံစံကို ထုဆစ်နိုင်သည်ဟု ယုံကြည်ကြ သည်။ အတွေးအခေါ်အယူအဆတစ်ခုသာ ဖြစ်သည်။ လူတွေကို သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များတွင် ‘Behaviourist’ အပြုအမူသမားကို ထည့်သွင်းအသုံးပြုခြင်းသည် ကောင်းသည်။  

သင်ကြားရေးလုပ်ငန်းစဉ်တွင် ပတ်ဝန်းကျင်သည် အလွန်အရေးကြီး ပါသည်။ ဥပမာ အင်္ဂလိပ်စာ၊ စကား ကျွမ်းကျင်လိုသူကို ထိုစာ၊ ထိုစကား အသုံးပြုသည့် တိုင်းပြည်နိုင်ငံသို့ ငယ်စဉ်ကတည်းက ပို့ထားလိုက်မည်ဆိုလျှင် အလွယ်တကူပင် ရေးနိုင်ပြောနိုင်ပေလိမ့်မယ်။ ဤသည်ကို ကြည့်၍ ‘Behaviourism’ က အရေးကြီးသည်။ Environment က အရေးကြီးသည်ကို သိနိုင်ပါသည်။ အင်္ဂလိပ်စာ၊ စကား ကျွမ်းကျင်စွာ ရေးလို၊ ပြောလိုသူကို ထိုထိုသော တိုင်းပြည်နိုင်ငံသို့ မပို့နိုင်စေကာမူ အင်္ဂလိပ်စာ၊ စကားအမြဲအသုံးပြုသည့် ဝန်းကျင်တစ်ခုကိုတော့ သင်ကြားပေးမည့်သူများအနေဖြင့် ဖန်တီးပေးနိုင်ပါသည်။ ပတ်ဝန်းကျင်သည် ကောင်းခြင်း၊ ဆိုးခြင်းတို့ကို လူတစ်ယောက်က ဖန်တီးနိုင်ပါသည်။ ကိုယ်လိုချင်သည့် ပန်းတိုင်ရောက်စေရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဆရာ၊ ဆရာမတို့က ဖန်တီးပေး နိုင်ရမည်။

          Behaviourism တွင် Assumsion (5)ခု ရှိသည်။

၁။ Individual and social survival

လူတစ်ယောက်ချင်းစီ၏ Survival ရှင်သန်ရပ်တည်ဖို့အရေးကြီးပါသည်။ ကိုယ်သင်ယူထားသည့်ပညာနှင့် ရပ်တည်နိုင်မှုဖြစ်သည်။ သင့်တော်တဲ့ စည်းကမ်း၊ ဥပဒေ ရှိရမည်၊ လိုက်နာရမည်။ Behaviourism သည် မှန်ကန်သည့်အပြုအမူကို တည်ဆောက်ပေးသည်။ ကျောင်းများတွင် ထိုသို့ဖြစ်စေခြင်း၊ လိုက်နာစေခြင်းသည် Behaviourism Appoch ကို အသုံးချခြင်းပင် ဖြစ်သည်။

၂။ Teacher must create an environment

အသက်ရှင်ရပ်တည်ရှင်သန်မှုကို သေချာစေသော အမူအကျင့်များကို ဖော်ဆောင်နိုင်ရန်အတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်ကို ဆရာက ဖန်တီးပေး ရမည်။

၃။ Mastery learning and standards-based education

Behaviourist အယူအဆများတွင် ကျွမ်းကျင်သော သင်ယူမှုနှင့် စံချိန်စံညွှန်းမီ အခြေခံပညာရေးတို့ ပါဝင်သည်။

၄။ Put on skill acquisition and learning

ကျွမ်းကျင်မှုရယူခြင်းနှင့် သင်ယူနည်းကို အလေးထားရပါမည်

၅။ Importance of the environment

Behaviourism သည် သင်ယူသူအား ပုံဖော်ရာတွင် ပတ်ဝန်းကျင်၏ အရေးပါမှုကို အလေးပေးသည်။

Apply concepts of behaviourism

လူအများ၏ မှန်ကန်သည့်အပြုအမူ၊ လူသားဆန်သည့်အပြုအမူနှင့် လူသား တစ်ယောက် ပီသသည့် အပြုအမူများ ရှိနေမည်ဆိုလျှင် ထိုလူ့အဖွဲ့အစည်းသည် အမြဲရှင်သန်တိုးတက် နေမှာပင်ဖြစ်သည်ဆိုသော ယုံကြည်လက်ခံမှုသည် ‘Behaviourism’ ဖြစ်သည်။

          “ကလေးတွေကို ဘယ်လိုထိထိရောက်ရောက် သင်ပေးရမလဲဆိုတာကို ဆရာဆရာမတွေက သင်ယူထားရမယ်” ဟု Brittaney က ဆိုထားသည်။

          “ကလေးတစ်ယောက်ကို အောင်မြင်အောင်၊ ကျရှုံးအောင်၊ ရည်ရွယ်ချက် ပေါက်မြောက်အောင် ဆိုတဲ့နေရာမှာ ဆရာပေါ်မှာ အဓိက မူတည်တယ်” ဟု Watson က ယူဆသည်။

          Behaviourism သမားများ အသုံးပြုသည့်နည်းမှာ Observation လုပ်ခြင်း ဖြစ်သည်။

          စာသင်ခန်းထဲ မဝင်ခင်ကတည်းက ဆရာက အဘယ်ကဲ့သို့သော Behaviour လေးတွေကို မွေးမြူပေးမည်၊ အဘယ်ကဲ့သို့သော Behaviour လေးတွေကိုတော့ ထိမ်းချုပ်မည် စသည်ဖြင့် ရှိထားပြီး ဖြစ်ရမည်ဖြစ်သည်။

          Behaviourism သည် အတွင်းစိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်ထက် မြင်နိုင်သည့် သိသာထင်ရှားသော အပြုအမူများကို အာရုံစိုက်သည့် သီအိုရီတစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံခြင်းမှ သင်ယူစေပြီး ပုံသွင်းခြင်းလည်း ဖြစ်သည်။

          ကျောင်းသား၊ ကျောင်းသူ၏ အမူအကျင့်ကို လွှမ်းမိုးပြုပြင်နိုင်ခြင်းကြောင့် သင်ကြားသည့် ဆရာ၊ ဆရာမအများစုက Behaviorism ကို သဘောတူ နှစ်သက်ကြသည်။ တချို့ဆရာ၊ ဆရာမတို့ကမူ အတွေးအခေါ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို လစ်လျူရှုရာရောက်သောကြောင့် အပြည့်အဝသဘောတူ နှစ်သက်ခြင်း မရှိကြခြေ။ မည်သို့ပင်ဆိုစေကာမူ Behaviorism ၏ အားသာချက်များ လည်း ရှိပါသည်။ ၎င်းမှာ စာသင်ခန်းစီမံခန့်ခွဲမှုတွင် ထိရောက်သည်။ သင်ကြားရေးရည်ရွယ်ချက်များကိုလည်း ပေါက်မြောက်အောင်မြင်မှုရှိမရှိ တိုင်းတာရာ တွင် အထောက်အကူဖြစ်စေသည့် အကဲဖြတ်ချက်များကို ထောက်ကူပေးသည်။ တသမတ်တည်းရှိခြင်း၊ အသုံးပြုခြင်းဖြင့် ကြိုတင်ခန့်မှန်းနိုင်သည့် ပတ်ဝန်းကျင် သင်ယူမှုကို တည်ဆောက်နိုင်သည်။

          အားသာချက်ရှိသည့်နည်းတူ Behaviourism ၏ အားနည်းချက်များလည်း ရှိပါသည်။ ၎င်းတို့မှာ တွေးခေါ်မှု၊ ခံစားမှု၊ တီထွင်ဖန်တီးမှု စသော စိတ်ခံစားမှုနှင့် ပတ်သက်ဆက်နွယ်နေသည်တို့ကို လစ်လျူရှုထားသည်။ ဆုပေး၊ ဒဏ်ပေးစနစ် သို့မဟုတ် ရလဒ်အပေါ်တွင် အာရုံစိုက်လွန်းသည်။ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတို့တွင် အပြည့်အဝ အကျိုးမသက်ရောက်စေနိုင်ခြင်းတို့ ဖြစ်သည်။

          Behaviourism တွင် ‘Instruction’ သုံးမျိုးပါဝင်သည်။ ၎င်းတို့မှာ

၁။ Direct Instruction

၂။ Programmed Instruction

၃။ Social Learning Theory တို့ ဖြစ်ကြသည်။

Applied Behaviourism in teaching

          ကျောင်းသား၊ ကျောင်းသူတို့၏ ကောင်းမွန်သော လုပ်ဆောင်မှုအတွက် ချီးကျူးခြင်း၊ ဂုဏ်ပြုခြင်း၊ ဆုချခြင်း စသည်တို့ကို အသုံးပြုပေးရမည်။ မိမိအလိုရှိသော ရလဒ်တစ်ခုကို ၎င်းတို့မှ ဆောင်ရွက်လာသည့်အခါ သူတို့မနှစ်သက်သည့် အရာတို့ကို လျှော့ချပေးခြင်းမျိုး ဖြစ်သည်။ ထို့အတူ မိမိအလိုမရှိသော ရလဒ်တစ်ခု၊ အပြုအမူတစ်ခုကို ၎င်းတို့မှ ဆောင်ရွက်လာသည့်အခါ သူတို့နှစ်သက်သည်ကို လျှော့ချပေးခြင်းဖြင့် Control လုပ်ပေး၍ ရပါသည်။

နောက်ထပ်အရေးကြီးသည့်အချက်မှာ ဆရာ၊ ဆရာမတစ်ယောက်သည် အတန်းထဲတွင် Condition (မနှစ်သက်ဖွယ်အခြေအနေ) တစ်ခုကို မဖန်တီးဖို့လိုပါ သည်။ မိမိသင်ကြားပေးနေသည့် ကလေးတွေကို စိတ်မဆိုးတတ်ဖို့လိုပါသည်။

          ဆရာ၊ ဆရာမတစ်ယောက်သည် ကျောင်းသား၊ ကျောင်းသူတို့အပေါ်တွင် အားပေးတတ်ရန်လည်း လိုပါသည်။ စာဖတ်ရန် မဝံ့မရဲဖြစ်နေသည့် ကျောင်းသားကို ချီးကျူးအားပေးခြင်း၊ ဘာသာပြန်ရန် အခက်တွေ့နေသူကို စကားလုံးထောက်ပေးခြင်း၊ အဖြေရှာမတွေ့ဖြစ်နေသူကို အရိပ်အမြွက်ပြခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူတို့၏ ကြိုးစားလိုစိတ်ကို အားပေးချီးမြှောက်ရာ ရောက်ပါသည်။

          ကျောင်းသားတစ်ယောက်ကို စာမေးရာ အမှားများသာ ဖြေနေသည်ဆိုပါက ထိုသူကို ဆက်မဖြေစေဘဲ အဖြေမှန်နိုင်မည့်၊ စာတော်သည့် ကျောင်းသားတစ်ဦးကို မေးကာ အဖြေမှန်ကို သိစေရပါမည်။ ထို့နောက် အဖြေမှားသည့် ကျောင်းသားကိုလည်း အဖြေမှန်ကို ပြန်လည်ဖြေကြားစေရပါမည်။ သင်ယူမှုကို အားဖြည့်နိုင်ရန်အတွက် ထပ်ခါထပ်ခါ လေ့ကျင့်မှုကို အသုံးပြုရပါမည်။ ထပ်ခါထပ်ခါလေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်ပိုင်နိုင်သော စွမ်းရည်ကို ရရှိလာမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူတို့၏ မနှစ်သက်စေသော အပြုအမူ လုပ်ဆောင်ချက်အတွက် အပြစ်ပေးခြင်းထက် သာသည့် နည်းလမ်းကို ဆရာက ရွေးချယ်သင့်ပါသည်။ သို့သော် တစ်ခါတရံတွင်တော့ ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်း လည်း ရှိရပါမည်။

နိဂုံး

          Behaviour များကို စီမံခန့်ခွဲနိုင်ရန်နှင့် သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် သင်ထောက်ကူပစ္စည်းများကို အသုံးချနိုင်သော်လည်း ကျောင်းသား၊ ကျောင်းသူတို့၏ ခံစားမှု၊ သိမြင်နားလည်မှုနှင့် လူမှုရေးဆိုင်ရာရှုထောင့်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ဟန်ချက်ညီရန် အရေးကြီးပါသည်။ Behaviourism ကို အခြားပညာရေး သီအိုရီများနှင့် ပေါင်းစပ်ခြင်းသည် ကျောင်းသား၊ ကျောင်းသူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများကို တိုးမြှင့်ပေးခြင်းလည်း မည်ပါသည်။

ထူးအောင်ဝင့်

(၃၀.၈.၂၀၂၄)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မင်္ဂလာပါ