Posts

Showing posts from March, 2016

ဘဝကို အကောင်းဆုံး ထုဆစ်မယ်ဆိုရင်

ဘဝကို အကောင်းဆုံးထုဆစ်မယ်ဆိုရင် တချို့တွေက ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းကြသည်။ တချို့တွေကတော့ ပျော်ချင်ယောင်ဆောင် ရင်း ဖြတ်သန်းကြသည်။ တချို့တချို့တွေက ငြိုငြင်မှုအပြည့်နှင့် ဖြတ်သန်းနေကြရသူများ ဖြစ်သည်။ မည်သူ့တွင်မျှ ဘဝအပို ပါမလာခဲ့ကြချေ။ လုပ်ငန်းအမျိုးမျိုး၊ အသိုင်းအဝိုင်းအမျိုးမျိုးနှင့် ပတ်သက် ဆောင်ရွက်နေကြရသည်ပင် ဘဝအမျိုးမျိုးပိုင်သည်ဟု ထင်နေကြသူတွေ များသည်။ တကယ်တော့ ကိုယ့်ရဲ့ပြုမူ ဆောင်ရွက်မှုအားလုံးသည် ကိုယ့်ဘဝပဲဖြစ်သည်။ ကျွန်တော် ဆိုချင်သည်က လူတစ်ယောက် ဘုရားသွား ဘုရားရှိခိုးသည်။ အပြန်တွင် ဖိနပ်ခိုးပြီးပြန်လာသည်။ တချို့က ဒါကို သူတော်ကောင်းဘဝ၊ သူခိုးဘဝ စသဖြင့် မှတ်ယူတတ်ကြသည်။ တကယ်တော့ လူတစ်ယောက်ထဲက လုပ်နေတာဖြစ်သည်။ ဘုရားရှိခိုးပြီး ဖိနပ်ခိုးတာ သူ့ဘဝပဲဖြစ်သည်။ သူတော်ကောင်းလည်း မဟုတ်သလို၊ သူခိုးလည်း မဟုတ် ချေ။ လူတွေက တံဆိပ်အမျိုးမျိုး ကပ်နေခြင်းသာဖြစ်သည်။ ချဉ်သည့်အပိုင်းရှိမည်၊ ချိုသည့်အပိုင်းရှိမည်။ နောက်ဆုံး ခါးသည့်အပိုင်းလည်း ရှိနေနိုင်သည် မဟုတ်လား။ သလဲသီးထဲတွင် အကန့်အမျိုးမျိုး ရှိနေသော်လည်း ခေါ်သည့်အချိန်တွင်တော့ သလဲသီးဟု ခေါ်မှ မှန်မည်ဖြစ်သည်။

ဘက်လိုက်ခြင်း အနုပညာ

ဘက်လိုက်ခြင်း အနုပညာ           ဘက်လိုက်ခြင်းနှင့် ပတ်သက်လျှင် ကျွန်တော်တို့အားလုံး သိမြင်ထားကြသည်က မကောင်းဘူး ဆိုသော အသိဖြစ်သည်။ ဘက်လိုက်ခြင်းသည် ရှက်ဖွယ်ကောင်းသော အပြုအမူ၊ မကောင်းမှုဟု ယူဆထားကြသူများ ဖြစ်သည်။           ဘောလုံးပွဲတစ်ပွဲတွင် သည်ဒိုင်တော့ ပင်းနေပြီ၊ ဘက်လိုက်နေပြီဟု ဆိုလိုက်သည်နှင့် တပြိုင်နက် နားလည်လိုက်ကြသည်မှာ ဒိုင်ညစ်နေပြီ၊ ဒိုင်မကောင်းတော့ဘူးဟူ၍ ဖြစ်သည်။ မနှစ်မြို့သည့် ခံစားချက်က နှလုံးအိမ်ထက်မှာ သီးပွင့်သည်။ ကိုယ်အားပေးသည့်အသင်းဘက်ကို ဘက်လိုက်ပေးနေသည် ဆိုစေကာမူ ထိုဒိုင်အပေါ်တွင် လေးစားမှုတို့ မဖြစ်ထွန်းနိုင်တော့သည်မှာ သေချာသည်။

တယ်လီဖုန်း အင်္ဂလိပ်စာ

Image
 တယ်လီဖုန်း အင်္ဂလိပ်စာ Posted by Language Republic on March 12, 2015 at 11:49   နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတဲ့ ကုမ္ပဏီ၊ ရုံးဌာန၊ အရောင်းဆိုင်မှာ အလုပ်လုပ်သောကြောင့်ဖြစ်စေ၊ ကိုယ်တိုင်က နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေသူ ဖြစ်သောကြောင့်ဖြစ်စေ၊ ဘယ်အကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံခြားသားတစ်ယောက်ကို ဖုန်းနဲ့ ဆက်သွယ်ဖို့ လိုအပ်တဲ့အခါ ဖုန်းပေါ်မှာ အင်္ဂလိပ်လိုပြောရမှာ တွန့်ဆုတ်ဖူးပါသလား။