Posts

Showing posts with the label နှလုံးသားစာစု

မင်းရဲ့အခက်အခဲဆီကနေ အခွင့်အရေးယူလိုက်စမ်းပါ

Image
မင်းရဲ့အခက်အခဲဆီကနေ အခွင့်အရေးယူလိုက်စမ်းပါ             လူတစ်ယောက်ရဲ့ အချစ်ဆုံးမြည်းတစ်ကောင်ဟာ ခပ်နက်နက်တွင်းတစ်ခုထဲကို ကျသွားပါတယ်။ သူဘယ်လိုပဲ တွင်းနက်ထဲက ဆွဲထုတ်ဖို့ကြိုးစားပေမဲ့ မရတဲ့အဆုံးမှာ သူဆုံးဖြတ်လိုက်တယ်။ တဖြည်းဖြည်းနဲ့ ဝေဒနာခံစားရပြီး သေသွားမှာနဲ့စာရင် အရှင်လတ်လတ် မြေဖို့သတ်လိုက်တာက သူ့မြည်းအတွက် ဒုက္ခနည်းမယ်ဆိုပြီးပေါ့။

အမှန်တရားကို မသိသေးခင်

Image
အမှန်တရားကို မသိသေးခင် မီးရထားပြတင်းပေါက်က မြင်နေရတဲ့ မြင်ကွင်းတွေကိုကြည့်ပြီး အသက်(၂၄)အရွယ်ကောင်လေးက သူ့အဖေကို ဝမ်းသာအားရသံနဲ့ ပြောလိုက်တယ်။ “ ဖေဖေ ကြည့်ပါဦးဗျ၊ သစ်ပင်တွေအားလုံး နောက်မှာကျန်ခဲ့ပြီ ” ဖခင်ဖြစ်သူက ပြုံးနေတယ်။ အနားမှာထိုင်နေတဲ့ လူငယ်စုံတွဲကတော့ (၂၄)နှစ်အရွယ်ကောင်ကလေးရဲ့အပြုအမူကို သနားဟန်နဲ့ ကြည့်နေစဉ်မှာပဲ ထိုကောင်လေးက ရုတ်တရက် ထပ်အော်လိုက်ပြန်တယ်။

နည်းလမ်းရှာရမှာ ကျွန်တော့်တာဝန်

Image
  နည်းလမ်းရှာရမှာ ကျွန်တော့်တာဝန် လူတစ်ယောက်သည် မီးပုံထဲတွင် သေလုမျောပါး မီးလောင်ခံနေရသော မြွေတစ်ကောင်ကို တွေ့လိုက်ရသည်။ သူကယ်မည်ဟု တစ်ခါတည်း ဆုံးဖြတ်လိုက်သည်။ သူ မီးပုံထဲမှ မြွေကို ဆွဲထုတ်လိုက်သည်နှင့် ထိုမြွေက သူ့ကို ကိုက်တော့သည်။ နာကျင်မှုနှင့်အတူ လန့်ထိတ်သွားသဖြင့် သူမြွေကို လွှတ်ချလိုက်ရာ မြွေက မီးတောက်ထဲသို့ ပြန်ကျသွားသည်။

ယုံကြည်ချက်

Image
ယုံကြည်ချက် ၁၉၅၀ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ ကာ့တ်ရစ်ချ်တာ Curt Richter ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ သူက ကြွက်ကလေး နှစ်ကောင် ကို ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ရှည်တွေထဲကိုထည့်လိုက်တယ်။ အဲဒီဖန်ခွက်ရှည်တွေက ကြွက်တွေ ကုတ်ကပ်တက်လို့မရအောင် ရှည်လျားသလို ခုန်ထွက်လို့လည်းမရနိုင်‌အောင် စီမံထားတယ်။ - ဆယ့်ငါးမိနစ်ဝန်းကျင် ကြာတဲ့အခါမှာ ကြွက်တွေဟာ ခြေကုန်လက်ပန်းကျပြီး ရေနစ်သေဆုံးကုန်ကြတယ်။ သာမာန်အားဖြင့် ကြွက်တွေဟာ သေဘေးကနေ လွတ်လိုဇောနဲ့ ရုန်းကန်နိုင်စွမ်းက ဆယ့်ငါးမိနစ်ကြာတယ် ပြောရမှာပေါ့။ နောက်တစ်သုတ် စမ်းသပ်ရာမှာတော့ ရစ်ချ်တာက ဗျူဟာတစ်ခုကိုထပ်လုပ်ကြည့်လိုက်တယ်။

Mr.bean ပေးတဲ့ အောင်မြင်ဖို့အတွက်

Image
Mr.Bean က ပေးတဲ့အောင်မြင်ဖို့အတွက်အတုယူစရာ သင်ခန်းစာများ ( သို့ ) Rowan Atkinson ( Mr.Bean ) ( ၂၁ရာစုကမ္ဘာ့အတော်ဆုံးဟာသပညာရှင် (သို့) လူအများရယ်စေတဲ့လူ ပေါတစ်ယောက်ရဲ့နောက်ကွယ်အမှန်တရားများ(သို့)Oxfordကလူပေါတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိ) " ဘယ်သူ့ကမွေးလဲ အရေးမပါဘူး ဘယ်လိုနေထိုင်ဝတ်စားလဲ အရေးမပါဘူး။ ဘယ်နိုင်ငံကမွေးလဲ အရေးမပါဘူး ဘယ်တက္ကသိုလ်ကဘွဲ့ရလဲ အရေးမပါဘူး။ လူတွေအပေါ်ဘယ်လောက်အကျိုး ပြုခဲ့ဖူးလဲပဲ အရေးပါတယ်။ "

အိမ်ထောင်ပြုမယ်ဆိုရင်

Image
အိမ်ထောင်ပြုမယ်ဆိုရင်               ခင်ဗျားတို့အိမ်ထောင်ပြုမယ်ဆိုHotel lifeကလူတွေကိုယူဖို့အကြံပြု ပါရစေ...။ (1)ခင်ဗျားတိုအသိုင်းဝိုင်းနဲ့အဆင်ပြေအောင်ဆက်ဆံနိုင်တဲ့အိမ်ထောင်ဘက်ကိုလိုချင်ရင်FOကိုယူပါ (2 )အစားအသောက်ခူးခက်စားသောက်ရမှာပျင်းရင်F&Bကိုယူပါ (3)အိမ်မှာဈေးဆိုင်ဖွင့်ထားရင်saleကိုယူပါ

စတိဂျော့ရဲ့ နောက်ဆုံးစကား

Image
စတိဂျော့ရဲ့နောက်ဆုံးစကား           ကျွန်တော်စီးပွားရေးလောကမှာ အအောင်မြင်ဆုံးဖြစ်ခဲ့ ပါတယ် ဒါမှမဟုတ်ကျွန်တော်ဘဝဟာထင်ရှားတဲ့အောင်မြင်မှု့နမူနာပဲဖြစ်ပါတော့တယ် ဒါပေမဲ့ အလုပ် လုပ်တာ အပြင်ကျွန်တော်မှာပျော်ရွင်မှု့တွေ သိပ်မရှိပါဘူး ဘာကြောင့်လည်းဆိုတော့ ချမ်းသာခြင်းသာလျှင်ကျွန်တော်ဘဝမှာရှိခဲ့တဲ့တစ်ခုတည်းသောအရာမို့ပါ

ဇနီးမယားကို ကိုယ်ချင်းစာပေးပါ

Image
ဇနီးမယားကို ကိုယ်ချင်းစာပေးပါ           ကျွန်တော် မနက်က အိမ်ကထွက်လာတော့ ဒီနေ့တော့ ဝယ်စရာဘာမှမရှိလောက်ပါဘူး ဆိုပြီး ပိုက်ဆံအိပ်ထဲကငွေကို စစ်မကြည့်ခဲ့ဘူး။ တစ်နေ့လုံး သာမာန်အသေးအဖွဲလောက်သာ သုံးရင်း တကယ်လဲ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ညနေအိမ်ပြန်ခါနီးတော့ ကျွန်တော့အလုပ်ထဲကို မထင်မှတ်ဘဲ

တန်ဖိုးထား အသိအမှတ်ပြုမှု

Image
တန်ဖိုးထားအသိအမှတ်ပြုမှု                  တစ်ခါတုန်းက ကောင်လေးတစ်ယောက်သည် ကုမ္မဏီကြီးတစ်ခုတွင် မန်နေဂျာရာထူးအတွက် အလုပ်ဝင်လျှောက်လေသည်။ သူသည် ပထမအဆင့်အင်တာဗျူးကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးအဆင့်တွင် ဒါရိုက်တာက အင်တာဗျူးပြုလုပ်လေသည်။

Why he is better than me?

Image
Why he is better than me? (သူဘာလို့ ငါ့ထက်သာနေရတာလဲ ?)                        တစ်ခါက မောင်ဖြူနဲ့မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာအလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာအဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။ မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။

ဉာဏ်ကောင်းသူ

Image
ဉာဏ်ကောင်းသူ (သို့မဟုတ်) အကြံပိုင်သူ                   ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။ ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဌေးကို ပြောတယ် ။ ဘဏ်သူဌေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။ အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။ ဘဏ်သူဌေး ။ ။ မဖြစ်နိုင်တာပဲ ။

ကိုယ်တိုင်းစမ်းစစ်ပါ

Image
ကိုယ်တိုင်စမ်းစစ်ပါ                  ဆယ်ကျော်သက်အရွယ် ကောင်လေး တစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင် ရဲ့ ငွေရှင်းကောင်တာနားက တယ်လီဖုန်းရုံကိုသွားပြီး ဖုန်းဆက်ဖို့ ဖုန်းနံပါတ်နှိပ်လိုက်တယ် ...။ စတိုးဆိုင်ပိုင်ရှင်က သတိထားမိပြီး ဘာပြောသလဲဆိုတာ နားထောင်နေသတဲ့ ...

ဘဝတန်ဖိုး ( The value of life )

Image
ဘဝတန်ဖိုး ( The value of life )             တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး...  "ဘ၀တန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်... ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... "ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...

ဆာမူရိုင်းတို့ ဓားသွေးချိန်

Image
ဆာမူရိုင်းတို့ ဓါးသွေးချိန် ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ..? ကျွန်တော်တို့လူငယ်တွေ ဂျပန်တွေဆီက ဘာတွေအတုယူပြီး ပြန်ကြမလဲ...? ကျွန်တော် ကျောင်းသားဘဝတုန်းက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ မီးဖိုချောင်(kitchen)ထဲမှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။

ဂန္ဓီကြိးရဲ့ ဖိနပ်တစ်ရံ

Image
ဂန္ဓီကြီးရဲ့ ဖိနပ်တစ်ရံ  တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန်ရထားပေါ်အတက်မှာ သူ၏ဖိနပ်တစ်ဖက်ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူပြန်ကောက်ရန်မဖြစ်နိုင်တော့။

ဒေါ်လာ(၂၀)

Image
ဒေါ်လာ(၂၀)                   ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး ပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ”

ခဲတံနဲ့ လူ့ဘဝ

Image
ခဲတံနဲ့ လူဘ၀                 (၁)လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့ တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။                                 (၂)ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကိုသင်ထုတ်ပြနိုင်မှာ ဖြစ် တယ်။

ပြတင်းပေါက်

Image
ပြတင်းပေါက် တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာကျွန်တော်နှင့်နောက်ထပ်လူနာ တစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါခံစားနေရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာရှိလေသည် ။

နည်းလမ်း

Image
နည်းလမ်း                       အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်းနေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အားမရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။

ကြိုးစားကြည့်ရအောင်

Image
ကြိုးစားကြည့်ရအောင်                                               တစ်ခါတုန်းကအိမ်တစ်အိမ်မှာကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ငါးပေပတ်လည်။အမြင့်ကတော့ နှစ်လက်မ၊သုံးလက်မပေါ့။ ခြံကိုလာတဲ့သူအားလုံးကျောက်တုံးကြီးကို ခလုတ်တိုက်ကြတယ်။