Mr.bean ပေးတဲ့ အောင်မြင်ဖို့အတွက်


Mr.Bean က ပေးတဲ့အောင်မြင်ဖို့အတွက်အတုယူစရာ သင်ခန်းစာများ ( သို့ )
Rowan Atkinson ( Mr.Bean )

( ၂၁ရာစုကမ္ဘာ့အတော်ဆုံးဟာသပညာရှင် (သို့) လူအများရယ်စေတဲ့လူ
ပေါတစ်ယောက်ရဲ့နောက်ကွယ်အမှန်တရားများ(သို့)Oxfordကလူပေါတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိ)
" ဘယ်သူ့ကမွေးလဲ အရေးမပါဘူး
ဘယ်လိုနေထိုင်ဝတ်စားလဲ အရေးမပါဘူး။
ဘယ်နိုင်ငံကမွေးလဲ အရေးမပါဘူး
ဘယ်တက္ကသိုလ်ကဘွဲ့ရလဲ အရေးမပါဘူး။
လူတွေအပေါ်ဘယ်လောက်အကျိုး ပြုခဲ့ဖူးလဲပဲ အရေးပါတယ်။ "
"တချို့လူတွေကကမ္ဘာ့ကြီးကို ပြောင်းလဲချင်ကြတယ်။

ဒါပေမယ့် ကမ္ဘာကြီးကမပြောင်းလဲပဲ လူတွေရဲ့စိတ်ဓာတ်တွေကသာပြောင်းလဲသွားကြတယ် "

" အပြုံးမျက်နှာဖုံးနဲ့နောက်မှာ ငိုနေတဲ့မျက်နှာပိုင်ရှင်တွေရှိတယ်။
အထက်တန်းစားလူတချို့ရဲ့နောက်မှာ အောက်တန်းစားအမူအကျင့်တွေရှိတယ် "

(၂၀)ရာစုအစောပိုင်းလောက်မှာTVအဖြူအမည်းပိတ်ကားပေါ်ကိုပေမမှီဒေါက်မမှီနဲ့ပေါကြောင်ကြောင် လူတယောက်ပေါ်လာခဲ့တယ်။ ရုပ်ရှင်မင်းသားဆိုရင် ခန့်ချောကြီးမှအရပ်အမောင်းကောင်းကောင်းမှ နှစ်သက်အားပေးခံရမူများတဲ့ ကမ္ဘာ့ရုပ်ရှင်အချိန်ကာလတခုမှာဒီ(၅)ပေသာသာပေါင် (၁၃၀)ကောင်လေးက ကမ္ဘာ့ရုပ်ရှင်လောကကိုမြေလန်ပစ်ခဲ့တယ်။ သူကစကားလုံးတွေကျကျနန ဂန္တဝင်ဆန်ဆန်ဒိုင်ယာလော့တွေ
တလုံးမှမပြောပဲသူ့ခန္တာကိုယ်လှုပ်ရှားမူတခုထဲနဲ့
ကမ္ဘာ့ရုပ်ရှင်လောကမှာတသက်တာဂန္တဝင်မင်း
သားအဖြစ်ရောကမ္ဘာ့ရုပ်ရှင်လောကရဲ့No.1သ
ရုပ်ဆောင်အဖြစ် ၂၀ရာစုတစုလုံးကိုကမ္ဘာနဲ့ချီ
တောရောမြို့ပါမကျန်သိစေခဲ့တဲ့သူဖြစ်ခဲ့တယ်။သူ
ကတော့တခြားသူမဟုတ်ဘူး။ ချာလီချာပလင်ဆို
တဲ့လူပုဟာသသရုပ်ဆောင်လေးတယောက်ပါပဲ။

" ကျတော့်ရဲ့နာကျင်မူဝေဒနာတွေက
တခြားသူတွေပျော်ရွှင်ဖို့အတွက်
ဖြစ်နိုင်ပေမယ့် ကျတော်ပျော်ရွှင်ဖို့ 
အတွက်တော့ တခြားသူတွေနာကျင်စရာ
ဘယ်တော့မှမဖြစ်စေရဘူး "

ချာလီချာပလင်
အချိန်အားဖြင့် ၁၉၅၅ခုနှစ် ဇန်နဝါရီလ ၆
ရက်နေ့မှာပေါ့။ အင်္ဂလန်နိုင်ငံကကွန်းဆက်ဆိုတဲ့
စိုက်ပျိုးရေးနယ်လေးတခုမှာလယ်သမားမိသားစု
တစုနေထိုင်ခဲ့ပါတယ်။လယ်သမားပေမယ့်လက်
လုပ်လက်စားတော့မဟုတ်ဘူး။Eric Atkinson
ဟာဖခင်ဖြစ်အမွေပေးထားတဲ့ဂျူံစိုက်ခင်းဧက
၂၀၀ကျော်ကိုပိုင်ဆိုင်သလို ဇနီးဖြစ်သူElla May
ဟာလဲစိုက်ပျိုးရေးသုတေသနပညာရှင်တဦးပါ။
အိမ်ထောင်သက်၅နှစ်အတွင်းသား၃ယောက်နဲ့အ
တူဒီနယ်လေးရဲ့မြို့မျက်နှာဖုံးဖြစ်သလိုနယ်ကလူ
တွေအတွက်လဲအလုပ်အကိုင်တွေပေးထားနိုင်
တဲ့မိသားစုပါ။ ဒီလိုနဲ့သားတွေချည်းမွေးထားတဲ့
Ericဟာသမီးလေးတယောက်ထပ်လိုချင်တဲ့အ
ချိန်ဇနီးဖြစ်သူဟာကိုယ်ဝန်ထပ်ရခဲ့တယ်။ဒါပေ
မယ့်မွေးလာတော့ယောကျာ်းလေးပါပဲ။ ဒီကောင်
ကထူးခြားတယ်။ အင်္ဂလန် James Parkကို
မိသားစုအလည်သွားရင်းလမ်းမှာမွေးခဲ့တဲ့ကောင်
လေးပေါ့။ဖခင်ဖြစ်သူကဒီအငယ်ဆုံးကောင်ကိုနာ
မည်ပေးဖို့စဉ်းစားတော့အဘိုးဖြစ်သူကသူ့နာမည်
Rowanရယ်အဖေဖြစ်သူနာမည်Atkinson
ရယ်ပေါင်းပြီး Rowan Atkinsonလို့ပေးခဲ့ပါ
တော့တယ်။ သူကတော့တခြားသူမဟုတ်ဘူး။
ချာလီချာပလင်ရဲ့ခြေရာကိုနင်းပြီးအဖြူအမည်း
ရုပ်ရှင်ခေတ်ကနေ ကာလစုံရုပ်ရှင်ဖက်မှာချာလီ
လိုပဲဟာသမင်းသားတယောက်ဖြစ်လာမယ့်
Mr.Bean ပါပဲ။
#2
" ဘဝဆိုတာ လက်ဗလာနဲ့လာပြီး
လက်ဗလာနဲ့ပြန်ထွက်သွားရတဲ့
ဈေးတခုလိုပဲ။

ဒါပေမယ့်ဒီဈေးထဲသင်ဟာခါးပိုက်နှိုက်
လားရတနာဆိုင်ပိုင်ရှင်လားဆိုတာက
တော့သင်ဒီဈေးကထွက်သွားတဲ့တနေ့
သိကြမှာပဲ။

နာမည်ကျန်ရစ်ဖို့ ၂နည်းပဲရှိတယ်။
နာမည်ကောင်းနဲ့ကျန်ရစ်မလား
နာမည်ဆိုးနဲ့ကျန်ရစ်မလား ဆိုတာပဲ။"

Mr.Bean
ဖခင်ဖြစ်သူEric ကသူ့ရဲ့သားကြီးတွေလို
ပဲ ဘင်းကိုတည်ကြည်ရင့်ကျက်တဲ့ယောကျာ်းတ
ယောက်ဖြစ်ဖို့ငယ်စဉ်ထဲကဆုံးမခဲ့ပါတယ်။သား
ဖြစ်သူတွေကိုသူ့လိုထူးချွန်တဲ့စီးပွားရေး သမား
Company ပိုင်ရှင်တယောက်ဖြစ်စေချင်တယ်။
အလတ်ကောင်းRodကလိမ်မာတယ်။စာလဲ
တော်တယ်။ ဘင်းကကျဗရုပ်ကျတယ်။၃နှစ်သား
ထဲကDCရဲ့Comicစာအုပ်တွေကိုဖတ်တတ်ခဲ့
ပြီးအဲ့ထဲကHeroတွေလိုလိုက်လုပ်တတ်တယ်။
အကိုအကြီးဆုံးPaul ကွယ်လွန်သွားထဲကသား
ဖြစ်သူလူမမယ်ကလေးတွေကိုEricကအရမ်းဂ
ရုစိုက်ခဲ့တယ်။ဘင်း ကိုပညာတတ်စီးပွားရေးသ
မားတယောက်မဖြစ်နိုင်ဘူးထင်ပေမယ့်အလတ်
ကောင်Rodကိုတော့သူမျော်လင့်ချက်ကြီးတယ်။
Rod ကမူလတန်းမှာတင်ဘာသာစကား၃ခုကို
တတ်ခဲ့ပြီးကျောင်းမှာလဲအမြဲပထမရခဲ့တယ်။ဘင်း
ကတော့စာကိုစိတ်မဝင်စားဘူး။စက္ကူခေါက်တာ
ကာတွန်းစာအုပ်ဖတ်တာ အဖိုးဖြစ်သူရဲ့လက်သ
မားအလုပ်ခန်းထဲနေရတာကိုကြိုက်တယ်။သား
၃ယောက်ပဲကျန်တော့တဲ့အထဲဘင်းကမိမနိုင်ဖမ
နိုင်လေးပေါ့။ အငယ်ဆုံးဖြစ်တာကတကြောင်းမိ
ခင်နဲ့အနေဝေးပြီးဖခင် ဦးလေး အဘိုးတွေနဲ့နေရ
တာကတကြောင်း ဘင်းဟာဆိုးခဲ့တယ်။ဒါပေမယ့်
သူ့ဦးနှောက်ကမသေးလှဘူး။ ၅နှစ်သားမှာချာလီ
ချာပလင်ရဲ့ပြိုင်ပွဲတွေမှာသူပြိုင်လို့ဆုရခဲ့သလို
ကျောင်းမှာလဲလူရွှင်တော်ပြဇာတ်မှာသူပါခဲ့ရပါ
တယ်။ Durham အခြေခံပညာကျောင်းသား
ဘဝမှာ ဘင်းဟာဟာသသရုပ်ဆောင်တယောက်
ဘဝကိုအရမ်းဖြစ်ချင်ခဲ့ပြီ။ ဒါပေမယ့်မိဘတွေက
သူဒီလိုလူတွေရှေ့ငပေါလိုလုပ်ပြနေတာကိုလုံး
ဝမကြိုက်ဘူး။ မြို့ရဲ့အချမ်းသာဆုံးသားကဒီလို
လူပြက်ဖြစ်နေတာကို Ericကရှက်ခဲ့တယ်။
#3
" အဖေပြောခဲ့ဖူးတယ်။
မင်းကလူတွေကိုရယ်အောင်
လုပ်နိုင်တာကိုဟုတ်လှပြီထင်မနေနဲ့
မင်းကိုလူပေါတယောက်လို
သူတို့ကြည့်ပြီးဟားနေတာကို
မင်းကဂုဏ်ယူနေတာ"

" ဒီစကားကကျတော်ဆယ်ကျော်သက်ကျောင်း
သားဘဝမှာအရမ်းတွေဝေစေခဲ့တယ်။လူတွေရယ်
အောင်လုပ်ရတဲ့လူတိုင်းကတကယ်ပဲလူပေါလား
လို့ကျတော်တွေးခဲ့ဖူးတယ်။ သေနပ်ခါးကြားညှပ်
ပြီးအမိန့်ပေးတတ်တဲ့လူတွေကျ လူတွေကမျက်
နှာထားတင်းတင်းနဲ့အလေးပြုလေးစားတတ်ကြ
ပြီး လူတွေကိုရယ်အောင်လုပ်တဲ့လူတွေကျဘာ
လို့လူပေါဖြစ်ရတာလဲ။ အပြုံးတွေထက် အမိန့်
တွေအာဏာတွေကလူတွေအတွက်အထင်ကြီး
စရာဖြစ်နေလို့လားဗျာ"

Mr.Bean
#4
အဖေ့ရဲ့ဒီစကားကြောင့်Beanဟာ
အကိုဖြစ်သူတက်ခွင့်မရတဲ့တက္ကသိုလ်ကိုတက်
ခွင့်ရအောင်အထက်တန်းကျောင်းသားဘဝမှာ
ကြိုးစားခဲ့တော့တယ်။ Newcastel နည်းပညာ
တက္ကသိုလ်ကိုသူRoll.1နဲ့ဝင်ပြီးတက်ရောက်ခွင့်
ရခဲ့တယ်။ Electrical Engineer ဘွဲ့ကြီးကို
သူဟာတနှစ်တာအတော်ဆုံးကျောင်းသားအဖြစ်
ရခဲ့တယ်။ Masterတန်းဝင်ခဲ့သလိုကမ္ဘာ့အကြီး
ဆုံးOxfordတက္ကသိုလ်ကြီးကိုပါဝင်ခွင့်ရခဲ့တယ်။
သူ့အကိုနဲ့သူ့အဖေအိမ်မက်ထဲတောင်မမက်ထား
တဲ့ကမ္ဘာ့အကြီးဆုံး Oxfordတက္ကသိုလ်ကြီးက
နေ Engineer Masterဘွဲ့ကြီးကိုသူရခဲ့ပါ
တယ်။ ဖခင်ဖြစ်သူEric မထင်ထားတဲ့ပညာတတ်
တယောက်ဖြစ်ခဲ့တယ်။ သူဘွဲ့ရတဲ့နေ့မှာဖခင်ဖြစ်
သူဆီကနေသူလုပ်ချင်တာလုပ်ဖို့ခွင့်တောင်းခဲ့
တယ်။ ဖခင်ဖြစ်သူလုံးဝခွင့်မပြုဘူး။ သူ့ကုပ္ပဏီ
မှာမလုပ်ရင်သားအဖြစ်ကစွန့်လွှတ်မယ်အထိဖြစ်
ခဲ့ပါတော့တယ်။ ဘင်းကလဲစကားနားထောင်
တယ်။အိမ်ပေါ်ကနေဆင်းခဲ့တယ်။ ဒီအချိန်မှာသူ
နဲ့တက္ကသိုလ်မှာခင်ခဲ့တဲ့စာရေးဆရာCartis
ဆိုတဲ့သူငယ်ချင်းအိမ်ကိုသွားခဲ့တယ်။ဒီအချိန်မှာ
Cartis နဲ့သူကျောင်းမပြီးခင်၂ယောက်ပေါင်း
ရေးပြီးသူကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ Not The
9 o'clock ကားလေးကသူအိမ်ပေါ်ကဆင်းပြီး
၁ပတ်အကြာမှာပဲ အမေရိကမှာအကြီးအကျယ်
အောင်မြင်လာခဲ့တယ်။အမေရိကကပေးတဲ့ဆု
တွေပါရခဲ့တယ်။ BBCမှာဒီသတင်းကတလအထိ
လူပြောမရပ်ဘူး။

" လူတွေကကျတော့်ကိုဟာသဥာဏ်
ကောင်းတယ်ထင်ကြတယ်။
ဒါပေမယ့်ကျတော်ကငတုံးတယောက်ပါ။
လူတွေရယ်စေချင်တာကလွဲရင်
ဘာမှမသိတဲ့ငတုံးတယောက်ပါ"

Mr.Bean
#5
Oxford ကနေမာစတာဘွဲ့ရတဲ့ပညာ
တတ်တယောက်ကကိုယ့်ကိုယ်ကိုငတုံးလို့ဖြေ
သွားတာကရယ်စရာကြီးပါ။ သာမာန်တက္ကသိုလ်
ကဘွဲ့ရရင်တောင် ငါပညာတတ်ငါနဲ့တန်တဲ့နေ
ငတုံးဆိုတော့စဉ်းစားစရာပါပဲ။ ဘင်းရဲ့idolက
ချာလီချာပလင်။ သူချာလီချာပလင်ကိုဘယ်
လောက်ထိရူးသွပ်လဲဆို ချာလီရဲ့ဇာတ်ကားတွေ
အပြင်စာအုပ်တွေပါသူမရမကလိုက်ရှာပြီးစုခဲ့သ
လို ချာလီရဲ့ရှားပါးပုံတွေကိုသူရတဲ့လုပ်အားခနဲ့
စုခဲ့သူပါ။ ချာလီရဲ့ဖိနပ်တံဆိပ်ခေါင်းကိုသူဝယ်
လို့ရခဲ့တုန်းကသူအရမ်းပျော်ခဲ့တယ်။(ဒီတံဆိပ်
ခေါင်းကို Mr.Bean ကားစရိုက်တော့သူ့ရဲ့လည်
ပင်းမှာဆွဲပြီးကိုကိုယ့်ကိုယ်ကိုယုံကြည်မူတွေပေး
ခဲ့တာပေါ့။) သူ့အသက်၂၇နှစ်အထိသေချာရေ
ရာတဲ့ဖန်တီးမူတခုမှမရှိခဲ့သေးဘူး။ဒါပေမယ့်
သူစိတ်ဓာတ်မကျဘူး။ ပညာတတ်တယောက်
ပေမယ့်ပြဇာတ်ရုံအသေးလေးတွေမှာညပိုင်းလူ
ရွှင်တော်လိုက်လုပ်တယ်။နေ့ဖက်တွေဆိုသူ့အ
ခန်းထဲဟာသရုပ်ဆောင်ပိုင်းတွေကျင့်တယ်။
ဒီလိုနဲ့၁၉၈၂ခုနှစ်မှာသူ့ကိုလူမဆိုသလောက်သိ
စေမယ့် The Black Adder ဇာတ်လမ်းတွဲ
မှာသူပါခွင့်ရခဲ့ပါတော့တယ်။ The Black
Adder ဟာအောင်မြင်မူကြီးကြီးမားမားမရခဲ့
ဘူး။ ဒါပေမယ့်ရုပ်ရှင်ကားသေးတချို့ကိုသူရိုက်
ဖို့လမ်းစဖြစ်ခဲ့တယ်။

" အောင်မြင်မူရဖို့ ရည်ရွယ်ပြီး
ဘာမှမလုပ်နဲ့။
အကောင်းဆုံးဖြစ်ဖို့ပဲရည်ရွယ်ပြီး
လုပ် အောင်မြင်မူကအဲ့အခါက
ခဗျားမလိုချင်ဘူးပြောရင်တောင်
ခဗျားနောက်ကိုလိုက်လာလိမ့်မယ်။"

Mr.Bean
#6
ပထမဆုံးရုပ်ရှင်ကားက Foundamental
Forlics ။ လုံးဝမအောင်မြင်ဘူး။ ရုပ်ရှင်ကား
သေး ၁၀ကားရိုက်ပြီးတဲ့အထိသူဟာတခြားဟာ
သမင်းသားတွေထက်တောင်နိမ့်တဲ့အနုပညာ
ကြေးကိုပဲသူရခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၄ခုနှစ်မှာ
ကာတွန်းလောကမှာအောင်မြင်မူကြီးမားခဲ့တဲ့
The Lion King ကားကြီးမှာသူအသံသရုပ်
ဆောင်အဖြစ်ပါခဲ့ရပါတယ်။ The Lion King
ကကမ္ဘာပေါ်ကကလေးတွေအတွက်ငယ်ဘဝ
ဖြတ်သန်းမူထဲမှတ်ထင်ကျန်ရစ်စေတဲ့ကားကောင်
းတကားပါ။ ဒီကားအပြီးမှာတော့ သူနဲ့လွန်ခဲ့တဲ့
၁၅နှစ်ကဘားတခုမှာအရက်အတူသောက်ရင်း
ခင်မင်ခဲ့ရာကဆရာတယောက်ဆိုလဲမမှားတဲ့
Mel Smith ဆိုတဲ့ Hollywoodမှာနာမည်ရ
ဒါရိုက်တာတယောက်ကဆက်သွယ်လာခဲ့တယ်။
"Mr. Bean " ဆိုတဲ့ကားကိုရိုက်မယ်ပေါ့။မင်း
ကိုမင်းသားတင်ရိုက်ချင်တယ်ပေါ့။ ဒီကားကို
ရိုက်ဖို့ ဒေါ်လာ၁၈သန်းလောက်ကုန်မယ်။ဒါပေ
မယ့် Timဆိုတဲ့ထုတ်လုပ်သူက ၁၀သန်းပဲအ
ကုန်ကျခံမယ် မရိုက်ချင်နေဆိုတဲ့အခြေအနေ။
ဒီအချိန်မှာ ဘင်းက သူပိုင်တဲ့တိုက်ခန်းနဲ့ကား
ကိုရောင်းပြီးဒီကားကိုရိုက်ကူးဖို့စတင်ခဲ့ပါတော့
တယ်။ ၁၉၉၇ခုနှစ် သြဂုတ်လ ၂ရက်နေ့မှာUK
ကရုပ်ရှင်ရုံသေးသေးလေးမှာMr.Beanကို
ရုံတင်ပြသခွင့်ရခဲ့တယ်။ UKမှာ၂ပတ်အမေရိက
မှာတပတ်ပဲပြသခွင့်ရခဲ့တယ်။ ဒါပေမယ့်Mr.
Bean ဟာ အမြတ်ငွေဒေါ်လာသန်း ၂၅၀ကျော်
ရခဲ့သလို ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာကာလာစုံခေတ်
ရဲ့ဝင်ငွေအမြင့်ဆုံးဟာသကားအဖြစ်ဂင်းနစ်စံချိန်
တင်ခဲ့သလို Mr.Bean ဆိုတဲ့ဇာတ်ကောင်ကို
သရုပ်ဆောင်ခဲ့တဲ့ဘင်းဟာလဲ Hollywoodရဲ့
ပထမဆုံးငွေအရင်းအနည်းဆုံးနဲ့အမြတ်အများ
ဆုံးရတဲ့ဇာတ်ဆောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတော့
တယ်။

" အောင်မြင်ဖို့ လှပတဲ့မျက်နှာ
မလိုဘူး။
တောင့်တင်းတဲ့ခန္တာကိုယ်
မလိုဘူး။
တကယ်လုပ်ချင်တဲ့စိတ်ပဲလိုတယ်။"

Mr.Bean
#7
ဒီMr.Bean ကားကြောင့်ပဲRowan
ဟာ Mr.Bean ဆိုတဲ့နာမည်နဲ့ကမ္ဘာကျော်ခဲ့ပြီး
ဒီMr.Beanဇာတ်ကောင်ပုံကို လေကြောင်း
လိုင်း ၅၂လိုင်း Expressကားလိုင်း၈၇၀ကျော်
မှာstickerကပ်ခွင့်မူပိုင်ခွင့်အထိကမ်းလှမ်းခံခဲ့
ရပြီး ရုပ်ရှင်ကမဟုတ်တဲ့ဝင်ငွေ စတာလင်ပေါင်
သန်း၁၅၂သန်းအထိရခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံ
ပေါင်း၁၀၀ကျော်မှာလဲPopular အဖြစ်ဆုံးဇာတ်
ကောင်အဖြစ်သမိုင်းဝင်ခဲ့သလို နိုင်ငံ၁၅၀ကျော်
ရဲ့မူလတန်းကျောင်းတွေမှာရေပန်းအစားဆုံး
ကလေးဦးရေ သန်း၃၀၀ကျော်ကမဲပေးတဲ့က
လေးကြိုက်ဇာတ်ကောင်အဖြစ်လဲသမိုင်းဝင်ခဲ့ပါ
တယ်။ သူငယ်ချင်းဖြစ်သူ Cartis ရေးတဲ့စာအုပ်
ကဇာတ်ကောင်ဖြစ်တဲ့ဒီMr.Beanဟာရုပ်ရှင်
ထွက်ပြီးမှ Best Seller Bookလဲဖြစ်ခဲ့ပါတယ်။

" အပြုံးဆိုတာ တမင်ဖန်တီးပြီး
ပြုံးခိုင်းလို့မရဘူး။
လူတွေကိုပြူံးစေဖို့ 
လုပ်ရတဲ့လူလောက်တော်တဲ့သူ
ကမ္ဘာမှာမရှိဘူး "

Mr.Bean
Mr.Bean ကားအပြီးမှာတော့Rowan
ဟာ ဘင်းဆိုတဲ့နာမည်နဲ့ကမ္ဘာကျော်ခဲ့ပါပြီ။ဟာသ
ကားတွေကိုရိုက်ဖို့companyများစွာကကမ်း
လှမ်းလာခဲ့သလို သူ့အနုပညာကြေးဟာလဲဟာ
သမင်းသားတွေအပြင်သရုပ်ဆောင်လောကမှာ
ပါထိပ်တန်းစာရင်းဝင်ခဲ့ပါတယ်။ အဲ့အချိန်မှာ
Mr.Bean ကိုနောက်ထပ်နာမည်ကြီးစေခဲ့တဲ့
ဂျန်းစဘွန်းကားကိုပြန်သရော်ထားတဲ့ Johnny
English ကားကြီးက ၂၀၀၃ခုနှစ်ဧပြီလ ၁၁ရက်
နေ့မှာရုံတင်လာပါတော့တယ်။ အူပါပြုတ်မတတ်
ရယ်ရတဲ့ကားပေါ့။ရုပ်တည်ကြီးနဲ့တလွဲတွေလုပ်
တတ်တဲ့စပိုင်တယောက်နေရာကနေသရုပ်
ဆောင်ခဲ့ရပြီးတခြားဇာတ်ပို့တွေမင်းသမီးတွေအ
ဖို့ဒီကားရိုက်ကူးမှာမှာရိုက်နေရင်းမနေနိုင်ပဲရယ်
မိလို့ အကြိမ်ကြိမ်ပြန်ရိုက်ရင်း၇လတိတိရိုက်
ကူးခဲ့ရတဲ့ကားပေါ့။အမြတ်ငွေ သန်း၁၆၀အထိရခဲ့
သလို တကမ္ဘာတဝန်းလူကြိုက်များခဲ့တဲ့ကားပါ။
အဲ့ဒီနောက် ၂၀၀၅ခုနှစ်မှာ Love Actually
Keeping Mum တပြိုင်ထဲထွက်ခဲ့ပြီးဘင်းကို
Hollywood Starတယောက်အဖြစ်ရပ်တည်
စေခဲ့တဲ့ကားတွေပေါ့။
#8
" အပြင်ပန်းအလှအပက
ဘုရားပေးတဲ့ကံ
ဒါပေမယ့် ဒါကသုံးစားလို့မရဘူး
ကိုယ်တိုင်အောင်မြင်မူက
ဘယ်ဘုရားမှမပေးဘူး
ကိုယ့်ဘာကိုယ်ပဲကြိုးစားရတာ။ "

Mr.Bean
"တန်ဖိုးတွေအများကြီးတက်ဖို့ 
သုညဆိုတာနောက်မှာအမြဲကပ်
ပါနေစမြဲပဲ။
သုညဖြစ်တာစိတ်ပျက်စရာမဟုတ်ဘူး
အဲ့ဒီသုညတွေရှေ့မှာတန်ဖိုးရှိတဲ့အရာ
တခုဖြစ်အောင်မလုပ်နိုင်တာကမှ
စိတ်ပျက်စရာပါ။ "

Mr.Bean
၂၀၀၇ ခုနှစ်မှာတော့ Mr.Bean ဇာတ်ကောင်
ကိုထပ်မြင်ရစေတဲ့ Mr.Bean's Holiday ကား
ကြီးကိုရုံတင်လာခဲ့ပါတယ်။ ရှေ့ကကားလိုပဲဒီ
ကားဟာလဲ ၂၅သန်းပဲရင်းပေမယ့်သန်း၂၅၀
နီးပါးရခဲ့ပြန်ပါတယ်။ Mr.Bean ဆိုတဲ့နာမည်နဲ့
တင်သန်းရာချီရဖို့မလွဲဧကန်ပါပဲ။ ဒီကားဟာလဲ
ရှေ့ကာ Mr.Bean လိုပဲရုပ်ရှင်မဟုတ်တဲ့အမြတ်
ငွေစတာလင်ပေါင်သန်း၁၀၀ကျော်ထိရခဲ့သလို
Mr.Bean's Holiday အပြီးမှာတော့ Mr.
Baean ဇာကောင်ဟာ ကာလာစုံရုပ်ရှင်သမိုငိး
တခုလုံးမှာအအောင်မြင်ဆုံးဟာသဇာတ်ကောင်
ဝင်ငွေအမြင့်ဆုံး Comedy ဇာတ်ကောင်အဖြစ်
သမိုင်းဝင်ခဲ့သလို ဖယောင်းပြတိုက်အပြင်နိုင်ငံ
၅၀ကျော်ကပန်းခြံမှာပါရုပ်တုအဖြစ်ထားခြင်းကို
ခံခဲ့ရပါတယ်။ အဲ့ဒီနောက် Johnny English
ရဲ့အဆက် Johnny English Rebornကို
၂၀၁၁ခုနှစ်အောက်တိုဘာလမှာထပ်မံရုံတင်ခဲ့
ပြန်ပါတယ်။ ရှေ့ကကားလိုပဲကုန်ကျစရိတ်နည်း
နည်းနဲ့အမြတ်ငွေသန်း ၁၆၀ကျော်ရခဲ့ပြန်ပါတယ်။

" မင်းဘာမှမလုပ်ရင်
ဘယ်သူမှမင်းကိုမသိဘူး
မင်းလုပ်လို့ မင်းမှာရစရာ၎ခုပဲရှိမယ်။

လှောင်ပြောင်မူ အပြစ်တင်မူ
လေးစားမူ မနာလိုမူ
မင်းကကောင်းတဲ့အလုပ်လုပ်ခဲ့တာ
တောင်ဒီ၎ခုလုံးရခဲ့ရင်
မင်းအောင်မြင်လို့ပဲ "

Mr.Bean
#9
Mr.Bean ဟာရုပ်ရှင်ကားကြီး၂၁
ကားဇာတ်လမ်းတွဲပေါင်း၃၀ကျော်ကိုသရုပ်
ဆောင်ခဲ့ပြီးဖြစ်သလို သူရဲ့Mr.Bean ဇာလမ်းတွဲ
ဟာလဲအောင်မြင်မူများစွာရထားခဲ့ပါတယ်။ဒါတင်
မကသေးပါဘူး Mr.BeanကိုCartoonဇာတ်
လမ်းတွဲအဖြစ်ရိုက်ကူးရာမှာလဲအောင်မြင်မူများ
စွာရယူထားသလို သူ့ရဲ့Tebby Bearအရုပ်ဟာ
လဲ ၂၀၁၁ခုနှစ်ရောင်းအားအကောင်းဆုံးအရုပ်
အဖြစ်အမေရီကန်မှာနာမည်ရ3Dကာတွန်းဇာတ်
ကောင်စတစ်ကိုကျော်ပြီးရရှိခဲ့ပါတယ်။သူ့ရဲ့ဟာ
သလုပ်ကွက်တွေဟာဘယ်သူမှမထင်ထားတဲ့
နေ့စဉ်နေထိုင်မူထဲကနေပဲလုပ်ပြတာများသလို
unnormalမဟုတ်တဲ့ပြကွက်တွေမပါပဲလူတွေ
ကိုသဘာဝအတိုင်းရယ်မောစေတဲ့ဟာသပညာ
ရှင်အဖြစ်လဲနာမည်ကြီးသူပါ။တကယ်တမ်းကျ
Mr.Bean ဟာလူရှေ့ထွက်ရမှာအရမ်းကြောက်
သလိုCameraကိုလဲကြောက်သူပါ။ဒါကြောင့်
သူရိုက်ခဲ့တဲ့ကားတိုင်းမှာဒါရိုက်တာကCamera
Angleကိုအတတ်နိုင်ဆုံးပြင်ဆင်မူများစွာလုပ်
ပြီးမှရိုက်ရသလို စကားထစ်တတ်တဲ့အကျင့်ရှိတဲ့
Mr.Beanဟာလဲတော်တော်ကြိုးစားခဲ့ရသူပါ။
ထူးခြားမူကတော့ Mr.Beanဟာအနုပညာနဲ့
ပတ်သတ်တဲ့သင်တန်းကျောင်းတွေ ဆရာတွေ
တယောက်မှမတက်ခဲ့မရှိခဲ့ဖူးသလို စာအုပ်တွေ
နဲ့ရုပ်ရှင်ကားတွေကပဲသူ့ရဲ့သင်စရာအဖြစ်သင်
ယူခဲ့ရသူပါ။ Oxfordကျောင်းဆင်းEnginner
တယောက်ဖြစ်သလို ရုပ်ရှင်လောကရဲ့ပညာအ
တော်ဆုံးသရုပ်ဆောင်၁၀၀စာရင်းမှာလဲပါဝင်
ထားသူပါ။ ဒီလိုပညာတတ်ကဝင်ငွေကောင်းတဲ့
ကမ္ဘာပေါ်ကဘယ်Companyမှာမဆိုလစာ
သိန်းချီနဲ့ဝင်လုပ်လို့ရပေမယ့် သူရူးသွပ်တဲ့အနုပ
ညာကိုလုပ်ဖို့ Oxford Enginner ဘဝကိုစွန့်
လွှတ်ထားခဲ့သူပါ။ ဒါပေမယ့် Mr.Bean ရဲ့အနု
ပညာဝင်ငွေဟာ လက်ရှိမှာ ပေါင်သန်း၇၃သန်း
ကျော်ပိုင်ဆိုင်ထားခဲ့ပါပြီ။

"ကိုယ်ဘာဖြစ်ချင်လဲကို
သိရဲ့သားနဲ့ ဘဝပေးအခြေအနေ
ဆိုတဲ့အကြောင်းပြချက်နဲ့
မစွန့်လွှတ်လိုက်နဲ့။
စွန့်လွှတ်တာနဲ့တပြိုင်နက်
မင်းဟာ လောကကိုခိုင်းတဲ့သူ
မဟုတ်ပဲ လောကကခိုင်းတာခံရတဲ့သူ
ဖြစ်သွားလိမ့်မယ်။ "

Mr.Bean
Mr.Bean ဟာ ပြိုင်ကားမောင်းရတာကို
နှစ်သက်သူ ကားတွေကိုနှစ်သက်သူဖြစ်ပြီး
Paul Walkerကိုလဲချီးကျူးခဲ့သူပါ။Paulရဲ့
ဇာပနကိုသူကိုယ်တိုင်တက်ရောက်ခဲ့သလို
F&F 7ရိုက်ကွင်းတုန်းကလဲသွားရောက်အား
ပေးခဲ့သူပါ။

" ဟာသပြကွက်တွေကပိတ်သားပေါ်
ရောက်မှသာလူတွေကရယ်တာ
တကယ်တမ်းဒီပိတ်သားပေါ်မရောက်
ခင်လုပ်ရတဲ့လူတွေအဖို့အရမ်း
အန္တရယ်များလွန်းတယ်။Johnny
English Rebornတုန်းကဇာတ်
သိမ်းခန်းရိုက်တော့ကျတော့်လက်တ
ဖက်ကြိုးတွေငြိပြီးအကြောသေသလို
ဖြစ်သွားဖူးတယ်။ လူတွေရယ်ရအောင်
စွန့်စားရတာတကယ်တော့မလွယ်ဘူး
ဗျ"

( Johnny English Reborn
interview in utube )

Mr.Bean ကားတွေကရယ်ရတယ်။ဒါ
ပေမယ့်အဲ့ဒီနောက်ကွယ်မှာသူအန္တရယ်တွေနာ
ကျင်မူတွေများစွာကိုခံခဲ့ရတယ်။ ညာဖက်ခြေ
ထောက်ဟာလဲ Mr.Bean Holidayတုန်းက
ကျိုးဖူးသလို Johnny Englishရိုက်တုန်းက
ထိခိုက်မူပေါင်း၄၀ကျော်အထိဖြစ်ခဲ့ရပါတယ်။
ဟာသဆိုရင် မဖြစ်နိုင်တာကြီးတွေပေါက်ကရ
တွေလုပ်ပြီးရယ်ခိုင်းနေတာတွေများတဲ့ခေတ်မှာ
Mr.Beanက လူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ပတ်
ဝန်းကျင်ထဲကပဲသဘာဝအတိုင်းလုပ်ပြလေ့ရှိသ
လို့သူ့ကားတွေဟာလဲ ငိုနေသူတောင်ထရယ်စေ
သလိုပြန်တွေးတော့ပညာရစရာတွေကိုပေးစွမ်း
နိုင်ပါတယ်။ Mr.Bean ကားတွေဟာကမ္ဘာ့ကျန်း
မာရေးအဖွဲ့အစည်းတွေကနေ စိတ်ကျန်းမာရေး
ရောဂါသည်တွေ စိတ်ဖိစီးနေသူတွေကြည့်သင့်တဲ့
ဇာတ်ကား၁၀ကားစာရင်းမှာမှတ်တမ်းတင်ထားခဲ့
သလို ကျန်းမာရေးအတွက်ပါကြည့်သင့်တဲ့ကား
တွေအဖြစ်စာတမ်းပြုစုခဲ့ပါတယ်။Mr.Beanနဲ့
ပတ်သတ်ပြီးအမှတ်တရတွေထဲကတခုအနေနဲ့
ပြောရရင် ၂၀၀၁ခုနှစ်မတ်လ ၂၁ရက်နေ့ကမိသား
စုလိုက်ကင်ညာကိုအပျော်ခရီးထွက်ကြတယ်။
အဲ့ဒီမှာသူတို့ရဲ့လေယာဉ်မှူးကျန်းမာရေးဖောက်
ပြီးမေ့လဲသွားတယ်။အဲ့တုန်းကလေယာဉ်ကို
အန္တရယ်မရှိပဲမြေပြင်ကိုဆင်းသက်အောင်သူက
တက်မောင်းခဲ့ပြီးအန္တရယ်ကင်းစွာဆင်းသက်နိုင်ခဲ့
ပါတယ်။ ဒါပေမယ့်လေယာဉ်ကွင်းထဲရောက်မှ
သူ့ကိုဝိုင်းမေးကြတဲ့အခါမှာတော့ သူလေယာဉ်တ
ခါမှမမောင်းဖူးပဲ သူဖတ်ဖူးတဲ့စာအုပ်ထဲကအ
တိုင်းလုပ်လိုက်တာပါလို့ပြောခဲ့တယ်။တွေးကြည့်
ရင်ဟာသဆန်ပေမယ့် တကယ့်အာဂလူသားပါပဲ။
၂၀၁၄ခုနှစ်မှာလဲ Formula Oneပြိုင်ပွဲကိုသွား
ရောက်အားပေးခဲ့သလို သူကိုယ်တိုင်လဲမောင်း
ပြပြီးဖွင့်ပေးခဲ့ပါတယ်။ကားကိုဘယ်လောက်ဝါ
သနာပါလဲဆို Octane / Evo / Classics
စတဲ့ကားမဂ္ဂဇင်းတွေမှာလဲဆောင်းပါးရေးသား
သူပါ။

လက်ရှိမှာMr.Bean ဟာ Mr.Bean
ရဲ့နောက်ဆက်တွဲကားကိုရိုက်ကူးနေသလိုသူ
ကိုယ်တိုင်လဲဟာသသင်တန်းကျောင်းတခုဖွင့်ဖို့
ကြိုးစားနေသူပါ။ Mr.Bean … ဒီနာမည်က
ကမ္ဘာပေါ်ကလူတော်တော်များများကြားတာနဲ့
တချက်ပြူံးမိလိမ့်မယ်။ ဒါကသူ့ရဲ့ဖြစ်တည်မူက
ဘာလဲဆိုတာကိုသိနိုင်ပြီပေါ့။

" ဘယ်သူ့ကမွေးလဲအရေးမပါဘူး
ဘယ်လိုနေထိုင်ဝတ်စားလဲ
အရေးမပါဘူး။
ဘယ်နိုင်ငံကမွေးလဲအရေးမပါဘူး
ဘယ်တက္ကသိုလ်ကဘွဲ့ရလဲ
အရေးမပါဘူး။
လူတွေအပေါ်ဘယ်လောက်အကျိုး
ပြုခဲ့ဖူးလဲပဲ အရေးပါတယ်။ "

Mr.Bean
Ref : Mr.Bean Twitter
Rowan's Ducomentries
Village Of Voice

credit-ထက်ဝန
Mr.Beanက ပေးတဲ့ သင်ခန်းစာ…
( ၁ )
" အဖေပြောခဲ့ဖူးတယ်။
မင်းကလူတွေကိုရယ်အောင်
လုပ်နိုင်တာကိုဟုတ်လှပြီထင်မနေနဲ့
မင်းကိုလူပေါတယောက်လို
သူတို့ကြည့်ပြီးဟားနေတာကို
မင်းကဂုဏ်ယူနေတာ"

" ဒီစကားကကျတော်ဆယ်ကျော်သက်ကျောင်း
သားဘဝမှာအရမ်းတွေဝေစေခဲ့တယ်။လူတွေရယ်
အောင်လုပ်ရတဲ့လူတိုင်းကတကယ်ပဲလူပေါလား
လို့ကျတော်တွေးခဲ့ဖူးတယ်။ သေနပ်ခါးကြားညှပ်
ပြီးအမိန့်ပေးတတ်တဲ့လူတွေကျ လူတွေကမျက်
နှာထားတင်းတင်းနဲ့အလေးပြုလေးစားတတ်ကြ
ပြီး လူတွေကိုရယ်အောင်လုပ်တဲ့လူတွေကျဘာ
လို့လူပေါဖြစ်ရတာလဲ။ အပြုံးတွေထက် အမိန့်
တွေအာဏာတွေကလူတွေအတွက်အထင်ကြီး
စရာဖြစ်နေလို့လားဗျာ"

Mr.Bean
" မင်းဘာမှမလုပ်ရင်
ဘယ်သူမှမင်းကိုမသိဘူး
မင်းလုပ်လို့ မင်းမှာရစရာ၎ခုပဲရှိမယ်။

လှောင်ပြောင်မူ အပြစ်တင်မူ
လေးစားမူ မနာလိုမူ
မင်းကကောင်းတဲ့အလုပ်လုပ်ခဲ့တာ
တောင်ဒီ၎ခုလုံးရခဲ့ရင်
မင်းအောင်မြင်လို့ပဲ "

Mr.Bean
သူ့ပန်းတိုင်ကို ဝေဖန်တိုက်ခိုက် ယိုင်လဲစေတာတွေကို သူ့အတွေးနဲ့သူ ပြန်တွန်းလှန်နိုင်ကြောင်း ဒီစကားရပ်တွေကို ကြည့်ရင်သိနိုင်ပါတယ်…။
ဒါကြောင့် သူ့ ပန်းတိုင်လျှောက်မယ့် ခြေထောက်တွေကို ပိုပြီး အားအင်ရှိစေတယ်…။
ပထမဦးဆုံး ဇာတ်ကား မအောင်မြင်မှုကို စိတ်မပျက်ပဲ ဆက်လက်ကြိုးစားသွားတာလဲ အတုယူစရာပါပဲ…။
Mr.Beanကို အတုယူပြီး ကိုယ့်အပေါ်တိုက်ခိုက်တာတွေ အားအင်အဖြစ်ပြန်မွေးမြူနိုင်ကြပါစေ…။
ပြီးတော့…
အောင်မြင်မှုဆိုတာ တစ်ကြိမ်တစ်ခါ လုပ်ရုံလောက်နဲ့ လွယ်လွယ်ရတာ မဟုတ်ပါဘူး…။တစ်ကြိမ်တစ်ခါ ကျဆုံးသွားတာလဲ အပြီးတိုင် မအောင်မြင်တော့တာ မဟုတ်ပါဘူး…။

#zeroneo
သင်ခန်းစာ ( ၂ )

"Mr. Bean " ဆိုတဲ့ကားကိုရိုက်မယ်ပေါ့။မင်း
ကိုမင်းသားတင်ရိုက်ချင်တယ်ပေါ့။ ဒီကားကို
ရိုက်ဖို့ ဒေါ်လာ၁၈သန်းလောက်ကုန်မယ်။ဒါပေ
မယ့် Timဆိုတဲ့ထုတ်လုပ်သူက ၁၀သန်းပဲအ
ကုန်ကျခံမယ် မရိုက်ချင်နေဆိုတဲ့အခြေအနေ။
ဒီအချိန်မှာ ဘင်းက သူပိုင်တဲ့တိုက်ခန်းနဲ့ကား
ကိုရောင်းပြီးဒီကားကိုရိုက်ကူးဖို့စတင်ခဲ့ပါတော့
တယ်။

ဒီအချက်ကို ကြည့်ရင် Mr.Beanဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စွန့်စားရဲတယ်…။
သင်အောင်မြင်ချင်တဲ့ သူတစ်ယောက်ဖြစ်ချင်ရင်…
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ရှိဖို့နဲ့
တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် စွန့်စားဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့…။

#zeroneo
သင်ခန်းစာ ( ၃ )

" အပြုံးဆိုတာ တမင်ဖန်တီးပြီး
ပြုံးခိုင်းလို့မရဘူး။
လူတွေကိုပြူံးစေဖို့ 
လုပ်ရတဲ့လူလောက်တော်တဲ့သူ
ကမ္ဘာမှာမရှိဘူး "

Mr.Bean
ဒီစကားရပ်ဟာ သူရွေးချယ်ထားတဲ့ အလုပ်အတွက် သော့ချက်ကို သိကြောင်း ဖော်ပြနေပါတယ်…။တပြိုင်နက်ထဲမှာပဲ သူ့ကိုယ်သူ ပြန်အားပေးထားတတ်ပြန်သေးတယ်…။
ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ အလုပ်ရဲ့ သော့ချက်ကို သိအောင်လုပ်ပါ…။ကိုယ့်ကိုယ်ကိုယ် အားပေးပါ…။
"တန်ဖိုးတွေအများကြီးတက်ဖို့ 
သုညဆိုတာနောက်မှာအမြဲကပ်
ပါနေစမြဲပဲ။
သုညဖြစ်တာစိတ်ပျက်စရာမဟုတ်ဘူး
အဲ့ဒီသုညတွေရှေ့မှာတန်ဖိုးရှိတဲ့အရာ
တခုဖြစ်အောင်မလုပ်နိုင်တာကမှ
စိတ်ပျက်စရာပါ။ "

Mr.Bean
စိတ်ဓတ်မကျဖို့လဲ သူဟာ သူ့ကိုယ်သူအားပေးတတ်ပြီး…ဘယ်ဟာကမှ စိတ်ပျက်စရာပိုကောင်းလဲ သိသူတစ်ယောက်ပါ…။

" အောင်မြင်ဖို့ လှပတဲ့မျက်နှာ
မလိုဘူး။
တောင့်တင်းတဲ့ခန္တာကိုယ်
မလိုဘူး။
တကယ်လုပ်ချင်တဲ့စိတ်ပဲလိုတယ်။"

Mr.Bean
Mr.Beanရဲ့ ရုပ်ရည်ကို ကြည့်ပါ…။ရုပ်မချောဘူး…ခန္ဓာကိုယ်မတောင့်တင်းဘူး…။အဲဒီ့အားနဲချက်တွေကို သူကိုယ်တိုင်သိတယ်…။ဒါကို မလိုဘူးဆိုပြီး သူဘာသူ ဖယ်ထုတ်သွားပြီး…သူ့ကိုယ်သူ စိတ်ခွန်အားမွေးမြူသွားတယ်…။
သင်လဲ သင့်ရဲ့အားနည်းချက်တွေအပေါ် စိတ်သောက ဖြစ်မနေမပဲ…။ကိုယ်လုပ်စရာရှိတာ လုပ်ပြီး ကိုယ့်ပန်းတိုင်ရောက်အောင်သွားဖို့ သတိပြုပါ…။
"ကိုယ်ဘာဖြစ်ချင်လဲကို
သိရဲ့သားနဲ့ ဘဝပေးအခြေအနေ
ဆိုတဲ့အကြောင်းပြချက်နဲ့
မစွန့်လွှတ်လိုက်နဲ့။
စွန့်လွှတ်တာနဲ့တပြိုင်နက်
မင်းဟာ လောကကိုခိုင်းတဲ့သူ
မဟုတ်ပဲ လောကကခိုင်းတာခံရတဲ့သူ
ဖြစ်သွားလိမ့်မယ်။ "

Mr.Bean
ဒါကတော့ ဇွဲကို ဖော်ပြတာပါပဲ…။
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နောက်မဆုတ်ဘူးဆိုတဲ့ …ဇွဲရှိရှိ လှော်ခတ်မယ်ဆိုတဲ့ စိတ်ဓတ်ထားရှိဖို့လိုပါတယ်…။

သင်လဲ သင်ဖြစ်ချင်တာအတွက် ဇွဲရှိဖို့မမေ့ပါနဲ့…။
#zeroneo
သင်ခန်းစာ ( ၄ )

" အပြင်ပန်းအလှအပက
ဘုရားပေးတဲ့ကံ
ဒါပေ

သင်ခန်းစာ ( ၄ )

" အပြင်ပန်းအလှအပက
ဘုရားပေးတဲ့ကံ
ဒါပေမယ့် ဒါကသုံးစားလို့မရဘူး
ကိုယ်တိုင်အောင်မြင်မူက
ဘယ်ဘုရားမှမပေးဘူး
ကိုယ့်ဘာကိုယ်ပဲကြိုးစားရတာ။ "

Mr.Bean
သူဟာ သူ့
ဘာသာရေးအပေါ် ဘယ်လိုကျင့်သုံး ခံယူရမလဲ သိသူတစ်ယောက်ဖြစ်ကြောင်း ပြဆိုနေတဲ့ စကားပါပဲ…။

ဟုတ်ပါတယ်…။

ကျနော်တို့လဲ အတိတ်ကံ ဒါမှမဟုတ် ဘုရားပေးတဲ့ ကံတွေကို ပုံချမနေပဲ…။ပစ္စုပ္ပာန်ဘဝမှာ ကိုယ်အောင်မြင်မှုရဖို့အတွက် ကိုယ်တိုင်လုပ်မှရမှာကို သိဖို့ လိုအပ်ပါတယ်…။
 သင်ခန်းစာ ( ၅ )

နာမည်ကြီးဖို့ ဆိုးခြင်း နဲ့ ကောင်းခြင်း နှစ်ချက်ရှိကြောင်း သိသူတစ်ယောက်ပါ…။

" ဘဝဆိုတာ လက်ဗလာနဲ့လာပြီး
လက်ဗလာနဲ့ပြန်ထွက်သွားရတဲ့
ဈေးတခုလိုပဲ။

ဒါပေမယ့်ဒီဈေးထဲသင်ဟာခါးပိုက်နှိုက်
လားရတနာဆိုင်ပိုင်ရှင်လားဆိုတာက
တော့သင်ဒီဈေးကထွက်သွားတဲ့တနေ့
သိကြမှာပဲ။

နာမည်ကျန်ရစ်ဖို့ ၂နည်းပဲရှိတယ်။
နာမည်ကောင်းနဲ့ကျန်ရစ်မလား
နာမည်ဆိုးနဲ့ကျန်ရစ်မလား ဆိုတာပဲ။"

Mr.Bean

အောင်မြင်ဖို့ဆိုတဲ့ လောဘထက် အကောင်းဆုံး ဖြစ်ဖို့ဆိုတဲ့ စေတနာ ထားရှိသူတစ်ယောက်ပါ…။

ကျနော်တို့ဟာ အောင်မြင်ဖို့ကို စိတ်စောနေတတ်ကြပြီး အကောင်းဆုံးပေးလိုက်ဖို့ မေ့နေတတ်ကြပါတယ်…။

ဒါဟာလဲ ကျဆုံးစေတဲ့ အချက်ပါပဲ…။
ဒါကြောင့် အကောင်းဆုံးဖြစ်ဖို့ဆိုတဲ့ စေတနာကို ဦးတည်ပြီး လုပ်ဖို့မမေ့ပါနဲ့…။

" အောင်မြင်မူရဖို့ ရည်ရွယ်ပြီး
ဘာမှမလုပ်နဲ့။
အကောင်းဆုံးဖြစ်ဖို့ပဲရည်ရွယ်ပြီး
လုပ် အောင်မြင်မူကအဲ့အခါက
ခဗျားမလိုချင်ဘူးပြောရင်တောင်
ခဗျားနောက်ကိုလိုက်လာလိမ့်မယ်။"

Mr.Bean

ဒါကတော့ ခံယူချက်ကောင်း ထားရှိပုံပါ…။
သင်လဲ အောင်မြင်ချင်ရင် ခံယူချက်ကောင်းထားရှိပါ…။

" ဘယ်သူ့ကမွေးလဲအရေးမပါဘူး
ဘယ်လိုနေထိုင်ဝတ်စားလဲ
အရေးမပါဘူး။
ဘယ်နိုင်ငံကမွေးလဲအရေးမပါဘူး
ဘယ်တက္ကသိုလ်ကဘွဲ့ရလဲ
အရေးမပါဘူး။
လူတွေအပေါ်ဘယ်လောက်အကျိုး
ပြုခဲ့ဖူးလဲပဲ အရေးပါတယ်။ "

Mr.Bean

မျိုးရိုး နိုင်ငံ ဘယ်ကျောင်းဆိုတဲ့ ပညတ်တွေကို ဖယ်ပြီး…လူသားတွေအပေါ် အကျိုးပြုဖို့ ခံယူချက်လေးတစ်ခုပါ…။ဒါဟာ အကောင်းအဆိုး ခွဲခြားနိုင်စွမ်းရှိတာကို ဖော်ပြနေတဲ့ စကားရပ်လေးပါပဲ…။

ဟုတ်ပါတယ်…

အပေါ်မှာ ပြောထားသလိုပဲ
ဆိုးခြင်း ကောင်းခြင်းနဲ့ နာမည်ကြီးဖို့ နည်းနှစ်ခုရှိပါတယ်…။

ဒါပေမယ့်…
ဆိုးခြင်းနဲ့ နာမည်ကြီးတဲ့ သူတွေကို ဘယ်သူမှ အောင်မြင်တယ် မသတ်မှတ်ပါဘူး…။လူဆိုးလို့ပဲ သတ်မှတ်တာပါ…။

ဒါကြောင့်…
သင်အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်…

ခံယူချက်ကောင်း စိတ်ကောင်း စေတနာကောင်း ထားရှိဖို့ ဘယ်တော့မှ မမေ့ပါနဲ့…။

ကောင်ကျိုးရှိတဲ့ နာမည်ကြီးခြင်းကပဲ
သင့်ကို အောင်မြင်မှုဆီ တွန်းပို့နိုင်တာပါ…။

အဲ့ဒါကို ဘယ်တော့မှ မမေ့ပါနဲ့…။

---
#zeroneo
အသီးနဲ့ ပတ်သတ်သမျှစုစည်းထားမှု
********************************
Apple =ပန်းသီး။
Avocado =ထောပတ်သီး။
Acorn = ၀က်သစ်ချသီး။
Almond = ဗန်ဒါသီး။
Apricot = ဘင်္ဂလားဆီးသီး။

Banana = ငှက်ပျောသီး။
Betel nut = ကွမ်းသီး။
Brinjal =ခရမ်းသီး။
Bitter gourd =ကြက်ဟင်းခါးသီး။
Bale fruit =ဥသျှစ်သီး။
bottle gourd = ဘူးခါးသီး။

Coconut =အုန်းသီး။
Cantaloupe = ဖရဲမွှေး။
Cashew nut =သီဟိုဠ် သရက်စေ့။
Citron = ရှောက်ချိုသီး။
Chilli =ငရုတ်သီး။
Cucumber =သခွားသီး။
Custard apple =သြဇာသီး။
Chestnut =သစ်အယ်သီး။
ဂေါ်ရခါးသီး chayote, marrow

Damson =မက်မန်းသီး။
Dates =စွံပလွံသီး။
Drumstick =ဒန့်သလွန်သီး။
Djengkol = ဒညင်းသီး။(ဒညင်သီးDjankal ။)
Dragon fruit =နဂါးမောက်သီး။

Fig =သဖန်းသီး။
Fragrant banana=သီးမွှေးငှက်ပျော။

Grape = စပျစ်သီး။
Gourd = ဘူးသီး
Guava =မာလကာသီး။

Jackfruit = ပိန္နဲသီး။
Luffa gourd- ခဝဲသီး
Lime =သံပရာသီး။
Longan =တောကြက်မောက်သီး။

Mango =သရက်သီး။
Mangosteen =မင်းကွတ်သီး။
Marian =မရမ်းသီး။
marianda =ရဲယိုသီး။
morinda fruit-ရဲယိုသီး
musk melon = သခွားမွှေးသီး။
ဆီးဖြူသီး gooseberry

Orange =လိမ္မော်သီး။
ဇမ္ဗူ့သပြေသီး rose-apple
ဇာဒိပ္ဖိုလ်သီး nutmeg
တညင်းသီး djankol bean, danyia
ထောပတ်ပဲ butter bean
ဒန့်သလွန်သီး drum stick

Palmira =ထန်းသီး။
Plum =ဇီးသီး။
Potato =အာလူး
pomegranate =သလဲသီး။
pomelo = ကျွဲကောသီး။
pummelo =ကမ္ပလာသီး။
Pumpkin = ဖရုံသီး။
Pomegranatc =တလည်းသီး။
Papaya- သင်္ဘော သီး
Pineapple =နာနတ်သီး။
Persimmon = တည်သီး။

Star fruit =စောင်းလျားသီး
Strawberry =စတော်ဘယ်ရီသီး။
Sugar apple =သြဇာသီး။
Sugar maple =သကြားသီး။
Sponge gourd -သဘွတ်သီး
snake-gourd = ပဲလင်းမြွေသီး။
sponge gourd = သပွတ်သီး။
Salt and fresh fruits =ဆားချိုသီး

tamarind = မန်းကျည်းသီး။
Tomato =ခရမ်းချဉ်သီး။

walnut = သစ်ကြားသီး။
wood apple = သီးသီး။

ပဲသီး bean ; calabash ပဲ pea
ပဲတီ mung bean ပဲတီစိမ်း green gram
ပဲရင်း rice bean ပဲဖြူကလေး white bean, duffin bean
ပဲကြီး lablab bean, kidney bean ပဲလင်းမြွေသီး၊ ဗုံလုံသီး snake gourd
ပူစီနံ budina, mint ပဉ္စကာနီသီး gall nut
ပေါက်ပန်းဖြူရွက် sesbania grandiflora ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်လာပန်း cauliflower
ပဲစောင်းလျားသီး goa bean, winged bean ပဲပြား bean curd
ပဲကတ္တီပါ velvet bean ပဲပိစပ် soya bean, horse gram
ပဲပုဇွန် cluster bean ပဲကြား lime bean
ပင်စိမ်းရွက် basil, sage ပိန်းဥ taro
ပဒဲကော galingale ပုတတ်စာ (ပဒတ်စာ) ginger wort
ပဲပင်ပေါက် bean sprouts ပဲလွမ်း cow pea
ပဲနောက် Mung bean ပဲစင်းငုံ pigeon pea
ပဲနီလေး lentil ပဲတောင့်ရှည် string bean, long bean
ပဲနံ့သာ fenugreek ပဲကျပ်ပြင် soybean
ပဲဒလက် sword bean ပဲရင်း rice bean
ပဲပိုးတီ Chinese artichoke ပုစွန်စာရွက် knotgrass
ကင်ပွန်းသီး soap nut ကင်ပွန်းရွက် soap acacia leaves
ကင်းပုံသီး wild snake gourd, coecinia fruit |
ကုလားပဲ chick pea |

ကြောင်လျာသီး trumpet
ခရမ်းကစော့သီး Indian nightshade
ခရမ်းသီး brinjal (egg plant), aubergine
ခရမ်းချဉ်သီး tomato
ကျောက်ဖရုံသီး white pumpkin, marrow
ခ၀ဲသီး ridge gourd
ခါဗုဥ turnip
ချယ်ရီသီး cherry
ခရမ်းကြွပ်သီး solanum molongena
ကက်ဟင်းခါးသီး bitter gourd
ကြောင်လျာသီး trumpet
ခရမ်းကစော့သီး Indian nightshade
ခရမ်းသီး brinjal (egg plant), aubergine
ခရမ်းချဉ်သီး tomato
ဂေါ်ရခါးသီး chayote, marrow
ငရုတ်သီး chilly, chilli

credit>>> Education
ရှဥ့်ကလေးတွေရဲ့ သတ္တိ
===============
လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်ပါသည်။ ကျွန်တော် စာရေးဆရာ ပေါက်စဘ၀။ ၀င်ငွေ မသေချာ သေးသည့် အချိန်။တစ်နေ့ မှာတော့ လက်ရှိ ဘ၀ပြဿနာကို အလေးအနက် စဉ်းစား အဖြေရှာ တော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့် ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။
အမျိုးသမီးနှင့် ကျွန်တော်စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီ ဖြစ်သည်။ သို့သော် လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့်ဝင်ငွေ ဘယ်လောက်ရှိမည်ဆိုတာ ခန့်မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သိပ်တောင့်တတာ တစ်ခုရှိသည်။ ပါရီ၊ ရောမ၊ ဗီယင်နာ ၊ လန်ဒန် စသဖြင့် ဥရောပ အနှံ့အပြားမှာ လှည့်လည်နေထိုင်ရင်း စာရေးချင်သော ဆန္ဒ။
သို့သော် မကြာမကြာ ငွေအသင့်အတင့် ရဖို့ပင် မသေချာသေးသော ယခုချိန်ခါ၌ ကိုယ့်အတွက် လုံခြုံမှုရှိသည့် ကိုယ်သိကျွမ်းပြီးသား ပတ်ဝန်းကျင်ကို စွန့်ခွာကာ မိုင် ၃၀၀၀ ကျော်အဝေး ရှိ ဥရောပသို့ သွားရောက်ရန်မှာ မစဉ်းစား ကောင်းသော အရာတစ်ခု ဖြစ်နေသည်။
အဲသည်အခိုက်အတန့်မှာပင် ပန်းခြံထဲရှိ သစ်ပင်မြင့်ကြီးတစ်ခုထက်မှ ရှဥ့်ကလေးတစ်ကောင် နောက်သစ်ပင်ကြီးတစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်။ သူ ရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှ သစ်ကိုင်းက သူနှင့်အတော်ပင် အလှမ်းဝေးသည်။ မြင့်လည်းအမြင့်ကြီး။ သူလုပ်ပုံက စွန့်စားတာနှင့်မတူ၊ သတ်သေဖို့ ကြံစည်နေသလားပင် အောက်မေ့ရသည်။ တကယ်လည်း သူ ခုန်သည့် အကိုင်းကြီးဆီသို့ မရောက်ပါ ။ လေထဲ ပြုတ်ကျလာသည်။ သို့သော် အောက်ဘက်အတော်နိမ့်သည့် သစ်ကိုင်းတစ်ခုမှာ ဘေးမသီရန်မခ သွားချိတ်မိသည်။ ပြီးတော့ ဘာမှမမှုသလို ဟန်မျိုးနှင့် သူနဂို ရည်မှန်းရာ သစ်ကိုင်းကြီးဆီသို့ ပြေးတက်သွားသည်။ အတော်ဟုတ်သည့် ကောင်။
ခုံတန်းလျားပေါ် ထိုင်နေသည့် အဘိုးကြီးတစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်။
“အံ့သြစရာကွ၊ ဒီကောင်တွေခုန်တာ ကိုယ် အကြိမ်ပေါင်း ရာချီပြီး မြင်ဖူးတယ်၊ အထူးသဖြင့် အောက်မှာ ခွေးတွေဝိုင်းနေလို့ မြေကြီးပေါ် ဆင်းမလာနိုင်တဲ့အချိန်၊ ခုန်တယ်၊ များသောအားဖြင့် လွဲသွားတာပဲ၊ ဒါပေမဲ့ အဲဒီလို ကြိုးစားရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ“ အဘိုးကြီးက ကျေနပ်အားရဟန်ဖြင့် ရယ်သည်။ ပြီးတော့မှ “အေးလေ ၊ သစ်ပင် တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ“ ဟု ဆိုလေသည်။
သည်စကားကြားပြီး ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်သွားသည်။
“ရှဥ့်တစ်ကောင်တောင် ရှိတဲ့အခွင့်အရေးကို ရယူဖို့ ကြိုးစားတယ်၊ ငါက ရှဥ့်လောက် သတ္တိမရှိဘူးလား“
ကျွန်တော် ကြာကြာမဆိုင်းပါ။ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့် လက်ထပ်လိုက်သည်။ ထို့နောက် သင်္ဘော ခရီးအတွက် စရိတ်စက ရအောင် ကြံဖန် စုဆောင်းပြီး အတ္တလန်တိတ်ကို ဖြတ်ကူးလာခဲ့သည်။
ဥရောပမှာ ကျွန်တော်နှင့်ဆတိုး ကြိုးစားသည်။ စာတွေနှစ်ဆလောက် မြန်အောင်ရေးသည်။ ထို့နောက်တွင်ကား ကိုယ်တိုင် အံ့အား သင့်ရလောက်အောင်ပင် ကျွန်တော်လျင်မြန်စွာ အောင်မြင်ခဲ့သည်။ “လေးစားလောက်သော ၀င်ငွေ” ရှိသူ အ၀န်းအ၀ိုင်းသို့ များမကြမီ ကျွန်တော်တို့ ရောက်ရှိသွားခဲ့သည်။
သုံးနှစ်ခန့်အကြာ နယူယောက်သို့ ကျွန်တော်တို့ ပြန်ရောက်လာကြသည့်အခါ မိတ်ဆွေတစ်ယောက်က ကျွန်တော့်အား နိုင်ငံရပ်ခြားတွင် နေထိုင်၍ စာရေးသားခဲ့သည့် အတွေ့အကြုံများအကြောင်း ဟောပြောရန်ကမ်းလှမ်းလာပါသည်။ ဟောပြောခ ကောင်းကောင်းရစေမည် ဖြစ်ကြောင်းလည်း အာမခံပါသည်။ ကျွန်တော် ခေါင်းခါသည်။ ကျွန်တော့် ပရိသတ်ရှေ့တွင် တစ်ခါမျှဟောပြောဖူးသူ မဟုတ်။ စင်ပေါ်တက်ပြီး ပရိသတ်ကို ရင်ဆိုင်မိရုံဖြင့် မေ့လဲသွားနိုင်သည်ဟု အကြောင်းပြပြီး ငြင်းသည်။
သည်အချိန် ဇနီးသည်က စကားတစ်ခွန်း ၀င်ပြောသည်။ “ တစ်ခါတုန်းက ရှဥ့်ကလေးတစ်ကောင်ရှိတယ်၊………….. မှတ်မိလား” ဟူ၍ ။
သူက ခုန်ဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ပေါ်လာသည့် အခွင့်အရေးကို အရယူဖို့။ မှန်သည်။ ကြိုးစား ကြည့်သဖြင့် အနာတရဖြစ်သွားနိုင်သည်မှ မဟုတ်ဘဲ။
အဲသည် နေရာတွင်ပဲ ဆုံးဖြတ်ချက်ကို ကျွန်တော်ပြန်ပြင်ခဲ့သည်။ နောက်လ အနည်းငယ်အတွင်းမှာ ပွဲပေါင်း ၂၀ လောက် ကျွန်တော် ဟောပြောခဲ့ရသည်။။ ဘာအနာအဆာ ထိခိုက်ဒဏ်ရာမျှမရခဲ့။ ပျော်ပင် ပျော်ခဲ့သေးသည်။
သည်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့်စားပြီး လုပ်မလား ၊ နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့် အခါတိုင်း တစ်ခါတုန်းက ရှဥ့်ကလေးတစ်ကောင်ကို ကျွန်တော် ပြေးသတိရသည်။ တစ်ဆက်တည်းပင် ပန်းခြံခုံတန်းလျားပေါ်က အဘိုးအို၏ စကားသံကို နားထဲ ပြန်ကြားယောင်လာသည်။
“အေးလေ၊ သစ်ပင် တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ” ဟူသော စကား။
သို့နှင့် အကြိမ်ကြိမ် အခါခါပင် ကျွန်တော် ခုန်ဖြစ်ခဲ့ပါသည်။ သည်လိုခုန်ရင်းက ရှဥ့်ကလေးတွေ ဘာကြောင့် မကြခဏ ခုန်ကြသလဲ ဆိုတာပါ ကျွန်တော် သဘောပေါက်လာသည်။ ခုန်ရတာ ပျော်စရာပေကိုး ။
Oscar Schisgall ၏ Once There WAs a Squirrel
Forward Mail
ငွေတာရီပေ့ခ်ျမှကူးယူသည်။
ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။
တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။

အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန် နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေ ပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။ ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ် တက်ကြွစေတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှအောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃)ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
Credit To _ HZ Zane
ဖြစ်ရပ်မှန်လူသိနည်း Mr. Bean အကြောင်း
ယနေ့ခေတ်ဟာသသရုပ်ဆောင်လောကမှာ Mr. Bean ကို လူတိုင်းသိကြပေမယ့် သူ့ရဲ့နံမည်အရင်းက Rowan Atkinson
ဖြစ်တယ်ဆိုတာတော့ လူတိုင်းသိကြမှာ မဟုတ်ပါဘူး။ သူဟာ အနုပညာလောကကို ၂၅နှစ်ကြာ ကျင်လည်ပြီးနောက် နံမည်အရင်း
Rowan Atkinson ဆိုတာပျောက်ကွယ်ပြီး Mr. Bean နံမည်သာ လူသိများလာခဲ့ပါတယ်။ Mr. Bean ကို ၁၉၅၅ခုနှစ် ဇန်န၀ါရီ ၆ ရက်နေ့ မှာ မွေးဖွားခဲ့ပါတယ်။ အခုဆို Mr. Bean ဟာ အသက် ၆၁နှစ်တောင်
ရှိပါပြီ။ လူတွေဟာ Mr. Bean ကိုမြင်လိုက်တာနဲ့ ခရစ္စမတ်အတွက် ကြက်ဆင်ကြီးကို ပေါင်းနေတဲ့ဟာသရုပ်ပုံလွှာရယ်၊ လက်ဖက်ရည်အိုး
ထဲကို လက်ဝင်နေလို့ ဆေးခန်းလာပြတဲ့ Mr. Bean ရဲ့ သရုပ်ဆောင်ပုံ ကို ပြေးမြင်တက်ကြပါတယ်။ Mr. Bean ပရိသတ်ကြီးအတွက် သူ့ရဲ့
စိတ်ဝင်စားဖွယ် ကိုယ်ရေးအချက်အလက်များကို ဗဟုသုတရ ဖွယ် ဖော်ပြလိုက်ပါတယ်။

၁။ Mr. Bean ဟာ အင်္ဂလိပ်လူမျိုးပါ။
Mr. Bean ဟာသဇာတ်လမ်းတွဲတွေကို အင်္ဂလန်မှာ ရိုက်ကူးခဲ့ပေမယ့် တစ်ချို့ကတော့ Mr. Bean ကို အမေရိကန်လို့ ထင်နေကြပါတယ်။ တကယ်တော့ Mr. Bean ကို အင်္ဂလန်နိုင်ငံ၊နယူးကက်ဆဲ (Newcaste) မြို့မှာ မွေးဖွားတဲ့ အင်္ဂလိပ်စစ်စစ်ကြီးပါ။ အရပ်အမြင့်ဟာ ၁၈၀စင်တီမီတာ (၅ပေ ၁၁လက်မ) တောင် ရှိပါသတဲ့။
၂။ Mr. Bean ဟာ စကားနည်းနည်းထစ်ပါတယ်။
ကလေးဘ၀ကတည်းက Mr. Bean ဟာ စကားနည်းနည်းထစ်ပါတယ်။ သရုပ်ဆောင်ရမဲ့အချိန်မှာ Mr. Bean ဟာ မထစ်ငေါ့အောင် ကြိုးစားခဲ့ရပါတယ်။ စကားထစ်နေပေမယ့်လည်း Mr. Bean ဟာ အနုပညာလောကမှာ အောင်မြင်ခဲ့ပါတယ်။
၃။ Mr. Bean ဟာ နံမည်ကြီးတက္ကသိုလ် ၂ခုမှာ ဘွဲ့ရခဲ့ပါတယ်။
သရုပ်ဆောင်မဖြစ်ခင်က Mr. Bean ဟာ အနုပညာကို မလေ့လာဖူးပါဘူး။ သူဟာ နယူးကက်ဆဲတက္ကသိုလ် (Newcaste University) မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိပြီး မဟာအင်ဂျင်နီယာဘွဲ့ကိုတော့ အောက်(စ်)ဖို့ တက္ကသိုလ် (Oxford University) Queen’s College ကနေ ရရှိခဲ့ပါတယ်။ တကယ်တော့ Mr. Bean ဟာ အောက်(စ်)ဖို့တက္ကသိုလ်ကတောင် မဟာအင်ဂျင်နီယာဘွဲ့ရထားတဲ့ ပညာတက်တစ်ယောက်ပါ။
၎။ Mr. Bean ဟာ ကားမောင်းကျွမ်းတယ်။
Mr. Bean ဟာ ကားမောင်းကျွမ်းတယ်ဆိုတာ လူသိနည်းပါတယ်။ သူဟာ တကယ်တော့ ကားမောင်းရာမှာ ဆရာကျတဲ့ လူတစ်ယောက်ပါ။ Mr. Bean ဟာ အခြားနံမည်ကျော်တွေနဲ့ Top Gear ကားမောင်းပြိုင်ပွဲမှာ ၀င်ပြိုင်တဲ့အခါ သူငယ်ချင်း Matt LeBlanc နှင့်အတူ ဒုတိယတောင် စွဲပါသတဲ့။
၅။ Mr. Bean ဟာ သမီးချောတစ်ယောက် ရှိပါတယ်။
အမှန်အတိုင်းရေးရလျင် Mr. Bean ဟာ ဟောလီးဝုဒ် (Hollywood) လောကမှာ နံမည်သာကျော်ပေမယ့် ပြောင်ချော်ချော်မျက်နှာထားနှင့် လူချောတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် သူ့မှာတော့ အင်မတန်ချောမောလှပတဲ့ သမီးတစ်ယောက်ရှိပါတယ်။ Mr. Bean ရဲ့သမီးချောကတော့ တစ်ခြားသူမထင်ပါနဲ့။ နံမည်ကျော်မင်းသမီးချော Lily Atkinson ပဲ ဖြစ်ပါတယ်။
၆။ Mr. Bean ဟာ သက်ရှိထင်ရှား ရှိပါသေးတယ်။
မကြာသေးခင်တုန်းက Mr. Bean ဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားပြီလို့ ကောလဟလသတင်းတွေ အင်တာနက်မှာ ပျံ့နှံ့ပါသေးတယ်။ သတင်းမှန် မဟုတ်ပါဘူး။ ယနေ့မှာ Mr. Bean ဟာ သူချစ်သောမိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက် ရှိပါတယ်။
www.goodyfeed.com မှ 6 Interesting Facts You Didn’t Know About Mr. Beanကို ဘာသာပြန်ပါတယ်။
Credit: Myanmar Knowledge Bank
Admin. . . KS

မနက်ဖြန်အတွက် လမ်းညွှန်များ
======================

၁။ နေ့စဉ် လူသုံးဦး ကို ချီးကျူးစကားပြောပါ။
၂။ အနည်းဆုံး တစ်နှစ် တစ်ခါ နေထွက်တာကို ကြည့်ပါ။
၃။ ရတာထက် ပိုမသုံးနဲ့။
၎။ တွေ့တဲ့ လူတိုင်းကို ကိုယ့်ကို ဆက်ဆံ စေချင်သလို ဆက်ဆံပါ။
၅။ မိတ်ဆွေသစ် ဖွဲ့ပါ။ မိတ်ဆွေဟောင်းကိုလည်း ချစ်မြတ်နိုးပါ။
၆။ လျှိ့ဝှက်ချက် ကို ထိန်းသိမ်းပါ။
၇။ ကျေးဇူးတင်ကြောင်းစာကို ချက်ချင်းရေးပါ။
၈။အမှားကို ဝန်ခံပါ။
၉။ရဲရင့်ပါ။ မရဲသော် ရဲယောင်ဆောင်ပါ။ ဘယ်သူမှ ခွဲခွဲခြားခြား မသိပါ။
၁၀။ ဘယ်တော့မှ လိမ်လည်လှည့်ဖျားမှု မလုပ်ပါနဲ့။
၁၁။ နားထောင်တတ်ပါစေ။ အခွင့်အလမ်းဟာ တခါတရံမှာတံခါးကို အင်မတန် ညင်သာစွာ ခေါက်တာပါ။
၁၂။ တခြားလူတွေရဲ့ မျှော်လင့်ချက်တွေကို မပိတ်ပင်ပါနှင့်။ သူတို့မှာ အဲဒါပဲရှိတာ ဖြစ်နိုင်ပါတယ်။
၁၃။အသိပညာ နဲ့ သတိ ရှိဖို့ပဲ ဆုတောင်းပါ။
၁၄။ အချိန်မှန်ပါ။ သူများကိုလည်း အချိန်မှန်ဖို့ တိုက်တွန်းပါ။
၁၅။ အတင်းမပြောပါနှင့်။
၁၆။ ဘာမှ ဆုံးရူံးစရာ မရှိသူကို သတိထားပါ။
၁၇။ခွင့်လွှတ်ခြင်းရဲ့ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။
၁၈။ လူရှေ့ ၊ သူရှေ့ ချီးကျူးပါ။
၁၉။ နှစ်ယောက်ခြင်း ဝေဖန်ပါ။
၂၀။ အပေါင်းအဖော်တွေကို မေ့ထားလိုက်ပါ။ မြင့်မြတ်တဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ စိတ်ကူးတွေဟာ တစ်ယောက်တည်း စဉ်းစားဥာဏ်ကွန့်မြူးခြင်းကနေ ရောက်ရှိလာတာဖြစ်ပါတယ်
၂၁။ အချိန်မဆွဲပါနှင့်။ လုပ်ဖို့လိုအပ်တဲ့ အချိန်မှာ လုပ်ရမှာကို လုပ်ပါ။
၂၂။မသိဘူးလို့ ပြောရမှာ မကြောက်ပါနှင့်။
၂၃။ တောင်းပန်ပါတယ်လို့ ပြောဖို့ မကြောက်ပါနှင့်။
၂၄။ မသေခင်တွေ့ကြုံခံစား ချင်တဲ့အရာ နှစ်ဆယ့်ငါးခုကို စားရင်းလုပ် ၊ ပိုက်ဆံအိတ်ထဲမှာ ဆောင်ထား။ မကြာခဏ ကြည့်ပေးပါ။

Ref; Henry Dunant
ကျွန်တော့် ဧည့်ကြို မန်နေဂျာ
*******************

လုပ်ငန်းခွင် တစ်ခုမှာ လူတိုင်းမပြောဖူးတဲ့စကား မရှိဘူး အဲဒါက ဘာလဲဆိုရင် နားလည်မှုနဲ့လုပ်ကြရအောင် နားလည်မှုနဲ့ လုပ်ကြတာပေါ့ဆိုတဲ့စကားပေါ့
သိချင်တာက တကယ်ရောနားလည်လို့လား ဆိုတဲ့အတွေးခဏ ခဏ ဝင်တယ် နားလည်မှုဆိုတာမျိုးက ကိုယ်တိုင်ခံစားဖူးတဲ့သူမှ နားလည်ပေးနိုင်တယ် ဆိုတဲ့အသိရှိတာပါ မိဘ တယောက်မဖြစ်ဖူးပဲနဲ့ မိဘ နေရာကိုငါဝင်ရောက်နားလည်ပေးနိုင်တယ် ဆိုတာ အလကားပြောတာ စာဖတ်ပြီးပြောတာ တကယ်စာနာ နားလည်ပေးနိုင်ရင်လဲ ၂၀ ရာခိုင်နှုန်းပဲရှိလောက်တယ် သူတကယ်မိဘ ဖြစ်လာခဲ့ရင်တော့ အကုန်လုံးနီးပါးသူစာနာ နားလည်သွားနိုင်မယ် လို့ ကျွန်တော်တော့ ထင်တာပဲ
အခုက လုပ်ငန်းခွင်အကြောင်းပြောပြချင်တာပါ ကျွန်တော်ရဲ့ life က ဟိုတယ်ဝန်ထမ်းဆိုတော့ ဟိုတယ်ကိုပြောကြတာပေါ့ ကျွန်တော်ရဲ့ မန်နေဂျာပြောဖူးတယ် သူ့ဖိနပ်ကို ခဏစီးကြည့်ပါတဲ့ ဆိုလိုတာက သူ့နေရာကိုခဏဝင်ကြည့်ပါဆိုတာပေါ့ ကျွန်တော်ဝင်ကြည့်တယ် အများကြီးမြင်ခဲ့ရတယ်
ဘောလုံးတစ်သင်းမှာ အသင်းသားနဲ့နည်းပြတွေရှိတယ် အသင်းသားတွေရဲ့အားနည်းချက်အားသာချက်တွေကို အပြင်ကထွက်ကြည့်မှ မြင်ရသလို တချို ဟိုတယ့် မန်နေဂျာတွေက ဘောလုံးကွင်းထဲမှာ ဝင်ကန်သလို ဝင်ကန်နေကြတော့ အသင်းရဲ့ အားသာချက်လဲမသိ အားနည်းချက်လဲမသိ ပြသာနာရဲ့ အရင်းအမြစ်လဲ မသိပဲနဲ့ ဆုံးဖြတ်ချက်တွေမှားကြတော့တယ် ကန်ကြပါလားသူတို့အသင်းသားဘဝတုန်းက ဝင်ကန်ခဲ့ရင် အားသာချက်အားနည်းချက်တွေသိပြီး အသင်းသားတွေအပေါ် ဘယ်လိုနားလည်ရမလဲဆိုတာသိသွားတာပေါ့ အခုက အသင်းသားဘဝကိုကျော်ပီးနည်းပြဖြစ်လာတော့ ဘယ်လို နားလည်မှုတွေ သူသိမလဲ သူဦးဆောင်တဲ့အသင်းလဲပျက်စီးတဲ့အပြင် အရည်အချင်းရှိတဲ့အသင်းသားတွေလဲ ပြောင်းကြကုန် ကျန်တဲ့အသင်းသားတွေ လဲ စိတ်ဓာတ်ကျကုန်တာပေါ့
ကျွန်တော်က FO မန်နေဂျာဆိုတော့ FO နေရာကပြောကြရအောင် FO ဆိုတာ ဟိုတယ်ရဲ့ မျက်နှာစာ ပါ သူ့ဆီမှာအရည်အချင်း အပြည့်အဝ ရှိမှ လုပ်ရတဲ့နေရာပါ FO မှာ လုပ်ပီး HK, F&B အပြင် ဟိုတယ်ရဲ့ operation အကြောင်းကို GM တစ်ယောက်နီးပါး သိအောင်လုပ်ထားရတဲ့နေရာပါ။ ဧည့်သည်တစ်ယောက်ရဲ့ စိတ်ကျေနပ်မှု မကျေနပ်မှု တွေအကုန်ဖွင့်ချတဲ့နေရာ ပေါက်ကွဲတဲ့နေရာပါ။ အဲဒီတော့ FO မန်နေဂျာရဲ့တာဝန်က ဧည့်သည်တွေစိတ်ကျေနပ်အောင် ပြသာနာ တွေမဖြစ်အောင်ကြိုတင်ကာကွယ်ပီးတော့ ဆက်စပ်တဲ့ဌာနအားလုံးကို ကြိုတင်သတင်းပေးရတယ်
အဲဒီမှာ နားလည်မှုဆိုတဲ့စကားကစတာပဲ FO ရဲ့လုပ်ငန်းဆောင်တာကိုနားမလည်တဲ့ ဌာနက ဘယ်လိုမြင်လဲဆိုရင် ဆရာလုပ်တယ် လို့မြင်တယ် ပြသာနာ ဖြစ်တော့ FO ကရှင်းရတယ် တခါတခါ သူတို့မှားကြတဲ့အခါ ပြောကြတယ် နားလည်မှုနဲ့လုပ်ကြရအောင်တဲ့ FO ရဲ့လုပ်ငန်းဆောင်တာ မသိပဲနဲ့ ဘယ်လိုနားလည်မှု ယူကြမလဲ
ကံကောင်းတဲ့ FO မန်နေဂျာဆိုရင်တော့ ဆက်ဆံရတဲ့ဌာနက မန်နေဂျာတွေက ဟိုတယ် operation အကြောင်းအကုန်သိထားတဲ့လူတွေဖြစ်နေရင်တော့ ဘားမှပြောစရာမရှိတော့ဘူး ကံဆိုးတဲ့ သူတွေကတော့ တဌာနထဲမှာပဲ လုပ်ဖူးတဲ့ မန်နေဂျာ နဲ့တွေတော့တာပဲ တစ်လမ်းသွားတွေပေါ့ HK ဆိုလဲ အဲဌာနတခုထဲကတက်လာတဲ့သူ F&B ဆိုရင်လဲ အဲဌာနတခုထဲကတက်လာတဲ့သူဆိုရင် ဆက်ဆံရခက်တဲ့အပြင် ကိုယ့်ကလူဆိုးကြီးကိုဖြစ်လို့
ပညာမတတ်တာကိုအပြစ်မပြောလိုပါဘူး တတ်ချင်ဟန်ဆောင်တာကိုပဲ စိတ်ပျက်တာ ကိုယ်မတတ်တာကိုသိထားရင်လဲ နားလည်ပေးလို့ရသေးတယ် အခုက ကိုယ်မတတ်တာကို မသိတာဆိုတော့ မခက်ပေဘူးလား ကိုယ်ကလုပ်ငန်းကိုဦးတည်ပီး ပြောမိဆိုမိတော့ Attitude မကောင်းဘူးတဲ့ အော် Attitude ဆိုတဲ့စာလုံးတောင်မှန်အောင်မပေါင်းနိုင်ကြပဲ ပြောချင်ကြတာလက်ဖျားခါရလောက်ပါတယ်
အဲဒီတော့ အကြံပေးချင်တာက FO Manager ရာထူးနဲ့ဟိုတယ်ကို အလုပ်သွားလျှောက်တဲ့အခါကျရင် ကိုယ်နဲ့ဆက်စပ်နေတဲ့ ဌာနတွေရဲ့ မန်နေဂျာ ပညာအရည်အချင်း ၊ လုပ်ငန်းအတွေ့အကြုံ ၊ သူရဲ့ အောင်မြင်မှု စွမ်းဆောင်မှု ဒါတွေကိုပါကြည့်ပါလို့အကြံပြု ပါရစေ။ ခုနကပြောတဲ့ လိုအပ်ချက်တွေမရှိရင်တောင်မှ သူတို့ပြောပြောနေတဲ့ Attitude ကဘယ်လောက်ထိကောင်းသလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်း ကျွန်တော် လိုပဲ တခြား ဌာနမှ အရည်အချင်းရှိ မန်နေဂျာတွေလဲ ယခုကဲ့သို့ ပြသာနာများ ကြုံတွေ့ရမည်ဟု ယုံကြည်ပါသည်။ တစ်ခုတော့ရှိပါတယ် ကိုယ့်ကိုကိုယ်တော့ အရည်အချင်းပြည့်နေဖို့လိုအပ်ပါတယ်။
(ပန်းတစ်ပွင့်ရဲ့တန်ဖိုးကို ဥယျဉ်မှူး ဘဝဖြတ်သန်းဖူးမှ သိလိမ့်မည်။ စာဖတ်ခြင်းဖြင့်မသိနိုင်)
#Shankalay
ကျွန်တော်ဟိုတယ်လောကသား -1
~~~~~~~~~~~~~~~~~~~~~~~~
Hotel တစ်လုံးမှာ Manager တစ်ယောက် (GM /AGM/RM/OM) ဖြစ်ပြီဆိုရင် DH (Department Head) တွေနဲ့ အဆင့်ဆင့်သော ဝန်ထမ်းတွေကိုဘယ်လိုကိုင်တွယ်မလဲဆိုတာက အဲ Manager ရင်ဆိုင်ရမယ် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကတော့ အဲ Manager ရဲ့ အရည်အချင်းဖြစ်ပါတယ်။ ဘယ်လောက်အရည်အချင်းရှိတဲ့ Manager လည်းဆိုတာလည်း သူ့ရဲ့ Honeymoon period မှာပဲ သူ့ကို Assessment ပြန်လုပ်ကြည့်ရအောင်။ ဘယ်အချက်တွေနဲ့သူ့ကိုစောင့်ကြည့်မလဲ ?

1. သူ့ရဲ့ Management Style ဟာ ခုသူရပ်တည်တဲ့နေရာဒေနဲ့ကိုက်ညီ မညီကိုသိမသိ။
2. ထို Manager ကို Owner Site ကထောက်ပံ့ယုံကြည်မှုပေးထားတဲ့အတိုင်းအတာ။
3. DH တွေကိုဘယ်လို Method နဲ့ လွှမ်းမိုးမလဲ။
4. Employeement နဲ့ Turn over အပေါ် ထိန်းချုပ်နိုင်မှု။
5. ကိုင်တွယ်နေတဲ့ operation နဲ့ပတ်သက်တဲ့ Commitment ။
စသောအချက်တွေကပဲ သူ့ကို Manager တော် တစ်ယောက်ဟုတ်မဟုတ်ကိုဖော်ကျူးလိုက်ပါတယ်။ ကိုယ့်ပထမ အလုပ်တုန်းကကိုယ်နဲ့အဆင်ပြေသူတွေကိုခေါ်သွင်းချင်တတ်ကြတာ / လက်ရှိဝန်ထမ်းတွေအပေါ်မှာ အာဏာတစ်ခုကိုပဲ အသုံးချပြီး လွှမ်းမိုးဖို့ကျိုးစားတတ်ကြတာဟာ Old style Manager တွေရဲ့ အတ္တ Management ပါ။ သူတို့ဟာများသောအားဖြင့် မအောင်မြင်ကြတဲ့ Derailer တွေပါ။ conceptual skill အရမ်းညံ့ဖျင်းတယ်လို့ဆိုရမှာပါ။
''''' မလုပ်နိုင်ရင်ထွက်လို့တစ်တွင်တွင်ပြောနေပြီဆိုရင်သေချာပြီ အဲဒါ မအောင်မြင်သေးတဲ့ Manager ပဲ''''

You gotta realize yourself that you are a Manager, not a teacher or a master.
မှတ်ချက် ။ ။ Hotel လောကသားတစ်ယောက်အနေနဲ့ သိသလောက်ဝေဖန်သုံးသပ်ထားပါသည်။ အကြံပြုကြပါ။ ဆက်လက်သုံးသပ်နေဦးမှာပါ။
မြတ်မင်းသူ
https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
သင်နောက်မကျသေးပါ
*****************
ဟိုတယ်လုပ်ငန်းတွင် Customer (၂) မျိုးရှိသည်
Hotel သို့လာရောက်တည်းခိုသော ဧည့်သည်များ ကို External Customer လို့ခေါ်ပြီး ဟိုတယ်ဝန်ထမ်းတွေကို တော့ Internal Customer လို့ခေါ်ပါတယ်။ External Customer လို့ခေါ်တဲ့
ဧည့်သည်တွေဟိုတယ်ကိုလာရောက်တည်းခိုတဲ့ အခါ သူတို့ရဲ့ Expectation တွေဖြစ်တဲ့ အခန်းကောင်းကောင်းတွေ အစားအသောက်ကောင်းကောင်းတွေ Service ကောင်းကောင်းတွေ ကို ပြည့်မီအောင်ဖြည့်ဆည်းပေးလိုက်တာနဲ့ Excellent Customer Service ကိုရပါတယ်။
နောက်တစ်ခု Internal Customer ဒါကတော့ အရေးကြီးပါတယ်။ ဟိုတယ်လုပ်ငန်းဆိုတာ စက်ပစ္စည်း နဲ့လုပ်တဲ့အလုပ်မဟုတ်ပါဘူး။ ခုနကပြောတဲ့ Internal Customer လို့ခေါ်တဲ့ ဝန်ထမ်းတွေနဲ့ လုပ်ရပါတယ်။ လူတွေကိုပျော်ရွှင်စေဖို့ အဲလူတွေက လုပ်ဆောင်ပေးကြရပါတယ်။ အဲလိုလုပ်ဆောင်ပေးရမယ့် Service Industry ကလူတွေက မပျော်ရွှင်ရင် ဘယ်မှာ excellent Customer Service ဖြစ်လာတော့မလဲ။
ဧည့်သည်တွေလိုပဲ Internal Customer ဖြစ်တဲ့ ကျွန်တော်တို့ဟိုတယ်ဝန်ထမ်းတွေဟာ နေရာထိုင်ခင်းကောင်းကောင်း အစားအသောက်ကောင်းကောင်း လစာကောင်းကောင်း သူတို့ဘဝ လုံခြုံမှု ကောင်းကောင်း အာမခံချက်ကောင်းကောင်း Management ကောင်းကောင်း ဒါတွေကို လိုချင်ကြတယ် ဒါတွေဟာ Internal Customer တွေရဲ့ Expectations တွေပါ။
ဒါပေမယ့် ကျွန်တော်တို့မြန်မာ နိုင်ငံမှာ ရှိတဲ့ Hotel Industry တွေဟာInternal Customer တွေရဲ့ Expectation တွေကိုမဖြည့်ဆည်းပေးကြပဲနဲ့ External Customer တွေဆီက Excellent Customer Service Recommend ကိုလိုချင်နေကြတာကို စိတ်မကောင်းစွာတွေ့ကြရပါတယ်။
ဝန်ထမ်းတွေကို အခန်းကောင်းကောင်းမပေးပဲနဲ့ သန့်သန့်ရှင်းရှင်းနေစေလိုတယ် ယူနီဖောင်းကောင်းကောင်း မဆင်ပေးပဲနဲ့ duty ဝင်ရင် လှလှပပဖြစ်နေရမယ် ဆိုတဲ့ စည်းကမ်းချက်တွေ နဲ့ဘောင်ခတ်လိုက်တာဟာ ရီစရာများ မကောင်းပေဘူးလား။ ဝန်ထမ်းတွေရဲ့ Motivation ဆိုတာကိုမေ့ထားကြပါတော့တယ်။
ကိုယ့်ဖက်ကလိုအပ်တဲ့အခြေခံကျတဲ့ ဝန်ထမ်းတွေရဲ့ Expectation တွေကိုဖြည့်ဆည်းထားပြီး ခုနကလို စည်းကမ်းချက်တွေ ထုတ်ထားရင်တော့ တရားမျှတတာပေါ့။ အခြေခံကျတဲ့ လိုအပ်ချက်တောင် မဖြည့်ဆည်းထားပေးပဲ ဝန်ထမ်းတွေကကြိုးစားလို့ Excellent Customer Service recommend တွေရနေတယ်ဆိုရင်တော့ အဲဝန်ထမ်းတွေကို လက်မလွတ်ပါနဲ့တော့။ လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီး ပျော်ရွှင်အောင်ထားလိုက်ပါ။ သင်နောက်မ ကျသေးပါဘူး။
(ဘယ်သူကိုမှ ရည်ရွယ်ပြီး ရေးထားခြင်းမဟုတ်ပါ စိတ်ခံစားချက်များ တူညီပါက com ဖြင့် အကြံပြုဆွေးနွေးနိုင်ပါသည်။)
6 June ·
https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
ကိုစောကွန်မန့်ကို ဖြေပေးပါမယ်။
အများသူငါလည်း ဖတ်ရမှတ်ရလေအောင် သည်လိုpostလေး ရေးတာကောင်းမယ် ထင်ပါတယ်။
အနုပညာရဲ့သဘောမှာ Incantationဆိုတာရှိတယ်။
ဒါရဲ့ မူရင်းအဓိပ္ပါယ်ကတော့ ဂါထာ၊ မန္တန်ကို ခေါ်တာပါ။ အနုပညာမှာကျတော့ စိတ်အခြေခံအလိုက် ယူလိုရာယူ အံဝင်ခွင်ကျရှိနေတဲ့ သဘောပါ။
သည်အရည်အသွေးဟာ ကဗျာနဲ့ ပန်းချီမှာပဲရှိတယ်။ အခြားအရာတွေမှာ အားနည်းတယ်။
ဥပမာ ပန်းချီကားတစ်ချပ် ဆိုပါတော့။ တံလျှပ်အရောင် တဖြတ်ဖြတ်ထနေအောင် ရေးထားတယ်။ ဒါပေမယ့် ကြည့်သူတစ်ဦးတစ်ယောက်က သည်လိုမြင်ကွင်းမျိုးမှ လွတ်လပ်ကျယ်လွင့်တယ်လို့ ထင်တာမျိုး။
ကဗျာမှာလည်း သည်အတိုင်းပဲ။
ဆိုပါတော့ ကဗျာတစ်ပုဒ်။
''မိုးရေတက်ရေ တဖွေးဖွေး၊ ကွင်းကျယ်အဝေးဝေး''
သည်ကဗျာကို ''လယ်စောင့်တဲ''လို့ အမည်ပေးခဲ့လို့ ကလေးကဗျာ ဖြစ်လာတာ။
တကယ်လို့သာ ''မိသားစု''လို့ အမည်ပေးလိုက်ရင်၊ ''ဧကစာ''လို့ အမည်ပေးလိုက်ရင် လူကြီးတွေ တွေးစရာအများကြီးပါတဲ့ ကဗျာဖြစ်လာမှာ။
ဒါကြောင့် ကဗျာမှာ focusပြောင်းသွားရင်၊ point of viewပြောင်းသွားရင်၊ ချဉ်းကပ်ပုံ ပြောင်းသွားရင် အနက်သက်ရောက်မှုနယ်ပယ်လည်း ပြောင်းသွားမယ်။
သည်လို ရှုထောင့်အမျိုးမျိုးကနေ အသွင်အမျိုးမျိုး ကွဲထွက်နေတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေမှာ ဘယ်ဟာကိုမှ လုံးဝမှားပါတယ်လို့ ပြတ်ပြတ်သားသား မဆိုနိုင်ပြန်ဘူး။
ဘာကြောင့်လဲ။ သူအမြင်ဟာ သူ့ရင်အစစ် ဖြစ်နေလို့။
သူ့ရင်ထဲက ခံစားချက်ကို သူကလွဲလို့ ဘယ်သူကမှ သူ့လောက်နားမလည်ကြဘူးလေ။
အဲဒါက Incantation(မန္တန်ပမာစွမ်းရည်)ပါပဲ။
No automatic alt text available.



Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်