ကျွမ်းကျင်လိမ္မာမှု



ကျွမ်းကျင်လိမ္မာမှု

            ဟိုတယ်ဝန်ထမ်းတိုင်းသည် ကျွမ်းကျင်လိမ္မာမှု ရှိရမည်ဖြစ်သည်။ ကျွမ်းကျင်လိမ္မာမှုကို အဓိပ္ပါယ်ဖွင့်ရမည်ဆိုလျှင် မုသားပြောဆိုခြင်းဖုံးကွယ်နိုင်သည့် အရည်အသွေး ဖြစ်သည်။ အနည်းငယ်ရှုပ်ထွေး လျှင် ဥပမာပေးလိုပါသည်။

နံနက်ပိုင်း (Reception Counter) တွင် (Check-Out) များဖြင့် ရှုပ်ထွေးနေချိန်၌ ဧည့်သည်တစ်ယောက်မှာ (Souvenir counter) တွင် ကြည့်နေသည်။ ဝန်ထမ်းတစ်ယောက်မျှ ၎င်းဧည့်သည်အား ပစ္စည်းပြသ မပေးနိုင်ချိန်ဖြစ်သည်။ ဧည့်သည်မှ မတောင်းဆိုမီပင် ဧည့်ကြိုဝန်ထမ်းမှ

            “ မမရေ အရုပ်လေးတွေက လှတယ်နော်၊ နောက်တစ်ပတ်နေရင် ရိုးရာရုပ်လေးတွေ ထပ်ရောက်လာဦးမှာတဲ့။ ဒီကောင်တာက ညီမလေးက မနေ့ကပြောတာ၊ သူက (၉)နာရီမှ ဂျူတီဝင်မှာလေ …”

စသည်ဖြင့် လွှဲဖယ်နိုင်သည်။ မိမိ၏ မအားလပ်မှုကို ဖုံးကွယ်နိုင်သည်။ ဧည့်သည်တောင်းဆိုမှ ကျေနပ်အောင် ငြင်းဆိုမှုသည် တတ်သိမှုဖြစ်သည်။ ဧည့်သည်မတောင်းဆိုမီ ငြင်းဆိုတတ်မှုသည် ကျွမ်းကျင်လိမ္မာမှုဖြစ်သည်။

ထူးအောင်ဝင့်

(၂၉.၁၂.၂၀၂၀ ညနေ ၃း၃၃ မိနစ်)

ကၽြမ္းက်င္လိမၼာမႈ

          ဟိုတယ္ဝန္ထမ္းတိုင္းသည္ ကၽြမ္းက်င္လိမၼာမႈ ရွိရမည္ျဖစ္သည္။ ကၽြမ္းက်င္လိမၼာမႈကုိ အဓိပၸါယ္ ဖြင့္ရမည္ဆိုလွ်င္ မုသားေျပာဆိုျခင္းဖံုးကြယ္ႏိုင္သည့္ အရည္အေသြး ျဖစ္သည္။ အနည္းငယ္ရႈပ္ေထြးလွ်င္ ဥပမာ ေပးလိုပါသည္။

နံနက္ပုိင္း (Reception Counter) တြင္ (Check-Out) မ်ားျဖင့္ ရႈပ္ေထြးေနခ်ိန္၌ ဧည့္သည္တစ္ေယာက္မွ (Souvenier Counter) တြင္ ၾကည့္ေနသည္။ တစ္ေယာက္မွ် ၎ဧည့္သည္အား ပစၥည္းျပသ မေပးႏုိင္ခ်ိန္ျဖစ္သည္။ ဧည့္သည္မွ မေတာင္းဆိုမီပင္ ဧည့္ႀကိဳဝန္ထမ္းမွ

“ မမေရ အရုပ္ေလးေတြက လွတယ္ေနာ္၊ ေနာက္တစ္ပတ္ေနရင္ ရိုးရာရုပ္ေလးေတြ ထပ္ေရာက္လာဦးမွာတဲ့။ ဒီေကာင္တာက ညီမေလးက မေန႔ကေျပာတာ၊ သူက (၉)နာရီမွ ဂ်ဴတီဝင္မွာေလ …”

စသည္ျဖင့္ လႊဲဖယ္ႏိုင္သည္။ မိမိ၏ မအားလပ္မႈကို ဖံုးကြယ္ႏိုင္သည္။ ဧည့္သည္ေတာင္းဆိုမွ ေက်နပ္ေအာင္ ျငင္းဆန္မႈသည္ တတ္သိမႈျဖစ္သည္။ ဧည့္သည္မေတာင္းဆိုမီ ျငင္းဆိုတတ္မႈသည္ ကၽြမ္းက်င္လိမၼာမႈျဖစ္သည္။

ထူးေအာင္ဝင့္

(၂၉.၁၂.၂၀၂၀ ညေန ၃း၃၃ မိနစ္)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံၿမိဳ႕ေတာ္