Basic English Grammar



Basics Of English Grammar

အင်္ဂလိပ်စာတွင် A  မှ Z အထိ အက္ခရာ (၂၆) လုံး ရှိသည်။

A to Z ကို Alphabet (အက္ခရာ)

A, E, I, O, U ကို Vowel (သရ)

ကျန် (၂၁) လုံးကို Consonant (ဗျည်း)

*Y, W ကို Half-vowel (သရဝက်) ***(တစ်ခါတရံ သရအလုပ် လုပ်တတ်၍)

အနည်းဆုံး သရတစ်လုံးနှင့် ဗျည်းတစ်လုံးပေါင်းလျှင် (Word) စကားလုံး ရသည်။

စကားလုံးများကို အမျိုးအစားခွဲလျှင် (၈) မျိုးရသည်။

The Eight Parts Of Speech (ဝါစင်္ဂ ရှစ်မျိုး) ဟု ခေါ်သည်။ ဝါစင်္ဂရှစ်မျိုးဟူသည် စကားအင်္ဂါရှစ်မျိုးကို ပြောြခင်း ဖြစ်သည်။

 The Eight Parts Of Speech = ဝါစင်္ဂရှစ်မျိုး

 

1. Noun           (n)       နာမ်

2. Pronoun (pron)     နာမ်စား

3. Adjective (adj)       နာမဝိသေသန

4. Verb (v)                  ကြိယာ

5. Adverb (adv)          ကြိယာဝိသေသန

6. Preposition (prep:) ဝိဘတ်

7. Conjunction (conj:)သမ္ဗန္ဓ

8. Interjection (interj:)အာမေဍိတ်

(PS: တချို့ဆရာများက The Nine Parts Of Speech ဟူ၍ သင်သည်လည်း ရှိပါသည်။ Determiners (နာမ်ညွှန်းစကားလုံးများ) ကို ထည့်သွင်းရေတွက်ထားခြင်း ဖြစ်သည်။)

ဝါစင်္ဂရှစ်မျိုးကို (၂) ပိုင်း ထပ်၍ ခွဲနိုင်သေးသည်။ ၎င်းတို့မှာ

1. Lexical Words         (အဓိပ္ပါယ် စကားလုံး)

2. Structural Words   (အဆောက်အအုံ စကားလုံး) ဟူ၍ ဖြစ်သည်။

Lexical words တွင် (Noun, Verb, Adjective, Adverb) တို့ ပါဝင်ပြီး Structural words တွင် (Pronoun, Preposition, Conjunction, Interjection) တို့ ပါဝင်သည်။

ထူးအောင်ဝင့်

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်