အမှန်တရားကို မသိသေးခင်

အမှန်တရားကို မသိသေးခင်

မီးရထားပြတင်းပေါက်က မြင်နေရတဲ့ မြင်ကွင်းတွေကိုကြည့်ပြီး အသက်(၂၄)အရွယ်ကောင်လေးက သူ့အဖေကို ဝမ်းသာအားရသံနဲ့ ပြောလိုက်တယ်။

“ ဖေဖေ ကြည့်ပါဦးဗျ၊ သစ်ပင်တွေအားလုံး နောက်မှာကျန်ခဲ့ပြီ ”

ဖခင်ဖြစ်သူက ပြုံးနေတယ်။ အနားမှာထိုင်နေတဲ့ လူငယ်စုံတွဲကတော့ (၂၄)နှစ်အရွယ်ကောင်ကလေးရဲ့အပြုအမူကို သနားဟန်နဲ့ ကြည့်နေစဉ်မှာပဲ ထိုကောင်လေးက ရုတ်တရက် ထပ်အော်လိုက်ပြန်တယ်။

“ ဖေကြီး၊ ကြည့်ပါဦး တိမ်တွေက သားတို့နဲ့အတူ ပြေးလိုက်နေသလိုပဲဗျ ”

စုံတွဲက ဆက်သီးမခံနိုင်တော့သဖြင့် အဖိုးကြီးကို ပြောလိုက်သည်။

“ ခင်ဗျားသားကို ဆရာဝန်ကောင်းကောင်းနဲ့ ဘာလို့ မပြတာလဲဗျ ”

အဖိုးကြီးက ပြုံး၍ပြောလိုက်သည်။

“ တို့သားအဖ အခုပဲ ဆေးရုံက ဆင်းလာတာကွ၊ သူက မွေးကတည်းက မျက်စိအလင်းမရတာလေ၊ ဒီနေ့တော့ သူလောကကြီးကို စတွေ့တဲ့နေ့ပဲ ”

လူတိုင်းမှာ ပုံပြင်တစ်ပုဒ်စီတော့ ရှိကြတာပါပဲ။ အမှန်ကိုမသိသေးခင် ဘာဆုံးဖြတ်ချက်၊ ထင်မြင်ချက်မှ ပေးမနေပါနဲ့။ အမှန်တရားက မင်းကို ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေနိုင်ပါတယ်။ ထပ်ပြောပါမယ်။

“ The truth might surprise you.”

(PS: တော်တော်များများ ဖတ်ဖူးပြီးသား ပုံပြင်လေးတစ်ပုဒ်ပါပဲ။ ကျွန်တော် သင့်တော်သလို ဘာသာပြန်ထားပါတယ်။)

ထူးအောင်ဝင့်

(22.11.2021 11:03 PM)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်