Posts

Showing posts from July, 2026

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၉)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၉) ဆရာကြီးက ပြောပါတယ် ကားစီစဉ်ပေးနိုင်မလားတဲ့ ။ ကားက ယင်းမာပင်မှာထိပဲ ရမှာပါ ဟိုဖက် တောထဲ ကားလမ်းမရှိဘူးလေ ဆိုတော့ ဗိုလ်ကြီးက ပြောပါတယ် "ဒါဆိုရင် သွားပြီး အလကား မဖြစ်အောင် ပစ္စည်းမတွေ့ခဲ့ရင် ၅ သိန်း လျှော်ရမယ်" "အရောင်းအဝယ်လုပ်မယ်ဆိုရင် ဒီလို အလျှော်အစားက ရှိတတ်ပါတယ် ဒါပေမယ့် အခုဟာက အကျိုးတူ အားလုံး စုပေါင်း လုပ်ကြတာ မဟုတ်ဖူးလား ? ဆရာကြီးက ယူပေးပြီးရင် ခွဲတမ်း မယူတော့ ဘူးလား" "ဒီလိုလည်း မဟုတ်ဖူးလေ ကိုယ့်ဖက်က သေချာအောင် ပြောထားတာပါ"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၈)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၈) ပုဆိုးတိုတိုဝတ်ပြီး သံထိုးဖို့ ဆင်းလိုက်ပါတယ် ။ တွင်းထဲလည်း ဒိုးပင် အမြစ်တွေရှိနေတော့ အနံ့ကတော့ ဒိုးပင်နံ့ပဲ ရတာပေါ့ ။ ဒါနဲ့ အိတ်ရဲ့ အပေါ်ပိုင်း အညှာ နားလေးကနေ သံကို သုံးပုံနှစ်ပုံ ထိုးသွင်းပြီး အပေါ်ပြန်တက်ခဲ့ပါတယ် ။ နာရီဝက် လောက်ရှိမှ ပြန် နုတ်ကြည့်မယ်ဆိုပြီး ဖုန်းပြောနေမိပါတယ် ။ အဲလိုနေတုန်း မိနစ် နှစ်ဆယ်လောက်ရောက်တော့ ပိုင်ရှင်ထဲက လူတယောက်က မပြောမဆို တွင်းထဲ ဆင်းသွားပြီး သံချောင်းကို နုတ်ယူလာပါတယ် ။ "ရပြီဗျ ဒီမှာကြည့်". ဆိုပြီး သူ့ရဲ့ လက်ညှိုးပေါ်မှာ သံတင်ပြီး လက်စွပ် ကွင်း လုပ်သလို ကွေးပြပါတယ် ။ နောက်တခါ သံမှိုဖက်ကို သံလိုက်နဲ့ ကပ်တယ် အပြင်ဖက် ကျန်နေတဲ့ သံက သံလိုက် လိုက်ပါတယ် ။ ကွေးနေတဲ့ အပိုင်းက သံမလိုက်တော့ပါဘူး ။ စမ်းပုံအရဆို အောင်နေပါပြီ ။

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၇)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၇) မီးက ၈" အနားအရောက်မှာ ပြန်ကျသွားပါတယ် ။ ထပ်စမ်းတယ် ၇" ပဲရတော့တယ် ။ ထပ်စမ်းတယ် ၆" ပဲရတော့တယ် ။ မထူးဘူးဆိုပြီး စပုတ်တံ ထိုးကြည့်တယ် ။ မပြတ်ပါဘူး အားလုံးလည်း မျက်နှာမကောင်းပါဘူး ။ ကျနော်ကြားဖူးတဲ့ တပွဲတိုးအောင်သိန်း ပစ္စည်းလား မသိဘူးပေါ့လေ တွေးမိတာပါ ။ ဦးသန်းဝင်းတို့လည်း အဲဒီရွာကို ပြန်သွားပါတယ် ။ ရွာကိုရောက်တော့ ရွာလူကြီးကအစ သူ့ရွာသားဖက်က ကာကွယ်ပြောဆိုပါတယ် ။ ပညာယူသင့်ပါတယ် ဘယ်လိုပြောလည်း ဆိုတော့ မျက်စိပိတ်ပြီး ရောင်းတာ မဟုတ်ဖူးတဲ့ ။ စိတ်တိုင်းကျစစ်ပြီးမှ ဝယ်သွားတာမို့ သူတို့ တာဝန်မဟုတ်ဘူးတဲ့ ။