Posts

Showing posts from April, 2016

ပညာနဲ့ သညာ

ပညာနဲ့ သညာ        အဆိုးအကောင်း အကျိုးအကြောင်းကို ဝေဖန်ချင့်ချိန်နိုင်သည့်အရာကို ပညာဟု ခေါ်သည်။ သညာဆိုသည်က ဆရာသင်ကြားပြသပေးသည့် သင်ခန်းစာများ၊ လေ့လာဖတ်ရှုမှတ်သားမိသည့် ဗဟုသုတများကို ခေါ်ဆိုခြင်းဖြစ်သည်။           ပညာဆိုသည်က ရော့အင့်ဆိုကာ ပေး၍၊ ယူ၍ရသောအရာ မဟုတ်ချေ။ ပေး၍၊ ယူ၍ရသော ပညာဆိုလျှင်လည်း ပညာမဟုတ်သည့် တစ်စုံတစ်ရာသာ ဖြစ်လိမ့်မည်။ ပညာသည် မိမိ၏ ကိုယ်တွင်း နှလုံးသားတစ်နေရာမှာ ခိုအောင်းနေသော အရာဖြစ်သည်။ ထိုအရာလေး နိုးထလာစေရေးအတွက် အသိ ပညာ၊ ဗဟုသုတရစေသည့် စာအုပ်၊ စာပေများကို လေ့လာဖတ်ရှုခြင်း၊ ဆရာသင်ကြားလေ့ကျင့်ပေးသည့် သင်ခန်းစာများကို ကြေညက်စေခြင်း စသောနည်းများနှင့် နှိုးဆွရသည်။ ပညာဓိကဘုရားဖြစ်သည့် ကျွန်တော်တို့၏ ဂေါတမဘုရားရှင်သည် သဗ္ဗေညုတ ရွှေဥာဏ်တော်ပညာ နိုးထလာစေရန်အတွက် လေးအသင်္ချေနှင့်

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

Image
အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ မြန်မာနာမည်မှာ မျိုးရိုးနာမည်၊ မိဘနာမည် စသည်ဖြင့် အချို့နာမည်များမှာ ထည့်လေ့ရှိသော်လည်းဘဲ First name တို့Last name တို့စသည့် သဘောမျိုးတော့ မှည့်လေ့ မရှိကြပါဘူး။ များသောအားဖြင့် နာမည်တစ်လုံးသာ ဖြစ်ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ form တွေဖြည့်တဲ့အခါ First name၊ Last name တွေနေရာမှာ ဖြည့်စွက်ရတဲ့အခါ ဘယ်လိုဖြည့်ရမယ်ဆိုတာ ဇဝေဇဝါ ဖြစ်တတ်ပါတယ်။

ကိုယ့်အကြောင်းကို ကိုယ်ဘယ်လိုပြောမလဲ

Image
ကိုယ့်အကြောင်းကို ကိုယ်ဘယ်လိုပြောမလဲ Posted by Soe Soe Win on March 16, 2015 at 13:55   အလုပ်ခွင်မှာ၊ ကျောင်းမှာ၊ ဈေးထဲမှာ၊ ပါတီမှာ၊ ဟိုမှာဒီမှာစတဲ့ လူမှု အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ သင်ဟာ တစ်ခါတစ်လေဘဲ ဖြစ်စေ၊ မကြာခဏဘဲဖြစ်စေ ကိုယ့်ကိုယ်ကို မိတ်ဆက်ရင်း ကိုယ့်အကြောင်းကို ပြောရတာမျိုး ကြုံဖူးမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတွေ ဖြစ်တဲ့အလျောက် အလုပ်သဘောဖြစ်စေ၊ ခရီးသွားဟန်လွဲဖြစ်စေ အခြားသူတွေနဲ့ မိတ်ဖွဲ့ပြီးကိုယ့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းကို ကျယ်ပြန့်အောင် လုပ်ကြရပါတယ်။

ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက်           ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်တွေကို မကြာခဏ ချဖြစ်တတ်ကြသည်။ သို့သော် ကျွန်တော် တို့၏ ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည် ဖော်နိုင်ပါရဲ့လား။ ရာနှုန်းပြည့် အကောင်အထည် မဖော်နိုင်ကြသူတွေ များမည်ထင်ပါသည်။ ဆုံးဖြတ်ချက်တိကျခိုင်မာပြတ်သားသူများသည်ပင် ရာနှုန်းပြည့် နီးပါးသာ အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် ဟူသော ဆုံးမစကားတို့ ပေါ်ထွက်လာခြင်းဖြစ်သည်။           ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်ရန်အတွက် မိမိဘာလိုချင်သည်၊ ဘာလိုအပ်သည်ကို အတိအကျ သိဖို့လိုသည်။ သို့မဟုတ်ပါက အကောင်အထည်မဖော်နိုင်သည့်၊ မအောင်မြင်သော ဆုံးဖြတ်ချက်များစွာကို ချမှတ်နေမိဦးမည် ဖြစ်သည်။ တချို့တွေက လိုချင်တာနှင့် လိုအပ်ချက်ကို ကွဲကွဲပြားပြား မသိကြ။ တချို့တွေကတော့ ဝါသနာနှင့် အားကျခြင်းကို မခွဲခြားနိုင်ဖြစ်ကြသည်။ အသစ်အသစ်သော နည်းပညာများ ပေါက်ကွဲနေသည့်ခေတ်တွင် ကျွန်တော်တို့လိုအပ်နေသည်မှာ ဆက်သွယ်ရလွယ်ကူစေသည့် ဖုန်းတစ်လုံး လား၊ နောက်ဆုံးပေါ် (Tablet) တစ်လုံးလား သိစေချင်ပါသည်။