Posts

Showing posts from September, 2015

ကျွန်တော်နှင့် ချစ်သောသင်တန်းတစ်ခု

ကျွန်တော်နှင့် ချစ်သောသင်တန်းတစ်ခု                ကျွန်တော်သည် ဇေယျာပဒေသာဖောင်ဒေးရှင်း ပညာ့အလင်းခေတ်မှီစာကြည့်တိုက်မှ ကြီးမှူး ကျင်းပသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု   စွမ်းရည်မြှင့်သုံးလသင်တန်း အမှတ်စဉ်(၂)တွင် တက်ရောက် သင်ကြားနေ သည့် သင်တန်းသားတစ်ဦးဖြစ်ပါသည်။              ထိုသင်တန်းကြီးက သင်ကြားသည့် ဘာသာရပ်(၅)မျိုးရှိသည်။ ဘာသာရပ်(၅)မျိုးတွင် အင်္ဂလိပ်စာ ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း ထားသည်မှာ ပညာ့အလင်း ခေတ်မှီစာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဌ ဆရာကြီး ဦးဖုန်းကြွယ်၏ အမြော်အမြင် ကြီးမားမှုဖြစ်ပါသည်။ သင်တန်းတွင် ဌါနဆိုင်ရာဝန်ထမ်း(၃၁ )ယောက်နှင့် ပြင်ပမှ ပုဂ္ဂလိကဝန်ထမ်း ( ၉ )ယောက် ရှိပါသည်။ သင်တန်းသားဦးရေ ကန့်သတ်ထားသည့်အထဲမှ ဌါနဆိုင်ရာဝန်ထမ်းများနှင့် အတူ   ပြင်ပမှ စိတ်ပါဝင်စားသူများကို တက်ခွင့်ပြုခြင်းကမူ ဆရာကြီး ဦးဖုန်းကြွယ်၏ ကြီးမားသည့် မြော်မြင်မှုထဲမှ အမြင်ကျယ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ထို့အတူ မအားလပ်သည့်ကြားမှ သင်တန်းအတွက် အချိန်ပေးကာ လာရောက်သင်ကြားကြသည့် မုံရွာတက္ကသိုလ် အင်္ဂလိပ်စာဌါနမှ ဆရာမများ၏ ချီးမြှင့်မှုသည်လည်း   မေ့ထားမရသည့် ကျေးဇူးတရားတစ်ရပ်

ဖယောင်းတိုင်လေးများ

Image
ဘဝအတွက်ခွန်အားဖြစ်စေသောစာတိုလေးများ ဖယောင်းတိုင်လေး ၄ တိုင်ရှိတယ် .. ဖယောင်းတိုင်လေးတိုင်စလုံးဟာ ဖြည်းညှင်းစွာ လောင်ကျွမ်းနေပါတယ် ။ သူတို့ဘာတွေပြောလဲ နားထောင်ကြည့်ရအောင် ။ ပထမ ဖယောင်းတိုင်ကပြောတ ယ် “ ငါက ငြိမ်းချမ်းရေးပါ ဘယ်သူတွေက ဘယ်လိုပဲငါ့ကို ထွန်းညှိပေမယ့် ငါ ယုံကြည်တယ် ငါသွားရမှာပဲ ” ဒီလိုနဲ့ ပထမယောင်းတိုင် ဟာ လေတချက်အဝှေ့မှာ မီးစာငြိမ်းပြီး ငြိမ်သက်သွားတယ် ။ ဒုတိယဖယောင်းတိုင်ကပြောတယ် “ ငါက သစ္စာရှိမှုပါ အရာအားလုံးဟာ တည်မြဲမှုမရှိဘူးဆိုတာ ငါက ပြသတယ် ငါ အမြဲ မထွန်းလင်းနိုင်ဘူးတချိန်သေဆုံးရမှာကိုလည်းငါသိတယ် ” အဲဒီလိုပြောပြီး

အက်ဆေးဆိုတာ ဘာလဲ?

Image
အက်ဆေးဆိုတာ ဘာလဲ? အက်ဆေးဆိုတာ ဘာလဲဆိုပြိးတော့ မေးခွန်းထုတ်လိုက်ရင် လူအများစုက စာစီစာကုံးလို့ မြန်မာလို ပြန်ပြီ ဖြေကြလိမ့်မယ်။ ဒီအဖြေက မမှန်ဘူးလားဆိုတော့ အနည်းအကျဉ်းတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်အဖြေမှန်လား ဆိုတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာစီစာကုံးဆိုတာဟာ ကျောင်းသူကျောင်းသားတွေကို စာရေးတတ်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ စာစီစာကုံးရဲ့ မူက နိဒါန်း၊ စာကိုယ်၊ နိဂုံး သုံးခုပါအောင် ဘောင်သွင်းပြီး ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အချက်အလက်တွေနဲ့ စီကုံးရေးဖွဲ့ရခြင်းမျိုးပါ။ ဒီတော့ အက်ဆေးနဲ့ သဘောထား ကွဲလွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အက်ဆေးအများစုဟာ ဘောင်ထဲမှာ မဟုတ်ကြပါဘူး။ ဘောင်ထဲမှာ ရေးသားခြင်း မဟုတ်လို့ စည်းမဲ့ကမ်းမဲ့လို့လည်း ပြောလို့မရပါဘူး။ စိတ်ကူးအတွေးတွေကို လွတ်လွတ်လပ်လပ် ရေးဖွဲ့ထားခြင်းမျိုးကို ဆိုလိုတာပါ။

အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်

အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်     အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ဟု ဆိုထားသော်လည်း တကယ်တမ်းတွင်မူ လျှို့ဝှက်ချက် မဟုတ်ချေ။ လူအများ သတိမမူမိသောကြောင့်ဖြစ်သည်။ သတိမူမိသည်ဆိုစေကာမူ အလေးမထားကြ သောကြောင့်ဖြစ်သည်။ ထိုအချက်လေးကို ကျွန်တော်က အစဖော် ထောက်ပြပေးရုံသက်သက်သာ ဖြစ်သည်။ လိုက်နာကျင့်သုံးခြင်းဆိုသည်က သင့်အပေါ်တွင်သာ လုံးလုံးမူတည်နေသည်။           အောင်မြင်သူတစ်ယောက်ကို သတိထားကြည့်မည်ဆိုပါက သူ့တွင် ဝန်းကျင်ကောင်းရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုဝန်းကျင်တွင် သူ့အတွက် မနည်းလှသော မိတ်ဆွေများရှိနေကြသည်။           ဆယ်တန်းကျောင်းသားလေး တစ်ယောက်၏ ဝန်းကျင်ကို ကြည့်မည်ဆိုပါက မိမိတို့တတ်နိုင်သမျှ ဖြင့် အကောင်းဆုံးကျောင်း၊ အကောင်းဆုံးကျူရှင်ကို ထားသည့် မိဘများရှိသည်။ သင်သည့် ဆရာ၊ ဆရာမများမှာလည်း စာမလိုက်နိုင်သည့်ကျောင်းသားကို စာမေးပွဲအောင်စေရန်၊ အောင်နိုင်သည့် ကျောင်းသားကို ဂုဏ်ထူးထွက်လာစေရန်၊ ဂုဏ်ထူးထွက်နိုင်သည့်ကျောင်းသားကို ဘာသာစုံဂုဏ်ထူး ထွက်လာစေရန် ကြိုးစားသင်ကြားပေးသူများ ဖြစ်ကြသည်။ နွမ်းပါးသဖြင့် အခကြေးငွေပေးရသည့် ကျူရှင် မနေနိုင်စေကာမူ မသိနားမလည်သည်များကို မေးလာလျှင် ကူညီရှ

ဝဿန်ကြိုသူများ

ဝဿန်ကြိုသူများ        ယခုအချိန်တွင် အပြင်ဘက်လမ်းမဘက်သို့ ကြည့်လိုက်မည်ဆိုပါက တံလျှပ်ခိုးတွေ တရှိန်းရှိန်းဟပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လေပူများ၊ ဖုန်ငွေ့များ၊ ရိုးတံထိုးထိုးထောင်ထောင်နှင့် ကျန်ရှိ နေသေးသည့် ရွက်ကျန်များအပေါ် တင်နေသည့် ထုတက်နေသည့်ဖုန်မှုန့်များ၊ ရွက်ကြွေများဖြင့် ဝန်းကျင်သည် ကန္တာရဆန်လှသည်။           ထိုအခြေအနေကို လစ်လျူရှုပြီး လူငယ်များကြား၊ သို့မဟုတ် လူအများကြား ဖက်ရှင်ကျသည့် စကားလုံးတစ်ခုရှိသည်။               “သင်တန်း” ဖြစ်သည်။ တစ်ချို့သူတွေအတွက် သင်တန်းဆိုသည်က အချိန်တွေပိုနေ၍ဖြစ်သည်။ တစ်ချို့တွေက လိုအပ်ချက်ကြောင့်ဖြစ်သည်။ တစ်ချို့တွေက မိမိကိုယ်ကို (Up to date) ဖြစ်နေစေရန် အတွက်ဖြစ်သည်။           သင်တန်းဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့ဘက်မှ ငွေ(Money)၊ စွမ်းအင်(Energy) နှင့် အချိန် (Time) တို့ကို ရင်းနှီးမြှပ်နှံရသည်။ အသီးအပွင့်အနေဖြင့် စိတ်နေစိတ်ထား(Attitude)၊ ကျွမ်းကျင်မှုစကေး (Skill) နှင့် အသိပညာ၊ ဗဟုသုတ (Knowledge) တို့ တိုးတက်လာစေရန်အတွက်ဖြစ်သည်။