ဖယောင်းတိုင်လေးများ





ဖယောင်းတိုင်လေး ၄ တိုင်ရှိတယ် ..
ဖယောင်းတိုင်လေးတိုင်စလုံးဟာ ဖြည်းညှင်းစွာ လောင်ကျွမ်းနေပါတယ် ။ သူတို့ဘာတွေပြောလဲ နားထောင်ကြည့်ရအောင် ။
ပထမ ဖယောင်းတိုင်ကပြောတယ်
“ ငါက ငြိမ်းချမ်းရေးပါ ဘယ်သူတွေက ဘယ်လိုပဲငါ့ကို ထွန်းညှိပေမယ့် ငါ ယုံကြည်တယ် ငါသွားရမှာပဲ ” ဒီလိုနဲ့ ပထမယောင်းတိုင် ဟာ လေတချက်အဝှေ့မှာ မီးစာငြိမ်းပြီး ငြိမ်သက်သွားတယ် ။
ဒုတိယဖယောင်းတိုင်ကပြောတယ်
“ ငါက သစ္စာရှိမှုပါ အရာအားလုံးဟာ တည်မြဲမှုမရှိဘူးဆိုတာ ငါက ပြသတယ် ငါ အမြဲ မထွန်းလင်းနိုင်ဘူးတချိန်သေဆုံးရမှာကိုလည်းငါသိတယ် ” အဲဒီလိုပြောပြီး
ဒုတိယဖယောင်းတိုင်လည်းမီးငြိမ်းသွားပါတယ် ။
တတိယ ဖယောင်းတိုင်ကဆက်ပြောတယ်
“ ငါက ချစ်ခြင်းမေတ္တာပါ ငါ့မှာ ဆက်လက်ထွန်းလင်းဖို့ အတွက် အင်အားမရှိပါဘူး လူတွေက ငါ့ကိုဘေးမှာ ထားပြီးငါ့အသုံးဝင်ပုံကိုနားမလည်ကြဘူး အဲဒီလိုပဲ လူတွေက သူတို့အနီးဆုံမှာ ရှိနေတဲ့ အ၇ာတွေကို ချစ်ဖို့ မေ့နေတတ်ကြတယ် ” ၀မ်းနည်းစွာ နဲ့ပြောပြီး တတိယဖယောင်းတိုင်လည်း မီးငြိမ်းပြီး ငြိမ်သက်သွားပါတယ် ။
ရုတ်တရက်ချက်ချင်းပဲ ကလေးငယ်တစ်ယောက်က အခန်းထဲကို ၀င်လာပြီး ဖယောင်းတိုင် ၃ တိုင် ဟာ မီးမတောက်ဘူးဆိုတာ တွေ့လိုက်ရတယ် ။ ကလေးငယ်က ၀မ်းနည်းစွာနဲ့ပဲ “ မင်းတို့ဘာလို့ မလင်းကြတော့တာလဲ ငါက မင်းတို့အဆုံးထိ ထွန်းလင်းကြမယ် ပဲ ထင်နေတာ ” ဆိုပြီး ၀မ်းနည်းစွာနဲ့ပြောတယ် ။
အဲဒီအခါ စတုတ္ထမြောက်ဖယောင်းတိုင်က ကလေးငယ်ကိုပြောတယ် ။
“ မကြောက်လန့်ပါနဲ့ ကလေးရယ် ငါက ကိုယ်တိုင်လောင်ကျွမ်းခံနေရချိန်မှာတောင် တပါးသူကို ပြန်ပြီးအလင်းရောင် ထွန်းညှိပေးနိုင်ပါတယ် ငါ့နာမည်က မျှော်လင့်ခြင်းပါ ” တဲ့ ။ ကောင်လေးရဲ့ မျက်လုံးတွေတောက်ပသွားပြီး အဲဒီဖယောင်းတိုင်ကိုယူလို့ တခြားဖယောင်းတိုင်တွေကိုပါ ထွန်းညှိပေးလိုက်ပါတော့တယ် ။
===============================
မျှော်လင့်ခြင်း အလင်းရောင်ဆိုတာ ဘ၀မှာ ဘယ်တော့မှ သေဆုံးသွားခြင်းမရှိဘူး ။
Ref : Four candles
မူရင်းရေးသူကို cridit ပေးပါသည် ...

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်