သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၄)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၄) နေပြည်တော်ရောက်တော့ သပြေကုန်းစျေးနားက ရွှေခရားလက်ဖက်ရည်ဆိုင်မှာ တွေ့ကြပါတယ် ။ လာတွေ့တဲ့သူတွေကလည်း လူမျိုးစုံပါပဲ ။ တပ်မတော်က အရာရှိဟောင်းတွေလည်း ပါနေတာ တွေ့ရပါတယ် ။ တကယ်စကားပြောကြည့်တော့ ပစ္စည်းက မယူရသေးကြောင်း အရောင်းအဝယ်စာချုပ် ချုပ်ပြီးမှ သွားပြီး ယူရမှာ ဖြစ်ကြောင်း ပြောကြပါတယ် ။ ကျနော်ကလည်း ပြောပြလိုက်ပါတယ် စာချုပ် ချုပ်ပြီဆိုတာနဲ့ တင်ငွေဆိုတာ လိုပြီ ဖြစ်ကြောင်း နဲ့ ဘယ်လောက်တင်နိုင်မလဲ မေးလိုက်တော့ တယောက်မျက်နှာ တယောက် ကြည့်နေကြပြီး ပြောပါတယ် "ဒီလိုကွ ငါတို့လည်း အခု အခက်အခဲ ဖြစ်နေကြပြီ ငွေတင်ပြီး မခေါ်နိုင်တော့ဘူး "