သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၆)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၆)

ကရင်ဗိုလ်မှူးရဲ့ နာမည်ကတော့ စောနစ်ဗလုတဲ့ဗျ(ဗမာတွေကတော့ အလွယ်တကူ နေဘီလူးလို့ ခေါ်ပါတယ်) ။ သူကစကားပြောလည်း တိကျပြတ်သားပါတယ် ။ ဒါပေမယ့် သူက ဒီလိုင်းတွေကိုနားမလည်ပါဘူး ။ သူတို့အဓိလုပ်တာက ဆောက်လုပ်ရေး လုပ်ငန်းတွေကို အစိုးရဆီက လုပ်ပိုင်ခွင့်ရအောင် ယူပြီး တဆင့်ပြန်ခိုင်းတာပါပဲ ။
မြန်မာစစ်တပ်က ကျနော့်ရဲ့ မိတ်ဆွေ ဗိုလ်မှူးက စီစဉ်ပေးရတာပါ ။ အံ့သြစရာပါပဲ မကြာသေးတဲ့ အတိတ်မှာ အပြန်အလှန်သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြသူ နှစ်ဦးဟာ အခု အတူတူ ပူးပေါင်း လုပ်နေတာ သာမန် မိတ်ဆွေ အဆင့်မဟုတ်ပါဘူး ။ လုံးဝယုံကြည်စိတ်ချစွာ လက်တွဲလုပ်နေကြတာပါ ။
ဗမာ ဗိုလ်မှူးကို အဲဒီအကြောင်း ပြောပြတော့ ငါတို့က အထက်အမိန့်အရ တိုက်ဆိုရင် တိုက်ရမှာပဲ ။ သူတို့လည်း ကာကွယ်ရမှာပဲ ဒါစစ်သားတိုင်းရဲ့ သဘာဝပဲကွ ။ အခု သူလည်း စီးပွားရှာဖို့ တာဝန်ပေးထားလို့ ငါနဲ့ လက်တွဲမိတယ် ။ အဓိကကျတာ ယုံကြည်မှုကွ ငါတို့က စစ်သားခြင်း ယုံကြည်ကြတယ် တဲ့ ။
လုပ်ငန်းစဉ်ကို ပြောပြတော့ သူတို့လိုချင်တာက ရှင်းပါတယ် ။ ယခု ကုမ္ပဏီရုံးခန်းမှာ ဖြစ်စေ အခြား နှစ်ဦးသဘောတူ နေရာမှာ ဖြစ်စေ နှစ်ဖက်ရှေ့နေတွေနဲ့ စာ ချုပ်ချုပ်ကြမယ် ။ စာချုပ်ချုပ်ဆိုရာမှာ ပစ္စည်းရှင်ဖက်က သိန်း ၁၀၀ ငွေရှင်(အဝယ်) ဖက်က သိန်း ၂၀၀ ထပ်ထားရမယ် (ငွေကို ရှေ့နေတွေ ထိမ်းသိမ်းထားရမယ်) ။
ပထမဆုံး ငွေရှင်က သိန်းငါးထောင်ကို ငွေသားပြပေးရမယ် ငွေရှင် နှစ်သက်တဲ့ နေရာမှာ ပြပါ လိုက်ကြည့်ပါမယ် ။ သိန်း ငါးထောင် ပြည့်ကြောင်း စစ်ဆေးပြီးတာနဲ့ တနာရီအတွင်း သတ်မှတ်ထားသော နေရာ(နှစ်ဦးသဘောတူ) နေရာမှာ ပစ္စည်း ပြနိုင်ရပါမယ် ။
သိန်းငါးထောင်မပြနိုင်သော် ထပ်ကြေးငွေအား ပစ္စည်းရှင် စားမည်ဖြစ်ပြီး သိန်းငါးထောင်ပြပြီးနောက် တနာရီအတွင်း ပစ္စည်း မပြနိုင်လျှင် ထပ်ကြေးငွေအား ငွေရှင်(အဝယ်ဖက်) က စားမည် ။
ပစ္စည်း စစ်ဆေး၍အောင်မြင်လျှင် ပစ္စည်းရှင်က ထပ်ကြေးစား၍ မအောင်မြင်လျှင် ငွေရှင်ကစားရမည် ။ တကျပ်သားကို သိန်း လေးသောင်း သတ်မှတ်သည် ။ စာချုပ်ပါအတိုင်း သတ်မှတ်ရက်အတွင်း ငွေကြေး အပြီးအစီး ပေးချေရမည် ။ သတ်မှတ်ကာလအတွင်း ငွေမပေးချေနိုင်လျှင် ချပေးထားသော ငွေများအား ပစ္စည်းဂှင်က ပြန်လည်ပေးအပ်ရန်မလို ။
ပစ္စည်းက မိုးကြီးသွား အစွမ်းပါပဲ ။ မန်ကျီးတောင့် ပုံသဏ္ဍန်နဲ့ ၉ ကျပ်သားကျော်ပါတယ် ။ ကဲ ကောင်းပြီကောင်းရဲ့နဲ့ လုပ်လိုက်တာ ဘယ်ပွဲစားမှ ငွေသိန်းငါးထောင် ပြနိုင်တဲ့ သူဌေးနဲ့ ချိတ်ဆက်မပေးနိုင်ပါဘူး။
ကျနော်စဉ်းစားရပါပြီ ။ တကယ်အဝယ်ကော ရှိသလား ? မြန်မာပြည်က ဝယ်ပါတယ်ဆိုတဲ့ သူဌေးတွေဟာ ဒီငွေလောက်မှ မပြနိုင်ဘူးလား ?
ပွဲစား အတော်များများဟာ အချင်းချင်း အပြောတွေနဲ့ မျှောနေသူပဲ များလှပါတယ် ။ တကယ့်သူဌေးအစစ်တွေဆီ တိုက်ရိုက် မသွားနိုင်ကြပဲ တဆင့်စကား တဆင့်နားနဲ့ ပဲ လုပ်နေကြပါလားဆိုတာ သိလာရပါတယ် ။
ဒီလိုနဲ့ ကျနော်အညာသားလည်း သင်္ကန်းကျွန်း စံပြစျေးနား ကျွမ်းကျင်လာပါပြီ ။ လာလိုက်တဲ့ ရန်ကုန်ပွဲစားတွေ အများကြီးပါပဲ ။ လူတွေကတော့ အတော်လည်ကြပါတယ် ဒါပေမယ့် ကိုယ့်အတွက်ကိုယ်ပဲ လည်နေကြပြီး လုပ်ပြီးမြောက်ရေးနဲ့ ပစ္စည်းအပေါ်မှာ နားလည်ရမယ့် လည်ဝယ်နှံ့စပ်ခြင်းတော့ မရှိလှပါဘူး ။
ပညာရှင် ဦးနီဆိုတာ သိခဲ့ရပါတယ် ။ ပညာရှင်ဆိုတော့ ကျနော်က ခင်ဗျားကို ဘယ်ကျောင်းက ပညာရှင်အဖြစ် အမှတ်ပြုခဲ့တာလည်းဆိုတော့ ဟာကွာတဲ့ ။ တကယ်တော့ ဒီလောကမှာ သူဌေးနဲ့ ရင်းနှီးပြီး စမ်းသပ်ပုံလေး သိထားတာနဲ့ ပညာရှင်လုပ်နေသူတွေ များပါတယ် ။
ကျနော်ရေးပြခဲ့တဲ့ ကြေးနက်ရဲ့ သဘောသဘာဝကို သိပ္ပံနည်းကျ ရှင်းနိုင်သူအတော်လေး ရှားပါတယ် ။ စကားစပ်မိလို့ မန့်တခုပြောထားတာ ပြန်ပြောချင်ပါတယ် ။ ကြေးနက်ကို ကျနော်ရေးပြခဲ့တာ ရှေးခေတ် အဂ္ဂိရပ် ပညာနဲ့ လုပ်ခဲ့တာလို့ ရေးခဲ့သလို သဘာဝကုန်ကြမ်းတွေ ပေါင်းစပ်ပြီးမှ လုပ်ရတဲ့ သဘော ရေးခဲ့တာကို အဲဒီမိတ်ဆွေက သဘာဝပစ္စည်းသာ ဖြစ်ကြောင်း လန်ဒန်မှာ ပြတိုက်ထဲက ကြေးနက်လွန်းဆံ နမူနာ ပြထားကြောင်းမန့်ထားပါတယ် ။
ဟုတ်ပါတယ် ဒီဆရာ မန့်တာလည်း မှန်ပါတယ် ။ ကျနော်ရေးပြတဲ့ အဂ္ဂိရပ်ဆရာတွေ လုပ်ထားတယ်ဆိုတဲ့ ကြေးနက်က ပါဝါအစုံရှိနေတဲ့ ( ရေးလ် လေးမျိုးလုံး ပါဝင်တဲ့ ကြေးနက်ကို ဆိုလိုတာပါ) ။ နောက်တခု အလွန်ကျွမ်းကျင်တဲ့ အဂ္ဂိရပ်ဆရာတွေကလည်း အဂ္ဂိရပ်ပညာနဲ့ လုပ်ထားတယ်လို့ ပြောကြပါတယ် ။ အရုပ်တွေ ဖြစ်နေတာလည်း စိတ်ဝင်စားစရာကောင်းပါတယ် ။
သဘာဝအတိုင်းမဟုတ်ဖူးလို့လဲ ငြင်းနေတာ မဟုတ်ပါဘူး ။ မူလသဘာဝအတိုင်း ရလာတဲ့ ကြေးတွေနဲ့ လုပ်မိသွားတဲ့ ဆန်ကပ်မီးအိမ်တွေ ဆိုတာလည်း လက်တွေ့ရှိနေတာပဲလေ ။ ဒီနေရာမှာ ဆန်ကပ်မီးအိမ်ဟာ မီးဖြတ်စေတဲ့ ဂုဏ်သိတ္တိ ခြစ်ပိတ်ဂုဏ်သတ္တိ ပန်းအဖူးပွင့်စေတဲ့ ဂုဏ်သတ္တိ အစရိုတဲ့ ဂုဏ်သတ္တိတွေ မစုံတာ သတိပြုမိပါတယ် ။
ဒါကြောင့်ကျနော့်စိတ်ထင်တော့ ဒီလို ပါဝါစုံဖြစ်ဖို့အတွက် အဂ္ဂိရပ်ပညာ လိုအပ်မယ် ထင်ပါတယ် ။ ကဲ ပါဗျာ အခု လူသိများလှတဲ့ မိုးကြီးသွား အကြောင်း ရေးပြချင်ပါတယ် ။ ကျနော်သိခဲ့ရသလောက်ပါပဲ ။ မှားတယ် မှန်တယ်ကတော့ သဘာဝ တရားနဲ့ ချင့်ချိန် ကြည့်ကြပါဗျာ ။
မိုးကြီးသွားဆိုတာနဲ့ အများအားဖြင့် ပုဆိန် သဏ္ဍန်တွေ မြင်ယောင်ကြလေ့ ရှိပါတယ် ။ ကျနော်သိရသလောက် မိုးကြိုးသွားဟာ အတွန်းအလိန်တွေနဲ့ မန်ကျည်းတောင့် ပုံသဏ္ဍန်နဲ့ ပိုနီးစပ်ပါတယ် ။
အားလုံးသိထားသလို ဗို့အား သန်းချီပြီး စီးဝင်သွားတဲ့ ပစ္စည်းတွေမှာ အဲဒီအစွမ်း ခိုအောင်းသွားတဲ့ သဘောပါပဲ ။ ဘယ်လိုရတတ်သလဲ ? ဘယ်လိုအရာတွေထဲ ရှိတတ်သလဲ ?ဘယ်လို အစွမ်းပျယ်သွားသလဲ ? ဘယ်လိုထိမ်းထားရမလဲ ? ဒါတွေဟာ အဓိက အချက်တွေပါ ။
ဘယ်လိုရတတ်သလဲဆိုရင် မိုးကြိုးပစ်လို့ရတာလို့ လူတိုင်းသိထားပါတယ် ။
ဘယ်လိုအရာတွေထဲ တွေ့ရတတ်သလဲဆိုရင်တော့ လူအများသီထားတဲ့ ကြေးထဲမှာ တွေ့ရတတ်သလို မိုးကြိုးအပစ်ခံထားရတဲ့ အရာတွေထဲမှာ လည်း အံ့သြဖွယ်ရာ ရှိတတ်ပါတယ် ။ ဥပမာ မိုးကြိုးအပစ်ခံရတဲ့ လူ ၊ တိရိစ္ဆာန် အစရှိတဲ့ အရာတွေ သေသွားပြီဆိုရင် အရိုးတွေထဲက တနေရာရာမှာ သိသိသာသာ မည်းတူးနေပါမယ် ။ အဲဒီအရိုးဟာ မိုးကြိုးသွားပါပဲ ။ ၁၀ ခါမှာ ၇ ခါလောက်ထိ ဖြစ်လေ့ရှိပါတယ်။
ဒီလောက်အများကြီး ဟုတ်ပါ့မလား မမေးပါနဲ့ ။ ဘယ်လို အစွမ်းပျယ်သွားလည်း ကြည့်ပါအုံး ။ အဲဒီဝန်းကျင်မှာ မိုးကြိုးနောက်တကြိမ် ပစ်လိုက်တာနဲ့ ပြန်ပြီး ပျက်ပြယ်သွားရပါတယ် ။ ဆေးကုနေတဲ့ မိုးကြိုးသွားတွေဟာ အဲဒါကြောင့်ပါပဲ ။
မိမိဝန်းကျင်မှာ တွေ့ခဲရပြီ ဆိုပါစို့ ( မိုးကြိုးအပစ်ခံရတဲ့ တိရိစ္ဆာန် တကောင်ကောင်ပေါ့ လူတော့မလွယ်ဖူးလေ)
ဘယ်လိုထိမ်းမလဲ ? ဒါဟာ ပညာပါပဲ တကယ်တော့ လွယ်ပါတယ် ။ တွေရတဲ့ မိုးကြိုးသွားကို ........!
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)