Posts

Showing posts from November, 2016

Capsule Hotel

Image
Capsule Hotel                 အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံမှ အစပြု ပြီး ပေါ်ထွက်လာခဲ့တဲ့ Capsule Hotels တွေအကြောင်း ပြောပြပါမယ်။ Capsule hotel အမျိုးအစားကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ၁၉၇၉ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးတွေမှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ Capsule Hotelဟာ budget ဟိုတယ် အမျိုးအစား ဖြစ်ပြီး တည်းခိုမယ့် ဧည့်သည်အတွက် အခြေခံလိုအပ်ချက်အားလုံကို အလျား ၆ပေ၇လက်မ၊ အနံ ၃ပေ၃လက်မ၊ အမြင့် ၄ပေ၁လက်မ သာကျယ်သော အလွန်သေးငယ်တဲ့ အခန်းထဲမှာ ထည့်သွင်းပေထားတာ ဖြစ်ပါတယ်။

ကိုယ် မကျော်ကြားချင်ဘူး

                              ကိုယ် မကျော်ကြားချင်ဘူး           ကျော်ကြားတယ်ဆိုတာ ထင်ပေါ်သူတွေမှ ဖြစ်တာ မဟုတ်လား။ ထင်ပေါ်သူ မဟုတ်ဘဲ ကျော်ကြား နေပြီဆိုရင်တော့ တစ်ခုခုလွဲနေပြီ။ ဆယ်လီဘေးမှာ ဓာတ်ပုံတွဲရိုက်တိုင်း ဆယ်လီဖြစ်သွားတာမှ မဟုတ်တာ။           လူဆိုတာ ကိုယ့်ဝါသနာနဲ့ကိုယ်ပဲလေ။ တချို့တွေက စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာအရေး၊ ညာအရေး စသဖြင့် ကိုယ်သန်ရာ သန်ရာ စိတ်ဝင်စားတတ်တာ သဘာဝပဲ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာ ပြဿနာမဟုတ်ပေမယ့် ကိုယ်နဲ့လိုင်းမတူဘဲ ဇွတ်ဆွဲနေတာက တော့ ပြဿနာပါ။

ဒီလိုလူတွေ အလုပ်ထုတ်ခံရမယ်

Image
ဒီ​လို​လူ​တွေ ​အ​လုပ်​ထုတ်​ခံ​ရ​မယ် ​               ထိုက်​တန်​မှု။ ​လူ​တိုင်း​လူ​တိုင်း ​ကိုယ် ​ရောက်​နေ​တဲ့​နေ​ရာ​နဲ့ ​ထိုက်​တန်​မှု​ရှိ​ပါ​ရဲ့ ​လား။ ​ကိုယ်​ယူ​ထား​တဲ့​တာ​ဝန်၊ ​ကိုယ်​ယူ ​ထား​တဲ့​ရာ​ထူး​နဲ့​မ​ထိုက်​တန်​တဲ့​သူ​တ​ချို့ ​လုပ်​ငန်း​ခွင်​တွေ​မှာ​ရှိ​ပါ​လိမ့်​မယ်။ ​အဲ​ဒီ​အ​ခါ ​အဲ​ဒီ​လို​မ​ထိုက်​တန်​တဲ့​သူ​တွေ​ကို ​လုပ်​ငန်း ​ခွင်​ထဲ​မှာ ​ဆက်​ထား​မ​လား၊ ​အ​လုပ်​က ​ထုတ်​ပစ်​လိုက်​မ​လား​ဆို​တာ ​အ​လုပ်​ရှင် ​တွေ​ဘက်​က ​စဉ်း​စား​ရ​မယ့်​အ​ချက်​တစ်​ခု ​ပါ။ ​လူ​တွေ​ရဲ့​အ​မူ​အ​ကျ​င့်​ဆို​တာ​ကူး​စက် ​တတ်​ပါ​တယ်။ ​ကောင်း​တာ​တစ်​ခု​ကို ​အ​တု ​ယူ​ဖို့​အ​ချိန်​ကြာ​ပေ​မဲ့ ​မ​ကောင်း​တာ​တစ်​ခု ​ကို​အ​တု​ယူ​ဖို့​တော့ ​အ​ချိန်​ကြာ​ကြာ​မ​သုံး ​လိုက်​ရ​ပါ​ဘူး။ ​ကူး​စက်​လွယ်​ပါ​တယ်။

ကိုယ်တိုင်းစမ်းစစ်ပါ

Image
ကိုယ်တိုင်စမ်းစစ်ပါ                  ဆယ်ကျော်သက်အရွယ် ကောင်လေး တစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင် ရဲ့ ငွေရှင်းကောင်တာနားက တယ်လီဖုန်းရုံကိုသွားပြီး ဖုန်းဆက်ဖို့ ဖုန်းနံပါတ်နှိပ်လိုက်တယ် ...။ စတိုးဆိုင်ပိုင်ရှင်က သတိထားမိပြီး ဘာပြောသလဲဆိုတာ နားထောင်နေသတဲ့ ...

'6As' in Tourism Supply

Image
'6As' in Tourism Supply                       အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၊ မြို့တစ်မြို့ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဟာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ထိုကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျတဲ့ အချက်(၆)ချက် ရှိပါတယ်။ '6As' လို့လဲ လူသိများပါတယ်။ အဲ့တာတွေကတော့..

Jewellery & Ornaments

Image
Jewellery & Ornaments ကျောက်မျက်ရတနာနှင့် အဆင်တန်ဆာများ Diamond= စိန် Ruby= ပတ္တမြား Platinum= ပလက်တီနမ် Gold= ရွှေ

ဘဝတန်ဖိုး ( The value of life )

Image
ဘဝတန်ဖိုး ( The value of life )             တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး...  "ဘ၀တန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်... ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... "ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...

ဘုရားသခင်ပေးတဲ့မြေ

Image
ဘုရားသခင်ပေးတဲ့မြေ စာရေးသူ=သရ၀ဏ်(ပြည်)              တိုးရစ်တယောက်ကကျွန်တော့်ကိုပုံပြင်တပုဒ်ပြောဖူးသည် ။ ထိုပုံပြင်လေးမှာ ဤသို့ ဖြစ်သည်။ ကမ္ဘာကြီးကိုစတင်ဖန်ဆင်းပြီးနောက်အချိန်ကာလတခုသို့ ရောက်သောအခါတွင် ဘုရားသခင်ထံသို့  ကမ္ဘာ့နိုင်ငံအသီးသီးမှလူများရောက်လာကာ သက်ဆိုင်ရာလူမျိုးအလိုက် နိုင်ငံထူထောင်ရန်မြေနေရာ များ တောင်းခံခဲ့ကြသည်ဟုဆို၏ ။ ထို့ ကြောင့်ဘုရားသခင်သည် အင်္ဂလိပ်များကို ယခုအင်္ဂလန်ကျွန်းနေရာ ၊ အမေရိကန်များကိုအမေရိကန်ပြည်ထောင်စုနေရာ ၊ ရုရှားများကိုရုရှားနိုင်ငံနယ်နိမိတ် ၊တရုတ်များအား တရုတ်ပြည်၊ ဂျပန်တို့ အားဂျပန်ကျွန်း ၊ အာဖရိကန်များအား အာဖရိကတိုင်းပြည်များစသည်ဖြင့် အရင်လာသူအရင်ယူစနစ်ဖြင့် ကမ္ဘာပေါ်ရှိမြေနေရာများကိုဝေခြမ်းပေးခဲ့သည်ဟုဆို၏ ။

ကျွန်တော်နှင့် ဟိုတယ်(၅)

 ကျွန်တော်နှင့် ဟိုတယ်(၅) ကျွန်တော် အလုပ်စဝင်သည်မှာ (Housekeeping) ဌာနတွင်ဖြစ်သည်။ အလုပ်ဝင်လာကြောင်း သတင်းပို့လိုက်သည့်အခါ (Linen) က စီနီယာတစ်ယောက်နှင့် တွဲပေးသည်။ ထိုစီနီယာ၏ အမည်မှာ မဝင်းစန္ဒာဌေး ဖြစ်သည်။ နောင်တွင် ဆရာမအလုပ်ရသွားသဖြင့် အလုပ်နားသွားသူ ဖြစ်သည်။

ကျွန်တော်နှင့်ဟိုတယ်(၄)

 ကျွန်တော်နှင့်ဟိုတယ်(၄) ကျွန်တော်ကို လုံခြုံရေးခေါင်းဆောင် ကိုကိုဇော်မှ အင်တာဗျူးဖြေရမည့် ရုံးခန်းသို့ ပို့ပေးသည်။ ထိုရုံးခန်းသည် (Reception Counter) ၏ ဘေးရှိ (GM) ၏ ရုံးခန်းဖြစ်သည်။ ယနေ့ အလုပ်နည်းနည်းရှုပ်နေ၍ အနည်းငယ်နောက်ကျသွားကြောင်း (GM) မှ ပြောရင်း မိတ်ဆက်သည်။ ထို့နောက်မှာတော့ ဟိုတယ်နှင့် ဆက်စပ်သည့် မေးခွန်းများကို မေးသည်။ မေးခွန်းအားလုံးကို စိတ်အားတက်ကြွစွာ ဖြေသည်။ ရိုးသားစွာ ဖြေသည်။ " Honest is the best Policy"

ဆာမူရိုင်းတို့ ဓားသွေးချိန်

Image
ဆာမူရိုင်းတို့ ဓါးသွေးချိန် ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ..? ကျွန်တော်တို့လူငယ်တွေ ဂျပန်တွေဆီက ဘာတွေအတုယူပြီး ပြန်ကြမလဲ...? ကျွန်တော် ကျောင်းသားဘဝတုန်းက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ မီးဖိုချောင်(kitchen)ထဲမှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။