ဒီလိုလူတွေ အလုပ်ထုတ်ခံရမယ်


               ထိုက်​တန်​မှု။ ​လူ​တိုင်း​လူ​တိုင်း ​ကိုယ် ​ရောက်​နေ​တဲ့​နေ​ရာ​နဲ့ ​ထိုက်​တန်​မှု​ရှိ​ပါ​ရဲ့ ​လား။ ​ကိုယ်​ယူ​ထား​တဲ့​တာ​ဝန်၊ ​ကိုယ်​ယူ ​ထား​တဲ့​ရာ​ထူး​နဲ့​မ​ထိုက်​တန်​တဲ့​သူ​တ​ချို့ ​လုပ်​ငန်း​ခွင်​တွေ​မှာ​ရှိ​ပါ​လိမ့်​မယ်။ ​အဲ​ဒီ​အ​ခါ ​အဲ​ဒီ​လို​မ​ထိုက်​တန်​တဲ့​သူ​တွေ​ကို ​လုပ်​ငန်း ​ခွင်​ထဲ​မှာ ​ဆက်​ထား​မ​လား၊ ​အ​လုပ်​က ​ထုတ်​ပစ်​လိုက်​မ​လား​ဆို​တာ ​အ​လုပ်​ရှင် ​တွေ​ဘက်​က ​စဉ်း​စား​ရ​မယ့်​အ​ချက်​တစ်​ခု ​ပါ။ ​လူ​တွေ​ရဲ့​အ​မူ​အ​ကျ​င့်​ဆို​တာ​ကူး​စက် ​တတ်​ပါ​တယ်။ ​ကောင်း​တာ​တစ်​ခု​ကို ​အ​တု ​ယူ​ဖို့​အ​ချိန်​ကြာ​ပေ​မဲ့ ​မ​ကောင်း​တာ​တစ်​ခု ​ကို​အ​တု​ယူ​ဖို့​တော့ ​အ​ချိန်​ကြာ​ကြာ​မ​သုံး ​လိုက်​ရ​ပါ​ဘူး။ ​ကူး​စက်​လွယ်​ပါ​တယ်။

ဒီ​တော့​အ​လုပ်​ထုတ်​ပစ်​သ​င့်​တဲ့​ဝန် ​ထမ်း​ကို ​လုပ်​ငန်း​ခွင်​ထဲ​မှာ​ထား​တာ​က ​တ​ခြား​ဝန်​ထမ်း​တွေ​အ​တွက်​ပါ​ထိ​ခိုက်​နိုင် ​တယ်​ဆို​တာ ​အ​လုပ်​ရှင်​တွေ​အ​နေ​နဲ့​တွေး ​တော​သ​င့်​ပါ​တယ်။ ​လူ​တိုင်း​လူ​မှန်​နေ​ရာ ​မှန်​ထိုက်​တန်​တဲ့​နေ​ရာ​တစ်​ခု​ရ​သ​င့်​ပါ​တယ်။ ​ကောင်း​တဲ့​သူ​က ​ကောင်း​တဲ့​နေ​ရာ​ရ​သ​င့် ​သ​လို ​မ​ကောင်း​တဲ့​သူ​က ​သူ့​ရဲ့​အ​ပြစ်​ဒဏ် ​တစ်​ခု​ကို​ရ​သ​င့်​ပါ​တယ်။ ​အ​ခု​တစ်​ပတ်​မှာ ​တော့ ​လုပ်​ငန်း​ခွင်​အ​တွင်း​က ​အ​လုပ်​ထုတ် ​သ​င့်​တဲ့ ​ဝန်​ထမ်း​တွေ​ရဲ့​အ​ပြု​အ​မူ​တွေ၊ ​အ​မူ​အ​ကျ​င့်​တွေ​နဲ့​လုပ်​ဆောင်​ပုံ​တွေ​ကို ​ဖော်​ပြ​ပေး​ချင်​ပါ​တယ်။
တိုး​တက်​လို​စိတ်​မ​ရှိ​သူ
တိုး​တက်​လို​စိတ်​မ​ရှိ​တဲ့​ဝန်​ထမ်း​တစ် ​ယောက်​ကို ​ကိုယ့်​လုပ်​ငန်း​ခွင်​အောင်​မြင် ​စေ​ဖို့​အ​တွက် ​အား​ကိုး​မျှော်​လ​င့်​လို့​မ​ရ​ပါ ​ဘူး​ဆို​တာ​အ​လုပ်​ရှင်​တွေ​နား​လည်​ထား ​ကြ​ပါ​တယ်။ ‘​မ​ရှုပ်၊ ​မ​လုပ်၊ ​မ​ပြုတ်’ ​ဝန် ​ထမ်း​ဘ၀​အ​ဖြစ်​ရှင်​သန်​နေ​တာ​ပဲ​ဖြစ်​ပါ ​တယ်။ ​သူ့​မှာ​အ​နာ​ဂတ် ​အ​တွက်​အ​စီ​အ​စဉ် ​မ​ရှိ​သ​လို ​ကိုယ့်​ကိုယ်​ကိုယ်​တိုး​တက်​လို ​စိတ်​လည်း​မ​ရှိ​တော့​ပါ​ဘူး။ ​ဒီ​လို​လူ​မျိုး​ကို ​ဘယ်​အ​လုပ်​ရှင်​က​မှ ​မ​ခန့်​ချင်​ကြ​သ​လို၊ ​ခန့်​ပြီး​တဲ့​အ​ခါ​မှာ​လည်း ​အ​လုပ်​ထုတ်​သ​င့် ​လျှင်​ထုတ်​ဖို့​အ​မြဲ​စဉ်း​စား​နေ​တတ်​ပါ​တယ်။
လုပ်​ငန်း​စွမ်း​ဆောင်​ရည်​မ​ရှိ​တာ
လုပ်​ငန်း​တာ​ဝန်​တွေ​ကို​ပေး​အပ်​ဖို့ ​အ​ရည်​အ​ချင်း​အား​နည်း​တာ၊ ​ယုံ​ကြည်​စိတ် ​ချ​ရ​တဲ့​စွမ်း​ဆောင်​ရည်​ဖြစ်​မ​နေ​တာ​ကြောင့် ​လည်း ​အ​လုပ်​က​ထုတ်​ပယ်​ခံ​ရ​နိုင်​ပါ​တယ်။ ​ပေး​ထား​တဲ့​အ​လုပ်​တာ​ဝန်​တွေ​ကို ​မ​နိုင်​နင်း ​တာ​ကြောင့် ​တ​ခြား​လုပ်​ဖော်​ကိုင်​ဖက်​တွေ ​ရဲ့​အ​ကူ​အ​ညီ​ကို​အ​မြဲ​ယူ​နေ​ရ​တတ်​ပါ​တယ်။ ​ဝန်​ထမ်း​တစ်​ယောက်​က ​လုပ်​သက်​ကြာ​နေ ​လို့​သာ ​လက်​ရှိ​နေ​ရာ​မှာ​ဝန်​ထမ်း​ဖြစ်​နေ ​တယ်။ ​ဒါ​ပေ​မဲ့​ခေတ်​မီ​နည်း​ပ​ညာ​တွေ​ကို ​မ​လိုက်​နိုင်​ဘူး။ ​လုပ်​ငန်း​စွမ်း​ဆောင်​ရည်​ပိုင်း ​မှာ​အား​နည်း​တယ်​ဆို​လျှင် ​အ​လုပ်​ရှင် ​အ​တွက်​တော့ ​လူ​ပို​တစ်​ယောက်​ပါ​ပဲ။
စီး​ပွား​ရေး​အ​ကြောင်း​ပြ​ချက်​တစ်​ခု​ခု ​ကြောင့် ​ဝန်​ထမ်း​တွေ​လျှော့​ချ​မယ်​ဆို​လျှင် ​လုပ်​ငန်း​စွမ်း​ဆောင်​ရည်​ပိုင်း​မှာ ​အား​နည်း ​တဲ့​ဝန်​ထမ်း​တွေ​ကို​အ​ဓိ​က​ထား​လျှော့​ချ​လေ့ ​ရှိ​ပါ​တယ်။ ​ကိုယ့်​ရဲ့​လုပ်​ငန်း​စွမ်း​ဆောင်​ရည် ​အား​နည်း​တာ​ကြောင့်​လည်း ​အ​လုပ်​က ​ထုတ်​ပယ်​ခံ​ရ​နိုင်​တယ်​ဆို​တာ​ကို ​သ​တိ​ပြု​ဖို့ ​လို​ပါ​တယ်။
အ​မွှေစိန်​ဖြစ်​နေ​တာ
အ​မွေ​စှိန်​လို့​ပြော​လိုက်​တာ​နဲ့ ​ကွင်း ​ကွင်း​ကွက်​ကွက်​မြင်​ရ​အောင်​လို့​သာ ​ညွ​နှ်း ​လိုက်​ရ​တာ​ပါ။ ​တ​ကယ်​တမ်း​ပြော​ရ​လျှင် ​အ​လုပ်​ခွင်​ထဲ​မှာ ​အ​ရှုပ်​အ​ထွေး​တွေ​ဖြစ် ​အောင် ​တစ်​နည်း​မ​ဟုတ်​တစ်​နည်း​နဲ့ ​ကြိုး ​စား​နေ​သူ​ကို ​ရည်​ရွယ်​တာ​ပါ။ ​လုပ်​ငန်း​ခွင် ​ထဲ​မှာ ​လုပ်​ဖော်​ကိုင်​ဖက်​အ​ချင်း​ချင်း​ဖြစ်​စေ၊ ​အ​ကြီး​အ​ကဲ​ချင်း​ဖြစ်​စေ၊ ​အ​ကြီး​အ​ကဲ​နဲ့ ​ဝန်​ထမ်း​ကို​ဖြစ်​စေ ​ပြ​ဿ​နာ​တွေ​ကို​ဖန်​တီး ​ပေး​ပြီး ​ပွဲ​ကြည့်​ပ​ရိတ်​သတ်​လုပ်​နေ​သူ​မျိုး ​တွေ​ရှိ​တတ်​ပါ​တယ်။ ​အ​တို့​အ​ထောင်​လုပ် ​တတ်​သူ​ပါ။
တည်​ငြိမ်​နေ​တဲ့​အ​လုပ်​ခွင်​တစ်​ခု​က ​သူ​ရောက်​သွား​တာ​နဲ့​မ​ငြိမ်​မ​သက်​ဖြစ်​အောင် ​စွမ်း​ဆောင်​နိုင်​သူ​လည်း​ဖြစ်​ပါ​တယ်။ ​ဒီ​လို ​လူ​မျိုး​ကို ​အ​လုပ်​ရှင်​တွေ​က ​လုပ်​ငန်း​ခွင် ​အ​တွက်​အ​န္တ​ရာယ်​လို့​သတ်​မှတ်​လေ့​ရှိ​ပါ ​တယ်။ ​အ​လုပ်​အ​တွက်​တာ​ဝန်​ယူ​တာ​က ​နည်း​နည်း၊ ​လုပ်​ငန်း​ခွင်​အ​တွင်း​မှာ​အ​ချင်း ​ချင်း​မ​ပြေ​မ​လည်​ဖြစ်​အောင်၊ ​တစ်​ဖက်​နဲ့ ​တစ်​ဖက်​အ​ချင်း​ပွား​အောင်​လုပ်​ဆောင်​တတ် ​ကြ​သူ​တွေ​ပါ။ ​ဒီ​လို​လူ​မျိုး​တွေ​ကို​အ​လုပ်​ရှင် ​တွေ​ဟာ ​အ​လုပ်​က​ထုတ်​ပယ်​လေ့​ရှိ​ပါ ​တယ်။
Customer ​တွေ​အ​ပေါ် ​စိတ်​ရှည်​သည်း ​ခံ​မှု​မ​ရှိ​တာ
ဝန်​ထမ်း​တစ်​ယောက်​က ​ကိုယ့်​ရဲ့ Customer ​အ​ပေါ်​စိတ်​ရှည်​သည်း​ခံ​မှု​မ​ရှိ ​တဲ့​အ​ချက်​က​လည်း ​အ​လုပ်​ရှင်​တွေ​မ ​ကြိုက်​တဲ့​အ​ဓိ​က​အ​ချက်​ဖြစ်​ပါ​တယ်။လုပ်​ငန်း​ခွင်​အ​တွင်း​မှာ Customer ​နဲ့ ​တိုက်​ရိုက်​ဆက်​သွယ်​ပြော​ဆို​နေ​ရ​တဲ့ ​ဝန်​ထမ်း​တွေ​အ​နေ​နဲ့ Customer​တွေ​နဲ့ ​အ​ဆင်​ပြေ​ပြေ​ပြော​ဆို​ဆက်​ဆံ​နိုင်​ခြင်း​မ​ရှိ ​တာ​က​လည်း ​အ​လုပ်​ရှင်​တွေ​ပေး​တဲ့ ​အ​မှတ်​လျော့​နိုင်​ပါ​တယ်။
Customer ​တွေ​အ​ပေါ်​မ​ချေ​မ​ငံ ​ဆက်​ဆံ​ပြော​ဆို​တာ၊ ​အ​ဆင်​ပြေ​အောင် ​ဆက်​သွယ်​ပြော​ဆို​နိုင်​ခြင်း​မ​ရှိ​တာ၊ ​အ​ချင်း ​ဖြစ်​ပွား​တာ​စ​တာ​တွေ​က ​ဝန်​ထမ်း​တစ် ​ယောက်​အ​နေ​နဲ့​တော့ ​မ​လုပ်​သ​င့်​တဲ့​အ ​ချက်​တွေ​ပါ​ပဲ။ ​ဒီ​လို​အ​ပြု​အ​မူ​မျိုး​ကြောင့် ​လည်း ​အ​လုပ်​က ​ထုတ်​ပယ်​ခံ​ရ​နိုင်​ပါ​တယ်။
အ​ပြောင်း​အ​လဲ​အ​တွက်​အ​ဆင်​သ​င့် ​မ​ဖြစ်​သူ
လုပ်​ငန်း​ခွင်​မှာ​အ​ပြောင်း​အ​လဲ​အ ​တွက်​အ​ဆင်​သ​င့်​မ​ဖြစ်​သူ​တွေ​ကို​လည်း ​အ​လုပ်​ရှင်​တွေ​က ​နှစ်​သက်​လေ့​မ​ရှိ​ပါ​ဘူး။ ​အ​ပြောင်း​အ​လဲ​လို့​ပြော​လိုက်​လျှင် ​ဘယ်​လို ​အ​ပြောင်း​အ​လဲ​လို့​မေး​စ​ရာ​ရှိ​ပါ​တယ်။ ​ဝန် ​ထမ်း​တွေ​ရဲ့​စွမ်း​ရည်​တွေ​တိုး​သ​ထက်​တိုး ​တက်​အောင်​လုပ်​တာ​က​လည်း ​အ​ပြောင်း ​အ​လဲ​ပါ။ ​အဲ​ဒီ​စွမ်း​ရည်​တွေ​နဲ့​လုပ်​ငန်း​ခွင်​ထဲ ​မှာ ​လုပ်​ထုံး​လုပ်​နည်း​ပုံ​စံ​ဟောင်း​တွေ​ထဲ​က ​ကွဲ​ထွက်​ပြီး ​စိတ်​ကူး​သစ်၊ ​အ​ကြံ​သစ်​တွေ ​နဲ့​လုပ်​ကိုင်​တာ​က​လည်း​အ​ပြောင်း​အ​လဲ​ပါ။ ​ခေတ်​ကြီး​က ​တစ်​နေ့​တ​ခြား​တိုး​တက် ​ပြောင်း​လဲ​နေ​ပါ​တယ်။ ​အဲ​ဒီ​လို​အ​ချိန်​မှာ ​မ​ပြောင်း​လဲ​တဲ့​သူ​က​နောက်​ကောက်​ကျ ​ကျန်​ရစ်​ခဲ့​မှာ ​အ​သေ​အ​ချာ​ပါ​ပဲ။
တစ်​ချိန်​က​ရ​ခဲ့​ဖူး​တဲ့​အောင်​မြင်​မှု​အ ​ရ​သာ​မှာ​ယစ်​မူး​ပြီး​နေ​ခဲ့​လျှင်​တော့ t ​ပြောင်း​အ​လဲ​ကို​ကြိုး​စား​သူ​တွေ​က​ကျော် ​တက်​သွား​မှာ​ဖြစ်​ပါ​တယ်။ ​အ​ကြီး​အ​ကဲ ​ခေါင်း​ဆောင်​ဖြစ်​စေ၊ ​ဝန်​ထမ်း​ဖြစ်​စေ ​အ​ပြောင်း​အ​လဲ​ကို ​မျက်​ခြည်​ပျက်​လို့​မ​ရ​ပါ ​ဘူး။ ​တ​ခြား​သူ​တွေ​ဘာ​တွေ​လုပ်​နေ​တယ်၊ ​ဘာ​တွေ​ပြောင်း​လဲ​သွား​ပြီ​ဆို​တာ​ကို​မ​လေ့ ​လာ​လို့​မ​ရ​ပါ​ဘူး။ ​အ​လုပ်​ရှင်​တွေ​အ​နေ​နဲ့​အ ​ပြောင်း​အ​လဲ​ကို ​လို​လား​တဲ့​ဝန်​ထမ်း​တွေ​ကို ​သာ​သ​ဘော​ကျ ​နှစ်​သက်​တယ်​ဆို​တာ​သ ​တိ​ပြု​ဖို့​လို​ပါ​တယ်။
အ​ချုပ်​ဆို​ရ​ရင်​ကိုယ့်​ရဲ့​တာ​ဝန်​ယူ​မှု၊ ​တာ​ဝန်​သိ​မှု​တွေ​က​တစ်​ဆ​င့် ​ဖြစ်​ပေါ်​လာ ​ရ​တဲ့​အ​ခြေ​အ​နေ​တွေ​ကို ​ဝန်​ထမ်း​တိုင်း ​လက်​ခံ​ကြ​ရ​ပါ​တယ်။ ​တာ​ဝန်​ကျေ​တဲ့​ဝန် ​ထမ်း​က ​အ​ကျိုး​ခံ​စား​ခွ​င့်​ရှိ​မယ်၊ ​တာ​ဝန် ​မ​ကျေ​ပွန်​နိုင်​တဲ့​ဝန်​ထမ်း​က ​အဲ​ဒီ​အ​ကျိုး ​ဆက်​ကို​ခံ​စား​ရ​မယ်။ ​ဒီ​သ​ဘော​ပါ​ပဲ။ ​အ​လုပ်​ရှင်​တော်​တော်​များ​များ​က​တော့ ​ကိုယ့်​ရဲ့​ကျွမ်း​ကျင်​ပြီး​သား၊ ​ရင်း​နှီး​ပြီး​သား ​ဝန်​ထမ်း​တစ်​ယောက်​ကို ​အ​လုပ်​က​နေ ​အ​လွယ်​တ​ကူ​ထုတ်​ဖို့​ဆို​တာ​တ​ကယ်​တော့ ​မ​လွယ်​ကူ​တဲ့​ကိ​စ္စ​တစ်​ခု​ပါ။ ​ဒါ​ပေ​မဲ့​လည်း ​အ​ထက်​ပါ​အ​ချက်​တွေ​ထဲ​က​တစ်​ခု​ဖြစ်​စေ၊ ​အား​လုံး​ဖြစ်​စေ​ကိုက်​ညီ​နေ​တဲ့​ဝန်​ထမ်း​ဆို ​ရင်​တော့ ​အ​လုပ်​က​ထုတ်​ပယ်​ဖို့​အ​တွက် ​စဉ်း​စား​ရ​ပါ​တော့​တယ်။ ​ဝန်​ထမ်း​တွေ​အ​နေ ​နဲ့​လည်း ​ကိုယ့်​ဘက်​က​ဘယ်​လို​အ​ချက်​တွေ ​အား​နည်း​တယ်၊ ​ဘယ်​လို​အ​ချက်​တွေ​ပြင် ​ဆင်​သ​င့်​သ​လဲ​ဆို​တာ​ကို​သေ​ချာ​စဉ်း​စား​ပြီး ​ကိုယ့်​ရဲ့​အ​မူ​အ​ကျ​င့်​တွေ၊ ​လုပ်​ဆောင်​ချက် ​တွေ​ကို​ပြင်​ဆင်​ဖို့​နောက်​မ​ကျ​သေး​ပါ​ဘူး။ ​ကိုယ်​က​အ​လုပ်​တစ်​ခု​အ​တွက်​ထိုက်​တန်​တဲ့ ​လူ​တစ်​ယောက်​ဖြစ်​ပါ​စေ။

Credit:​ကျော့​ကေ​ခိုင်
Opp Journal မှ...

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်