Posts

Showing posts from September, 2026

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၉)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၉) သံရဲ့အောက်က ထွက်လာတဲ့ အရည်တွေဟာ တဖြေးဖြေး များလာပြီး သံချောင်းကို ငါးကြော်သလို တဗွက်ဗွက်နဲ့ ဖြစ်နေပါရော ။ သံကလည်း တဖြေးဖြေးနဲ့ အရည်ပျော်သွားပါတယ် ။ ဒါက သဘာဝမကျဖူးဗျ ဝယ်လက်တွေ ကြိုက်မှာ မဟုတ်ပါဘူး ။ ဒါနဲ့ ဦးမိုးဆီကို ဖုန်းနဲ့ video ပို့လိုက်တော့ ဒါမျိုးဆိုရင် အရောင်းအဝယ်တော့ မဖြစ်နိုင်ဘူး ဒါပေမယ် နီးစပ်နေပြီ ဆက်လုပ်ခိုင်းကြည့်တဲ့ ။ ငွေလိုသလားမေးပါတယ် ။ မလိုသေးဘူးလို့ ပြောလိုက်ပါတယ် ။

သတ္တုလောက နဲ့ သူရဲဖမ်းနေသူများ (၃၈)

Image
သတ္တုလောက နဲ့ သူရဲဖမ်းနေသူများ (၃၈) "ကိုမျိုးပြောတာ သူတို့ လိမ်နေတယ်လို့ မသင်္ကာဖြစ်နေတာလား" "တွေးကြည့်တာပေါ့ဗိုလ်မှူး ကြားဖူးတာတွေရှိနေလို့ပါ" "အင်း သူတို့ လုပ်ပြတာ ရှင်းရှင်းလေးပါ နောက်ပြီး ပစ္စည်းရှင်ဆိုတဲ့ လူတွေကလည်း အရမ်းရိုးပါတယ် လေသံနားထောင် သိတာပဲ ပစ္စည်းကလည်း အစစ်ပါပဲ သေချာပါတယ်"

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၇)

Image
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၇) "ခင်ဗျားက ရွှေတကယ်ဖြစ်နေပြီလား" "သေချာပေါက် အာမခံတယ်" "ဒါဆို ဒီလိုလုပ်ဗျာ ခင်ဗျားရဲ့ အိမ်နဲ့ ဝိုင်းကို စာချုပ် ချုပ်ထားရအောင် အကယ်၍ မဖြစ်ခဲ့ရင် ခင်ဗျားအိမ်ဝိုင်း အဆုံးထားလိုက်" "ဟာ ဒါတော့ ဘယ်ဖြစ်မလဲ"

သတ္တုလော နဲ့ သရဲဖမ်းနေသူများ (၃၆)

Image
သတ္တုလော နဲ့ သရဲဖမ်းနေသူများ (၃၆) သူပြောသလိုပါပဲ နောက်တနေ့မှာ ကျောက်သမားတွေ လာပါပြီ ။ ကျောက်စိမ်းလို့ ထင်ရတဲ့ ငန်းဥသဏ္ဍန် စလင်းလိုလို ဘာလိုလို အတုံးကို ထုတ်ပြပါတယ် ။ ကျောက်သမားတွေက ဝါရင့်ပါတ်ကား ဆရာကြီး ဟုတ်ဟန်မတူပါဘူး ။ ဦးဇော်လင်းတို့လို အဆင့်ဆိုရင် သိနိုင်စရာ အကြောင်း ရှိမှာပါ ။ ဒီလူတွေက လုံးဝ မသိကြပါဘူး ။ "ဒါ ဘာလည်းဗျ ကျောက်စိမ်းလိုလို ဘာလိုလိုပါလား" "မသိဘူးဗျာ ချင်းတွေက ရောင်းပေးပါဆိုပြီး လာပို့ထားတာ"