သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၃)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၃)
ဒီပစ္စည်းတွေကို အမှန်တကယ် ဝယ်နေပါတယ် ။ စျေးတွေကလည်း တကယ်ကို ပေးကြပါတယ် ။ ဒီပစ္စည်းတွေကို စမ်းသပ်စစ်ဆေး အတည်ပြုနိုင်ဖို့ သင်တန်းတက်ရပါတယ် မန်ဘာ အဖွဲ့ဝင်ရပါတယ် မန်ဘာကြေးပေးသွင်းပြီး သင်တန်းဆင်းလက်မှတ်ရရှိထားသူများဟာ ကမ္ဘာ့ဒေသ အသီးသီးမှာ ရှာဖွေကြပါတယ် ။
မန်ဘာဝင် တဦးဦးက သူစစ်ဆေး အတည်ပြုပြီးကြောင်း သတင်းပို့ပြီး ခေါ်မယ်ဆိုရင် ငွေမလိုပါဘူး ချက်ခြင်းလာကြပါတယ် ။ ( အခြားလူတွေ ခေါ်မယ်ဆိုရင် $20000 စပေါ်တင်မှ လာကြပါတယ် ) ။ ဒီတော့ ပြောချင်တာက ပညာရှင်ပါလို့ ပြော ပြောနေတဲ့ သူတွေ တွေ့ခဲ့ရင် အင်္ဂလိပ်လို မေးကြည့်ပါ အဆင့်မြင့်မြင့် မပြောနိုင်ရင် မန်ဘာ ဝင်ထားတဲ့ ပညာရှင် အစစ်မဟုတ်ပါဘူး (ကျနော်တို့လို့ တဆင့်ခံ ကြားဖူးနားဝအဆင့်တွေပါ)
အဝယ်တိုက်ရိုက် ခေါ်နိုင်တဲ့ ပညာရှင်အလွန်ရှားပါတယ် ။ အခု ကျနော်ရေးပြထားသလောက် သိထားရင်ပဲ ခင်ဗျားတို့လည်း မြန်မာပြည်အတွက်တော့ပညာရှင် ဖြစ်ပါပြီ ။
လေကြီးဖင်ကျယ် ဒီလောကကြီးဟာ ရီစရာတွေပါ နောက်အခန်းတွေ ပြောပြပါမယ် ။ ငွေကြေးပေးချေမှုစနစ်တွေ ပါလာပါမယ် ။
ဒီပစ္စည်းတွေထဲက စွမ်းအင်ဖြစ်တဲ့ ရောင်ခြည်တွေကို ရယူပြီး ကာကွယ်ရေး ပစ္စည်းတွေ အဆင့်မြင့် ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေမှာ ပြန်လည်အသုံးချကြပါတယ် ။
တလောတုန်းက အမေရိကန် စစ်သင်္ဘောကြီး အနီးကို ရုရှား လေယာဉ် ဖြတ်ပျံသွားတာ နဲ့ စစ်သင်္ဘောကြီးပေါ်က ကာကွယ်ရေးစနစ်တွေ ဆက်သွယ်ရေးစနစ်တွေ အီလက်ထရောနစ် မှန်သမျှ အလုပ်မလုပ်တော့ဖူးဆိုတာ ကြားဖူးကြမှာပါ ။ အဲဒါ ဒီရောင်ခြည်စွမ်းအင်လေးမျိုးထဲက အဓိကကျတဲ့ ဓါတ်မီးဖြတ်စေတဲ့ စွမ်းအင်နဲ့ အတိုက်ခံရတာဖြစ်လိမ့်မယ်လို့ ယူဆရပါတယ် ။ ဘယ်လောက်ပမာဏ အထိ သုံးရသလဲဆိုတာတော့ မသိပါဘူး ။
နောက် ကင်ဆာ ဓါတ်ကင်တဲ့ ရောင်ခြည်ထဲမှာလည်း ပမာဏအနည်းငယ်သုံးပါတယ် ။ ဒီဓါတ်ရောင်ခြည်တွေကြောင့် ရေဒီယိုသတ္တုကြွတာတွေ ဖြစ်နေတဲ့ အရုပ်အနီး ကပ်မိသူ ထိမိသူတွေမှာ သွေးတွေ ထွက်လာရတာပါ ။
ဒါတွေ ဘယ်လိုဖြစ်တည်လာသလဲ ?ရှေးခေတ် မြန်မာတွေ ဘယ်လို လုပ်တတ်ခဲ့သလဲ ? စဉ်းစားစရာတွေပါပဲ ။ ယခင်က အဂ္ဂိရပ်ပညာတွေရှင်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် သူတို့ပညာတွေကို ဝှက်ထားရတာနဲ့ လုံးဝသင်မပေးပဲ သေရွာယူသွားရတာနဲ့ အဖိုးတန်ပညာတွေ ပျောက်ကွယ်ခဲ့ရတာ စိတ်မကောင်းစရာပါပဲ ။
မသမာသူတွေ သိမှာစိုးလို့ ဆိုပြီး စကားလိမ်တွေ စကားဝှက်တွေနဲ့ ထားခဲ့တော့ အဓိပ္ပါယ်တွေ အမျိုးမျိုးကောက်ပြီး ကျွတ် မုန်း ဝင် နည်းနဲ့ လုပ်လိုက်တာ မီးသွေးဖိုးနဲ့ မွဲသွားတဲ့ အဂ္ဂိရပ်ပညာရှင်တွေ ရိုက်သတ်မကုန်အောင် ပေါလာတာပါပဲ ။
ကြုံကြိုက်လို့ ဆရာတပည့် ပညာပေးဝေပုံ ပညာဆက်ခံပုံ နဲ့ စိတ်နေသဘောထားကို ပြောပြချင်ပါတယ် ။ ဆရာတွေဟာ မိမိသင်ပေးတဲ့တပည့်က မိမိမဖြေနိုင်သော မေးခွန်းမေးတယ်ဆိုရင် မနှစ်သက်ပါဘူး (ဒီကောင် ပညာစမ်းတယ်လို့ ထင်တတ်ပါတယ်) ။ တခါ စာသင်ဖူးထားရင် တသက်လုံး ခေါင်းပေါ်တင်ထားစေချင်ပါတယ် ။ အတော်များများဟာ တထိုင်တည်း သင်ပေးရင်ရပါလျှက်နဲ့ နှစ်ရှည်လများ အချိန်ဆွဲ ထားပြီး တပည့်တွေအပေါ် ခိုင်းစားတတ်ပါတယ် ( ဝပ်လျော့တွေကအစ လက်မှုပညာများအားလုံး) ။
တပည့်တွေဖက်ကရော ? တတ်သွားပြီ ဆိုတာနဲ့ ငါလောက် ခေတ်မမှီတဲ့ဆရာ ငါလောက် မတတ်တော့ပါဘူး ။ နောက်ဆုံးပေါ် နည်းတွေ ဆရာက ငါလောက်မသိတော့ပါဘူးဆိုပြီး ဆရာကို အထင်သေး စော်ကားလာတတ်ပါတယ် ။
ဒီလို ဖြစ်နေတဲ့ ဆရာတပည့်ဆက်ဆံရေးဟာ ရှေးကတည်းက မြန်မာပြည်မှာ ဖြစ်တည်လာခဲ့တဲ့ အရှိတရားပါပဲ ။ ဒါပေမယ့် ကံကောင်းတာက ဗုဒ္ဓရဲ့ အဆုံးအမ တွေကြောင့် ဒီလို ဆရာ့ဝတ်တွေ တပည့်ဝတ်တွေ နဲ့ ထောက်ပြညွှန်ကြားခဲ့လို့ သက်ဆိုးရှည်နေရတယ်လို့ ဆိုရပါမယ် ( ဘာသာရေး အဆုံးအမသာ အားမကောင်းခဲ့ရင် မြန်မာ့စိတ်ရင်းနဲ့ မလွယ်တဲ့ ဆရာတပည့် တွေပါပဲ)
ကြုံလို့ပြန်ပြောချင်ပါတယ် ။ ဒီနေ့ ကွန်ပြူတာ ပညာရှင်တွေကို အင်တာဗျူးတခုမှာ ပြောပါတယ်
"ဒီလို အံ့မခန်းနည်းပညာတွေ တီထွင်ခဲ့တဲ့ ခင်ဗျားတို့ဟာ အိုင်စတိုင်းထက် တော်တယ်လို့ သတ်မှတ်ရမယ်ဗျ"
"ဒီလို မပြောပါနဲ့ဗျာ အိုင်းစတိုင်းရဲ့ တွေ့ရှိချက်တွေ အပေါ်မှာ ဆင့်ပွားတီထွင်ခွင့်ရခဲ့လို့ ဒီလောက်တိုးတက်ခဲ့ရတာပါ အိုင်းစတိုင်းက သူ့ပခုန်းပေါ်တက်ခွင့်ပေးပြီး မြင့်မြင့်ကနေ ကြည့်ခွင့်ပေးခဲ့လို့ သူ့ထက်ဝေးဝေးကို မြင်ရတာပါ ဒါတွေဟာ သူ့ကျေးဇူးတွေပါ"
ကဲ တိုးတက်ုခင်းနဲ့ ဆုတ်ယုတ်ခြင်း ရဲ့ ပညာပေးသူနဲ့ ပညာဆက်ခံသူတို့ စိတ်နေသဘောထားခြင်း နှိုင်းယှဉ်ကြပါကုန်တော့ ( အားလုံးမဟုတ်ပေမယ့် ရာခိုင်နှုံး အတော်များများသော ဆရာတပည့်များဟာ ကျနော်ပြောထားတဲ့ အတ္တကိုယ်စီ အနည်းနဲ့ အများ ရှိကြမယ်လို့ ယုံကြည်ပါတယ် )
ပြန်ကောက်ပါ့မယ် ။ ရှေးမြန်မာ အဂ္ဂိရပ်ပညာတွေဟာ အလွန်အံ့သြစရာကောင်းလှပါတယ် ။ယခု လူတွေ ဘာလို့ ညံ့နေလည်း ဆိုရင် ပညာကုန်မရလိုက်လို့ ဖြစ်ပါတယ် ။ တခါတခါ ရီစရာတွေ တွေ့ရပါတယ် ။
ထီးခမ်းရွာက မိုးကြိုးသွား အတုထိုးတဲ့ အဂ္ဂိရပ်ဆရာဟာ သူ့မိတ်ဆွေနဲ့ ဖိုထိုးနေပါတယ် ။ အရောင်က အဝါရောင်ရအောင် ထိုးချင်နေတာ ရွှေလည်း မကျွေးရဲဘူးလေ ။ သူတို့ စကားပြောနေတာ ကြားနေတဲ့ ကျနော်လည်း မျက်လုံးက သူ့အိမ်ခြံစည်းရိုးက အဝေရာပင်တွေ မြင်လိုက်တော့ သူတို့ကိုစဖို့ အကြံရပြီး ပြောလိုက်မိပါတယ် ။
"ခင်ဗျားတို့ လိုနေတာ အဝါရောင်လား"
"ဟုတ်တယ် သိလို့လား"
"လွယ်ပါတယ်"
"ဟုတ်လို့လား ရွှေကျွေးဖို့တော့ မပြောနဲ့ မွဲနေတာနော်"
"တပြားမှ မကုန်ပါဘူးဗျာ"
"ဟာ လုပ်စမ်းပါအုံး"
"အဝါရေ အဝေရာ ပေါ့ဗျာ အဝေရာကို သတ္တုရည်လုပ်ပြီး ထည့်ပေတော့"
ဟဲ ဟဲ လုပ်ကြပါရော ။ အံ့မယ် ဖြစ်တယ်ဗျာ ရီလိုက်ရတာ တကယ်ဆို သူတို့ ပြောနေကြ စကားလိမ်တွေကို ကြားနေကြဆိုတော့ နောက်လိုက်တာလေ ။
ကြေးနက်လုပ်တဲ့ နည်းကို ရှေးမြန်မာတွေ သိသလို အကြမ်းဖျင်း ကျနော်လည်း ကြားဖူးပါတယ် ။ အရေးကြီးတာ လိုအပ်တဲ့ သဘာဝပစ္စည်းရဖို့ပါပဲ ။ ကုန်ကြမ်းကတော့ အရမ်းဟော့နေတဲ့ သံစားကျောက်တည်ရှိရာ နေရာပါပဲ ။ သံစားကျောက်ကလည်း အမျိုးမျိုးရှိပါတယ် ။ နောက်မှ ေုပာပါ့မယ် ။
ဒီလိုနဲ့ နေပြည်တော်ကို ရောက်ပါပြီ ။ ငှက်ပျောမတက် နောက်ဆုတ်ပြီး ချိန်းခဲ့ရပါတယ် ။ ဒီပစ္စည်းနဲ့ ယှဉ်ရင် ငှက်ပျော မတက်ဆိုတာ သူတောင်းစားထဲ ထည့်တဲ့ အဆင့်ပါ ။
နေပြည်တော် ရောက်ရောက်ခြင်း ..........!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment