မိတ်ဆက်

မိတ်ဆက်

ကျွန်တော် (Basics English Grammar) နဲ့ ပတ်သက်တာလေးတွေ ကျွန်တော့်(Page)မှာ တင်ပါဦးမယ်။ ဒီနှစ်ထဲမှာ အိမ်အပြင် မထွက်ဖြစ်တဲ့ ကျွန်တော့်ကလေးတွေ စိတ်မလေအောင်ဆိုပြီး သားနဲ့ တူကို (Grammar)ရယ်၊ (Letter & Essay) ရယ် သင်ပေးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ စာရေးဖော် ညီမငယ်တစ်ယောက်က သူ့သမီးအတွက် သင်ပေးချင်တယ်ဆိုလို့ ကျွန်တော့်မှတ်စုထဲက စာပြန်စီပြီး တင်ဖြစ်သွားတာပါ။ အပြင်မှာလဲ (English Grammar) စာအုပ်တွေက အများကြီးပဲ ရှိပါတယ်။ စာအုပ်ဝယ်ပြီး လေ့လာနေသူတွေနဲ့ တတ်သိပြီးသူ မည်သူ့အတွက်မှ မရည်ရွယ်ပါခင်ဗျာ။ ကျွန်တော့်ကလေးတွေ သင်နေရင်း တခြားမသင်ရသေးတဲ့သူတွေအတွက် အပျင်းပြေမိတ်ဆက်အနေနဲ့ ရည်ရွယ်တင်လိုက်တာပါ။

            ကျွန်တော်တို့ကျောင်းတက်တုန်းက စာကို တစ်နှစ် တစ်တန်းအတွက်ပဲ ရည်ရွယ်မှန်းမသိဘဲ ဖြတ်ကျော်မိတာပါ။ စာမေးပွဲဖြေပြီး ကျောင်းပိတ်သွားတာနဲ့ သင်ပြီးခဲ့သမျှကို မေ့ပစ်လိုက်တာပါပဲ။ ခုနစ်တန်း၊ ရှစ်တန်းလောက်မှာ ဆရာကြီး ဦးအောင်သိန်းရဲ့ (Grammar) စာအုပ်ကြီးကို ကိုယ့်ဘာသာလေ့လာဖြစ်တယ်။ အဖေ့စာအုပ်ဟောင်းတွေပေါ့။ ဆယ်တန်းပြီးလို့ စကားပြောသင်တန်းတက်ရင်း (grammar) ကို ပြန်တက်ပါတယ်။ အဲဒီမှာ (On) နဲ့ ပတ်သက်ပြီး သင်ရတာကိုက မနည်းမနောပါပဲ။ သင်ပေးတဲ့ဆရာကြီးက ဆရာကြီးဦးခင်မောင်သိန်းပါ။ KM Thein ကလောင်အမည်နဲ့ (English For All) မဂ္ဂဇင်းမှာ အင်္ဂလိပ်စာ သင်ခန်းစာတွေ ရေးပါတယ်။ (အခုတော့ ဆရာကြီး ဆုံးပါးသွားတာလဲ ကြာပါပြီ။)။ အလုပ်ဝင်တော့မှာဆိုတော့ စကားပြောကိုပဲ အားစိုက်ခဲ့မိပါတယ်။

            အလုပ်ဝင်ရင်းနဲ့ပဲ (Grammar) ကို ဆက်လေ့လာမိပါတယ်။ ညီငယ်တစ်ဦးပြောပြတာနဲ့ ဆရာဦးပေါ်ဦးရဲ့ စာအုပ်၊ နောက် ဆရာ စိုင်းအောင်ဝင်းရဲ့ စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ ကျွန်တော် ဆယ်တန်းကို ဆရာ့ရဲ့ မြန်မာလိုတွေး အင်္ဂလိပ်လိုရေး စာအုပ်နဲ့ ဖြတ်ခဲ့တာဗျ။ သားတွေကို ပြန်သင်ပေးမယ်စိတ်ကူးပြီး ၂၀၁၉ မှာ မှတ်စုစာအုပ်နဲ့ ပြန်လေ့လာဖြစ်တယ်။ ဖတ်ဖူးတဲ့ စာအုပ်တွေအပြင် အွန်လိုင်းပေါ်က အင်္ဂလိပ်စာ (Website) တွေကပါ လေ့လာပါတယ်။ ပြီးတော့မှ မှတ်စုထဲမှာ ကူးရေးပြီး သားတို့ကို သင်ပါတယ်။ မှတ်စုစာအုပ်ကို ပေးထားပေမယ့် ကျွန်တော့်လက်ရေး မဖတ်တတ်ဘူးဆိုလို့ တစ်နေ့တစ်ပိုင်းနှုန်းနဲ့ သင်ပေးဖြစ်သွားတာပါ။ အခု ကျွန်တော်တင်တဲ့ပို့စ်လေးတွေက အဲဒီမှတ်စုထုတ်ထားတဲ့ စာအုပ်ထဲက မှတ်စုလေးတွေပါလို့ အသိပေးရင်း…။

လေးစားစွာဖြင့်

ထူးအောင်ဝင့်

(၇.၁၁.၂၀၂၁ နေ့လည် ၂း၂၄ မိနစ်)

(ဒါက Page မှာ Album လုပ်ပြီးတင်တော့ ရေးတဲ့ အမှာစာပါ။)

Facebook Link: https://www.facebook.com/htooaung.wint.5/

Page Link: https://www.facebook.com/authorhtooaungwint/

 

အင်္ဂလိပ်ဘာသာဆိုတာ တွက်ရချက်ရ မပါသလို အရမ်းကြီး စဉ်းစားရမယ့်အရာတွေလည်း မပါပါဘူး။ ကျက်နိုင်၊ မှတ်နိုင်သူတွေ ရတယ်။ အာဂုံဆောင်နိုင်သူတွေ ရတယ်။ အားလုံးဟာ စု၊ တု၊ ပြုတွေချည်းပါပဲ။

Tr.Khin Su Hlaing

                ရည်ရွယ်ချက်မြင့်မားတဲ့ သူတွေအတွက် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားဟာ မိခင်ဘာသာစာ၊ စကားနဲ့ ထပ်တူ တတ်ထားရပါမယ်။ နောက်ထပ် နောက်ထပ်သော ဘာသာစကားတွေကိုတော့ မိမိအားနဲ့ ချင့်ချိန်ပြီး (မိမိစိတ်ဝင်စားမှု၊ အသုံးချနိုင်မှုအပေါ်မူတည်ပြီး) ထပ်လေ့လာ သင်ယူသင့်ပါတယ်။

Htoo Aung Wint

 

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ