နည်းလမ်းရှာရမှာ ကျွန်တော့်တာဝန်

 

နည်းလမ်းရှာရမှာ ကျွန်တော့်တာဝန်

လူတစ်ယောက်သည် မီးပုံထဲတွင် သေလုမျောပါး မီးလောင်ခံနေရသော မြွေတစ်ကောင်ကို တွေ့လိုက်ရသည်။ သူကယ်မည်ဟု တစ်ခါတည်း ဆုံးဖြတ်လိုက်သည်။ သူ မီးပုံထဲမှ မြွေကို ဆွဲထုတ်လိုက်သည်နှင့် ထိုမြွေက သူ့ကို ကိုက်တော့သည်။ နာကျင်မှုနှင့်အတူ လန့်ထိတ်သွားသဖြင့် သူမြွေကို လွှတ်ချလိုက်ရာ မြွေက မီးတောက်ထဲသို့ ပြန်ကျသွားသည်။

သို့နှင့် အနီးအနားကိုကြည့်လိုက်ရာ သတ္တုပိုက်တစ်ချောင်းကိုတွေ့သဖြင့် ထိုပိုက်ချောင်းကို ယူကာ မီးဖိုထဲမှ မြွေကို ပြန်ဆယ်ယူပြီး အသက်ကို ကယ်လိုက်သည်။

ထိုသူနှင့် မြွေ၏အဖြစ်အပျက်ကို မြင်နေရသည့် တစ်ခြားတစ်ယောက်က နားမလည်ဟန်ဖြင့် မေးသည်။

“ မြွေက ခင်ဗျားကို ကိုက်နေတာပဲ၊ ဘာ့ကြောင့် သူ့ကိုကယ်ဖို့ ကြိုးစားရတာလဲဗျ ”

ထိုအခါသူက ပြုံးလိုက်ပြီး ပြန်ပြောသည်။

“ မြွေကတော့ သူ့သဘာဝအရ ကိုက်မှာပဲဗျ၊ ဒါက ကျွန်တော့် စိတ်ကို(ကူညီချင်တဲ့စိတ်) မပြောင်းစေနိုင်ပါဘူး၊ ဘယ်လိုကူညီသင့်သလဲဆိုပြီး ကျွန်တော်က နည်းလမ်းရှာရမှာပါ၊ အခုပဲကြည့်လေ သူ့ကို ကျွန်တော် ကယ်လိုက်နိုင်ပြီ ”

(PS: ဖတ်ဖူးသည့် စာတိုလေးတစ်ပုဒ်ကို ဆီလျှော်သလို ပြန်ထားပါသည်။)

Don't change your nature just because someone has hurt you. Don't lose your goodness of mind, but learn to act carefully.

ထူးအောင်ဝင့်

(၂၁.၁၁.၂၀၂၁)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်