ကြိုးစားကြည့်ရအောင်

ကြိုးစားကြည့်ရအောင်
                       
                      တစ်ခါတုန်းကအိမ်တစ်အိမ်မှာကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ငါးပေပတ်လည်။အမြင့်ကတော့ နှစ်လက်မ၊သုံးလက်မပေါ့။ ခြံကိုလာတဲ့သူအားလုံးကျောက်တုံးကြီးကို
ခလုတ်တိုက်ကြတယ်။
သားက
“အဖေရေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား ”
အဖေဖြစ်သူက...
 “ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာ။ အဲလောက်ကြီးတာဘယ်အချိန်ထိ တူးနေရဦးမလဲ။ လမ်းလျှောက်တာ ဂရုစိုက်လိုက်ရင်ပြီးရောမဟုတ်လား ”
ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။
ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ။ ချွေးမက ကြည့်လို့မရတာနဲ့
“အဖေကျောက်တုံးကြီးကို လူခေါ်ပြီးဖယ်လိုက်ရအောင်လား”
ယောက္ခမဖြစ်သူက
 “ဖယ်လို့ရရင် အခုထိရှိနေအုန်းမလား”
 ချွေးမက မကျေနပ်သော်လည်း ဆိတ်ဆိတ်သာ နေလိုက်သည်။ သူလဲနေတာလဲအကြိမ်ကြိမ်ရှိပြီ မဟုတ်လား။ တစ်မနက်မှာ ရေတစ်ဗုံးနဲ့ ပေါက်တူးကိုခြံထဲယူသွားပြီး ရေကို ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်မှာလောင်းလိုက်တယ်။ အနည်းငယ်ကြာတော့ ပေါက်တူးနဲ့ မြေကိုဆွလိုက်တယ်။
တူးထုတ်လိုက်တဲ့အချိန်မှာ တစ်နေကုန်မယ်ထင်ပေမဲ့ ထင်ထားသလောက် မကြီးဘူး
အပေါ်ယံ နဲ့ လူကိုလှည့်စားနေတာ။ ဒါနဲ့ ချွေးမ ကျောက်တုံးကြီးကိုအောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်။


ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့တတွေဟာ လုပ်မကြည့်ဘူးပဲနဲ့ မရဘူး၊ မရနိုင်ဘူးဆိုတဲ့ စကားနဲ့တင် လမ်းဆုံးနေတတ်ကြတာပါ။ ကဲ ဒီနေ့ကစလို့ ငြင်းဆန်တဲ့စကားလုံးတွေကို မသုံးဘဲ ကြိုးစားကြည့်ကြရအောင်လား...။

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https:htooaungwint.weebly.com


မူရင်းရေးသားသူအား Credit:



Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

English for Hotel and Catering Industry (Unit 5 - Polite Explanation and Apology)