Business Presentation များတွင် အသုံးတည့်မည့် အသုံးအနှုန်း(၂၅)ခု


  • Posted by Betty
  • အင်္ဂလိပ်လို Presentation လုပ်တာက လွယ်ကူတဲ့ အလုပ်တစ်ခုမဟုတ်ပါဘူး။ Presantation တစ်ခု ကြာမြင့်ချိန် အတွင်းမှာ ကိုယ်ပြောမယ့် အကြောင်းအရာတွေ အပေါ် ပရိသတ်က မငြီးငွေ့ရအောင် ဆွဲဆောင်မှုရှိဖို့ လိုသလို ကိုယ်သုံးမယ့် စကားတွေကလည်း ချောမွေ့ရမယ့် အပြင် ဘယ်အချိန်၊ ဘယ်နေရာမှာ ရပ်၊ ဆက်သွား၊ နောက်ကြောင်းပြန်၊ စတဲ့ အင်္ဂါရပ်တွေပါ ထည့်သွင်းမှသာ အောင်မြင်တဲ့ presentation တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း presentation တွေမှာ “to move on” တို့ “to recap” တို့ “to summarise” တို့ “to turn to” တို့ စတဲ့ phrase တွေ အမြဲတမ်း ကြားရတယ် မဟုတ်ပါလား။ ဒါတင်မကဘဲ စကားပြောတဲ့ အခါမှာလည်း လေယူလေသိမ်း ကအစ လိုအပ်တဲ့ pause တွေ sentence stress တွေ၊ intonation တွေပါမှသာ သက်ဝင်လှုပ်ရှားမှာမို့ presentation တစ်ခုဟာ ဖြေဖျော်ခြင်း တစ်ခု လိုမျိုးလည်း ဖြစ်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။
အခုဖော်ပြမယ့် ရေလဲသုံးနိုင်တဲ့ လူသုံးများတဲ့ အသုံးအနှုန်းတွေဟာ အလွတ်ကျက်မှတ် လေ့ကျင့်ထားခြင်းဖြင့် presentation မှာပိုမိုထိရောက်အောင် ကူညီနိုင်မယ်လို့ ထင်ပါတယ်။ ဒီအသုံးတွေအားလုံးကို simple verb တွေဖြစ်တဲ့ “make” ၊“take” ၊“give”နှင့် “do” တွေကို အသုံးပြုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လေ့လာရလွယ်ကူအောင် ဒီ expression တွေကို အုပ်စု လေးစု ခွဲပြီး ဥပမာတွေနဲ့ ဖေါ်ပြလိုက်ပါတယ်။
သေချာစွာ ကျက်မှတ် လေ့ကျင့်မယ်ဆိုရင် ကျိန်းသေပေါက် စိတ်ဝင်စားဖွယ် presentation တွေ လုပ်နိုင်ပြီပေါ့နော်။

MAKE

1. We've made significant improvements to our invoicing system. (ငွေပြေစာစံနစ်ကို တိုးတက်အောင် လုပ်တယ်)

2. This is an area where we’re finally starting to make real progress. (တိုးတက်မှု လက္ခဏာတွေပြတဲ့ ဧရိယာတွေ)

3. We've made a major breakthrough in AIDS research. (သုတေသနကနေ အရေးကြီးတဲ့ တွေ့ရှိချက်များ)

4. Together we can make a real difference to the way people shop. (ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေမယ်)

5. I’d like to make a distinction here between what I call innovative and imitative research. (ကွဲကွဲပြားပြား ရှင်းပြမယ်)

6. We want our clients to make the most of the facilities we can offer them. (အကောင်းဆုံး အသုံးချစေမယ်...)

7. After years of research into the technology, the company is finally making an impact on the sector. (သက်ဆိုင်ရာ ကဏ္ဍအပေါ် ထူးခြားမှုတွေ ဖြစ်ပေါ်စေတယ်)

8. There’s an important point that needs to be made here. (အထူး ထောက်ပြချင်တာက...)

9. They’ve really made a mess of the ordering system. (ဖျက်ဆီးပစ်တယ်...)

TAKE

10. Ladies and gentlemen, I’d like to take this opportunity to welcome you all to Infosystems. (ကြုံကြိုက်တုန်း ပြောပါရစေ)

11. It’s vitally important that we take action against illegal drug sales. (အရေးယူမှ ဖြစ်မယ်...)

12. I’d like to take a few minutes to talk you through last quarter’s figures. (အချိန်အနည်းငယ်လောက်ပေးပါ...)

13. Of course, it’s the innovative companies that consistently take the lead in cancer research that will benefit from this. (ကင်ဆာသုတေသနမှာ ဦးဆောင်သူနေရာမှာ ရှိတယ်)

14. It’s all too easy to think that research is all about taking initiatives. (ခြေလှမ်းစတင်တယ် / စလုပ်တယ်...)

15. Sometimes companies need to take a chance and try something new. (စွန့်စားရဲရတယ်)

16. The illegal copies of DVDs have really taken a bite out of our profits. (အမြတ်အစွန်းကို (အကြီးအကျယ်) ထိခိုက်စေတယ်)

GIVE

17. I’ll begin by giving you an overview of the history of our company. (ခြုံငုံပြီး ရှင်းပြရရင်...)

18. Before I start, I’d like to give you the background to the work we’ve been doing in the last year. (နောက်ခံသမိုင်းကို ရှင်းပြမယ်...)

19. This graph will give you an idea of how far we’ve come in the last few years. (ဘယ်လောက်အောင်မြင်နေလဲဆိုတာ မြင်သာတယ်)

20. I don’t want to give you the impression that it’s all doom and gloom. (...လို့ (မ) တွေးစေချင်ဘူး)

21. I could give you hundreds of examples of where this system has worked. (ဥပမာတွေ အများကြီးပေးလို့ရတယ်...)

DO

22. We’re extremely proud of the research our R & D team have done. (လုပ်ခဲ့တဲ့ သုတေသနတွေ အပေါ်...)

23. They have been doing some excellent work on the prototype. (တိုးတက်မှုတွေ အများကြီးလုပ်ခဲ့တယ်...)

24. We recently did a survey and the results were astonishing. (သဘောထားတောင်းခံချက်လုပ်ခဲ့တယ်...)

25. You can often do more damage to company profits by expanding too quickly. (ထိခိုက်စေတယ်/ အမြတ်အစွန်းလျော့စေတယ်...)

အခု ဖော်ပြခဲ့တဲ့ expression တွေကို လေ့ကျင့်တဲ့ အကောင်းဆုံးနည်းလမ်းက ကြည့်မှန်အရှေ့ မှာ အမူအရာနှင့် တကွ အသံနေအသံထား နဲ့ smooth မဖြစ်မခြင်း လေ့ကျင့်ပါ။ ဇွဲတော့ရှိပါစေ။ ကြိမ်းသေပေါက် အပြောင်းအလဲကိုခံစားရမယ်နော်။
အားလုံးကံကောင်းကြပါစေ။

Englishwithatwist.com မှ Shanthi ရဲ့ Presentation Skills: 25 Useful Expressions you can use to make your Presentations in English flow ကို ကိုးကားဘာသာပြန်ထားတာ ဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဒီ link (http://englishwithatwist.com/2014/08/14/presentation-skills-25-usef...) တွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်