ကျေးဇူးတင်ကြောင်း ဘယ်လိုပြောမလဲ


  • Posted by Soe Soe Win
  •  
  • “ကျေးဇူးတင်ပါတယ်” “ကျေးဇူးပြုပြီးတော့”ဆိုတဲ့ စကားတွေက ဘာသာစကားတိုင်းမှာ ရှိပါတယ်။ ယဉ်ကျေး သိမ်မွေ့မှုကို စကားအရာမှာလည်းဖေါ်ပြကြတာ ဖြစ်တဲ့အတွက် နေ့စဉ်သုံး ပြောစကားတွေမှာ မပါ မပြီးသလောက်ပါဘဲ။ အင်္ဂလိပ်မှာလည်းဘဲ “Please” နှင့် “Thank you” တို့ဟာ မပါရင် မပြီးတဲ့ အရေးကြီးစကား ၂ ခွန်း ဖြစ်ပါတယ်။ တစ်ကယ်တော့ အင်္ဂလိပ်စကားပြောရင် ဒီနှစ်ခွန်းက တစ်နေရာရာမှာ အမြဲပါတာပါဘဲ။ Thanks တို့ Thank you တို့ ကတော့ တစ်စုံတစ်ယောက်က ကိုယ့်အပေါ် ပြုမူ၊ လုပ်ကိုင်၊ ပြောဆိုတာကို ကျေးဇူးတင်ကြောင်းပြောချင်ရင် သုံးတဲ့ common အဖြစ်ဆုံး နှစ်ခွန်းပါဘဲ။ Thank you ကိုတော့ ပိုပြီးယဉ်ကျေးတဲ့ ပုံစံနဲ့ ပြောတာဖြစ်ပါတယ်။ နောက်ထပ် ကျေးဇူးတင်ကြောင်းပြောတဲ့ စကားတွေကတော့
  • Thanks a lot
  • Thanks very much
  • Thank you very much
  • Thank you so much တို့ဖြစ်ပါတယ်။ 
ဒီအပေါ်မှာ ပြောခဲ့တာတွေကိုတော့ ကျေးဇူးတင်ကြောင်းကို ယဉ်ယဉ်ကျေးကျေးလေးနဲ့ ပြောတဲ့အခါ သုံးရပါတယ်။ ဥပမာလေးတွေကိုလည်းဖေါ်ပြလိုက်ပါတယ်။
  • Thank you so much for helping me out today.
  • ‘You’re looking well.’ ‘Thanks.’
  • Thank you very much for dinner – it was great.
  • Thanks a lot for looking after the children.
  • Thanks very much for making dinner tonight.
ခင်မင်တဲ့သူ အချင်းချင်းသုံးတဲ့ ကျေးဇူးတင်စကား တစ်ခွန်းလည်းရှိပါသေးတယ်။ အဲ့ဒါကတော့ “Thanks a bunch” ဖြစ်ပါတယ်။ ဒီစကားကို ငေါ့ပြောတဲ့ ပုံစံနဲ့လည်းသုံးလို့ရပါသေးတယ်။ ဆိုလိုတာက တစ်ယောက်ယောက်ရဲ့ လုပ်ရပ်က အကူအညီမဖြစ်တဲ့ အပြင် အနှောက်အယှက်ဖြစ်သွားတဲ့အခါ စိတ်တိုပြီး ငေါ့ပြောတာမျိုးကိုပြောတာပါ။ (Thanks a lot နှင့် Thanks very much တို့ကိုလည်း ငေါ့ပြောတဲ့အခါ သုံးလို့ရပါတယ်။)
  • You told Tony what I told you in confidence? Thanks a bunch! (ကိုယ်ကတိတ်တဆိတ် ရင်ဖွင့်ထားတဲ့ ကိစ္စကို လူတကာလျှောက်ပြောလို့ စိတ်ဆိုးပြီး "ကျေးဇူးဘဲဟေ"့ လို့ ငေါ့ပြောတာပေါ့)
  • Thanks a lot for spoiling my evening. (ငါ့ ညနေခင်းလေး ဖျက်စီးပစ်လိုက်လို့ ကျေးဇူးဘဲ လို့ငေါ့ပြောတာ)
ကောင်းဘွိုင်ရုပ်ရှင်တွေမှာ အများဆုံးကြားရတဲ့ အရမ်းယဉ်ယဉ်ကျေးကျေးလေးပြောတဲ့ ကျေးဇူးတင်တယ်ဆိုတဲ့ နောက်စကားတစ်ခွန်းကတော့ “much obliged” ပါဘဲ။ ဒီစကားက နေ့စဉ်သုံးတွေထဲမှာ ကြားရခဲပါတယ်။ အရမ်းယဉ်ကျေးတဲ့ အသိုင်းအဝိုင်းတွေမှာ သုံးတာ ဖြစ်ပါတယ်။ တစ်ချို့ရုပ်ရှင်တွေမှာ သတိထားနားထောင်ကြည့်ရင် ကြားရတတ်ပါတယ်။
  • I am much obliged to you for your patience during the recent difficulties.
  • “You can use the facilities whilst you are in the club”. “Much obliged“.
နောက်ထပ် ခပ်မိုက်မိုက်လေး ကျေးဇူးတင်ကြောင်း Thank you နဲ့ တွဲပြောလို့ ရတဲ့ စကားတွေကတော့
  • You’ve saved my life
  • I owe you one နှင့်
  • I owe you big time တို့ဖြစ်ပါတယ်။
အဓိကအားဖြင့် ကိုယ်က အခက်အခဲတွေ့နေချိန်မှာ တစ်စုံတစ်ယောက်က ကူညီတယ်ဆိုရင် အထက်ပါ စကားတွေကို thank you အပြင် ထပ်ပေါင်းပြီး ကျေးဇူးတင်ကြောင်းပြောလို့ရပါတယ်။ ခင်မင်တဲ့ ပုံစံနဲ့ပေါ့။
  • Thanks for giving me a lift to the station. You saved my life. (ဘူတာရုံကို ကားကြုံလိုက်ပို့လို့ ကျေးဇူးဘဲနော်။ ခင်ဗျားကယ်ပေလို့ဘဲ။)
  • Thanks for the advice. I owe you one. (အကြံပေးတာကျေးဇူးဘဲဟေ့။ ခင်ဗျားကိုတော့ အကြွေးတင်သွားပြီ။)
  • Thanks for helping me out with the essay. I owe you big time. (စာဝိုင်းလုပ်ပေးတာကျေးဇူးဘဲ။ ပြန်ကူညီဖို့ အကြွေးမှတ်ထားပါ့မယ်။)
နောက်တစ်မျိုးကတော့ ဗြိတိသျှအင်္ဂလိပ်မှာ သုံးတဲ့ ကျေးဇူးတင်စကား “Cheers” ပါ။ တစ်ချို့က စာအရေးအသားတွေမှာ thank you အစားမှားယွင်းသုံးစွဲကြပါတယ်။ "Cheers" က အပြောမှာဘဲ သုံးလို့ရတယ်။ လူတော်တော်များများက သိပ်ကြားဖူးကြမှာ မဟုတ်လောက်ဖူး။
  • Here’s that book you wanted to borrow.’ ‘Oh, cheers.‘ 
  • “Would you like a drink?” “That’d be great. Cheers.“
တစ်စုံတစ်ယောက်က ကိုယ့်ကိုလက်ဆောင်ပေးတယ် (အထူးသဖြင့် တန်ဖိုးကြီးလက်ဆောင်) ဆိုရင် ပြီးတော့ ကိုယ်က အရမ်းအံ့သြသွားတယ်ဆိုရင် ပြောတာကတော့ “You shouldn’t (have)” တဲ့။
  • Oh, Martin, what lovely flowers. You shouldn’t have! (အိုးမဟုတ်တာဘဲ)
ယဉ်ယဉ်ကျေးကျေးနဲ့ ကျေးဇူးတင်ကြောင်းပြောတဲ့နောက်တစ်မျိုးကတော့ “You are too kind” ပါဘဲ။ ဒါကတော့ တစ်ကယ် ကျေးဇူးတင်ကြောင်းပြောတာရော၊ စိတ်ထဲကမပါဘဲ ကျေးဇူးတင်ကြောင်း ပြောတာပါ နှစ်မျိုးစလုံးမှာသုံးတယ်။ (ပြောသူနဲ့ ပြောတဲ့ အခြေအနေပေါ် မူတည်ပါတယ်။)
  • Thank you for for the glowing praise. You’re too kind.
နောက်တစ်မျိုးကတော့ စင်မြင့်ပေါ်မှာ၊ ပရိဿတ်အရှေ့မှာ ပြောတဲ့ ကျေးဇူးတင် ပြောစကားပါ။ (ဥပမာ - ဆုပေးပွဲလိုဟာမျိုးမှာ) အဲ့ဒါကတော့ “I’d like to thank…” ပါ။
  • I’d like to thank everyone for coming along and supporting us today. (I'd like to thank..အနောက်မှာ ကျေးဇူးတင်ထိုက်တဲ့ လူနာမည် ထည့်ပြောရုံပါဘဲ)
နောက်ဆုံး တစ်ခုကတော့ email တို့ letter တို့မှာ နောက်ဆုံး စာအပိတ် အနေနဲ့ ထည့်ရေးရတဲ့ Many thanks ဆိုတာပါဘဲ။
  • Many thanks for the lovely present.
ဒီလောက်ဆို ကျေးဇူးတင်ကြောင်းတွေ ပြောဖို့ တော်တော်လေး ပြည့်စုံသွားပြီပေါ့နော်။

အားလုံးကိုကျေးဇူးတင်လျှက် - Thanks a million!

English with a twist မှ Shanti ရဲ့ English Skills: 13 ways of saying Thank You ကို ကိုးကားဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဒီနေရာ (http://englishwithatwist.com/2014/05/08/english-skills-13-ways-of-s...) မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်