မင်းရဲ့အခက်အခဲဆီကနေ အခွင့်အရေးယူလိုက်စမ်းပါ

မင်းရဲ့အခက်အခဲဆီကနေ အခွင့်အရေးယူလိုက်စမ်းပါ

            လူတစ်ယောက်ရဲ့ အချစ်ဆုံးမြည်းတစ်ကောင်ဟာ ခပ်နက်နက်တွင်းတစ်ခုထဲကို ကျသွားပါတယ်။ သူဘယ်လိုပဲ တွင်းနက်ထဲက ဆွဲထုတ်ဖို့ကြိုးစားပေမဲ့ မရတဲ့အဆုံးမှာ သူဆုံးဖြတ်လိုက်တယ်။ တဖြည်းဖြည်းနဲ့ ဝေဒနာခံစားရပြီး သေသွားမှာနဲ့စာရင် အရှင်လတ်လတ် မြေဖို့သတ်လိုက်တာက သူ့မြည်းအတွက် ဒုက္ခနည်းမယ်ဆိုပြီးပေါ့။

            ဒါနဲ့သူဟာ သူ့မြည်းပေါ်ကို မြေတွေဖို့လိုက်ပါတယ်။ ကျောပေါ်တင်ကျန်နေတဲ့ မြေကြီးတွေကို မြည်းဟာ ခါချပစ်လိုက်တယ်။ သူ့သခင်ဟာ မြေကြီးတွေနဲ့ ဆက်ဖို့လိုက်တိုင်း သူကတော့ ခါချပြီး အဲဒီမြေကြီးပေါ်ကို တက်ရပ်လိုက်တယ်။ သူ့မြည်းရဲ့ လုပ်ပုံကိုင်ပုံနဲ့သဘောထားကို သိသွားတဲ့ သူ့သခင်က မြေကြီးတွေကို ဆက်လောင်းတော့တာပေါ့။ အဲဒီလိုနဲ့ နေ့ခင်းပိုင်းလောက်ရောက်တဲ့အခါ တွင်းနက်ထဲကျနေတဲ့ မြည်းဟာ ကွင်းပြင်ကျယ်ကြီးထဲမှာ မြက်တွေစားလိုက်၊ ပြေးလိုက်နဲ့ ရွှင်မြူးတက်ကြွနေတာကို သူ့သခင်က ပြုံးပြုံးကြီးကြည့်နေပါတော့သတဲ့။

(အွန်လိုင်းမှ ပုံပြင်တစ်ပုဒ်ကို ဆီလျော်သလို ဘာသာပြန်ထားပါသည်။)

ပုံပြင်လေးကိုဖတ်ပြီး ကျွန်တော်ခံစားမိတာက အခက်အခဲဟာ မတော်တဆရော၊ တမင်သက်သက်ရော ရောက်လာတတ်ပါတယ်။ အခက်အခဲကြုံတိုင်း ဒုက္ခရောက်မသွားကြပါဘူး။ အခက်အခဲကို ခါမချတတ်သူတွေ၊ အသုံးမချတတ်သူတွေသာ ဒုက္ခရောက်ကြရတာပါ။ ဒါ့ကြောင့် ကျွန်တော် ခင်ဗျားကို စကားလေးတစ်ခွန်း လက်ဆောင်ပေးချင်ပါတယ်။

“ မင်းကြုံနေရတဲ့ အခက်အခဲဆီကနေ အခွင့်အရေးတွေ ယူပစ်လိုက်စမ်းပါ ” လို့။

ထူးအောင်ဝင့်

(4.12.2021 10:40 pm)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်