ငရုတ်သီးရောင်းသူ

 

ငရုတ်သီးရောင်းသူ

            ငရုတ်သီးရောင်းသူတွေမှာ ဒီလိုအခက်အခဲမျိုး ရှိကောင်းရှိလိမ့်မယ်။ အဲဒီအခက်အခဲက ငရုတ်သီးရောင်းသူကို

            “ ငရုတ်သီးက စပ်လား ”

လို့ ဝယ်သူတွေ မေးကြတဲ့ မေးခွန်း ဖြစ်တယ်။ ငရုတ်သီးရောင်းသူက “ စပ်တယ် ” လို့ ပြန်ဖြေရင် ငရုတ်သီးဝယ်သူက အစပ်မကြိုက်ခဲ့ရင် မဝယ်ဘဲ ထွက်သွားတော့မယ်။ “ မစပ်ဘူး ” လို့ဖြေပြန်ရင်လည်း ဝယ်သူက အစပ်ကြိုက်သူဆိုရင် ဒီအရောင်းအဝယ်က မဖြစ်တော့ဘူး။ ဒီလိုအခက်အခဲကို ဖြေရှင်းတဲ့နည်းက အားလုံးသိကြတဲ့နည်း ဖြစ်တယ်။ ငရုတ်သီးကို နှစ်ပုံခွဲလိုက်မယ်။ တစ်ပုံက စပ်တယ်၊ တစ်ပုံက မစပ်ဘူးဆိုပြီးရောင်းရင် ဝယ်သူက သူ့စိတ်ကြိုက် တစ်ပုံရွေးလိမ့်မယ်။ ဒါက အများသိတဲ့၊ စာအုပ်ထဲမှာ ရေးထားတဲ့ နည်းဖြစ်တယ်။

            တစ်နေ့မှာ ကျွန်တော်အားနေတာနဲ့ ငရုတ်သီးရောင်းသူဘေးမှာထိုင် ဒီအခက်အခဲကို သူဘယ်လိုဖြေရှင်းမလဲဆိုပြီး စောင့်ကြည့်ခဲ့တယ်။ ပြီးတော့ ဝယ်သူမရှိတဲ့အခိုက် ရောင်းသူကို လူတတ်ကြီးလုပ်ပြီး ကျွန်တော်သွားပြောလိုက်သေးတယ်။

            “ အစ်မကြီး ငရုတ်သီးကို နှစ်ပုံ ပုံလိုက်လေ၊ ဝယ်သူက စပ်တာလိုချင်တယ်ဆိုရင် ဟိုတစ်ပုံ လုပ်ပြလိုက်၊ မစပ်တာလိုချင်တယ်ဆိုရင် ဒီတစ်ပုံထိုးပြလိုက် လုပ်ပေါ့ ”

            ကျွန်တော်ပြောတာကို ရောင်းသူက နားထောင်ပြီး ရယ်တယ်။ ပြီးတော့ “ မလိုပါဘူး ” လို့ ဆိုတယ်။ အဲဒီမှာ ငရုတ်သီးဝယ်သူ တစ်ယောက် ရောက်လာတယ်။ ထုံးစံအတိုင်း

            “ အစ်မကြီး၊ အစ်မကြီး ငရုတ်သီးက စပ်လား ”

လို့ မေးတယ်။ ရောင်းသူ အမျိုးသမီးက

            “ အရောင်တောက်တာ စပ်တယ်၊ အရောင်ဖျော့တာ မစပ်ဘူး ”

လို့ ဆိုတယ်။ ဝယ်သူက သူကြိုက်တာ သူရွေးပြီး ဝယ်သွားတယ်။ ဒီနေ့က ဘာနေ့လို့ ဆိုရမလဲ။ လူတိုင်းက အရောင်ဖျော့တဲ့ မစပ်ဘူးဆိုတဲ့ ငရုတ်သီးကိုပဲ ရွေးဝယ်ခဲ့ကြတယ်။ တအောင့်ကြာတော့ အရောင်ဖျော့ ငရုတ်သီးတွေ မရှိသလောက် ဖြစ်သွားတယ်။ အဲဒီမှာ ကျွန်တော်က

            “ ကျန်တဲ့ ငရုတ်သီးတွေကို နှစ်ပုံခွဲလိုက်ပါ။ မဟုတ်ရင် ရောင်းရ ခက်လိမ့်မယ် ”

လို့ပြောတော့ ရောင်းသူက ပြုံးပြုံးရယ်ရယ်နဲ့ ခေါင်းခါပြပြီး “ မလိုပါဘူး ” လို့ ဆိုပြတ်တယ်။ ဝယ်သူတစ်ယောက် ရောက်လာပြန်တယ်။

            “ ငရုတ်သီး စပ်လား”

            ရောင်းသူက ကိုယ့်ငရုတ်သီးကိုကြည့်ပြီး

            “ အတောင့်ရှည်က စပ်တယ်။ အတိုက မစပ်ဘူး ”

လို့ဆိုတယ်။ အဲဒီလိုနဲ့ရောင်းရင်း ငရုတ်သီးအတောင့်တိုတွေပဲ ကျန်ခဲ့တော့တယ်။ နီနီရဲရဲ ငရုတ်သီးတောင့်တိုတွေကို ကြည့်ပြီး ကျွန်တော် ဘာမှ မပြောခဲ့တော့ဘူး။ အင်း၊ ဒီတစ်ကြိမ်တော့် သူဘာလုပ်လိမ့်မလဲလို့ပဲ စောင့်ကြည့်နေခဲ့တယ်။

            နောက်ဝယ်သူတစ်ယောက် ရောက်လာလို့ ငရုတ်သီးစပ်လားလို့ မေးတဲ့အခါ ရောင်းသူက

            “ အခွံပျော့တာက စပ်တယ်၊ မာတာက မစပ်ဘူး ”

လို့ဆိုတယ်။ ရောင်းသူကို ကျွန်တော့်စိတ်ထဲ ချီးကျူးမိတယ်။ တစ်နေကုန် နေလှန်းခံထားရတဲ့ ငရုတ်သီးတချို့က ရေဓာတ်ခန်းခြောက်ပြီး ပျော့နေခဲ့ပြီ။ ငရုတ်သီးတွေ ရောင်းကုန်သွားတော့ ငရုတ်သီးရောင်းသူက ထွက်မသွားခင် ကျွန်တော့်ကို စကားတစ်ခွန်း ပြောခဲ့တယ်။

            “ ရှင်ပြောတဲ့ ငရုတ်သီးရောင်းနည်းကို လူတိုင်းသိတယ်။ အဲ၊ ကျွန်မရဲ့နည်းကိုတော့ ကျွန်မကိုယ်တိုင်ပဲ သိတယ် ”

            ဘဝထဲက အသိဉာဏ်တွေကို စာအဖြစ်ရေးဖွဲ့သီကုံးနိုင်ကြတယ်။ ဒါပေမဲ့ စာအုပ်ထဲက အသိဉာဏ်အတိုင်း ဘဝမှာ လွယ်လွယ်ကူကူ ရှင်သန်လို့ မရနိုင်ခဲ့ဘူး။ အကြောင်းက ဘဝဆိုတာ လှုပ်ရှားသက်ဝင်နေရတဲ့အရာမို့ ဖြစ်တယ်။

            ငရုတ်သီးရောင်းသူကြောင့် အသိဉာဏ်ထဲမှာ စိတ်ကြီးဝင်ခြင်းတွေ ရောစပ်မနေပါစေနဲ့။ စိတ်ကြီးဝင်ခြင်းထဲမှာလည်း အသိဉာဏ်တွေ ကင်းမဲ့မနေပါစေနဲ့ ဆိုတဲ့အသိကို ကျွန်တော်ရလိုက်ပါတော့တယ်။

(PS: ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ထားသည့် စာတစ်ပုဒ် ဖြစ်ပါသည်။ https://sisthwaymg.blogspot.com မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။ ဇော်ဂျီဖြင့် တင်ထားခြင်းဖြစ်၍ ယူနီဖြင့် ပြန်လည်စာစီဖော်ပြပေးလိုက်ပါသည်။)

ထူးအောင်ဝင့်

ငရုတ္သီးေရာင္းသူ

ငရုတ္သီးေရာင္းသူေတြမွာ ဒီလိုအခက္အခဲမ်ဳိး ရွိေကာင္းရွိလိမ့္မယ္။ အဲဒီအခက္အခဲက ငရုတ္သီးေရာင္းသူကို "ငရုတ္သီးက စပ္လား"လို႔ ဝယ္သူေတြေမးၾကတဲ့ ေမးခြန္းျဖစ္တယ္။
ငရုတ္သီးေရာင္းသူက "စပ္တယ္"လို႔ ျပန္ေျဖရင္ ငရုတ္သီးဝယ္သူ အစပ္မႀကိဳက္ခဲ့ရင္ မဝယ္ဘဲထြက္သြားေတာ့မယ္။ "မစပ္ဘူး"လို႔ ေျဖျပန္ရင္လည္း ဝယ္သူက အစပ္ႀကိဳက္သူဆိုရင္ ဒီအေရာင္းအဝယ္က မျဖစ္ေတာ့ဘူး။
ဒီလိုအခက္အခဲကို ေျဖရွင္းတဲ့နည္းက အားလံုးသိၾကတဲ့နည္းျဖစ္တယ္။ ငရုတ္သီးကို ႏွစ္ပံုခဲြလိုက္မယ္။ တစ္ပံုကစပ္တယ္၊ တစ္ပံုကမစပ္ဘူးဆိုၿပီး ေရာင္းရင္ ဝယ္သူက သူ႔စိတ္ႀကိဳက္တစ္ပံုေရြးလိမ့္မယ္။ ဒါက အမ်ားသိတဲ့ စာအုပ္ထဲမွာေရးထားတဲ့နည္းျဖစ္တယ္။
တစ္ေန႔မွာ ကၽြန္ေတာ္အားေနတာနဲ႔ ငရုတ္သီးေရာင္းသူေဘးမွာထိုင္ ဒီအခက္အခဲကို သူဘယ္လိုေျဖရွင္းမလဲဆိုၿပီး ေစာင့္ၾကည့္ခဲ့တယ္။ ၿပီးေတာ့ ဝယ္သူမရွိတဲ့အခိုက္ ေရာင္းသူကို
လူတတ္ႀကီးလုပ္ၿပီး ကၽြန္ေတာ္သြားေျပာလိုက္ေသးတယ္။
"အစ္မႀကီး.. ငရုတ္သီးကို ႏွစ္ပံုပံုလိုက္ေလ... ဝယ္သူက စပ္တာလိုခ်င္တယ္ဆိုရင္ ဟိုတစ္ပံုကိုထိုးျပလိုက္၊ မစပ္တာလိုခ်င္ရင္ ဒီတစ္ပံုကိုထိုးျပလိုက္လုပ္ေပါ့"
ကၽြန္ေတာ္ေျပာတာကို ေရာင္းသူကနားေထာင္ၿပီး ရယ္တယ္.. ၿပီးေတာ့ "မလိုပါဘူး.. "လို႔ဆိုတယ္။ အဲဒီမွာ ငရုတ္သီးဝယ္သူတစ္ေယာက္ ေရာက္လာတယ္။ ထံုးစံအတိုင္း "အစ္မႀကီး.. အစ္မႀကီးရဲ႕ငရုတ္သီးက စပ္လား"လို႔ေမးတယ္။
ေရာင္းသူအမ်ဳိးသမီးက "အေရာင္ေတာက္တာ စပ္တယ္၊ အေရာင္ေဖ်ာ့တာ မစပ္ဘူး"လို႔ဆိုတယ္။ ဝယ္သူက သူႀကိဳက္တာကို ေရြးဝယ္ၿပီး ထြက္သြားခဲ့တယ္။
ဒီကေန႔က ဘာေန႔လို႔ဆိုရမလဲ.. လူတိုင္းက အေရာင္ေဖ်ာ့တဲ့မစပ္ဘူးဆိုတဲ့ ငရုတ္သီးကိုပဲ ေရြးဝယ္ခဲ့ၾကတယ္။ တေအာင့္ၾကာေတာ့ အေရာင္ေဖ်ာ့ငရုတ္သီးေတြ မရွိသေလာက္ျဖစ္သြားတယ္။ အဲဒီမွာ ကၽြန္ေတာ္က "က်န္တဲ့ငရုတ္သီးေတြကို ႏွစ္ပံုခဲြလိုက္ပါ။ မဟုတ္ရင္ ေရာင္းရခက္လိမ့္မယ္"လို႔ ေျပာေတာ့ ေရာင္းသူက ၿပံဳးၿပံဳးရယ္ရယ္နဲ႔ ေခါင္းခါျပၿပီး "မလိုပါဘူး.."လို႔ဆိုျပန္တယ္။
ဝယ္သူတစ္ေယာက္ ေရာက္လာျပန္တယ္။
"ငရုတ္သီး စပ္လား"
ေရာင္းသူက ကိုယ့္ငရုတ္သီးကိုၾကည့္ၿပီး "အေတာင့္ရွည္က စပ္တယ္။ အတိုက မစပ္ဘူး"လို႔ဆိုတယ္။
အဲဒီလိုနဲ႔ေရာင္းရင္ ငရုတ္သီးအေတာင့္တိုေတြပဲ က်န္ခဲ့ေတာ့တယ္။ နီနီရဲရဲ ငရုတ္သီးေတာင့္တိုေတြကို ၾကည့္ၿပီး ကၽြန္ေတာ္ ဘာမွမေျပာခဲ့ေတာ့ဘူး။ အင္း.. ဒီတစ္ႀကိမ္ေတာ့ သူဘာလုပ္လိမ့္မလဲလို႔ပဲ ေစာင့္ၾကည့္ေနခဲ့တယ္။
ေနာက္ဝယ္သူတစ္ေယာက္ေရာက္လာလို႔ ငရုတ္သီးစပ္လားလို႔ ေမးတဲ့အခါ ေရာင္းသူက "အခြံေပ်ာ့တာက စပ္တယ္။ မာတာက မစပ္ဘူး"လို႔ဆိုတယ္။ ေရာင္းသူကို ကၽြန္ေတာ္စိတ္ထဲခ်ီးက်ဴးမိတယ္။ တစ္ေနကုန္ေနလွန္းခံထားရတဲ့ ငရုတ္သီးတခ်ဳိ႕က ေရဓာတ္ေျခာက္ၿပီး ေပ်ာ့ေနခဲ့ၿပီ။
ငရုတ္သီးေတြေရာင္းကုန္သြားေတာ့ ငရုတ္သီးေရာင္းသူက ထြက္မသြားခင္ ကၽြန္ေတာ့္ကို စကားတစ္ခြန္းေျပာခဲ့တယ္။
"ရွင္ေျပာတဲ့ ငရုတ္သီးေရာင္းနည္းကို လူတိုင္းသိတယ္။ အဲ.. ကၽြန္မရဲ႕နည္းကိုေတာ့ ကၽြန္မကိုယ္တိုင္ပဲသိတယ္"
ဘဝထဲက အသိဉာဏ္ေတြကို စာအျဖစ္ေရးဖဲြသီကံုးႏိုင္ၾကတယ္။ ဒါေပမယ့္ စာအုပ္ထဲက အသိဉာဏ္အတိုင္း ဘဝမွာ လြယ္လြယ္ကူကူ ရွင္သန္လို႔မရႏိုင္ခဲ့ဘူး။ အေၾကာင္းက ဘဝဆိုတာ လႈပ္ရွားသက္ဝင္ေနရတဲ့အရာမို႔ျဖစ္တယ္။ ငရုတ္သီးေရာင္းသူေၾကာင့္........
အသိဉာဏ္ထဲမွာ စိတ္ႀကီးဝင္ျခင္းေတြ ေရာစပ္မေနပါေစနဲ႔။ စိတ္ႀကီးဝင္ျခင္းထဲမွာလည္း အသိဉာဏ္ေတြ ကင္းမဲ့မေနပါေစနဲ႔... ဆိုတဲ့အသိကို ကၽြန္ေတာ္ရလိုက္ေတာ့တယ္။
------
မူရင္းလင့္ --- 
http://ibook.idv.tw/enews/enews391-420/enews415.html

ႏိုင္းႏိုင္းစေန (Friday, June 15, 2012)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံၿမိဳ႕ေတာ္