Why he is better than me?

Why he is better than me? (သူဘာလို့ ငါ့ထက်သာနေရတာလဲ ?)

                       တစ်ခါက မောင်ဖြူနဲ့မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာအလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာအဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။
" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေးရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ် ..." လို့ ခပ်ပြတ်ပြတ်ပဲပြောလိုက်ပါတယ်။

သူဌေးက မောင်မဲ အလုပ်ကြိုးစားတာသိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့
"မင်းအလုပ်မထွက်ခင်ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား "

လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့
" အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ "
လို့ခိုင်းတယ်။မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

" တစ်ကီလို ၁၂ဒေါ်လာပါဆရာ"

သူဌေးက "အေးဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်း မောင်ဖြူ ကိုလည်း ငါမေးဦးမကွာ... " ဆိုပြီး မောင်ဖြူကိုခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။

မောင်ဖြူပြန်လာတော့
" သူဌေးခင်ဗျား ... ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ် ။ တစ်ကီလိုကိုတော့( ၁၂ ) ဒေါ်လာပါ ...။(၁ဝ) ကီလိုယူရင် ဒေါ်လာ(၁ဝဝ) နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး(၃၄ဝ) ရှိပါတယ်။ ဆိုင်မှာခင်းထားတာက (၅၈)လုံးပါ့ တစ်လုံးကို (၁၅)ကီလိုလောက်ရှိပါတယ်။ မနေ့ကမှတောင်အရပ်က ဝယ်လာတာပါ ။ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင်ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "

မောင်မဲဟာ သူ့သယ်ရင်းနဲ့သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သငယ်ချင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာအကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတ⁠တ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ(၃၆၅)ဆ (၁) ဆ ကွ။
ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များနက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ ...။

လေးစားစွာဖြင့်
ထူးအောင်ဝင့်

Credit to Original Uploader

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်