ကရင်မှာ ပြက္ခဒိန် ရှိပါသလား
ကရင်မှာ ကရင်ပြက္ခဒိန်ရှိပါသလား
             ဟုတ်ကဲ့ ကရင်ပြက္ခဒိန်ဆိုတာရှိပါတယ်။ သမိုင်းသုတေသီများရဲ့အဆိုအရ ကရင်ပြက္ခဒိန်ဟာ သစ်သားနဲ့ပြု လုပ်ကြတာဖြစ်ပြီရှေးက ကရင်လူကြီး ဆယ်လယ်ပါထံကနေလေ့လာတွေ့ရှိခဲ့တာလို့ဆိုပါ
တယ်။
အဲဒီကရင်သစ်သားပြက္ခဒိန်ဟာ အတန်းသုံးတန်းပါရှိပြီ အတန်းတိုင်းမှာအပေါက်ဖောက်ထားကြ
ပါတယ်။ တစ်တန်းနဲ့တစ်တန်းဟာ အပေါက်အရေအတွက်မတူညီသလို ပထမတန်းမှာတော့ကရင်လဆယ့်
သုံးလရှိတာကိုဖော်ပြတဲ့အပေါက်ဆယ့်သုံးပေါက်။ဒုတိယတန်းမှာတော့ လဆန်းလဆုတ်
ဆယ့်ငါးရက်ရှိတာကိုဖော်ပြတဲ့အပေါက်ဆယ့်ငါးပေါက်နဲ့တတိယတန်းမှာ နေ့ခုနှစ်နေ့ရှိတာကို
ဖော်ပြတဲ့အပေါက်ခုနှစ်ပေါက်ပါဝင်တာကိုတွေ့ရပါတယ်။
လဆယ့်သုံးလကိုအနောက်ပိုးလိုရေတွက်ရင်တော့ ထိုင်ခုတ်ဖို၊ထိုင်ခုတ်ဒို၊တဖန့်၊
အတား၊လားယာ၊လားဃူ၊လားနွီ၊လားခပို့၊လားခုတ်၊ဆီမု၊ခတူဝေါ့၊လားနန်၊လားလိန်း၊တို့ပဲဖြစ်ပါတယ်။
အဲဒီဆယ့်သုံးလမှာ ရက်စုံလနဲ့ရေတွက်
ရတဲ့လတွေကတော့
တဖန့်၊လားယာ၊လားနွီ၊လားခုတ်၊ခတူးဝေါ့၊လားလိန်း၊တို့ပဲဖြစ်ပြီရက်ပေါင်းသုံးဆယ်နဲ့ရေတွက်ကြရပါတယ်။
ထိုင်ခုတ်ဖို၊ထိုင်ခုတ်ဒို၊အတား၊လားဃူ၊လားခပို့၊ဆီမု၊လားနန်၊ လို့ဆိုတဲ့ခုနှစ်လ
ကရက်မစုံလဖြစ်ပြီ ထိုင်ခုတ်ဖိုလမှာလဆန်းဆယ့်ငါးရက်ပဲရှိပြီ ထိုင်ခုတ်ဒိုလမှာလဆုတ် ဆယ့်လေးရက်ရှိတယ်လို့ရှေးကရင်ပညာရှင်တွေက မိန့်မှာခဲ့တယ်လို့ဆိုပါတယ်၊ကျ န်လတွေကိုတော့နှစ်
ဆယ့်ကိုးရက်စီဖြစ်ပါတယ်။ဒီရက်စုံလနဲ့ ရက်မစုံလတွေပေါင်းလိုက်ရင်ရက်ပေါင်း ၁၅၄ရက်နဲ့ကိုက်ညီနေတဲ့
အတွက်စန္ဒာမာသပြက္ခဒိန်စနစ်အရကိုက်ညီနေပါတယ်။
ဆိုးလားပြက္ခဒိန် သူရိယမာသစနစ်အရလည်းဆယ့်တစ်ရက်လေးပိုင်းတစ်ပိုင်းရောပေါင်းလိုက်ရင် ရက်ပေါင်း၃၆၅ရက်လေးပိုင်းတစ်ပိုင်းဖြစ်လာလို့သူရိယမာသအရနဲ့လည်းကိုက်ညီနေတာကိုတွေ့ရ
ရက်ယူရပြီ နှစ်ကြီးမှာတော့ရက်၃၀ယူရပါတယ်။နှစ်ငယ်နှစ်ကြီးယူတာကတော့ဝါထပ်ရင်
နှစ်ကြီး ဝါမထပ်ရင်နှစ်ငယ်လို့သတ်မှတ်ကြပါတယ်။အံ့သြစရာကောင်းတာက ဒီကရင်ပြက္ခ္ခဒိန်ဟာ မြန်မာ တရုတ် ရခိုင်တွေရဲ့ပြက္ခဒိန်နဲ့ကိုက်ညီနေတာကိုတွေ့ရခြင်းပဲဖြစ်ပါတယ်။ရှေးကရင် ပညာရှိကြီးများ ရဲ့ထားကဗျာအရ လပေါ်မှာနတ်သမီးညီမဟာ၂၉ရက်ရက်၃၀ကိုတစ်လှည့်စီရေတွက်ကြတယ်
လို့ဆိုပါတယ်။ရှေးကရင်ပညာရှင်တွေကတော့ကောင်းကင်ပြင်မှာရှိတဲ့နက္ခတ် ၂၇လုံးကိုကြည့်
ပြီ ရာသီနဲ့ပိုင်းခြားကာ ရက်မစုံလကိုရှေ့ထားပြီး ရက်စုံလကိုနောက်မှာထားကာ
သတ်မှတ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်။အဲမှာ ပြဿ နာရှိလာတာက ကရင်လကိုမြန်မာလနဲ့တွဲတဲ့အခါ တစ်ချို့  ကပြာသိုတစ်ချို့ ကတပို့တွဲနဲ့စပြီရေတွက်လာတာပဲဖြစ်ပါတယ်။ခုမှီငြမ်းပြီရေးတဲ့စာအုပ်မှာတော့တပို့တွဲ
နဲ့စပြီရေတွက်တာကိုတွေ့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကရင်ပြက္ခဒိန်ဟာတကယ့်ကိုစနစ်တစ်ကျ ရှိလှတဲ့အတွက်ပညာရှင်များကနေပြီ ကရင်ပြက္ခဒိန်ကိုပြန်လည်ဖော်ထုပ်ကြပါလို့တိုက်တွန်း
နိုးဆော်လိုက်ရပါတယ်။
အမျိုးများအားလုံးကျန်းမာချမ်းသာကြပါစေ။
အရှင်ကုမာရ ပန်းတနော်၏ကရင်ရိုးရာယဉ်ကျေးမှုပဒေသာနှင့်အရိုးကောက်တရားတော်စာအုပ်မှ
မှီငြမ်းရေးသားပါသည်။
ထူးအောင်ဝင့်
Comments
Popular posts from this blog
1. Noun (နာမ်) (၅)
မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ
English for Hotel and Catering Industry (Unit 3 - Taking Reservation)