ရှေးဟောင်းသမိုင်ဝင် ယဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်ထားသော ဖိုလ်ဝင်တောင်

ရှေးဟောင်းသမိုင်ဝင် ယဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်ထားသော ဖိုလ်ဝင်တောင်

                  အလောင်းတော်ကသဖခရီးမှ အပြန်လမ်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရှိသော ဖိုလ်ဝင်တောင်သို့ ဝင်ရောက်ဖြစ်သည်။ ရွှေလသာ ဝါဝါဝင်း ဖိုလ်ဝင်တောင် ဘုရားပေါင်း ဆိုသည့်အတိုင်း ရုပ်ပွားတော်နှင့် စေတီပေါင်း ၄၄၆,၄၄၄ဆူ ရှိသည်ဟု သိရှိရသည်။ ဖိုလ်ဝင်တောင်ရှိရုပ်ပွားတော်နှင့် စေတီ များမှာ အလွန်ရှေးကျလှပြီး ကျောက်ဂူ နံရံများရှိ ရှေး နံရံ ဆေးရေးပန်းချီများကို လေ့လာခွင့် ရခဲ့သည်။ မှတ်တမ်း ဓာတ်ပုံများ ရိုက်ယူခြင်း၊ ဖူးမျှော်ခြင်းတို့ ပြီးစီးသောအခါ စာဖတ်သူတို့ကို ပြန်လည် မျှဝေနိုင်ရန် အတွက် ဆောင်းတန်းတွင် ရောင်းချသည့် အရှင်သုမန ရေးသားသည့် ဖိုလ်ဝင်တောင် သမိုင်း စာအုပ်ကို ဝယ်ယူခဲ့သည်။

                     ကောဇာသက္ကရာဇ် ၃၇၉ခုတွင် ပေါက္ကံပြည်ကို အနော်ရထာမင်းစော ထီးနန်းစိုးစံသည်။ အနော်ရထာမင်းစောနှင့် ထီးပြိုင် နန်းပြိုင်မင်းများမှာ သထုံပြည့်ရှင် မနူဟာမင်း၊ ဟလင်္ကပူရပြည်မှ ဗန္ဓဝမင်းတို့ ဖြစ်ကြသည်။ ထိုစဉ်က သထုံပြည်မှလွဲပြီး ကျန်ဒေသများတွင် အရည်ကြီး သာသနာ ကြီးစိုးနေချိန်ဖြစ်သည်။ အနော်ရထာမင်းသည် ရှင်အရဟံ၏ ကျေးဇူးဖြင့် ပေါက္ကံပြည်ကြီးအား ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သူဖြစ်သည်။
                ရွှေစည်းခုံ ထီးတော်တင်ပွဲကို ကြွရောက်ရန်အတွက် အနော်ရထာမင်းသည် မိတ်ဆွေဖြစ်သူ မဟာဗန္ဓဝမင်းထံ သံတမန်များဖြင့် ဖိတ်ခေါ်သည်။ ရွှေစည်းခုံ ထီးတော်တင်ပွဲမှ အပြန်တွင် မဟာဗန္ဓဝမင်းသည် ပုဂံပြည်၏ ဗုဒ္ဓသာသနာ ထွန်းကားပုံကို အားကျကာမိမိတိုင်းပြည်သို့ ပြန်ရောက်ချိန် တွင် စေတီပုထိုး၊ ဘုရားများ တည်ရန် သင့်လျော်သည့်နေရာ ရှာဖွေရန် ပညာဗလ အမတ်အား တာဝန်ပေးအပ်သည်။ ပုဂံမှတ်တမ်းတွင် အနော်ရထာမင်းသည် ရွှေစည်းခုံ စေတီကို ထီးတော် မတင်နိုင်ခင် နတ်ရွာစံသည်ဟု ဖော်ပြထားသဖြင့် ဖိုလ်ဝင်တောင် မှတ်တမ်းနှင့် ကွဲလွဲနေသည်ကို သတိပြုမိသည်။
ပညာဗလ အမတ်သည် သလ္လာဝတီမြစ်ကို ဆန်တက်ပြီး အနီးရှိ လက်ပန်တောင်းတောင် အစရှိသော တောင် ၃၃ လုံးတို့အတိုင်း စူးစမ်း ရှာဖွေရာ ပိန်ကောမ လှေမှောက်ထားသကဲ့သို့ ရှိသော တောင်တစ်လုံးကို တွေ့ရှိလေသည်။ ပညာဗလ အမတ်သည် ထိုတောင်အား နှစ်သက်ခြင်းဖြစ်ကာ မဟာဗန္ဓဝမင်းထံ အကြောင်းပြန်သည်။ မင်းကြီးသည် တိုင်းပြည်အတွင်းရှိ ကျောက်ဆစ် ပညာရှင်၊ ဗိသုကာ ပညာရှင်နှင့် ပန်းချီ ပညာရှင်များအား ဆင့်ခေါ်ပြီး အိမ်ရှေ့မင်း၊ မိဖုရား၊ မောင်းမ၊ မှူးမတ်၊ ဗိုလ်ပါမကျန် ခေါ်ဆောင်ကာ ပညာဗလ အမတ် ရှာဖွေတွေ့ရှိသော တောင်တွင် စေတီပုထိုး၊ ဂူဘုရားများကို တည်စေသည်။
               မင်းနေပြည်တော်အား မယ်တော်အား ယာယီ အုပ်ချုပ်စေသည်။ တစ်ညသောအခါ ဗန္ဓဝမင်းသည် ဘုရားတည်နေသော တောင်ပေါ်တွင် မြတ်စွာဘုရား ဖလသမာပတ်ဝင်စားသည်ဟု အိမ်မက်မြင်လေသည်။
တောင်အား အမည်နာမပေးရန် တိုင်ပင်ရာ မှူးမတ် ဗိုလ်စုံ ဝိုင်းဝန်းခစားကြသဖြင့် ဗိုလ်ဝိုင်းတောင်၊ ညဉ့်အခါ ပိုးစုန်းကြူးများ ဝင်းဝင်းပပ ထွက်ပေါ်လာတတ်သဖြင့် ပိုးဝင်းတောင်၊ ဥစ္စာစောင့် မောင်ဖိုးဝိုင်း နှင့် မသင်းကြိုင်တို့ စောင့်ရှောက်သောကြောင့် ဖိုးဝိုင်းတောင်ဟု ခေါ်ဆိုသင့်ကြောင့်အမျိုးမျိုး လျှောက်တင်ကြ သည်။ မင်းကြီးသည် ထိုအမည်နာမများကို မနှစ်သက်ဘဲရှိလေသည်။ ပညာဗလ အမတ်မှ ဤတောင်တွင် မြတ်စွာဘုရား ဖလသမာပတ် ဝင်စားသည်ဟု မင်းကြီး အိမ်မက်မက်သည်ကို အကြောင်းပြုပြီး ဖိုလ်ဝင်တောင်ဟု ခေါ်သင့်ကြောင်း လျှောက်လေသည်။ မင်းကြီးလည်း နှစ်သက်တော်မူပြီး ဖိုလ်ဝင်တောင်ဟု တွင်စေသည်။
               ရမ္မဝတီ၊ ဗန္ဓဝ၊ ပညဝဍ္ဎုန သုံးမည်ရဗန္ဓဝမင်းသည်သက္ကရာဇ်၄၁၂ခုတွင်ဘုရားအနေကဇာတင်ခြင်း အခမ်းအနား အလှူ တော် ကို ပြုလုပ်တော် မူသည်။ ဤကားအကျဉ်းမျှသာဖြစ်သည်။ ဖိုလ်ဝင်တောင်နှင့် အလွန်နီးကပ်စွာရှိသော ရွှေဘတောင်သည်လည်း သွားရောက်လေ့လာရန် သင့်လျော်လှသည်။ သို့သော် အချိန်မရသဖြင့် ရွှေဘတောင်သို့ မတက်ဖြစ်ခဲ့တော့ပေ။

Stacy Chan (ရိုးရာလေး)
www.yoyarlay.com


(ဒါကတော့ အဲဒီပိုစ့်အောက်က Comment တွေပါ။ ဗဟုသုတရမယ် ထင်လို့ဖော်ပြလိုက်ပါတယ်)
 
ဖိုလ်ဝင်တောင်ရဲ့မြေအောက်လမ်းကိုရော
မလေ့လာခဲ့ဘူးလား
ချင်းတွင်းမြစ်ထိပေါက်တယ်
အဒီမြေအောက်လမ်းက

ရှိတယ် လက်ပတောင်းလှိုင်ဂူလို့အမည်ပေးထားတယ် ဒါမဲ့ပိက်ထားတယ်ဝင်လို့မရဘူး
ပုဂံခေတ် အနော်ရထာမင်းနဲ့ ခေတ်ပြိုင်လို့ "အရှင်သုမန၏ ဖိုလ်ဝင်တောင် သမိုင်းစာအုပ်အနှစ်ချုပ်" မှာ ဆိုထားပါတယ်။
နံရံမင်စာ / ဆေးရေးပန်းချီ နဲ့ ပတ်သတ်တဲ့ ပညာရှင်တွေ ပြောတာကတော့ ခေတ်၃ခေတ် လက်ရာလို့ ဆိုထားပါတယ်။
၁။ ညောင်ရမ်းခေတ် - ခြင်္သေ့လေးကောင်ဂူ၊ ကွမ်းစင်တိုင်မြောက်ဘက် ကပ်လျက်ဂူ
၂။ ကုန်းဘောင်ခေတ် - မိဖုရားဂူ၊ ဝင်္ဂဘာဂူ၊ နှစ်ကျိတ်ရှစ်ဆူဂူ၊ လျောင်းတော်မူဘုရား၊ ကျောက်စေတီ၂ဆူအောက်ဂူ
၃။ ကိုလိုနီခေတ်အစောပိုင်း - ဇိနမာန်အောင်ဂူ

နံရံမင်စာ / ဆေးရေးပန်းချီ နဲ့ ပတ်သတ်တဲ့ ပညာရှင်တွေ ပြောတာကတော့ ခေတ်၃ခေတ် လက်ရာလို့ ဆိုထားပါတယ်။နော်လဲနည်းနည်းပါးပါးသိသလောက်ရေးမယ်နော် မင်းဇူးနဲ့ဖိုလ်ဝင်တောင်ကသချားဆီပါ ၂မိုင်လောက်ဝေးပါတယ် မင်းဆက်တွေတော့မရေးတော့ပါဘူး ဗန္ဓဝမင်းကြီးတည်ထားခဲတာတော့မှန်ပါတယ် ဖိုလ်ဝင်းတောင်ကဘယ်ကနေကြည့်ကြည့်လောင်းလှေမောက်ထားတဲ့ပုံပါ ဗန္ဓဝမင်းကြီးကိုတိုင်ဖိုလ်ဝင်းတောင်ကိုကြွလာတော့ လမ်းပြတဲ့လူကမျက်စီ့လယ်ပီးဖိုလ်တောင်ရဲ့မြောက်ဘက်၅မိုင်လောက်ရောက်မှလမ်းမှားမှန်းသိလို့ပြန်လှန်ဆိုပီးနောက်ပြန်လှည်လာတယ် အဲနေရာကိုပြန်လှည့်ရွာလို့နာမည်ပေးခဲတယ် အဲ့ဒီကနေထွက်လာပီး လယ်ငေါက်ရွာရောက်တော့ ဘုရင်ကလမ်းပြကိုမင့်အလောက်အရလားဆိုပီးလှည့်ငေါက်တဲ့နေရာပေါ့ဗျာ အော်လယ်ငေါက်ရွာကဖိုလ်ဝင်တောင်ရဲ့အနောက်ဘက်၎မိုင်ဝေးပါတယ် အဲ့ဒီကနေဆက်သွားတော့မင်းဇူးရွာရောက်ပါတယ် အရင်ကတော့မင်းစုရွာပါ အခုတော့မင်းဇူးဖြစ်သွားတယ် ဗန္ဓဝမင်းကြီးနဲ့မူးကြီးမက်ရာတွေကအဲ့ဒီမှာစခန်းချပီးဖိုလ်ဝင်းတောင်ပေါ်တက်ပီးသာသနာပြု ကြတာပါ သချားပြည်ကမင်းတွေလဲအဲဒီမှာစုပီးသာသနာပြု ကြလို့ မင်းစုရွာဖြစ်လာတာပါ ဖိုလ်ဝင်းတောင်လို့အမည်ပေးရတာက ဦးဖိုးဝင်း ဖိုလ်ထိုးတဲ့တောင်မို့လို့ ဖိုလ်ဝင်းတောင်လို့အမည်ပေးတာပါ ဦးဖိုးဝင်ကဖိုလ်ထိုးမယ်ဆိုပီးဒီတောင်ပေါ်ရောက်လာတာပါ ဆေးဝီဇ္ဇာပေါ့ ဦးဖိုးဝင်းမှာ ကြာဖူးထဲကရတဲ့သမီးတယောက်ရှိတယ် ရှေ့ရှေ့ဘဝကရေဆက်ကြောင့်ရလာတဲ့သမီးရတနာပေါ့ ဦးဖိုးဝင်းက ကလေးငိုသံကြာလို့ရှာကြည့်လိုက်တော့ကြာဖူးထဲကဖြစ်နေတယ် ကလေးကယူပီးရှေ့ဘဝကရေဆက်ရှိရင်ငါ၏လက်ညိုးကနို့ထွက်ပါစေဆိုပီး သစ္စာဆိုလိုက်တယ် လက်ညိုးကသကယ်နို့ထွက်လာတယ် အာနဲ့မွေးစားထားလိုက်တယ် နောက်တော့ခုနကပြောတဲ့ဗန္ဓဝမင်းကြီးရဲ့မိ့ဘုရားဖြစ်သွားတယ် အရွယ်မအိုခင်သေသွားတယ် အာနဲ့ဗန္ဓဝမင်းကြီးကဒီမှာစောင်းရှောက်ပီးနေခဲ့တော့ဆိုပီး နက်ဘဝနဲ့ဖိုလ်ဝင်းတောင်မှာထားခဲတယ် ဖိုလ်ဝင်းတောင်ရှင်သခင်မဆိုတာဗန္ဓဝမင်းကြီးရဲ့မိ့ဘုရားပေါ့ နည်းနည်းတော့လိုမယ်ထင်တယ် ငယ်ငယ်ကကြာဖူးတာ ရှေ့လူကြီးတွေပြောပြလို့
https://m.facebook.com/story.php?story_fbid=1072877969424240&id=100001061420240&hc_location=ufi
ရွှေလသာဝါဝါဝင်း ဘုရားရေချိုးဆင်း ဆိုတာ
ဧရာဝတီကမ်းဘားပြိုလို့ရေထဲရောက်သွားတဲ့
ပုဂံ ဘုရား စာရင်း လို့မှတ်သားဖူးတယ်

ဦးဖိုးဝင်းရဲ့ဆေးကျိတ်တဲ့ကျောက်
ပြားမှာဆေးမြစ်သွေးလိမ်းလို့ ရတယ်
ဝေသနာတွေသက်သာတယ်တဲ့

ဖိုလ်ဝင်တောင်ရာဇဝင်သေချာသိချင်ရင် လမ်းမ္မတြော်မို့နယ် ၁၀လမ်းထိပ်ကဖိုလ်ဝင်တောင်အကျိုးတော်ဆောင်ဦမောင်မောင်ဌေးဆီသွားပါ. တောင်ပေါ်ရောက်လို့ တိတိကျကျသိချင်ရင်အခက်ခဲရှိရင် ပုပ္ပါးကျောင်းသွားပါ. ဦသုမနကျောင်းတိုက်ပါ. ဆရာတော်ပျံလွန်တာမကြာသေးပါ. ကျွန်တော်ကဆရာတော့်တူပါ
ထူးခြားမှုကတော့ ဘုရား စေတီပုထိုးနဲ့ ကျောင်းဆောင်တွေက မူလကျောက်ဆောင်
တွေကိုထွင်းထုထားတာဖြစ်လို့ စိတ်ဝင်စားဖို့
ကောင်းပါတယ်

ရွှေဘတောင်က ပိုပီးလေ့လာစရာတွေ စိတ်ဝင်စားစရာတွေပေါတာပါ။ကျောက်သားတွေထွင်းထုထားတဲ့ဘုရားတွေ ဂူတွေ ဆေးပန်းချီတွေကပိုများတယ်
ဘုရားဖူးရတာရယ် လက်ရာတွေကရှေးဟောင်းလက်ရာ
တွေအရမ်းတန်ဖိုးကြီးပါတယ်ဒါပေမဲ့အ
ရမ်းညစ်ပက်ပါတယ်အမှိုက်တွေလဲအများကြီးပါအရမ်းဆိုးရွားပါတယ်

ရွှေဘတောင် ကျောက်တောင်ကို ဆင်ရုပ်တွေထွင်းထုတာ ဆင်ရုပ်တခုမှာ ယောင်လေးလုံးဖိုးသူတော်သေတ္တာဆိုတဲ့ လောကီပညာကျမ်းရှိတယ်လို့ကြားဖူးတယ်
ဖိုလ်ဝင်တောင်က မင်းဇူးကျေးရွာမှာ ရှိတာ မဟုတ်ပါဘူး ဖိုလ်ဝင်တောင်ကျေးရွာမှာရှိတာပါခများ
သမိုင်းအမွေတွေပျက်စီးကုန်ပီ ထိမ်းသိမ်းမဲ့သူ မတွေ့ခဲ့ဘူး
နှစ်ပေါင်း ၄၀၀ ကျော်ပြီဖြစ်တဲ့ နံရံ ဆေးရေးပန်းချီ
          

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်